Shwe News

ၾကံေတာအတြင္း(၆) ရက္တာ ေပ်ာက္ဆံုးေနသည့္ ျမန္မာေရႊ ့ေျပာင္းအလုပ္သမားရဲ ့ နွစ္နွစ္သားအရြယ္ ခေလးငယ္ကို ေဒသခံ နွင့္ အာဏာပိုင္ အင္အား ၃၀၀ေက်ာ္ ျဖင့္ ကူညီရွာေဖြေပးေန

စိုးေလျဖဴ (အသက္ႏွစ္နွစ္)ဟာ ဒီဇင္ဘာလ ၁၇ ရက္ ေန ့ကတဲက ထိုင္းနိုင္ငံ စူဖန္ဘူရီ အိုေထာင္ခရိုင္ စဖန္လန္ ေက်းရြာအုပ္စု( ၉) မွာ ဧက ၁၀၀၀ က်ယ္၀န္းတဲ့ၾကံေတာအတြင္း အသက္သံုးနွစ္ အရြယ္ မိန္းခေလးငယ္တစ္ဦး နဲ ့ ၾကံေတာထဲ ကစားေနရင္း ေပ်ာက္ဆံုးသြားခဲ့တာျဖစ္ပါတယ္။

ေပ်ာက္ဆံုးေနတဲ့ ခေလးငယ္ရဲ ့ မိဘျဖစ္သူ ျမန္မာနိုင္ငံသားမိသားစုဟာ ျခံခုတ္လုပ္သားအျဖစ္ လာေရာက္လုပ္ကိုင္ေနၾကတာျဖစ္ပါတယ္။ ပထမရက္ေတြမွာ ဘ၀တူ ၾကံလုပ္သားေတြက ကူညီရွာေပးခဲ့ၾကပါတယ္။

ခေလးငယ္ကို ယေန ့အထိ ၇ွာမေတြ ့ေသးတာေၾကာင့္ ဒီဇင္ဘာလ ၁၉ ရက္ေန ့ကစျပီး ရဲတပ္ဖြဲ ့နဲ ့ လူမွုေရးအဖြဲ ့ ၀င္ စုစု ေပါင္း ၃၀၀ ေက်ာ္နဲ ့ ျမန္မာခေလးကို ကယ္တင္နိုင္ဖို ့ ကူညီ၇ွာေဖြေပးေနၾကပါတယ္။

စူဖန္ဘူရီ ျမိဳ ့ပိုင္ကိုယ္တိုင္ လာေရာက္ သတင္းေမးျမန္းခဲ့ျပီး ခရိုင္အတြင္း အသံုးျပဳေနတဲ့ ဌာနဆိုင္ရာ ရဟတ္ယာဥ္တစ္စီး ကို ကူညီရွာေဖြဖို ့ ေစလြတ္ခဲ့ေၾကာင္းသိရပါတယ္။

ခေလးရဲ ့အသက္ကို ကယ္တင္နိုင္ဖို ့ လိုအပ္ရင္ ၾကံပင္ေတြအားလံုး ခုတ္ေပးဖို ့ ၾကံျခံပိုင္၇ွင္ကလည္း ခြင့္ျပဳခဲ့တယ္လို ့ သိရပါတယ္။ ေပ်ာက္ဆံုးေနတဲ့ ခေလးရဲ ့ ကိုျဖဴ ၂၆ နွစ္ နဲ ့ မိခင္မမူ အသက္ (၂၀) ကေတာ့သားဟာ ၾကံေတာထဲမွာ အသက္ရွင္ရက္ ရွိေနေသးတယ္လို ပဲ ယံုၾကည္ေနျပီး တေနကုန္ သားနံမည္ကိုေခၚျပီး ရွာေဖြေရးအဖြဲ ့ေတြနဲ ့အတူ လိုက္ရွာေနပါတယ္။

ျမန္မာခေလးလို ကူညီရွာေပးေနၾကတဲ့ အင္းအား ၃၀၀ ေက်ာ္အတြက္ ထိုင္းဘုရင့္မိသားစုကလည္း ေန ့စဥ္ အစားေသာက္ အတြက္ တာ၀န္ယူေပးေနေၾကာင္း သိရပါတယ္။

Credit# SAW

  • unicode ျဖင့္ဖတ္ရန္

စိုးလေဖြူ (အသက်နှစ်နှစ်)ဟာ ဒီဇင်ဘာလ ၁၇ ရက် နေ့ကတဲက ထိုင်းနိုင်ငံ စူဖန်ဘူရီ အိုထောင်ခရိုင် စဖန်လန် ကျေးရွာအုပ်စု( ၉) မှာ ဧက ၁၀၀၀ ကျယ်ဝန်းတဲ့ကြံတောအတွင်း အသက်သုံးနှစ် အရွယ် မိန်းခလေးငယ်တစ်ဦး နဲ့ ကြံတောထဲ ကစားနေရင်း ပျောက်ဆုံးသွားခဲ့တာဖြစ်ပါတယ်။

ပျောက်ဆုံးနေတဲ့ ခလေးငယ်ရဲ့ မိဘဖြစ်သူ မြန်မာနိုင်ငံသားမိသားစုဟာ ခြံခုတ်လုပ်သားအဖြစ် လာရောက်လုပ်ကိုင်နေကြတာဖြစ်ပါတယ်။ ပထမရက်တွေမှာ ဘဝတူ ကြံလုပ်သားတွေက ကူညီရှာပေးခဲ့ကြပါတယ်။

ခလေးငယ်ကို ယနေ့အထိ ၇ှာမတွေ့သေးတာကြောင့် ဒီဇင်ဘာလ ၁၉ ရက်နေ့ကစပြီး ရဲတပ်ဖွဲ့နဲ့ လူမှုရေးအဖွဲ့ ဝင် စုစု ပေါင်း ၃၀၀ ကျော်နဲ့ မြန်မာခလေးကို ကယ်တင်နိုင်ဖို့ ကူညီ၇ှာဖွေပေးနေကြပါတယ်။

စူဖန်ဘူရီ မြို့ပိုင်ကိုယ်တိုင် လာရောက် သတင်းမေးမြန်းခဲ့ပြီး ခရိုင်အတွင်း အသုံးပြုနေတဲ့ ဌာနဆိုင်ရာ ရဟတ်ယာဉ်တစ်စီး ကို ကူညီရှာဖွေဖို့ စေလွတ်ခဲ့ကြောင်းသိရပါတယ်။

ခလေးရဲ့အသက်ကို ကယ်တင်နိုင်ဖို့ လိုအပ်ရင် ကြံပင်တွေအားလုံး ခုတ်ပေးဖို့ ကြံခြံပိုင်၇ှင်ကလည်း ခွင့်ပြုခဲ့တယ်လို့ သိရပါတယ်။ ပျောက်ဆုံးနေတဲ့ ခလေးရဲ့ ကိုဖြူ ၂၆ နှစ် နဲ့ မိခင်မမူ အသက် (၂၀) ကတော့သားဟာ ကြံတောထဲမှာ အသက်ရှင်ရက် ရှိနေသေးတယ်လို ပဲ ယုံကြည်နေပြီး တနေကုန် သားနံမည်ကိုခေါ်ပြီး ရှာဖွေရေးအဖွဲ့တွေနဲ့အတူ လိုက်ရှာနေပါတယ်။

မြန်မာခလေးလို ကူညီရှာပေးနေကြတဲ့ အင်းအား ၃၀၀ ကျော်အတွက် ထိုင်းဘုရင့်မိသားစုကလည်း နေ့စဉ် အစားသောက် အတွက် တာဝန်ယူပေးနေကြောင်း သိရပါတယ်။

Credit# SAW

About the author

Crypoetess

Leave a Comment