KNOWLEDGE

လူမသိေသးေသာ ၾကိဳးေပး ခံရေတာ့မယ့္ ဆဲဆဲမွာ ဂ႒ဳန္ဆရာစံ ေတာင္း တ့ဲဆု

Zawgyi ျဖင့္ဖတ္ရန္

ၾကိဳးေပး ခံရေတာ့မယ့္ ဆဲဆဲမွာ ဂ႒ဳန္ဆရာစံ ေတာင္း တ့ဲဆု..

(၂၈ ၁၁ ၁၉၃၁)နံက္ ၆နာရီခန္႔တြင္ ျကိုးေပးကြပ္မ်က္ခံရမည့္ဆဲဆဲတြင္

ဂ႒ဳန္ဆရာစံ၏ ၃ ေပခန္႔အကြာအေဝးတြင္ တာဝန္ထမ္းေဆာင္ေနရေသာ သာယာဝတီေထာင္ လက္ေထာက္ ေထာင္မႈျကီး ဦးစိန္ က ဆရာစံ ျကိုးေပးကြပ္မ်က္ခံရမႈကို ေထာင္မွတ္တမ္းတင္ေနရသည္

ဆရာစံကို ျကိုးေပးတ့ဲစင္ဟာ ယခုလက္ရွိ သာယာဝတီ ေထာင္က ျကိုးစင္ ႏွစ္စင္ရွိတ့ဲအနက္ ဝဲဘက္အျခမ္းက စင္ျဖစ္ပါတယ္

ဆရာစံကို ျကိုးေပးတ့ဲအခါမွာ တက္ေရာက္ျကည့္ရႈခ့ဲသူေတြထဲမွာ သာယာဝတီခရိုင္ ဒုတိယ အေရးပိုင္မင္း ဦးေက်ာ္ ( A.D.M) ေနာင္တြင္ ရခိုင္တိုင္းမင္းႀကီး (B.A.K S.M.A.T.M) အျဖစ္တာဝန္ထမ္းေဆာင္ခ့ဲသူ)ႏွင့္လက္ပံတန္း ျမဴနီစီပါယ္ လူျကီးမင္းမ်ား

သံုးဆယ္သူျကီးမင္းမ်ား အထူးအာဏာရ သူျကီးမင္းမ်ား အားလုံး လူ၂၀ခန္႔ တက္ေရာက္ ၾကည့္ရႈခ့ဲပါတယ္

ႏိုဝင္ဘာ(၂၈)နံက္ ၅နာရီ ၄၅မိနစ္ေလာက္တြင္ ဆရာစံအား အက်ဥ္းသား ႏွစ္ေယာက္က ျကိုးတိုက္မွ ျကိုးတုပ္ အကၤ်ီကို ဝတ္ေပးျပီး လက္ထိပ္ကို ေနာက္ျပန္ခတ္ျပီး တံေတာင္ဆစ္ ေကြးကေနျကိုးထပ္ခ်ည္လိုက္ပါတယ္ …

အားလုံး အစီအစဥ္အတိုင္းေဆာင္ရြက္ျပီး ဆရာစံကို ျကိုးစင္ရွိရာသို႔ တြဲ၍ ေခၚလာသည္ …

ျကိုးစင္ေပၚတက္ခါနီးတြင္ တြဲလာသူ အက်ဥ္းသားႏွစ္ဦးကို ဆရာစံမွ ခႏၶာကိုယ္ႏွင့္တြန္းတိုက္ဖယ္ျပီး

အမ်ိဳးဘာသာ သာသနာ ပညာႀကီးပြားရာ ျကီးပြားေျကာင္းေဆာင္ရြက္လို႔ ယခုလို ျကံုေတြ႕ရတာကို သုခ လို႔မွတ္ပါတယ္

အနားရွိ အက်ဥ္းသားႏွစ္ဦးကိုလည္း“ဖယ္ေပး ငါ့ဟာငါ တက္မယ္”..ဆိုျပီး ျကိုးစင္ေပၚတက္သြားပါတယ္

ျကိုးစင္ေပၚေရာက္သည္ႏွင့္ ဆရာစံက သူ၏ ျကိုးေပးကြပ္ မ်က္ခံရမႈကို တက္ေရာက္ျကည့္ရႈရေသာ ျဗိတိသွ် ကိုလိုနီ လက္ေအာက္ခံ အမႈထမ္း အရာထမ္း လူျကီးမင္းမ်ားအားႏႈႈတ္ဆက္၍

အားလုံးပဲ က်ဳပ္ေတာ့ သြားျပီ ျဖစ္ေလရာ ဘဝတိုင္းမွာ နယ္ခ်ဲ႕ကိုလိုနီ အဂၤလိပ္ေတြကို ႏိုင္ရတ့ဲကိုယ္ ျဖစ္ရပါေစလို၏ ဟု ဆုေတာင္းသြားပါတယ္

ဆရာစံလည္း ဆုေတာင္းျပီး မ်က္ႏွာဖုံး အိတ္ျကီးကို စြပ္ေပးကာ လည္ပင္းကို ျကိုးတပ္ျပီးေတာ့ ဆရာစံ ရပ္ေနသည့္ေျခေထာက္အစံုေအာက္က ျကိုးစင္ ျကမ္းခင္းေဒါက္ကိုျဖဳတ္ခ် ကြပ္မ်က္လိုက္ပါတယ္

မိတ္​​ေဆြမ်ားကို ​ေလးစားလ်က္​.

credit ျမတ္ေသြးငယ္

  • Unicode ဖြင့်ဖတ်ရန်

ကြိုးပေး ခံရတော့မယ့် ဆဲဆဲမှာ ဂဋ္ဌုန်ဆရာစံ တောင်း တဲ့ဆု..

(၂၈ ၁၁ ၁၉၃၁)နံက် ၆နာရီခန့်တွင် ကြိုးပေးကွပ်မျက်ခံရမည့်ဆဲဆဲတွင်

ဂဋ္ဌုန်ဆရာစံ၏ ၃ ပေခန့်အကွာအဝေးတွင် တာဝန်ထမ်းဆောင်နေရသော သာယာဝတီထောင် လက်ထောက် ထောင်မှုကြီး ဦးစိန် က ဆရာစံ ကြိုးပေးကွပ်မျက်ခံရမှုကို ထောင်မှတ်တမ်းတင်နေရသည်

ဆရာစံကို ကြိုးပေးတဲ့စင်ဟာ ယခုလက်ရှိ သာယာဝတီ ထောင်က ကြိုးစင် နှစ်စင်ရှိတဲ့အနက် ဝဲဘက်အခြမ်းက စင်ဖြစ်ပါတယ်

ဆရာစံကို ကြိုးပေးတဲ့အခါမှာ တက်ရောက်ကြည့်ရှုခဲ့သူတွေထဲမှာ သာယာဝတီခရိုင် ဒုတိယ အရေးပိုင်မင်း ဦးကျော် ( A.D.M) နောင်တွင် ရခိုင်တိုင်းမင်းကြီး (B.A.K S.M.A.T.M) အဖြစ်တာဝန်ထမ်းဆောင်ခဲ့သူ)နှင့်လက်ပံတန်း မြူနီစီပါယ် လူကြီးမင်းများ

သုံးဆယ်သူကြီးမင်းများ အထူးအာဏာရ သူကြီးမင်းများ အားလုံး လူ၂၀ခန့် တက်ရောက် ကြည့်ရှုခဲ့ပါတယ်

နိုဝင်ဘာ(၂၈)နံက် ၅နာရီ ၄၅မိနစ်လောက်တွင် ဆရာစံအား အကျဉ်းသား နှစ်ယောက်က ကြိုးတိုက်မှ ကြိုးတုပ် အင်္ကျီကို ဝတ်ပေးပြီး လက်ထိပ်ကို နောက်ပြန်ခတ်ပြီး တံတောင်ဆစ် ကွေးကနေကြိုးထပ်ချည်လိုက်ပါတယ် …

အားလုံး အစီအစဉ်အတိုင်းဆောင်ရွက်ပြီး ဆရာစံကို ကြိုးစင်ရှိရာသို့ တွဲ၍ ခေါ်လာသည် …

ကြိုးစင်ပေါ်တက်ခါနီးတွင် တွဲလာသူ အကျဉ်းသားနှစ်ဦးကို ဆရာစံမှ ခန္ဓာကိုယ်နှင့်တွန်းတိုက်ဖယ်ပြီး

အမျိုးဘာသာ သာသနာ ပညာကြီးပွားရာ ကြီးပွားကြောင်းဆောင်ရွက်လို့ ယခုလို ကြုံတွေ့ရတာကို သုခ လို့မှတ်ပါတယ်

အနားရှိ အကျဉ်းသားနှစ်ဦးကိုလည်း“ဖယ်ပေး ငါ့ဟာငါ တက်မယ်”..ဆိုပြီး ကြိုးစင်ပေါ်တက်သွားပါတယ်

ကြိုးစင်ပေါ်ရောက်သည်နှင့် ဆရာစံက သူ၏ ကြိုးပေးကွပ် မျက်ခံရမှုကို တက်ရောက်ကြည့်ရှုရသော ဗြိတိသျှ ကိုလိုနီ လက်အောက်ခံ အမှုထမ်း အရာထမ်း လူကြီးမင်းများအားနှုှုတ်ဆက်၍

အားလုံးပဲ ကျုပ်တော့ သွားပြီ ဖြစ်လေရာ ဘဝတိုင်းမှာ နယ်ချဲ့ကိုလိုနီ အင်္ဂလိပ်တွေကို နိုင်ရတဲ့ကိုယ် ဖြစ်ရပါစေလို၏ ဟု ဆုတောင်းသွားပါတယ်

ဆရာစံလည်း ဆုတောင်းပြီး မျက်နှာဖုံး အိတ်ကြီးကို စွပ်ပေးကာ လည်ပင်းကို ကြိုးတပ်ပြီးတော့ ဆရာစံ ရပ်နေသည့်ခြေထောက်အစုံအောက်က ကြိုးစင် ကြမ်းခင်းဒေါက်ကိုဖြုတ်ချ ကွပ်မျက်လိုက်ပါတယ်

မိတ်ဆွေများကို လေးစားလျက်.

credit မြတ်သွေးငယ်

About the author

Crypoetess

Leave a Comment