Shwe News

ပုပၸားေတာင္ကလပ္ ေနာက္ဆုံးရသတင္း

ႏွစ္သစ္ကူးရုံးပိတ္ရက္ ပုပၸားေတာင္ကလပ္သုိ႔ ဘုရားဖူးလာ ေရာက္သူမ်ားျပားေသာေၾကာင့္ ကားလမ္းပိတ္သည္ထိ ျဖစ္ေန

။ႏွစ္သစ္ကူးရုံးပိတ္ရက္ စေနေန႔၊တနဂၤေႏြေန႔ႏွင့္ ဆက္သြားေသာေၾကာင့္ရုံးပိတ္ရက္ၾကာရွည္ကာ ပုပၸား-ေတာင္ကလပ္သုိ႔ ဘုရားဖူးလာေရာက္သည့္ ဧည္သည္မ်ားကားလမ္းေၾကာမ်ားပိတ္သည္အထိမ်ားေနေၾကာင္း ပုပၸားေတာင္ကလပ္ ေဂါပက ရုံးအဖဲြ႔၀င္ ဦး၀င္းလွဳိင္ကေျပာျပသည္။

ပုပၸား-ေတာင္ကလပ္သို႔ သာမန္အခ်ိန္မွာေတာင္ တစ္ရက္လွ်င္ ဘုရားဖူး၊လာေရာက္ေလ့လာသူ တစ္ရာေက်ာ္ပုံမွန္လာေရာက္ေလ့ ရွိေၾကာင္း နွစ္သစ္ကူးရုံးပိတ္ရက္အတြင္းတရက္လွ်င္ဘုရားဖူး တစ္ေသာင္းေက်ာ္အထိရွိႏုိင္ေၾကာင္းေတာင္ကလပ္ေပၚသုိ႔ တက္ေရာက္သည့္ ေစာင္းတန္းဘုရားဖူးမ်ားျပည့္သိပ္သြားသည္ အထိ မ်ားျပားလွ်က္ရွိကာ ေစာင္းတန္းရွိေစ်းဆုိင္တန္းမ်ား ေစ်းေရာင္းမရေအာင္ျဖစ္ခဲ့ေၾကာင္း ေတာင္ကလပ္ေစာင္းတန္း တစ္ေလွ်ာက္ဘုရားဖူးမ်ားေစ်းရပ္၀ယ္လုိ႔မရေအာင္ တန္းတက္ တန္းဆင္းခဲ့ရေၾကာင္းနတ္ေမာက္ျမိဳ႕နယ္ ဘုန္းေတာ္ျပည့္ေက်းရြာမွဘုရားဖူးလာေရာက္သည့္ ဦးေဇာ္၀င္းႏုိင္ကေျပာျပသည္။

အခ်ိဳ႕ေသာ ဘုရားဖူးကားၾကီးမ်ားသည္ ပုပၸား-ေတာင္ကလပ္သုိ႔ မတက္ၾကဘဲ ပုပၸားေဂါက္ကြင္းနားတြင္ရပ္ထားကာ ေညာင္ပင္ဆိပ္လမ္းမွတဆင့္ လုိက္ထရက္ကားမ်ားျဖင့္တက္ေရာက္ၾကေၾကာင္း အသက္အရြယ္ၾကီးရင့္သူမ်ား ၾကပ္ညပ္လြန္းေသာေၾကာင့္ ေတာင္ကလပ္ေစာင္းတန္းေပၚသုိ႔မတက္ေရာက္ေတာ့ဘဲေတာင္ကလပ္ေအာက္ေျခေလာက္သာေနခဲ့ရေၾကာင္း

ဘုရားဖူးဧည့္သည္မ်ားမွေျပာျပကာႏွစ္သစ္ကူးရုံးပိတ္ရက္ျပည္တြင္းဘုရားဖူးမ်ားတစ္ရက္လွ်င္လူတစ္ေသာင္းေက်ာ္ထိလာေရာက္ၾကျပီး ျပည္ပခရီးသြား၂၀၁၈ခုႏွစ္တစ္ႏွစ္အတြင္း ခရီးသြားဧည့္သည္ (၁၅၅၀၀)ေက်ာ္လာေရာက္လည္ပတ္ခဲ့ေၾကာင္း ေတာင္ကလပ္ေဂါပက အဖဲြ႕စာရင္းစစ္မွဴး ဦးေက်ာ္၀င္းေဆြထံမွသိရကာ ႏုိင္ငံျခားသားမ်ားသည္ ေတာင္ကလပ္၏အမွတ္သေကၤတျဖစ္သည့္ ေမ်ာက္မ်ားအားဓာတ္ပုံရုိက္ျခင္း

၊ေမ်ာက္စာေကြ်းျခင္း ႏွင့္ေတာင္ကလပ္၏ဘူမိရုပ္သြင္အေနအထားအားပုိမုိသေဘာၾကႏွစ္ျခိဳက္ေၾကာင္းႏွင့္ေတာင္ကလပ္ေတာင္ထိပ္မွပုပၸားေတာင္မၾကီးဘက္ရႈခင္းအားသေဘာက်ႏွစ္ျခိဳက္ၾကေၾကာင္း ေတာင္ကလပ္ေဂါပက စာရင္းစစ္မွဴး ဦးေက်ာ္၀င္းေဆြမွေျပာျပသည္။

ရတနာပုံ ေန႕စဥ္သတင္းစာ

  • Unicode

နှစ်သစ်ကူးရုံးပိတ်ရက် ပုပ္ပားတောင်ကလပ်သို့ ဘုရားဖူးလာ ရောက်သူများပြားသောကြောင့် ကားလမ်းပိတ်သည်ထိ ဖြစ်နေ

။နှစ်သစ်ကူးရုံးပိတ်ရက် စနေနေ့၊တနင်္ဂနွေနေ့နှင့် ဆက်သွားသောကြောင့်ရုံးပိတ်ရက်ကြာရှည်ကာ ပုပ္ပား-တောင်ကလပ်သို့ ဘုရားဖူးလာရောက်သည့် ဧည်သည်များကားလမ်းကြောများပိတ်သည်အထိများနေကြောင်း ပုပ္ပားတောင်ကလပ် ဂေါပက ရုံးအဖွဲ့ဝင် ဦးဝင်းလှိုင်ကပြောပြသည်။

ပုပ္ပား-တောင်ကလပ်သို့ သာမန်အချိန်မှာတောင် တစ်ရက်လျှင် ဘုရားဖူး၊လာရောက်လေ့လာသူ တစ်ရာကျော်ပုံမှန်လာရောက်လေ့ ရှိကြောင်း နှစ်သစ်ကူးရုံးပိတ်ရက်အတွင်းတရက်လျှင်ဘုရားဖူး တစ်သောင်းကျော်အထိရှိနိုင်ကြောင်းတောင်ကလပ်ပေါ်သို့ တက်ရောက်သည့် စောင်းတန်းဘုရားဖူးများပြည့်သိပ်သွားသည် အထိ များပြားလျှက်ရှိကာ စောင်းတန်းရှိဈေးဆိုင်တန်းများ ဈေးရောင်းမရအောင်ဖြစ်ခဲ့ကြောင်း တောင်ကလပ်စောင်းတန်း တစ်လျှောက်ဘုရားဖူးများဈေးရပ်ဝယ်လို့မရအောင် တန်းတက် တန်းဆင်းခဲ့ရကြောင်းနတ်မောက်မြို့နယ် ဘုန်းတော်ပြည့်ကျေးရွာမှဘုရားဖူးလာရောက်သည့် ဦးဇော်ဝင်းနိုင်ကပြောပြသည်။

အချို့သော ဘုရားဖူးကားကြီးများသည် ပုပ္ပား-တောင်ကလပ်သို့ မတက်ကြဘဲ ပုပ္ပားဂေါက်ကွင်းနားတွင်ရပ်ထားကာ ညောင်ပင်ဆိပ်လမ်းမှတဆင့် လိုက်ထရက်ကားများဖြင့်တက်ရောက်ကြကြောင်း အသက်အရွယ်ကြီးရင့်သူများ ကြပ်ညပ်လွန်းသောကြောင့် တောင်ကလပ်စောင်းတန်းပေါ်သို့မတက်ရောက်တော့ဘဲတောင်ကလပ်အောက်ခြေလောက်သာနေခဲ့ရကြောင်း

ဘုရားဖူးဧည့်သည်များမှပြောပြကာနှစ်သစ်ကူးရုံးပိတ်ရက်ပြည်တွင်းဘုရားဖူးများတစ်ရက်လျှင်လူတစ်သောင်းကျော်ထိလာရောက်ကြပြီး ပြည်ပခရီးသွား၂၀၁၈ခုနှစ်တစ်နှစ်အတွင်း ခရီးသွားဧည့်သည် (၁၅၅၀၀)ကျော်လာရောက်လည်ပတ်ခဲ့ကြောင်း တောင်ကလပ်ဂေါပက အဖွဲ့စာရင်းစစ်မှူး ဦးကျော်ဝင်းဆွေထံမှသိရကာ နိုင်ငံခြားသားများသည် တောင်ကလပ်၏အမှတ်သင်္ကေတဖြစ်သည့် မျောက်များအားဓာတ်ပုံရိုက်ခြင်း

၊မျောက်စာကျွေးခြင်း နှင့်တောင်ကလပ်၏ဘူမိရုပ်သွင်အနေအထားအားပိုမိုသဘောကြနှစ်ခြိုက်ကြောင်းနှင့်တောင်ကလပ်တောင်ထိပ်မှပုပ္ပားတောင်မကြီးဘက်ရှုခင်းအားသဘောကျနှစ်ခြိုက်ကြကြောင်း တောင်ကလပ်ဂေါပက စာရင်းစစ်မှူး ဦးကျော်ဝင်းဆွေမှပြောပြသည်။

ရတနာပုံ နေ့စဉ်သတင်းစာ

About the author

Wai Phyo Oo

Leave a Comment