Shwe News
သရက်ကုန်းပွဲခင်းက လူသတ်မှု တရားခံ ဖော်ထုတ်ဖမ်းဆီးနိုင်ပြီ
Zin Moe
  • Unicode Version
သရက်ကုန်းပွဲခင်းက လူသတ်မှုအချိန်တိုအတွင်း တရားခံ ဖော်ထုတ်ဖမ်းဆီးနိုင်ပြီ ။ 30.12.2018 ည(11:20)ခန့်က မော်လမြိုင်မြို့ သရက် ကုန်းပွဲ ဇာတ်စင်ဘေးမှာ ကကြရင်း ရန်ဖြစ်ရာမှ ဖြစ်ခဲ့တဲ့ လူသတ်တရားခံကို မုပွန်နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ အချိန်တိုအတွင်း ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပါပြီး။
တရားခံက မော်လမြိုင်မြို့ အင်းဝိုင်းရပ်နေအောင်နိုင်ဝင်း (၁၉)နှစ် ဖြစ်ကြောင်း သိရပါတယ်။၄င်းထိုးသတ်ခဲ့တဲ့ သက်သေခံ ကတ်ကြေးအား ညက အခင်းဖြစ်ပြီး ထွက်ပြေးစဉ် လွှင့်ပစ်ခဲ့သောနေရာနှင့် ညကဝတ်ဆင်ခဲ့တဲ့ အဝတ်အစားတွေကိုလည်း ရဲတပ်ဖွဲ့မှ အချိန်နဲ့တပြေးညီ လိုက်လံသိမ်းဆည်း ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း သိရပါသည်။
တဒင်္ဂ စိတ်ခံစားမှုအတွက် ပေးဆပ်လိုက်ရတဲ့ တန်ဖိုး တွေက ကြီးမားခဲ့ပါပြီး။ ကလေးတွေက ဆယ်ကျော်သက် အရွယ်လေးတွေ။ နှစ်ဖက်မိသားစုတွေလဲ ပူပင်သောကများစွာနဲ့ ပူဆွေးသောက ရောက်ရပြီးပေါ့။လူငယ်တွေ ဆင်ခြင်နိုင်ကြပါစေ။
သတင်း ။ မော်လမြိုင်မြို့ သရက်ကုန်းပွဲအတွင်း ဓါးထိုးမှုဖြစ်၍ လူသေဆုံးမှုဖြစ်ပွား ။30.12.2018 ည(11:20)ခန့်က မော်လမြိုင်မြို့ သရက်ကုန်းပွဲဇာတ်စင်ဘေးတွင်ရန်ဖြစ်ကြရာမှဓါး(စကေဘာ) နှင့် ထိုးမှုဖြစ်ပွားခဲ့ပါသည်။
ဓါးထိုးခံထိသည့် လူနာအား ၄င်းသူငယ်ချင်းများမှ အရေးပေါ်ကားမရောက်သေးခင် ဆိုင်ကယ်နှင့်တင်ဆောင် ပြီး ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့သော်လည်း လူနာမှာ အသက်မမှီပဲ သေဆုံးခဲ့ပါသည်။
သေဆုံးသူမှာ ကျောက်တန်းရပ်နေ မောင်အေးမင်းဦးအသက်(၂၄)နှစ်ဟု သိရပါသည်။မော်လမြိုင် RESCUE လူမှုကယ်ဆယ်ရေးအဖွဲ့မှ သေဆုံးသူ၏ DB အား ဆေးရုံကြီး OPD မှတဆင့် ရင်ခွဲရုံသို့ ပို့ဆောင်ကူညီပေးခဲ့ပါသည်။
Zin Moe
About the author
Crypoetess
Leave a Comment