LOCAL NEWS

ေငြအတုေၾကာင့္ နစ္နာသူေတြကို အစစ္ျဖင့္ ျပန္လဲေပးမည္မဟုတ္ဟု ဗဟိုဘဏ္ဆို

ေငြအတုေၾကာင့္ နစ္နာသူမ်ားကို အစစ္ျဖင့္ ျပန္လဲေပးမည္မဟုတ္ဟု ဗဟိုဘဏ္ဆို ဒီဇင္ဘာ (၂၀)၊ ၂၀၁၈၊ ရန္ကုန္ ။ ေငြစကၠဴအတုမ်ားေၾကာင့္ နစ္နာသူျပည္သူမ်ား ႐ွိေနေသာ္လည္း ၎နစ္နာသူမ်ားကို ေငြစကၠဴအစစ္ျဖင့္ ျပန္လည္ လဲလွယ္ေပးမည္ မဟုတ္ေၾကာင္း ျမန္မာႏိုင္ငံေတာ္ ဗဟိုဘဏ္က ေျပာသည္။တစ္ေသာင္းတန္ ေငြစကၠဴအတုမ်ား ထြက္႐ွိေနျခင္းႏွင့္ ပတ္သက္၍ အမ်ိဳးသားလႊတ္ေတာ္ ျပည္သူ႔ေငြစာရင္းေကာ္မတီက ဗဟိုဘဏ္ တာဝန္႐ွိသူမ်ားကို ယခုလ (၂၀) ရက္တြင္ ဖိတ္ေခၚ၍ အစည္းအေဝး ျပဳလုပ္စဥ္ ဗဟိုဘဏ္တာဝန္႐ွိသူမ်ားက ယင္းကဲ့သို႔ ႐ွင္းလင္းေျပာ ၾကားခဲ့ျခင္း ျဖစ္ေၾကာင္း အမ်ိဳးသားလႊတ္ေတာ္ ျပည္သူ႔ေငြစာရင္း ေကာ္မတီဝင္ ေနာ္လွလွစုိးက ျငမ္းမီဒီယာသို႔ ေျပာသည္။

” အဲဒါကို ျပည္သူ႔လႊတ္ေတာ္မွာ လာေျပာဖူးတယ္တဲ့။ အစစ္ကေတာ့ ျပန္လဲေပးလို႔ မရဘူးေပါ့ေနာ္။ သူတို႔ေတာင္ ေျဖဖို႔အတြက္သြားတာ။ ဒါေပမဲ့ လႊတ္ေတာ္ဥကၠဌက တစ္ခါတည္း ျဖတ္ေပးလိုက္တယ္ ေပါ့ ေနာ္။ ပိုက္ဆံအတု လုပ္တဲ့သူက အထုပ္လိုက္ႀကီး ထမ္းၿပီးေတာ့ ဒါကိုလဲေပးပါလို႔ ေျပာရင္ဘယ္လိုလုပ္မလဲတဲ့။ အဲဒီ Idea ေပါ့။ အဲဒီ Concept ပဲ။ အတုေတြကို ျပန္လဲေပးဖို႔ေတာ့ ျပည္သူေတြရဲ႕ နစ္နာ ဆံုးရွံဳးမွဳကို သိေပမယ့္ အစစ္ေတာ့ လဲေပးလို႔ မရပါဘူးေပါ့ ” ဟု ေနာ္လွလွစုိး က ေျပာသည္။

ေငြစကၠဴ အတုမ်ား လက္ဝယ္ကိုင္ေဆာင္ ေတြ႕႐ွိသူကို အေရးယူ မွဳမ်ား ျပဳလုပ္ေနရျခင္းမွာလည္း တည္ဆဲ ဥပေဒမ်ားအရ ေဆာင္ရြက္ ေနျခင္း ျဖစ္ၿပီး ယင္းအေျခအေနမွ ေက်ာ္လႊားရန္ ျမန္မာႏိုင္ငံေတာ္ ဗဟိုဘဏ္ ဥပေဒကို ျပင္ဆင္ရမည္ ျဖစ္ေၾကာင္းႏွင့္ ေငြစကၠဴအတု မ်ား ထုတ္လုပ္ရာ ေနရာမ်ား ကို လိုက္လံ႐ွာေဖြေဖာ္ထုတ္ရန္မွာ ဗဟိုဘဏ္၏ တာဝန္မဟုတ္ဘဲ ရဲတပ္ဖြဲ႔၏တာဝန္သာျဖစ္ေၾကာင္း ဗဟိုဘဏ္တာဝန္႐ွိသူမ်ားက ႐ွင္းလင္းေျပာၾကားခဲ့သည္ဟု ေနာ္လွလွစုိး က ဆက္လက္ေျပာဆိုသည္။

” ေနာက္ၿပီးေတာ့ ဘဏ္က ဖ်က္ဆီးတဲ့ ကိစၥကိုလည္း Complaint လုပ္ၾကတယ္ေပါ့။ အဲဒါကလည္း သူတို႔ ၫႊန္ၾကားထားတယ္ေပါ့။ ေငြအတုမွန္းသိရင္ ခ်က္ခ်င္း ဖ်က္ဆီးဖို႔။ ဘာလို႔လဲဆိုေတာ့ အတုမွန္း သိလ်က္နဲ႔ လွည့္လည္လို႔႐ွိရင္ တႏိုင္ငံလံုးမွာ ထိန္းခ်ဳပ္မရ ျဖစ္သြား မယ္ေပါ့။ အဲဒီလိုမ်ိဳးေျပာတယ္ ” ဟု ၎က ေျပာသည္။

ဒိုက္ဦးၿမိဳ႕နယ္တြင္ ေနထိုင္သူ မေနာ္ေသာ့သြဲ႕ထူးသည္ စင္ကာပူသို႔ အိမ္ေဖာ္အျဖစ္ သြားေရာက္လုပ္ကိုင္ၿပီး ျပန္ခဲ့စဥ္ အလုပ္႐ွင္က ေပး လိုက္ေသာ လုပ္ခလစာ က်ပ္တစ္ေသာင္းတန္ ေငြစကၠဴ အတုမ်ား ေၾကာင့္ ယခုလ (၆) ရက္ေန႔က ဖမ္းဆီး အမွဳဖြင့္ခံခဲ့ရၿပီးေနာက္ ဥပေဒပညာ႐ွင္မ်ားႏွင့္ ျပည္သူမ်ား အၾကား ကန္႔ကြက္ေဝဖန္မွဳ မ်ားစြာ ျမင့္တက္ခဲ့သည္။

ဒီဇင္ဘာလ (၁၈) ရက္ေန႔ကလည္း ၿမိတ္ၿမိဳ႕၌ ေနထိုင္သူ ဦးေစာဝင္းႏိုသည္ ကားဖိုးေငြ ေပးေခ်ရန္ က်န္ရွိသည့္ ေငြက်ပ္ (၁၀) သိန္းကို ဘဏ္အေကာင့္သို႔ လာေရာက္လႊဲပို႔စဥ္ တစ္ေသာင္းက်ပ္ တန္ ေငြစကၠဴ အတု (၅၀) ရြက္ေတြ႕ရွိသျဖင့္ ျမန္မာနိုင္ငံ ဗဟိုဘဏ္ ဥပေဒပုဒ္မ ၁၀၅/၁၀၆ ျဖင့္ အေရးယူ ခံထားရသည္။

The Nyang News

  • Unicode ျဖင့္ဖတ္ရန္

ငွေအတုကြောင့် နစ်နာသူများကို အစစ်ဖြင့် ပြန်လဲပေးမည်မဟုတ်ဟု ဗဟိုဘဏ်ဆို ဒီဇင်ဘာ (၂၀)၊ ၂၀၁၈၊ ရန်ကုန် ။ ငွေစက္ကူအတုများကြောင့် နစ်နာသူပြည်သူများ ရှိနေသော်လည်း ၎င်းနစ်နာသူများကို ငွေစက္ကူအစစ်ဖြင့် ပြန်လည် လဲလှယ်ပေးမည် မဟုတ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ပြောသည်။တစ်သောင်းတန် ငွေစက္ကူအတုများ ထွက်ရှိနေခြင်းနှင့် ပတ်သက်၍ အမျိုးသားလွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီက ဗဟိုဘဏ် တာဝန်ရှိသူများကို ယခုလ (၂၀) ရက်တွင် ဖိတ်ခေါ်၍ အစည်းအဝေး ပြုလုပ်စဉ် ဗဟိုဘဏ်တာဝန်ရှိသူများက ယင်းကဲ့သို့ ရှင်းလင်းပြော ကြားခဲ့ခြင်း ဖြစ်ကြောင်း အမျိုးသားလွှတ်တော် ပြည်သူ့ငွေစာရင်း ကော်မတီဝင် နော်လှလှစိုးက ငြမ်းမီဒီယာသို့ ပြောသည်။

” အဲဒါကို ပြည်သူ့လွှတ်တော်မှာ လာပြောဖူးတယ်တဲ့။ အစစ်ကတော့ ပြန်လဲပေးလို့ မရဘူးပေါ့နော်။ သူတို့တောင် ဖြေဖို့အတွက်သွားတာ။ ဒါပေမဲ့ လွှတ်တော်ဥက္ကဌက တစ်ခါတည်း ဖြတ်ပေးလိုက်တယ် ပေါ့ နော်။ ပိုက်ဆံအတု လုပ်တဲ့သူက အထုပ်လိုက်ကြီး ထမ်းပြီးတော့ ဒါကိုလဲပေးပါလို့ ပြောရင်ဘယ်လိုလုပ်မလဲတဲ့။ အဲဒီ Idea ပေါ့။ အဲဒီ Concept ပဲ။ အတုတွေကို ပြန်လဲပေးဖို့တော့ ပြည်သူတွေရဲ့ နစ်နာ ဆုံးရှုံးမှုကို သိပေမယ့် အစစ်တော့ လဲပေးလို့ မရပါဘူးပေါ့ ” ဟု နော်လှလှစိုး က ပြောသည်။

ငွေစက္ကူ အတုများ လက်ဝယ်ကိုင်ဆောင် တွေ့ရှိသူကို အရေးယူ မှုများ ပြုလုပ်နေရခြင်းမှာလည်း တည်ဆဲ ဥပဒေများအရ ဆောင်ရွက် နေခြင်း ဖြစ်ပြီး ယင်းအခြေအနေမှ ကျော်လွှားရန် မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥပဒေကို ပြင်ဆင်ရမည် ဖြစ်ကြောင်းနှင့် ငွေစက္ကူအတု များ ထုတ်လုပ်ရာ နေရာများ ကို လိုက်လံရှာဖွေဖော်ထုတ်ရန်မှာ ဗဟိုဘဏ်၏ တာဝန်မဟုတ်ဘဲ ရဲတပ်ဖွဲ့၏တာဝန်သာဖြစ်ကြောင်း ဗဟိုဘဏ်တာဝန်ရှိသူများက ရှင်းလင်းပြောကြားခဲ့သည်ဟု နော်လှလှစိုး က ဆက်လက်ပြောဆိုသည်။

” နောက်ပြီးတော့ ဘဏ်က ဖျက်ဆီးတဲ့ ကိစ္စကိုလည်း Complaint လုပ်ကြတယ်ပေါ့။ အဲဒါကလည်း သူတို့ ညွှန်ကြားထားတယ်ပေါ့။ ငွေအတုမှန်းသိရင် ချက်ချင်း ဖျက်ဆီးဖို့။ ဘာလို့လဲဆိုတော့ အတုမှန်း သိလျက်နဲ့ လှည့်လည်လို့ရှိရင် တနိုင်ငံလုံးမှာ ထိန်းချုပ်မရ ဖြစ်သွား မယ်ပေါ့။ အဲဒီလိုမျိုးပြောတယ် ” ဟု ၎င်းက ပြောသည်။

ဒိုက်ဦးမြို့နယ်တွင် နေထိုင်သူ မနော်သော့သွဲ့ထူးသည် စင်ကာပူသို့ အိမ်ဖော်အဖြစ် သွားရောက်လုပ်ကိုင်ပြီး ပြန်ခဲ့စဉ် အလုပ်ရှင်က ပေး လိုက်သော လုပ်ခလစာ ကျပ်တစ်သောင်းတန် ငွေစက္ကူ အတုများ ကြောင့် ယခုလ (၆) ရက်နေ့က ဖမ်းဆီး အမှုဖွင့်ခံခဲ့ရပြီးနောက် ဥပဒေပညာရှင်များနှင့် ပြည်သူများ အကြား ကန့်ကွက်ဝေဖန်မှု များစွာ မြင့်တက်ခဲ့သည်။

ဒီဇင်ဘာလ (၁၈) ရက်နေ့ကလည်း မြိတ်မြို့၌ နေထိုင်သူ ဦးစောဝင်းနိုသည် ကားဖိုးငွေ ပေးချေရန် ကျန်ရှိသည့် ငွေကျပ် (၁၀) သိန်းကို ဘဏ်အကောင့်သို့ လာရောက်လွှဲပို့စဉ် တစ်သောင်းကျပ် တန် ငွေစက္ကူ အတု (၅၀) ရွက်တွေ့ရှိသဖြင့် မြန်မာနိုင်ငံ ဗဟိုဘဏ် ဥပဒေပုဒ်မ ၁၀၅/၁၀၆ ဖြင့် အရေးယူ ခံထားရသည်။

The Nyang News

About the author

Crypoetess

Leave a Comment