Shwe News

ၾကက္သီးထဖြယ္ စီးေမ်ာနစ္ဝင္သြားေလာက္ေအာင္ သမုိင္းအဆက္ဆက္ ျမန္မာမွုကို ဖန္တီးျပီးခ်ျပလိုက္တဲ့ Junior Creative အဖြဲ႕

Junior Creative အဖြဲ႕ကေတာ့ Myanmar Got Talent ရဲ႕ဝင္းနားျဖစ္ခဲ့ျပီးေတာ့ ဖိုင္နယ္ပဲြမွာ သူတို႔ဖန္တီးခဲ့တဲ့ Shadow Dance ဟာ ပရိသတ္ေတြနဲ႔အတူ ဒုိင္ေတြအပါအဝင္ တစ္ႏုိင္ငံလံုးကိုပါ ၾကက္သီးထဖြယ္ျဖစ္ေစခဲ့တာပါ။ သက္ငယ္မုဒိန္းမွုနဲ႔ပတ္သက္တဲ့ပတ္ဝန္းက်င္က ျဖစ္ရပ္ေတြကို အေျခခံျပီးေတာ့ Shadow Dance ကိုပံုေဖာ္ဖန္တီးထားမွုဟာ ဒိုင္တစ္ဦးျဖစ္တဲ့ ခ်စ္သုေဝကိုပါ မ်က္ရည္က်ေစခဲ့တာျဖစ္ပါတယ္။ ဒါ့အျပင္ ကမာၻတစ္ဝန္းလံုးက ပရိသတ္ေတြရဲ႕ အားေပးမွုနဲ႔ ေထာက္ခံမွုကိုပါ ရရွိခဲ့တဲ့ ဖန္တီးမွုတစ္ခုျဖစ္ခဲ့ပါတယ္။

ဒီဇင္ဘာလ ၂၃ ရက္ေန႔က Junior Creative အဖြဲ႕ရဲ႕ ဒုတိယတၾကိမ္ဖန္တီးမွုတစ္ခုကို ပရိသတ္ေတြ ထပ္မံေတြ႔ျမင္ခဲ့ရပါတယ္။ ဒီဖန္တီးမွုေလးဟာ ေခတ္အဆက္ဆက္က ျမန္မာ့သနပ္ခါးအေၾကာင္းေလးေတြကို အေလးထားျပီးေဖာ္ျပဖန္တီးထားတာျဖစ္ပါတယ္။

“ကြၽန္ေတာ္တုိ႔ Junior Creative Dance Crew က ျမန္မာမႈနဲ႔ပက္သက္တဲ့အရာေတြကုိ ကြၽန္ေတာ္တုိ႔ရဲ႕တတ္​စြမ္းတဲ့ အႏုပညာ Shadow Dance နဲ႔ လူအမ်ားကုိ ထုတ္ေဖာ္ျပသခ်င္ခဲ့တာ ၾကာပါၿပီ … ျမန္​မာမႈလို႔ဆိုတဲ့​ေနရာမွာ ႏိုင္​ငံတကာနဲ႔ ကမာၻ့အသိုင္​းအ၀ိုင္​း က သနပ္​ခါးကို ျမန္​မာ့ပံုရိပ္​အျဖစ္​နားလည္​ လက္​ခံထားၾကပါတယ္​ …အဲ့ဒီ့ျမန္​မာ့သနပ္​ခါးကို ​ေခတ္​အဆက္​ဆက္​ သမိုင္​းအဆက္​ဆက္​ရဲ႕ ဟန္​​ေတြနဲ႔ ျမန္​မာမႈဆန္​ဆန္​​ေလး ႀကိဳးစား​ေလ့လာၿပီး အားပါးတရ ဖန္​တီးတင္​ဆက္​ထားပါတယ္​ … အခုေတာ့ ကြၽန္ေတာ္တုိ႔လုပ္ခ်င္ခဲ့တဲ့ ျမန္မာမႈနဲ႔ Shadow Dance ကုိ အ​ေကာင္​းဆံုး စြမ္းနိုင္သမ်ွ ဖန္တီးျပီး အမ်ားျပည္သူ့​​ေ႐ွ႕​ေမွာက္​ကို ခ်ျပႏိုင္​ခဲ့ပါၿပီ အဖက္ဖက္က ကူညီပံ့ပုိးေပးျကတဲ့ ကုမၸဏီနဲ႔ လူပုဂၢိဳလ္​အ​ေပါင္​းကို ​ေက်းဇူးအထူးအထူး တင္​႐ွိပါ​ေၾကာင္​း …..” လို႔ သူတို႔ေပ့ခ်္ကတဆင့္ ဖန္တီးထားတဲ့ဗီဒီယုိေလးတစ္ခုနဲ႔ တင္ထားခဲ့တာျဖစ္ပါတယ္။

ဒီဗီဒီယိုေလးမွာထူးျခားတာတစ္ခုကေတာ့ ေနာက္ဆံုးမွာ သိရွိလုိက္ရတာျဖစ္ပါတယ္။ ဖန္တီးမွုတစ္ခုလံုးရဲ႕ ေနာက္ဆံုးမွာ ေရႊျပည္နန္းသနပ္ခါးေၾကျငာျဖစ္ေနတာျဖစ္ျပီးေတာ့ ေၾကျငာမွန္းမသိရေလာက္ေအာင္ျဖစ္သြားခဲ့တဲ့ ေျပာင္ေျမာက္လြန္းလွတဲ့ဖန္တီးမွုေၾကာင့္ ပရိသတ္ေတြရဲ႕ ခ်ီးက်ဴးမွုေတြကုိ ခံခဲ့ရတာျဖစ္ပါတယ္။

We Love Cele

  • ရုပ္သံဖုိင္အား ၾကည့္ရႈရန္ နွိပ္ပါ

  • Unicode ဖြင့်ဖတ်ရန်

Junior Creative အဖွဲ့ကတော့ Myanmar Got Talent ရဲ့ဝင်းနားဖြစ်ခဲ့ပြီးတော့ ဖိုင်နယ်ပွဲမှာ သူတို့ဖန်တီးခဲ့တဲ့ Shadow Dance ဟာ ပရိသတ်တွေနဲ့အတူ ဒိုင်တွေအပါအဝင် တစ်နိုင်ငံလုံးကိုပါ ကြက်သီးထဖွယ်ဖြစ်စေခဲ့တာပါ။ သက်ငယ်မုဒိန်းမှုနဲ့ပတ်သက်တဲ့ပတ်ဝန်းကျင်က ဖြစ်ရပ်တွေကို အခြေခံပြီးတော့ Shadow Dance ကိုပုံဖော်ဖန်တီးထားမှုဟာ ဒိုင်တစ်ဦးဖြစ်တဲ့ ချစ်သုဝေကိုပါ မျက်ရည်ကျစေခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ကမ္ဘာတစ်ဝန်းလုံးက ပရိသတ်တွေရဲ့ အားပေးမှုနဲ့ ထောက်ခံမှုကိုပါ ရရှိခဲ့တဲ့ ဖန်တီးမှုတစ်ခုဖြစ်ခဲ့ပါတယ်။

ဒီဇင်ဘာလ ၂၃ ရက်နေ့က Junior Creative အဖွဲ့ရဲ့ ဒုတိယတကြိမ်ဖန်တီးမှုတစ်ခုကို ပရိသတ်တွေ ထပ်မံတွေ့မြင်ခဲ့ရပါတယ်။ ဒီဖန်တီးမှုလေးဟာ ခေတ်အဆက်ဆက်က မြန်မာ့သနပ်ခါးအကြောင်းလေးတွေကို အလေးထားပြီးဖော်ပြဖန်တီးထားတာဖြစ်ပါတယ်။

“ကျွန်တော်တို့ Junior Creative Dance Crew က မြန်မာမှုနဲ့ပက်သက်တဲ့အရာတွေကို ကျွန်တော်တို့ရဲ့တတ်စွမ်းတဲ့ အနုပညာ Shadow Dance နဲ့ လူအများကို ထုတ်ဖော်ပြသချင်ခဲ့တာ ကြာပါပြီ … မြန်မာမှုလို့ဆိုတဲ့နေရာမှာ နိုင်ငံတကာနဲ့ ကမ္ဘာ့အသိုင်းအဝိုင်း က သနပ်ခါးကို မြန်မာ့ပုံရိပ်အဖြစ်နားလည် လက်ခံထားကြပါတယ် …အဲ့ဒီ့မြန်မာ့သနပ်ခါးကို ခေတ်အဆက်ဆက် သမိုင်းအဆက်ဆက်ရဲ့ ဟန်တွေနဲ့ မြန်မာမှုဆန်ဆန်လေး ကြိုးစားလေ့လာပြီး အားပါးတရ ဖန်တီးတင်ဆက်ထားပါတယ် … အခုတော့ ကျွန်တော်တို့လုပ်ချင်ခဲ့တဲ့ မြန်မာမှုနဲ့ Shadow Dance ကို အကောင်းဆုံး စွမ်းနိုင်သမျှ ဖန်တီးပြီး အများပြည်သူ့ရှေ့မှောက်ကို ချပြနိုင်ခဲ့ပါပြီ အဖက်ဖက်က ကူညီပံ့ပိုးပေးကြတဲ့ ကုမ္ပဏီနဲ့ လူပုဂ္ဂိုလ်အပေါင်းကို ကျေးဇူးအထူးအထူး တင်ရှိပါကြောင်း …..” လို့ သူတို့ပေ့ချ်ကတဆင့် ဖန်တီးထားတဲ့ဗီဒီယိုလေးတစ်ခုနဲ့ တင်ထားခဲ့တာဖြစ်ပါတယ်။

ဒီဗီဒီယိုလေးမှာထူးခြားတာတစ်ခုကတော့ နောက်ဆုံးမှာ သိရှိလိုက်ရတာဖြစ်ပါတယ်။ ဖန်တီးမှုတစ်ခုလုံးရဲ့ နောက်ဆုံးမှာ ရွှေပြည်နန်းသနပ်ခါးကြေငြာဖြစ်နေတာဖြစ်ပြီးတော့ ကြေငြာမှန်းမသိရလောက်အောင်ဖြစ်သွားခဲ့တဲ့ ပြောင်မြောက်လွန်းလှတဲ့ဖန်တီးမှုကြောင့် ပရိသတ်တွေရဲ့ ချီးကျူးမှုတွေကို ခံခဲ့ရတာဖြစ်ပါတယ်။

We Love Cele

  • ရုပ်သံဖိုင်အား ကြည့်ရှုရန် နှိပ်ပါ

About the author

Crypoetess

Leave a Comment