Shwe News

ဒီနေ့ ညထိုးသတ်မည့် ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန် နှင့် ဟဆဲဂါဝါ ပွဲကို တိုက်ရိုက်ပြသမည့် ရုပ်သံလိုင်းများ













  • Unicode

အောင်လအန်ဆန် တွဲဆိုင်းအပါဝင်တွဲဆိုင်း (၁၀)ဆိုင်းယနေ့ ည (6:30) သုဝဏ္ဏအမျိုးသားအားကစားပြိုင်ပွဲရုံ -၁ တွင်ကျင်းပမည် (Live on SkyNet Sport 3/HD)

Image may contain: 2 people, people sitting

ONE Championship အဖွဲ့အစည်းသည် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုစိန်ခေါ်ပွဲအဖြစ် အောင်လအန်ဆန်နှင့် ထိုးသတ်မည့် ဟဆဲဂါဝါကို ဂျပန်နိုင်ငံ၏အကောင်း ဆုံး တိုက်ခိုက်ရေးသမားဖြစ်သောကြောင့် ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

Image may contain: 3 people

Image may contain: 4 people, beard

ONE Championshipပစီးပွားရေးဆိုင်ရာအရာရှိချုပ် မစ္စတာဂျက်လင်မ်က “ကျနော်တို့အဖွဲ့အစည်းအနေနဲ့
MMAပြိုင်ပွဲတွေမှာအကောင်းဆုံးပွဲတွေကိုပဲဖန်တီးနေပါတယ်။ အောင်လအန်ဆန်နဲ့မူလထိုးဖို့ရွေးချယ်ထားတာက ဘစ်ဒက်ရှ်နဲ့လီအန်ဒရိုပွဲက အနိုင်ရတဲ့သူနဲ့ဖြစ်ပါတယ်။

Image may contain: 1 person

ဒါပေမယ့်လီအန်ဒရိုက ဒဏ်ရာကြောင့်နုတ်ထွက်သွားတာကြောင့်ဟဆဲဂါဝါနဲ့ အစားထိုးခဲ့တာပါ။ ဟဆဲဂါဝါက ဂျပန်နိုင်ငံရဲ့အကောင်းဆုံး တိုက်ခိုက်ရေးသမားဖြစ် ပြီး မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံဆုကို စိန်ခေါ်နိုင်တဲ့အနေအထားမှာရှိတယ်။ ဒါကြောင့်အောင်လအန်ဆန်နဲ့ထိုးသတ်ဖို့ရွေးချယ်ခဲ့တာပါ”ဟု ဇွန် ၂၇ ရက်က ကျင်းပသည့်ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင်ပြောကြားသည်။

Image may contain: 20 people

Image may contain: 1 person, outdoor

အောင်လအန်ဆန်၏မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံဆု
ကာကွယ်ပွဲပါဝင်မည့်MMAပြိုင်ပွဲကို ဇွန် ၂၉ရက်(ယနေ့) မြန်မာစံတော်ချိန် ညနေ၆:၃၀ တွင် အမျိုးသား အားက စား ပြိုင်ပွဲရုံ -၁ သုဝဏ္ဏ၌ ကျင်းပမည်ဖြစ်ပြီးတွဲဆိုင်း ၁၀ ပွဲပါဝင် မည်ဖြစ်သည်။

#MSportInfo #Daily11 #AungLaNSang

About the author

Wai Phyo Oo

Leave a Comment