LOCAL NEWS

မုဒိန္းက်င့္ၿပီး ေသၿပီအထင္နဲ႔ထားခဲ့တဲ့ ၈ ႏွစ္အရြယ္ သမီးငယ္ေလးကို ကိုယ္တိုင္သြားၾကည့္ခဲ့ရပါတယ္ မ်က္ႏွာတစ္ျပင္လံုး

Zawgyi

ျပင္ဦးလြင္ေရာက္တုန္း … လူယုတ္မာရဲ႕ ရက္စက္စြာ ညႇင္းပန္းႏွိပ္စက္ … မုဒိန္းက်င့္ၿပီး ေသၿပီအထင္နဲ႔ ထားခဲ့တဲ့ … ၈ ႏွစ္အရြယ္ သမီးငယ္ေလးကို ကိုယ္တိုင္သြားၾကည့္ခဲ့ရပါတယ္ မ်က္ႏွာတစ္ျပင္လံုး (အဆိုးဆံုးက ညာဖက္မ်က္လံုးပါ) ထိုးႀကိတ္ႏွိပ္စက္ထားလို႔ ဖူးေယာင္ ညိဳမည္းေနတာ ျမင္လို႔ေတာင္ မေကာင္းတာပါ …သူစိမ္းေတာင္ သမီးေလးကိုၾကည့္ၿပီး မ်က္ရည္က်ရပါတယ္ မိသားစုဝင္ဆိုရင္ ဘယ္ေလာက္မ်ား ခံစားရမလဲ

စိတ္ရွိတိုင္း ႏွိပ္စက္ .. မုဒိန္းက်င့္ၿပီးမွ ေသၿပီအထင္နဲ႔ ျပင္စာမွာ ပစ္ခဲ့တာပါ …လူယုတ္မာအေနနဲ႔ ကေလးမေသေသးမွန္းသိရင္ … ကေလးက တရားခံကို ေဖာ္ထုတ္မွာစိုးၿပီး… ျပန္လာရွာၿပီး သတ္မွာစိုးလို႔ … ကေလးကို ရဲအေစာင့္အေရွာက္အမ်ားႀကီးနဲ႔ ထားရပါတယ္ … ကေလးရဲ႕ လက္ရွိေနရာကို မေျပာဖို႔ တာဝန္ရွိသူေတြ ေတာင္းဆိုတာေၾကာင့္ ေနရာေတာ့ မေျပာေတာ့ပါဘူးေနာ္ … ဓာတ္ပံုပါ မ႐ိုက္ခဲ့ပါဘူး

သမီးေလးက အခု သတိေတာ့ ရပါၿပီ … ဒါေပမယ့္ ေၾကာက္စိတ္ေၾကာင့္ Psychological Trauma လို႔ေခၚတဲ့ စိတ္ဒဏ္ရာပါ အႀကီးအက်ယ္ရသြားတာမို႔ … ေယာက္်ားဆိုရင္ အေဖကိုေတာင္ ေတြ႕ခြင့္မျပဳထားပါဘူး ဆီးအိမ္ပါထိသြားတာေၾကာင့္ ဆီးလည္းမထိန္းႏိုင္ … ႐ုပ္ဒဏ္ရာေရာ … စိတ္ဒဏ္ရာပါ ရေနရပါတယ္ … ဒီႏွစ္ ေက်ာင္းလည္း နားရပါေတာ့မယ္ (ေရရွည္ လူေတာထဲ သြားရဲဖို႔နဲ႔ ေက်ာင္းဆက္တက္ရဲဖို႔လည္း မေသခ်ာေတာ့ပါဘူး)

သမီးေလး အိမ္ကလည္း ႏြမ္းပါးပါတယ္ …ဒီကေလးေလး ေရွ႕ဆက္ ရပ္တည္ဖို႔ တကယ္ရင္ေလးစရာပါ …သက္ငယ္မုဒိန္းမ်ား ပေပ်ာက္ေစဖို႔ လွိုက္လွိုက္လွဲလွဲ ဆုေတာင္းပါတယ္

Credit-nang tin moe thu

ယုတ္​မာတဲ့ နည္​းလမ္​း​ေပါင္​းစံု ႐ွိတဲ့အထဲက က​ေလးကို ​ေရြးခ်ယ္​ ပစ္​မွတ္​ထားတာဟာ လူ ့သမိုင္​းတ​ေလ်ွာက္​ အဆိုးဝါးဆံုးပါပဲ ဘယ္​ႏိူင္​ငံဘယ္​မွာပဲ ျဖစ္​ျဖစ္​ က​ေလးကိုမွ ​ေရြးခ်ယ္​ယုတ္​မာ​ေနၿပီဆိုရင္​ အဲ့လိုလူ အားလံုး ​ေသဒဏ္​သာ အျပစ္​​ေပးသင္​့ပါတယ္​က​ေလး​ေတြကို ယုတ္​မာတဲ့​​ေနာက္​ဆက္​တြဲက ဘာ​ေတြျဖစ္​လာသလဲ အ​ေဖကို သမီးက မယံုအ​ေဖနဲ ့ထည္​့လိုက္​ဖို ့အ​ေမက မယံု သမီးမိန္​းက​ေလးကို ဆရာ့ဆီ လႊတ္​ဖို ့မယံု- ဘုန္​းႀကီး​ေက်ာင္​းကို မယံုအိမ္​နီးခ်င္​း ဦး​ေလးဘႀကီး​ေတြကို မယံု ​ေဘးအိမ္​အခ်င္​းခ်င္​း မယံုၾကာ​ေတာ့ က​ေလးလဲ ဘယ္​သူ ့ကိုယံုရမလဲ မသိ​ေတာ့ လူ ့ပတ္​ဝန္​းက်င္​မွာလဲ ယံုၾကည္​မႈၿပိဳကြဲရသလို ခံလိုက္​ရတဲ့ က​ေလးငယ္​ရဲ႕စိတ္​ထဲမွာလဲ အရာရာကို မယံုရျခင္​းသံသယမ်ားစြာနဲ ့ႀကီးျပင္​းရ​ေတာ့တယ္​

ဒါကို ဒီအတိုင္​းပဲ ၾကည္​့​ေနၾက​ေတာ့မလား မိဘ​ေတြက ကိုယ္​့က​ေလးကို ၂၄ နာရီ မ်က္​စိ​ေဒါက္​​ေထာက္​ၾကည္​့​ေနတယ္​ဆို အံုး​ေတာ့ – မိဘသတိလြတ္​သြားတာနဲ ့က​ေလးက ဒုကၡ​ေရာက္​ရ​ေရာလား ကြၽန္​​ေတာ္​တို ့လူ ့အဖြဲ ့အစည္​းက အဲ့​ေလာက္​​ေတာင္​ ႐ိုင္​းသြားၿပီလား အိမ္​နဲ ့လမ္​းထိပ္​​ေတာင္​ က​ေလးကို မလႊတ္​ရဲတဲ့ မိဘ​ေတြရဲ ့ခံစားခ်က္​ဟာ ငရဲမီးတမ်ွ ပူ​ေလာင္​ရတယ္​ – ခံလိုက္​ရတဲ့ မိဘ​ေတြရဲ ့ရင္​ထဲက​ေတာ့​ေျပာမ​ေန​ေတာ့နဲ ့ကြၽန္​​ေတာ္​့ အျမင္​က​ေတာ့ ၅ ႏွစ္​သက္​တမ္​း​ေရးဆြဲၿပီး ​က​ေလးကို မုဒိမ္​းက်င္​့ရင္​ မ​ေသမခ်င္​းႀကိဳးကြင္​းသာ​ေပး ၅ ႏွစ္​ထဲ ​ေလ်ွာ့မသြား​ေသးဘူးလား ​ေနာက္​ထပ္​ ၅ ႏွစ္​သက္​တမ္​းထပ္​တိုး က​ေလးကို ​ေရြးခ်ယ္​က်င္​့တဲ့ မုဒိမ္​း​ေတြ ​ေလ်ွာ့က်သြားၿပီဆိုမွ ​ေသဒဏ္​ကိုျပန္​​ေလ်ာ့

ကိုယ္​့အိမ္​ တံခါးကို မုဒိမ္​းသမား တံခါးလာ​ေခါက္​​ေတာ့မွ က​ေလး​ေတြကို ကယ္​တင္​ပါ ဘာညာ ​​ေသြး႐ူး​ေသြးတမ္​း ​ေလ်ွာက္​မ​ေအာ္​ၾကနဲ ့ အဲ့ခ်ိန္​ ​ေနာက္​က်သြားၿပီ ဒါ​ေလး မိဘတိုင္​း စိတ္​​ေကာင္​း႐ွိတဲ့ လူႀကီးတိုင္​း သတိျပဳပါ( ဒီမိုက​ေရစီ​ေရး နဲ ့လူ ့အခြင္​့အ​ေရးကိုလဲ​ေလးစားၿပီးသားပါ သို ့​ေသာ္​ ကိုယ္​့ႏိူင္​ငံ ကိုယ္​့က​ေလး​ေတြ ​ေဘးကင္​းဖို ့က​ေတာ့ လုပ္​သင္​့ရင္​ လုပ္​ကို လုပ္​ရပါမယ္​ ဒါ​ေလး အစိုးရလူႀကီးမင္​းမ်ား သတိျပဳပါ )အဲ့လို က​ေလးကိုမွ မုဒိမ္​းက်င္​့ခ်င္​သူ​ေတြ ​ေလ်ာ့သြားမွသာ မ်ိဳး႐ိုးဗီဇ ျမင္​့တင္​ဖို ့လဲ တဖက္​တလမ္​းက အ​ေထာက္​အကူ​ေပးပါလိမ္​့မယ္​႐ွင္​းမယ္​ ထင္​ပါတယ္​ သိပ္​မ႐ွင္​းဘူးဆိုရင္​​ေတာ့​ေအာက္​က စာနဲ ့ပံုကို တြဲစပ္​တြဲဖတ္​ၿပီး စဥ္​းစားၾကည္​့လိုက္​ပါ

မႏၲ​ေလးစက္​္​မူ႔ဇုန္​ ၂ ထဲမွ​ေပ်ာက္​ဆံုး သြားတဲ့ က​ေလးမကို ​ေခၚ​ေဆာင္​သြား​​ေသာ တရားခံ ရဲ႕ ဓါတ္​ပံုမွတ္​တမ္​းပါ လူရဲ႕ပံုဟန္​က အသားမဲ ၊ မ်က္​လံုးျပဴး၊၀က္​ျခံ ႐ွိညာဘက္​ပါး မွဲ႔႐ွိ ၊ နဖူး မွဲ႔႐ွိ ၊ ဘယ္​ပါးမွဲ႔႐ွိ ၊ ကြမ္​းစားဆံပင္​ ​အ၀ါ​ေရာင္​​ေဆးဆိုးထား တို႔ျဖစ္​ပါတယ္​ ကူ Share ​ေပးၾကပါဗ်ာ ​ေတြ႕႐ွိပါက အ​ေၾကာင္​းၾကား​ေပးၾကပါဗ်ာ

ဓမိၼကလူမႈကူညီ​ေရးအသင္​း စက္​မူ႔ဇုန္​ ၂
႐ုံးဖုန္​း ၀၉၂၅၆၅၂၅၇၃၅
ဥကၠဌ. ၀၉၇၉၂၀၅၅၆၈၆
နီးစပ္​ရာ ရဲစခန္​း ၊ အုပ္​ခ်ဳပ္​​ေရးမွဴး
႐ုံးမ်ားသို႔လည္​းအ​ေၾကာင္​းၾကား​ေပးၾကပါဗ်ာ သားသမီးျခင္​း ၊​ေမာင္​ႏွမျခင္​း ကိုယ္​ခ်င္​းစာႏိူင္​ၾကပါ​ေစ

“က​ေလးရဲ ့သတင္​း”

ေပ်ာက္ဆံုးသြားသူ ၈ ႏွစ္သမီးေလးကို ခ်ဳံပုတ္ထဲ၌၀တ္စလစ္စျဖင့္ အဓမၼျပဳက်င့္ခံရေသာဒဏ္ရာျဖင့္ ျပန္လည္ေတြ႔ရွိ

မႏၱေလးၿမိဳ႕၊ စက္မႈဇုန္(၂)တြင္ ဆိုင္ကယ္တစ္စီးျဖင့္ေခၚေဆာင္သြားျခင္းခံရသည့္ ၈ ႏွစ္သမီး မ ……ကို ခ်ံဳပုတ္၌ ၀တ္စလစ္စျဖင့္ မအဂၤါပြန္းပဲ့ဒဏ္ရာမ်ားျဖင့္ျပန္လည္ေတြ႔ရွိၿပီျဖစ္ေၾကာင္း သတင္းရရွိသည္။ျဖစ္စဥ္မွာ ဒီဇင္ဘာလ ၁၄ ရက္၊ နံနက္ပိုင္းက စက္ဘီးျဖင့္ထြက္သြားကာ ေပ်ာက္ဆံုးသြားခဲ့သည့္ မ……ကို ျပင္စာနယ္ေျမရဲစခန္းအပိုင္ ၄၇-၄၈ လမ္းၾကား၊ တပင္ေရႊထီးလမ္းႏွင့္ မက္ခရာၾကားက အီးလမ္းတြင္ရွိေသာ ခ်ံဳပုတ္အတြင္း၌ အမ်ိဳးသမီးငယ္ေလးတစ္ဦးကို ၀တ္စလစ္စျဖင့္ ပစ္ထားျခင္းခံရေၾကာင္း သတင္းေပးတိုင္တန္းခ်က္ေၾကာင့္ ျပင္စာနယ္ေျမရဲစခန္းကတာ၀န္ရွိသူမ်ားကသြားေရာက္ စစ္ေဆးကာ ျပင္ဦးလြင္ေဆးရံုသို႔ တင္ပုိ႔ေပးခဲ့ၾကေၾကာင္း ဓမိၼကလူမႈကူညီေရးအသင္း ထံမွသိရသည္။

“မေန႔ကေန႔လယ္ ၁ နာရီအခ်ိန္ေလာက္မွာ ၾကက္သားသည္အမ်ိဳးသမီးက ခ်ံဳပုတ္ကိုသြားၿပီး အေပါ့စြန္႔ေနတဲ့အခ်ိန္မွာ သတိေမ့ေျမာေနတဲ့ ေပ်ာက္ဆံုးသူ မ……ကို ၀တ္စလစ္နဲ႔ေတြ႔တယ္ဆိုၿပီး သတင္းေပးလိုက္တဲ့အတြက္ တာ၀န္ရွိသူေတြကသြားေရာက္ခဲ့ၾကတယ္။ ကြ်န္ေတာ္သိရသေလာက္ကေတာ့ ကေလးမေလးရဲ႕အမ်ိဳးသမီးအဂၤါကပ်က္စီးေနတဲ့အတြက္ အဓမၼျပဳက်င့္ခံထားရတဲ့အေနအထားရွိေနတယ္။အခုျပင္ဦးလြင္ေဆးရံုမွာ ပို႔ေဆာင္ထားၿပီး စစ္ေဆးေနတုန္းပါ။ သူ႔ကို အကၤ်ီအနက္၀တ္ထားတဲ့ လူတစ္ေယာက္ကဆိုင္ကယ္နဲ႔ေခၚသြားတယ္ဆိုၿပီး ျပန္ေျပာႏိုင္ေသးတယ္”ဟု ဓမိၼကလူမႈကူညီေရးအသင္း၏ ဥကၠ႒က အကုန္သိသတင္းဌာန သို႔ ေျပာသည္။ လက္ရွိတြင္ ျပင္စာနယ္ေျမရဲစခန္းက စစ္ေဆးေဆာင္ရြက္လ်က္ရွိၿပီး ျပစ္မႈက်ဴးလြန္သူကို စံုစမ္းလ်က္ရွိေၾကာင္း သတင္းရရွိသည္။

Credit-Thura Phyo Thiha

  • Unicode ျဖင့္ဖတ္ရန္ နွိပ္ပါ

ပြင်ဦးလွင်ရောက်တုန်း … လူယုတ်မာရဲ့ ရက်စက်စွာ ညှင်းပန်းနှိပ်စက် … မုဒိန်းကျင့်ပြီး သေပြီအထင်နဲ့ ထားခဲ့တဲ့ … ၈ နှစ်အရွယ် သမီးငယ်လေးကို ကိုယ်တိုင်သွားကြည့်ခဲ့ရပါတယ် မျက်နှာတစ်ပြင်လုံး (အဆိုးဆုံးက ညာဖက်မျက်လုံးပါ) ထိုးကြိတ်နှိပ်စက်ထားလို့ ဖူးယောင် ညိုမည်းနေတာ မြင်လို့တောင် မကောင်းတာပါ …သူစိမ်းတောင် သမီးလေးကိုကြည့်ပြီး မျက်ရည်ကျရပါတယ် မိသားစုဝင်ဆိုရင် ဘယ်လောက်များ ခံစားရမလဲ

စိတ်ရှိတိုင်း နှိပ်စက် .. မုဒိန်းကျင့်ပြီးမှ သေပြီအထင်နဲ့ ပြင်စာမှာ ပစ်ခဲ့တာပါ …လူယုတ်မာအနေနဲ့ ကလေးမသေသေးမှန်းသိရင် … ကလေးက တရားခံကို ဖော်ထုတ်မှာစိုးပြီး… ပြန်လာရှာပြီး သတ်မှာစိုးလို့ … ကလေးကို ရဲအစောင့်အရှောက်အများကြီးနဲ့ ထားရပါတယ် … ကလေးရဲ့ လက်ရှိနေရာကို မပြောဖို့ တာဝန်ရှိသူတွေ တောင်းဆိုတာကြောင့် နေရာတော့ မပြောတော့ပါဘူးနော် … ဓာတ်ပုံပါ မရိုက်ခဲ့ပါဘူး

သမီးလေးက အခု သတိတော့ ရပါပြီ … ဒါပေမယ့် ကြောက်စိတ်ကြောင့် Psychological Trauma လို့ခေါ်တဲ့ စိတ်ဒဏ်ရာပါ အကြီးအကျယ်ရသွားတာမို့ … ယောက်ျားဆိုရင် အဖေကိုတောင် တွေ့ခွင့်မပြုထားပါဘူး ဆီးအိမ်ပါထိသွားတာကြောင့် ဆီးလည်းမထိန်းနိုင် … ရုပ်ဒဏ်ရာရော … စိတ်ဒဏ်ရာပါ ရနေရပါတယ် … ဒီနှစ် ကျောင်းလည်း နားရပါတော့မယ် (ရေရှည် လူတောထဲ သွားရဲဖို့နဲ့ ကျောင်းဆက်တက်ရဲဖို့လည်း မသေချာတော့ပါဘူး)

သမီးလေး အိမ်ကလည်း နွမ်းပါးပါတယ် …ဒီကလေးလေး ရှေ့ဆက် ရပ်တည်ဖို့ တကယ်ရင်လေးစရာပါ …သက်ငယ်မုဒိန်းများ ပပျောက်စေဖို့ လှိုက်လှိုက်လှဲလှဲ ဆုတောင်းပါတယ်

Credit-nang tin moe thu

ယုတ်​မာတဲ့ နည်​းလမ်​း​ပေါင်​းစုံ ရှိတဲ့အထဲက က​လေးကို ​ရွေးချယ်​ ပစ်​မှတ်​ထားတာဟာ လူ ့သမိုင်​းတ​လျှောက်​ အဆိုးဝါးဆုံးပါပဲ ဘယ်​နိူင်​ငံဘယ်​မှာပဲ ဖြစ်​ဖြစ်​ က​လေးကိုမှ ​ရွေးချယ်​ယုတ်​မာ​နေပြီဆိုရင်​ အဲ့လိုလူ အားလုံး ​သေဒဏ်​သာ အပြစ်​​ပေးသင်​့ပါတယ်​က​လေး​တွေကို ယုတ်​မာတဲ့​​နောက်​ဆက်​တွဲက ဘာ​တွေဖြစ်​လာသလဲ အ​ဖေကို သမီးက မယုံအ​ဖေနဲ ့ထည်​့လိုက်​ဖို ့အ​မေက မယုံ သမီးမိန်​းက​လေးကို ဆရာ့ဆီ လွှတ်​ဖို ့မယုံ- ဘုန်​းကြီး​ကျောင်​းကို မယုံအိမ်​နီးချင်​း ဦး​လေးဘကြီး​တွေကို မယုံ ​ဘေးအိမ်​အချင်​းချင်​း မယုံကြာ​တော့ က​လေးလဲ ဘယ်​သူ ့ကိုယုံရမလဲ မသိ​တော့ လူ ့ပတ်​ဝန်​းကျင်​မှာလဲ ယုံကြည်​မှုပြိုကွဲရသလို ခံလိုက်​ရတဲ့ က​လေးငယ်​ရဲ့စိတ်​ထဲမှာလဲ အရာရာကို မယုံရခြင်​းသံသယများစွာနဲ ့ကြီးပြင်​းရ​တော့တယ်​

ဒါကို ဒီအတိုင်​းပဲ ကြည်​့​နေကြ​တော့မလား မိဘ​တွေက ကိုယ်​့က​လေးကို ၂၄ နာရီ မျက်​စိ​ဒေါက်​​ထောက်​ကြည်​့​နေတယ်​ဆို အုံး​တော့ – မိဘသတိလွတ်​သွားတာနဲ ့က​လေးက ဒုက္ခ​ရောက်​ရ​ရောလား ကျွန်​​တော်​တို ့လူ ့အဖွဲ ့အစည်​းက အဲ့​လောက်​​တောင်​ ရိုင်​းသွားပြီလား အိမ်​နဲ ့လမ်​းထိပ်​​တောင်​ က​လေးကို မလွှတ်​ရဲတဲ့ မိဘ​တွေရဲ ့ခံစားချက်​ဟာ ငရဲမီးတမျှ ပူ​လောင်​ရတယ်​ – ခံလိုက်​ရတဲ့ မိဘ​တွေရဲ ့ရင်​ထဲက​တော့​ပြောမ​နေ​တော့နဲ ့ကျွန်​​တော်​့ အမြင်​က​တော့ ၅ နှစ်​သက်​တမ်​း​ရေးဆွဲပြီး ​က​လေးကို မုဒိမ်​းကျင်​့ရင်​ မ​သေမချင်​းကြိုးကွင်​းသာ​ပေး ၅ နှစ်​ထဲ ​လျှော့မသွား​သေးဘူးလား ​နောက်​ထပ်​ ၅ နှစ်​သက်​တမ်​းထပ်​တိုး က​လေးကို ​ရွေးချယ်​ကျင်​့တဲ့ မုဒိမ်​း​တွေ ​လျှော့ကျသွားပြီဆိုမှ ​သေဒဏ်​ကိုပြန်​​လျော့

ကိုယ်​့အိမ်​ တံခါးကို မုဒိမ်​းသမား တံခါးလာ​ခေါက်​​တော့မှ က​လေး​တွေကို ကယ်​တင်​ပါ ဘာညာ ​​သွေးရူး​သွေးတမ်​း ​လျှောက်​မ​အော်​ကြနဲ ့ အဲ့ချိန်​ ​နောက်​ကျသွားပြီ ဒါ​လေး မိဘတိုင်​း စိတ်​​ကောင်​းရှိတဲ့ လူကြီးတိုင်​း သတိပြုပါ( ဒီမိုက​ရေစီ​ရေး နဲ ့လူ ့အခွင်​့အ​ရေးကိုလဲ​လေးစားပြီးသားပါ သို ့​သော်​ ကိုယ်​့နိူင်​ငံ ကိုယ်​့က​လေး​တွေ ​ဘေးကင်​းဖို ့က​တော့ လုပ်​သင်​့ရင်​ လုပ်​ကို လုပ်​ရပါမယ်​ ဒါ​လေး အစိုးရလူကြီးမင်​းများ သတိပြုပါ )အဲ့လို က​လေးကိုမှ မုဒိမ်​းကျင်​့ချင်​သူ​တွေ ​လျော့သွားမှသာ မျိုးရိုးဗီဇ မြင်​့တင်​ဖို ့လဲ တဖက်​တလမ်​းက အ​ထောက်​အကူ​ပေးပါလိမ်​့မယ်​ရှင်​းမယ်​ ထင်​ပါတယ်​ သိပ်​မရှင်​းဘူးဆိုရင်​​တော့​အောက်​က စာနဲ ့ပုံကို တွဲစပ်​တွဲဖတ်​ပြီး စဉ်​းစားကြည်​့လိုက်​ပါ

မန္တ​လေးစက်​်​မူ့ဇုန်​ ၂ ထဲမှ​ပျောက်​ဆုံး သွားတဲ့ က​လေးမကို ​ခေါ်​ဆောင်​သွား​​သော တရားခံ ရဲ့ ဓါတ်​ပုံမှတ်​တမ်​းပါ လူရဲ့ပုံဟန်​က အသားမဲ ၊ မျက်​လုံးပြူး၊၀က်​ခြံ ရှိညာဘက်​ပါး မှဲ့ရှိ ၊ နဖူး မှဲ့ရှိ ၊ ဘယ်​ပါးမှဲ့ရှိ ၊ ကွမ်​းစားဆံပင်​ ​အဝါ​ရောင်​​ဆေးဆိုးထား တို့ဖြစ်​ပါတယ်​ ကူ Share ​ပေးကြပါဗျာ ​တွေ့ရှိပါက အ​ကြောင်​းကြား​ပေးကြပါဗျာ

ဓမ္မိကလူမှုကူညီ​ရေးအသင်​း စက်​မူ့ဇုန်​ ၂
ရုံးဖုန်​း ၀၉၂၅၆၅၂၅၇၃၅
ဥက္ကဌ. ၀၉၇၉၂၀၅၅၆၈၆
နီးစပ်​ရာ ရဲစခန်​း ၊ အုပ်​ချုပ်​​ရေးမှူး
ရုံးများသို့လည်​းအ​ကြောင်​းကြား​ပေးကြပါဗျာ သားသမီးခြင်​း ၊​မောင်​နှမခြင်​း ကိုယ်​ချင်​းစာနိူင်​ကြပါ​စေ

“က​လေးရဲ ့သတင်​း”

ပျောက်ဆုံးသွားသူ ၈ နှစ်သမီးလေးကို ချုံပုတ်ထဲ၌ဝတ်စလစ်စဖြင့် အဓမ္မပြုကျင့်ခံရသောဒဏ်ရာဖြင့် ပြန်လည်တွေ့ရှိ

မန္တလေးမြို့၊ စက်မှုဇုန်(၂)တွင် ဆိုင်ကယ်တစ်စီးဖြင့်ခေါ်ဆောင်သွားခြင်းခံရသည့် ၈ နှစ်သမီး မ ……ကို ချုံပုတ်၌ ၀တ်စလစ်စဖြင့် မအင်္ဂါပွန်းပဲ့ဒဏ်ရာများဖြင့်ပြန်လည်တွေ့ရှိပြီဖြစ်ကြောင်း သတင်းရရှိသည်။ဖြစ်စဉ်မှာ ဒီဇင်ဘာလ ၁၄ ရက်၊ နံနက်ပိုင်းက စက်ဘီးဖြင့်ထွက်သွားကာ ပျောက်ဆုံးသွားခဲ့သည့် မ……ကို ပြင်စာနယ်မြေရဲစခန်းအပိုင် ၄၇-၄၈ လမ်းကြား၊ တပင်ရွှေထီးလမ်းနှင့် မက်ခရာကြားက အီးလမ်းတွင်ရှိသော ချံုပုတ်အတွင်း၌ အမျိုးသမီးငယ်လေးတစ်ဦးကို ၀တ်စလစ်စဖြင့် ပစ်ထားခြင်းခံရကြောင်း သတင်းပေးတိုင်တန်းချက်ကြောင့် ပြင်စာနယ်မြေရဲစခန်းကတာဝန်ရှိသူများကသွားရောက် စစ်ဆေးကာ ပြင်ဦးလွင်ဆေးရုံသို့ တင်ပို့ပေးခဲ့ကြကြောင်း ဓမ္မိကလူမှုကူညီရေးအသင်း ထံမှသိရသည်။

“မနေ့ကနေ့လယ် ၁ နာရီအချိန်လောက်မှာ ကြက်သားသည်အမျိုးသမီးက ချံုပုတ်ကိုသွားပြီး အပေါ့စွန့်နေတဲ့အချိန်မှာ သတိမေ့မြောနေတဲ့ ပျောက်ဆုံးသူ မ……ကို ၀တ်စလစ်နဲ့တွေ့တယ်ဆိုပြီး သတင်းပေးလိုက်တဲ့အတွက် တာဝန်ရှိသူတွေကသွားရောက်ခဲ့ကြတယ်။ ကျွန်တော်သိရသလောက်ကတော့ ကလေးမလေးရဲ့အမျိုးသမီးအင်္ဂါကပျက်စီးနေတဲ့အတွက် အဓမ္မပြုကျင့်ခံထားရတဲ့အနေအထားရှိနေတယ်။အခုပြင်ဦးလွင်ဆေးရုံမှာ ပို့ဆောင်ထားပြီး စစ်ဆေးနေတုန်းပါ။ သူ့ကို အင်္ကျီအနက်ဝတ်ထားတဲ့ လူတစ်ယောက်ကဆိုင်ကယ်နဲ့ခေါ်သွားတယ်ဆိုပြီး ပြန်ပြောနိုင်သေးတယ်”ဟု ဓမ္မိကလူမှုကူညီရေးအသင်း၏ ဥက္ကဋ္ဌက အကုန်သိသတင်းဌာန သို့ ပြောသည်။ လက်ရှိတွင် ပြင်စာနယ်မြေရဲစခန်းက စစ်ဆေးဆောင်ရွက်လျက်ရှိပြီး ပြစ်မှုကျူးလွန်သူကို စုံစမ်းလျက်ရှိကြောင်း သတင်းရရှိသည်။

Credit-Thura Phyo Thiha

About the author

Crypoetess

Leave a Comment