Shwe News

ဒီေန႔ ေပ်ာ္သည္…….

မိမိဆုိင္ေရွ႕မွာခ်ိတ္ထားတဲ့အရုပ္ေလးေတြကိုရပ္ၾကည့္ေနတဲ့ကိုရင္ေလးကို … ကိုရင္ေလးဘုရားဆြမ္း၊ ဆြမ္းဟင္းျပည့္စံုပါလားဘုရား လို႔ ေမးလိုက္ေတာ့ ျပည့္စံုပါတယ္ ဒကာမႀကီး။ ကိုရင္ေလးစာဝါလိုက္ေနပါလားဘုရားဆိုေတာ့၁ တန္းပါ တဲ့ . ကိုရင္ဘုရားအရုပ္လိုခ်င္လို႔လားဘုရားလို႔ေမးလိုက္ေတာ့ မိမိကို ျပံဳးစိစိနဲ႔ၾကည့္ၿပီးေခါင္းေလးၿငိမ့္ျပတယ္။

ကိုရင္ေလးလိုခ်င္တဲ့ကားအရုပ္ေလးေတြကိုလႉေပးခဲ့တယ္။မိမိလႉေပးတာေတြ႕ေတာ့ ေဘးကလူတစ္ခ်ိဳ႕က … ကိုရင္ဆိုတာစာသင္ရမွာေလကစားရမွာ မဟုတ္ဘူးတဲ့ . အလြန္ဆံုးရွိ၆ – ၇ ႏွစ္ အရြယ္မိဘ နဲ႔ ေဝးၿပီးခုလို အလြန္ေအးတဲ့ေဆာင္းနံနက္ခင္း ၆ – ၇ နာရီမိမိတို႔ အမ်ားစုကုတင္ေပၚ ေစာင္ျခံဳလို႔ေကြးေကာင္းတုန္း အခ်ိန္ … အေႏြးထည္ ဦးထုပ္မပါေျခဗလာ ႏွင့္ဆြမ္းခံႂကြေနတဲ့ဘုရားသားေတာ္ကိုရင္ေလးေနရာဝင္ၾကည့္ေပါ့

ကေလးဘဝအရြယ္မွာသူလည္းအေဖ့အိမ္မွာ ေပ်ာ္ခ်င္မွာပဲအေမ့ရင္ခြင္မွာ ေႏြးေထြးမႈေတြလိုခ်င္မိမွာပဲေလ … သူငယ္ခ်င္းေတြနဲ႔ေဆာ့ကစားခ်င္မိမွာပဲေလ … ကိုရင္ေလးကိုအရုပ္ေပးလႉခဲ့တာအျပစ္ျဖစ္တယ္တဲ့လား? သူတို႔ေလးေတြစာဝါလိုက္ခ်ိန္လိုက္ကစားခ်ိန္လည္း ကစားနားခ်ိန္နားၿပီးသာသနာေတာ္မွာေပ်ာ္မွျမတ္စြာဘုရား သာသနာေတာ္ႀကီး ေရရွည္တည္တံ့ခိုင္ျမဲမွာမဟုတ္လား?

ကိုရင္ေလးေတြဆိုတာအနာဂါတ္ရဲ႕စာခ်ဆရာေတာ္ေလာင္းတရားေဟာဆရာေတာ္ေလာင္းအရိယာေလာင္း ေတြလို႔ပဲ ျမင္မိပါတယ္ သူတို႔ေလးေတြသာသနာေတာ္မွာေပ်ာ္ၾကပါေစ သာသနာေတာ္ႀကီးကိုေစာင့္ေရွာက္ႏိုင္ၾကပါေစ ကိုရင္ေလးကိုေနာက္ေနာင္ဆြမ္းဟင္းမျပည့္စံုရင္ပဲျဖစ္ျဖစ္လိုအပ္တာရွိရင္ပဲျဖစ္ျဖစ္တပည့္ေတာ္ဆိုင္ကို ႂကြခဲ့ပါဘုရား ဆိုေတာ့ကိုရင္ေလး ျပံဳးျပခဲ့တဲ့ အျပံဳးကမိမိတစ္ရက္လံုးအတြက္ အားျဖစ္ေစပါတယ္

ဗုဒၶ သာသနံ စိရံ တိ႒တု

Credit မူရင္း

  • Unicode

မိမိဆိုင်ရှေ့မှာချိတ်ထားတဲ့အရုပ်လေးတွေကိုရပ်ကြည့်နေတဲ့ကိုရင်လေးကို … ကိုရင်လေးဘုရားဆွမ်း၊ ဆွမ်းဟင်းပြည့်စုံပါလားဘုရား လို့ မေးလိုက်တော့ ပြည့်စုံပါတယ် ဒကာမကြီး။ ကိုရင်လေးစာဝါလိုက်နေပါလားဘုရားဆိုတော့၁ တန်းပါ တဲ့ . ကိုရင်ဘုရားအရုပ်လိုချင်လို့လားဘုရားလို့မေးလိုက်တော့ မိမိကို ပြုံးစိစိနဲ့ကြည့်ပြီးခေါင်းလေးငြိမ့်ပြတယ်။

ကိုရင်လေးလိုချင်တဲ့ကားအရုပ်လေးတွေကိုလှူပေးခဲ့တယ်။မိမိလှူပေးတာတွေ့တော့ ဘေးကလူတစ်ချို့က … ကိုရင်ဆိုတာစာသင်ရမှာလေကစားရမှာ မဟုတ်ဘူးတဲ့ . အလွန်ဆုံးရှိ၆ – ၇ နှစ် အရွယ်မိဘ နဲ့ ဝေးပြီးခုလို အလွန်အေးတဲ့ဆောင်းနံနက်ခင်း ၆ – ၇ နာရီမိမိတို့ အများစုကုတင်ပေါ် စောင်ခြုံလို့ကွေးကောင်းတုန်း အချိန် … အနွေးထည် ဦးထုပ်မပါခြေဗလာ နှင့်ဆွမ်းခံကြွနေတဲ့ဘုရားသားတော်ကိုရင်လေးနေရာဝင်ကြည့်ပေါ့

ကလေးဘဝအရွယ်မှာသူလည်းအဖေ့အိမ်မှာ ပျော်ချင်မှာပဲအမေ့ရင်ခွင်မှာ နွေးထွေးမှုတွေလိုချင်မိမှာပဲလေ … သူငယ်ချင်းတွေနဲ့ဆော့ကစားချင်မိမှာပဲလေ … ကိုရင်လေးကိုအရုပ်ပေးလှူခဲ့တာအပြစ်ဖြစ်တယ်တဲ့လား? သူတို့လေးတွေစာဝါလိုက်ချိန်လိုက်ကစားချိန်လည်း ကစားနားချိန်နားပြီးသာသနာတော်မှာပျော်မှမြတ်စွာဘုရား သာသနာတော်ကြီး ရေရှည်တည်တံ့ခိုင်မြဲမှာမဟုတ်လား?

ကိုရင်လေးတွေဆိုတာအနာဂါတ်ရဲ့စာချဆရာတော်လောင်းတရားဟောဆရာတော်လောင်းအရိယာလောင်း တွေလို့ပဲ မြင်မိပါတယ် သူတို့လေးတွေသာသနာတော်မှာပျော်ကြပါစေ သာသနာတော်ကြီးကိုစောင့်ရှောက်နိုင်ကြပါစေ ကိုရင်လေးကိုနောက်နောင်ဆွမ်းဟင်းမပြည့်စုံရင်ပဲဖြစ်ဖြစ်လိုအပ်တာရှိရင်ပဲဖြစ်ဖြစ်တပည့်တော်ဆိုင်ကို ကြွခဲ့ပါဘုရား ဆိုတော့ကိုရင်လေး ပြုံးပြခဲ့တဲ့ အပြုံးကမိမိတစ်ရက်လုံးအတွက် အားဖြစ်စေပါတယ်

ဗုဒ္ဓ သာသနံ စိရံ တိဋ္ဌတု

Credit မူရင်း

About the author

Crypoetess

Leave a Comment