News

ေမြးေန႔မွာေပၚတင္အရွက္ခြဲၿပီး ေဖာက္ျပန္တဲ့ခ်စ္သူကို လမ္းခြဲလုိက္တဲ့ အမ်ိဳးသမီး

ကိုယ့္ခ်စ္သူ တစ္ျခားသူေတြနဲ႔ ေဖာက္ျပန္တယ္ဆုိတာ ကာယကံရွင္အဖုိ႔ လက္ခံႏုိင္စရာမရွိတဲ့ အေၾကာင္းအရာပါဘဲ။ တစ္ခ်ိဳ႕က သူ ေဖာက္ျပန္ေနတာသိရင္ တိတ္တိတ္ကေလး ေၾကကြဲၾကတယ္၊ တိတ္တိတ္ကေလး ငုိေကၽြးၾကတယ္။ တစ္ခ်ိဳ႕က ဝုိင္းဒုိင္းက်ဲ ေပါက္ကြဲလုိက္ၾကတယ္။

တည္တည္ၿငိမ္ၿငိမ္နဲ႔ ေျဖရွင္းတဲ့သူကေတာ့ အေတာ္ေလး ရွားပါတယ္။ ဒါေပမယ့္ အခု အမ်ိဳးသမီးကေတာ့ သူမရဲ႕ (၂၂)ႏွစ္ျပည့္ ေမြးေန႔မွာ ေဖာက္ျပန္တဲ့ ခ်စ္သူကို ေပၚတင္အရွက္ခြဲၿပီး၊ လမ္းခြဲဖုိ႔ ဆုံးျဖတ္လုိက္ေၾကာင္း ေၾကညာခဲ့ပါတယ္။ အမ်ိဳးသားအတြက္ေတာ့ တစ္ရွက္က ႏွစ္ရက္ ကြဲခဲ့ရတာပါ။

သူမရဲ႕ နာမည္ကေတာ့ Tiana Perea ျဖစ္ၿပီး အေမရိကန္ တကၠဆက္ျပည္နယ္၊ ေဟာက္စတန္မွာ ေနထုိင္ပါတယ္။ သူမဟာ ခ်စ္သူအမ်ိဳးသား တစ္ျခားအမ်ိဳးသမီးေတြနဲ႔ အညႇီအေဟာက္မကင္းတဲ့ မက္ေဆ့ေတြ ပုိ႔ေနတယ္ဆုိတာကို အေစာႀကီးကတည္းက သိထားသူပါ။

ဒါေၾကာင့္ ေမြးေန႔ပြဲလာ ပရိသတ္ေတြအားလုံးရဲ႕ေရွ႕မွာ ခ်စ္သူေဟာင္းအမ်ိဳးသားကို ပြင့္ပြင့္လင္းလင္း ေဝဖန္ခဲ့ၿပီး၊ သူမတုိ႔ ေရွ႕ဆက္ၿပီး လက္တြဲလုိ႔မရေတာ့ဘူးဆုိတာကို ေျပာခဲ့ပါတယ္။ Perea ရဲ႕ လုပ္ရပ္ဟာ လူမႈကြန္ရက္ေပၚမွာ ပ်ံ႔ႏွံ႔သြားၿပီး ေထာက္ခံသူ၊ ေဝဖန္သူေတြလည္း ရွိခဲ့ပါတယ္။

  • ရုပ္သံဖိုင္အားၾကည့္ရႈရန္နွိပ္ပါ

လင္းေဇာ္ကို (MyanmarNote)

source : unilad.co.uk

  • Unicode ဖြင့်ဖတ်ရန်

ကိုယ့်ချစ်သူ တစ်ခြားသူတွေနဲ့ ဖောက်ပြန်တယ်ဆိုတာ ကာယကံရှင်အဖို့ လက်ခံနိုင်စရာမရှိတဲ့ အကြောင်းအရာပါဘဲ။ တစ်ချို့က သူ ဖောက်ပြန်နေတာသိရင် တိတ်တိတ်ကလေး ကြေကွဲကြတယ်၊ တိတ်တိတ်ကလေး ငိုကျွေးကြတယ်။ တစ်ချို့က ဝိုင်းဒိုင်းကျဲ ပေါက်ကွဲလိုက်ကြတယ်။

တည်တည်ငြိမ်ငြိမ်နဲ့ ဖြေရှင်းတဲ့သူကတော့ အတော်လေး ရှားပါတယ်။ ဒါပေမယ့် အခု အမျိုးသမီးကတော့ သူမရဲ့ (၂၂)နှစ်ပြည့် မွေးနေ့မှာ ဖောက်ပြန်တဲ့ ချစ်သူကို ပေါ်တင်အရှက်ခွဲပြီး၊ လမ်းခွဲဖို့ ဆုံးဖြတ်လိုက်ကြောင်း ကြေညာခဲ့ပါတယ်။ အမျိုးသားအတွက်တော့ တစ်ရှက်က နှစ်ရက် ကွဲခဲ့ရတာပါ။

သူမရဲ့ နာမည်ကတော့ Tiana Perea ဖြစ်ပြီး အမေရိကန် တက္ကဆက်ပြည်နယ်၊ ဟောက်စတန်မှာ နေထိုင်ပါတယ်။ သူမဟာ ချစ်သူအမျိုးသား တစ်ခြားအမျိုးသမီးတွေနဲ့ အညှီအဟောက်မကင်းတဲ့ မက်ဆေ့တွေ ပို့နေတယ်ဆိုတာကို အစောကြီးကတည်းက သိထားသူပါ။

ဒါကြောင့် မွေးနေ့ပွဲလာ ပရိသတ်တွေအားလုံးရဲ့ရှေ့မှာ ချစ်သူဟောင်းအမျိုးသားကို ပွင့်ပွင့်လင်းလင်း ဝေဖန်ခဲ့ပြီး၊ သူမတို့ ရှေ့ဆက်ပြီး လက်တွဲလို့မရတော့ဘူးဆိုတာကို ပြောခဲ့ပါတယ်။ Perea ရဲ့ လုပ်ရပ်ဟာ လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့သွားပြီး ထောက်ခံသူ၊ ဝေဖန်သူတွေလည်း ရှိခဲ့ပါတယ်။

  • ရုပ်သံဖိုင်အားကြည့်ရှုရန်နှိပ်ပါ

လင်းဇော်ကို (MyanmarNote)

source : unilad.co.uk

About the author

Crypoetess

Leave a Comment