LOCAL NEWS

ရန္ကုန္ၿမိဳ႕ ပတ္ရထားလမ္းအသစ္ကုိ တစ္နာရီ ၆ဝကီလိုမီတာႏွုန္းအထိ စမ္းသပ္မာင္းႏွင္ခဲ့ေသာ္လည္း ဖန္ခြက္အတြင္းမွ ေရမ်ားပင္ ဖိတ္စင္မွုမရွိပါ

ရန္ကုန္ၿမိဳ႕ပတ္လမ္းပိုင္း ရထားလမ္းအဆင့္ျမႇင့္တင္မွု ေဆာင္ရြက္ထားၿပီးျဖစ္ေသာ အင္းစိန္ႏွင့္တညင္းကုန္းၾကား လမ္းပိုင္းအား ဒီဇင္ဘာ ၂၀ ရက္ နံနက္ ၁၁ နာရီအခ်ိန္က စမ္းသပ္ေမာင္းႏွင္ခဲ့သည္။ထိုကဲ့သို႔စမ္းသပ္ေမာင္းႏွင္ရာ၌ တစ္နာရီ ၆ဝကီလိုမီတာႏွုန္းအထိ ေမာင္းႏွင္ခဲ့ေသာ္လည္း ခုန္ေဆာင့္လူးခါျခင္းမရွိဘဲ ၿငိမ္သက္မွုရွိၿပီး ေရအျပည့္ျဖည့္ထားသည့္ ဖန္ခြက္အတြင္းမွ ေရမ်ားပင္ ဖိတ္စင္မွုမရွိေၾကာင္း ျမန္မာ့မီးရထားမွ ဦးေဇာ္လြင္ (တိုင္း ၇) က ေျပာဆိုသည္။

ထို႔အျပင္ ရန္ကုန္ ၿမိဳ႕ပတ္ရထား လမ္းေၾကာင္းျဖစ္သည့္ က်ိဳကၠလဲ့ဘူတာမွ ပုရြက္ဆိတ္ကုန္း ဘူတာ အထိ ဒီဇင္ဘာ၂၁ ရက္မွစ၍ ရထားလမ္း အဆင့္ျမႇင့္တင္မည္ျဖစ္၍ အစုန္ -အဆန္ လမ္းပိုင္း ႏွစ္ခုလုံးကို ပိတ္သိမ္းမည္ျဖစ္ကာ ရထားေျပးဆြဲမွုကို ယာယီရပ္နားထားရမည္ျဖစ္သည္။ထိုသို႔ ၿမိဳ႕ပတ္ရထားလမ္းေၾကာင္းမ်ား အဆင့္ျမင့္တင္မွုကို စီမံကိန္းကာလ ၆ လတာ ၾကာျမင့္ မည္ ျဖစ္ေသာေၾကာင့္ ဝိုင္ဘီအက္စ္ ၉၂ ယာဥ္လိုင္း ၊ ၁၈ ယာဥ္လိုင္း ၊ ၆၄ ယာဥ္လိုင္း မ်ားျဖင့္ တိုးခ်ဲ႕ ေျပးဆြဲရာတြင္ ခရီးစဥ္အတြက္ က်ပ္ ၁၀၀ ျဖင့္ေျပးဆြဲေပးမည္ျဖစ္သည္။

ရန္ကုန္ ၿမိဳ႕ပတ္လမ္း (၂၉)မိုင္ခြဲကို လက္ရွိ တြင္ ၂နာရီ ၅ဝမိနစ္ၾကာေျပးဆြဲေနရာမွ အဆင့္ျမင့္ လမ္းပိုင္း ၿပီးစီးသြားပါက ၁နာရီ ၅၀ မိနစ္ ျဖင့္ ေျပးဆြဲသြားမည္ျဖစ္ၿပီး၊ ေျပးဆြဲခ်ိန္ တစ္နာရီ ခန႔္ေလ်ာ့က်သြားမည္ျဖစ္ေၾကာင္း ၊ ရန္ကုန္ၿမီု႔ပတ္ ရထားလမ္းပိုင္း အဆင့္ျမႇင့္တင္ျခင္း လမ္းပိုင္းကို ဂ်ပန္ ODA ေခ်းေငြႏွင့္ နိုင္ငံေတာ္ဘတ္ဂ်တ္ျဖင့္ ေဆာင္ရြက္ေနေၾကာင္းလည္း သိရသည္။

Via: The Myanmar Times

  • Unicode ဖြင့်ဖတ်ရန်

ရန်ကုန်မြို့ပတ်လမ်းပိုင်း ရထားလမ်းအဆင့်မြှင့်တင်မှု ဆောင်ရွက်ထားပြီးဖြစ်သော အင်းစိန်နှင့်တညင်းကုန်းကြား လမ်းပိုင်းအား ဒီဇင်ဘာ ၂၀ ရက် နံနက် ၁၁ နာရီအချိန်က စမ်းသပ်မောင်းနှင်ခဲ့သည်။ထိုကဲ့သို့စမ်းသပ်မောင်းနှင်ရာ၌ တစ်နာရီ ၆ဝကီလိုမီတာနှုန်းအထိ မောင်းနှင်ခဲ့သော်လည်း ခုန်ဆောင့်လူးခါခြင်းမရှိဘဲ ငြိမ်သက်မှုရှိပြီး ရေအပြည့်ဖြည့်ထားသည့် ဖန်ခွက်အတွင်းမှ ရေများပင် ဖိတ်စင်မှုမရှိကြောင်း မြန်မာ့မီးရထားမှ ဦးဇော်လွင် (တိုင်း ၇) က ပြောဆိုသည်။

ထို့အပြင် ရန်ကုန် မြို့ပတ်ရထား လမ်းကြောင်းဖြစ်သည့် ကျိုက္ကလဲ့ဘူတာမှ ပုရွက်ဆိတ်ကုန်း ဘူတာ အထိ ဒီဇင်ဘာ၂၁ ရက်မှစ၍ ရထားလမ်း အဆင့်မြှင့်တင်မည်ဖြစ်၍ အစုန် -အဆန် လမ်းပိုင်း နှစ်ခုလုံးကို ပိတ်သိမ်းမည်ဖြစ်ကာ ရထားပြေးဆွဲမှုကို ယာယီရပ်နားထားရမည်ဖြစ်သည်။ထိုသို့ မြို့ပတ်ရထားလမ်းကြောင်းများ အဆင့်မြင့်တင်မှုကို စီမံကိန်းကာလ ၆ လတာ ကြာမြင့် မည် ဖြစ်သောကြောင့် ဝိုင်ဘီအက်စ် ၉၂ ယာဉ်လိုင်း ၊ ၁၈ ယာဉ်လိုင်း ၊ ၆၄ ယာဉ်လိုင်း များဖြင့် တိုးချဲ့ ပြေးဆွဲရာတွင် ခရီးစဉ်အတွက် ကျပ် ၁၀၀ ဖြင့်ပြေးဆွဲပေးမည်ဖြစ်သည်။

ရန်ကုန် မြို့ပတ်လမ်း (၂၉)မိုင်ခွဲကို လက်ရှိ တွင် ၂နာရီ ၅ဝမိနစ်ကြာပြေးဆွဲနေရာမှ အဆင့်မြင့် လမ်းပိုင်း ပြီးစီးသွားပါက ၁နာရီ ၅၀ မိနစ် ဖြင့် ပြေးဆွဲသွားမည်ဖြစ်ပြီး၊ ပြေးဆွဲချိန် တစ်နာရီ ခန့်လျော့ကျသွားမည်ဖြစ်ကြောင်း ၊ ရန်ကုန်မြီု့ပတ် ရထားလမ်းပိုင်း အဆင့်မြှင့်တင်ခြင်း လမ်းပိုင်းကို ဂျပန် ODA ချေးငွေနှင့် နိုင်ငံတော်ဘတ်ဂျတ်ဖြင့် ဆောင်ရွက်နေကြောင်းလည်း သိရသည်။

Via: The Myanmar Times

About the author

Crypoetess

Leave a Comment