KNOWLEDGE LOVE

ဂ်က္မားက ႐ုပ္ဆိုးတယ္ေနာ္ ? ဘာလို႔သူ႔ကို ေ႐ြးခ်ယ္ခဲ့တာလဲ ?

အခ်စ္ဆိုတာ တစ္ေန႔ အင္တာဗ်ဴး တစ္ခုမွာေပါ့ သတင္းေထာက္က ေမးလိုက္တယ္ “ဂ်က္မားက ႐ုပ္ဆိုးတယ္ေနာ္ ဘာလို႔သူ႔ကို ေ႐ြးခ်ယ္ခဲ့တာလဲ သူမေအာင္ျမင္ခင္ ေက်ာင္းဆရာဘဝထဲက သူ႔ကို ေ႐ြးခ်ယ္ခဲ့တယ္ဆိုေတာ့ ေငြေၾကးေၾကာင့္ေတာ့မျဖစ္ႏိုင္ဘူး ဘာေၾကာင့္လည္း ကြၽန္ေတာ္တို႔သိပါရေစ”

သူမ ႐ိုး႐ိုးရွင္းေလးပဲ ေျဖလိုက္တယ္ “ဂ်က္မားက ႐ုပ္ဆိုးပါတယ္ ဒါေပမယ့္ အလုပ္ႀကိဳးစားတယ္ လုပ္ရည္ကိုင္ရည္ရွိတယ္ ေအာင္ျမင္ဖို႔အတြက္အၿမဲႀကိဳးစားေနတာဘဝအာမခံခ်က္တစ္ခုရွိတယ္ အဲ့ဒီဘဝကို ကြၽန္မပုံေဖာ္ေပးခ်င္လို႔ပါ”တဲ့

အခုေခတ္မွာ လူငယ္ေတြ အခ်စ္ဆိုတာႀကီးကို အထင္ျမင္လြဲလာၾကတယ္ တစ္ပတ္ကို သုံးႀကိမ္ေလာက္ ႐ုပ္ရွင္ၾကည့္ ဟိုဆိုင္သြားစား ဒီဆိုင္သြားစားတာကို ေကြၽးႏိုင္မွအခ်စ္လို႔ထင္လာၾကတယ္ အ႐ုပ္ေလး ဝယ္ေပး ဟိုဟာဝယ္ေပး ႏိုင္မွ အခ်စ္လို႔ထင္လာၾကတယ္ လူအမ်ားၾကားမွာ အနမ္းေတြေပး ဖက္ျပေနမွအခ်စ္လို႔ထင္လာၾကတယ္

Sex ကိုေပ်ာ္စရာအျဖစ္သတ္မွတ္လာၾကတယ္ သူတို႔ဆီမွာ အနာဂတ္ကိုမေတြးေတာ တစ္ဘဝစာထက္ တစ္ခဏတာၾကားမွာ ေပ်ာ္ျမဴးလာၾကတယ္ အရည္အခ်င္းထက္ ႐ုပ္ရည္ကို ဦးစားေပးလာၾကတယ္ တစ္ကယ္ေတာ့ အခ်စ္ဆိုတာ မိသားစုတစ္ခုလိုပါပဲ ဒုကၡနဲ႔သုခ,မ်က္ရည္နဲ႔ ရယ္သံ,က်ရႈံးမူနဲ႔ ေအာင္ျမင္မူၾကား ကိုယ့္ဘက္က အၿမဲရပ္တည္ ရွိေနေပးတတ္ၾကသူေတြပါ

ေအာင္ျမင္တဲ့ေယာက်ၤားေတြရဲ႕ေနာက္ကြယ္မွာ ထက္ျမက္တဲ့မိန္းမေတြရွိတယ္ ထက္ျမတ္တဲ့မိန္းမေတြ ေဘးမွာလည္း ေအာင္ျမင္တဲ့ ေယက်ၤားေတြရွိၾကတယ္ ဘဝအာမခံခ်က္ဆိုတာ ကိုယ္တိုင္ဖန္တီးရတဲ့အရာပါ ဘယ္အာမခံ company မွ ခုံဖိနပ္တစ္ရံကို ေဒၚလာသန္းခ်ီမေပးႏိုင္သလို ထီမထိုးပဲထီေပါက္ခ်င္, အပင္မစိုက္ပဲ အသီးစားခ်င္, ပါရမီမျဖည့္ပဲ ေအာင္ျမင္တဲ့ေယာက်ၤားေတြကို မေမွ်ာ္လင့္ခ်င္ပါနဲ႔ Ready made ေတြက ဘယ္အရာမွ မေကာင္းဘူး

ဘဝမွာ ဟင္းေကာင္းေကာင္းစား႐ုံ, အလွျပင္႐ုံသက္သက္လူျဖစ္လာတဲ့ သာမာန္မိန္းမေတြဟာ ေအာင္ျမင္ၿပီးသားေယာက်ၤားေတြကိုရွာၿပီး သူတို႔ဘဝကို တည္ေဆာက္ခ်င္ၾကတယ္ ထက္ျမတ္တဲ့မိန္းမေတြကေတာ့ သူတို႔တကယ္ခ်စ္တဲ့သူနဲ႔သာ ဘဝကို႐ုန္းကန္လႈပ္ရွား ေဖးမကူညီရင္း ေအာင္ျမင္တဲ့ေယာက်ၤားေတြရဲ႕ အေရးပါတဲ့ မိန္းမေတြျဖစ္ခ်င္ၾကတယ္

ေငြ တစ္ေထာင္ကို တစ္ေသာင္းျဖစ္ေအာင္ ဘယ္လိုလုပ္ေပးရမလဲစဥ္းစားမယ့္အစား ဘယ္လိုျဖဳန္းရမလဲ စဥ္းစားေနတဲ့လက္တြဲေဖာ္ရွိရင္ ခုထဲက လက္တြဲျဖဳတ္လိုက္ပါ သင့္ဘဝရဲ႕ ပါရမီျဖည့္ဘက္ ဘယ္ေတာ့မွျဖစ္လာမွာ မဟုတ္လို႔ပါပဲ

ကြၽန္ေတာ္ကိုယ္တိုင္ အဲ့လိုမိန္းကေလးရွာမေတြ႕ေသးဘူး မိန္းကေလးေပါင္းေျမာက္ျမားစြာရွိေပမယ့္ ပါရမီျဖည့္ဘက္ကေတာ့ ရွားပါးလြန္းလွပါတယ္ ကိုယ္တြက္ ပါရမီျဖည့္ဘက္ကို ထိုင္ေစာင့္႐ုံကလြဲၿပီး ဘာမွမတတ္ႏိုင္ေသးပါဘူး အခ်စ္ဆိုတာ ဒါပါပဲ

Credit:Apso Alcantara

  • Unicode ဖြင့်ဖတ်ရန်

အချစ်ဆိုတာ တစ်နေ့ အင်တာဗျူး တစ်ခုမှာပေါ့ သတင်းထောက်က မေးလိုက်တယ် “ဂျက်မားက ရုပ်ဆိုးတယ်နော် ဘာလို့သူ့ကို ရွေးချယ်ခဲ့တာလဲ သူမအောင်မြင်ခင် ကျောင်းဆရာဘဝထဲက သူ့ကို ရွေးချယ်ခဲ့တယ်ဆိုတော့ ငွေကြေးကြောင့်တော့မဖြစ်နိုင်ဘူး ဘာကြောင့်လည်း ကျွန်တော်တို့သိပါရစေ”

သူမ ရိုးရိုးရှင်းလေးပဲ ဖြေလိုက်တယ် “ဂျက်မားက ရုပ်ဆိုးပါတယ် ဒါပေမယ့် အလုပ်ကြိုးစားတယ် လုပ်ရည်ကိုင်ရည်ရှိတယ် အောင်မြင်ဖို့အတွက်အမြဲကြိုးစားနေတာဘဝအာမခံချက်တစ်ခုရှိတယ် အဲ့ဒီဘဝကို ကျွန်မပုံဖော်ပေးချင်လို့ပါ”တဲ့

အခုခေတ်မှာ လူငယ်တွေ အချစ်ဆိုတာကြီးကို အထင်မြင်လွဲလာကြတယ် တစ်ပတ်ကို သုံးကြိမ်လောက် ရုပ်ရှင်ကြည့် ဟိုဆိုင်သွားစား ဒီဆိုင်သွားစားတာကို ကျွေးနိုင်မှအချစ်လို့ထင်လာကြတယ် အရုပ်လေး ဝယ်ပေး ဟိုဟာဝယ်ပေး နိုင်မှ အချစ်လို့ထင်လာကြတယ် လူအများကြားမှာ အနမ်းတွေပေး ဖက်ပြနေမှအချစ်လို့ထင်လာကြတယ်

Sex ကိုပျော်စရာအဖြစ်သတ်မှတ်လာကြတယ် သူတို့ဆီမှာ အနာဂတ်ကိုမတွေးတော တစ်ဘဝစာထက် တစ်ခဏတာကြားမှာ ပျော်မြူးလာကြတယ် အရည်အချင်းထက် ရုပ်ရည်ကို ဦးစားပေးလာကြတယ် တစ်ကယ်တော့ အချစ်ဆိုတာ မိသားစုတစ်ခုလိုပါပဲ ဒုက္ခနဲ့သုခ,မျက်ရည်နဲ့ ရယ်သံ,ကျရှုံးမူနဲ့ အောင်မြင်မူကြား ကိုယ့်ဘက်က အမြဲရပ်တည် ရှိနေပေးတတ်ကြသူတွေပါ

အောင်မြင်တဲ့ယောင်္ကျားတွေရဲ့နောက်ကွယ်မှာ ထက်မြက်တဲ့မိန်းမတွေရှိတယ် ထက်မြတ်တဲ့မိန်းမတွေ ဘေးမှာလည်း အောင်မြင်တဲ့ ယေင်္ကျားတွေရှိကြတယ် ဘဝအာမခံချက်ဆိုတာ ကိုယ်တိုင်ဖန်တီးရတဲ့အရာပါ ဘယ်အာမခံ company မှ ခုံဖိနပ်တစ်ရံကို ဒေါ်လာသန်းချီမပေးနိုင်သလို ထီမထိုးပဲထီပေါက်ချင်, အပင်မစိုက်ပဲ အသီးစားချင်, ပါရမီမဖြည့်ပဲ အောင်မြင်တဲ့ယောင်္ကျားတွေကို မမျှော်လင့်ချင်ပါနဲ့ Ready made တွေက ဘယ်အရာမှ မကောင်းဘူး

ဘဝမှာ ဟင်းကောင်းကောင်းစားရုံ, အလှပြင်ရုံသက်သက်လူဖြစ်လာတဲ့ သာမာန်မိန်းမတွေဟာ အောင်မြင်ပြီးသားယောင်္ကျားတွေကိုရှာပြီး သူတို့ဘဝကို တည်ဆောက်ချင်ကြတယ် ထက်မြတ်တဲ့မိန်းမတွေကတော့ သူတို့တကယ်ချစ်တဲ့သူနဲ့သာ ဘဝကိုရုန်းကန်လှုပ်ရှား ဖေးမကူညီရင်း အောင်မြင်တဲ့ယောင်္ကျားတွေရဲ့ အရေးပါတဲ့ မိန်းမတွေဖြစ်ချင်ကြတယ်

ငွေ တစ်ထောင်ကို တစ်သောင်းဖြစ်အောင် ဘယ်လိုလုပ်ပေးရမလဲစဉ်းစားမယ့်အစား ဘယ်လိုဖြုန်းရမလဲ စဉ်းစားနေတဲ့လက်တွဲဖော်ရှိရင် ခုထဲက လက်တွဲဖြုတ်လိုက်ပါ သင့်ဘဝရဲ့ ပါရမီဖြည့်ဘက် ဘယ်တော့မှဖြစ်လာမှာ မဟုတ်လို့ပါပဲ

ကျွန်တော်ကိုယ်တိုင် အဲ့လိုမိန်းကလေးရှာမတွေ့သေးဘူး မိန်းကလေးပေါင်းမြောက်မြားစွာရှိပေမယ့် ပါရမီဖြည့်ဘက်ကတော့ ရှားပါးလွန်းလှပါတယ် ကိုယ်တွက် ပါရမီဖြည့်ဘက်ကို ထိုင်စောင့်ရုံကလွဲပြီး ဘာမှမတတ်နိုင်သေးပါဘူး အချစ်ဆိုတာ ဒါပါပဲ

Credit:Apso Alcantara

About the author

Crypoetess

Leave a Comment