Shwe News
နှစ်ယောက်အတူစပ်ထိုးထားတဲ့ ထီလက်မှတ်ကနေ အောင်ဘာလေထီပေါက်သွားခဲ့တဲ့ နန်းစုရတီစိုးနဲ့ G Fatt
Photos-Nansu Yati Soe
  • Unicode
လူငယ်တွေကြား နာမည်ကြီးရေပန်းစားလာတဲ့ G Fatt ကတော့ မ နဲ့ မောင်အချစ်ဇာတ်လမ်းတစ်ခုကို ပိုင်ဆိုင်ခွင့်ရရှိခဲ့တာဖြစ်ပါတယ်။ အသက်ပိုင်းခြားအရဖြင့် G Fatt ထက်ပိုကြီးတဲ့ နန်းစုရတီစိုးကတော့ အနုပညာလောကထဲမှာ ရောက်ရှိနေပြီးဖြစ်တဲ့ မင်းသမီးတစ်လက်ဖြစ်ပါတယ်။ မမဖြစ်တဲ့ နန်းစုရတီစိုးအတွက် G Fatt ရည်ရွယ်ပြီး ရေးထားခဲ့တဲ့ သီချင်းလေးကလည်း ပရိသတ်တွေကြားနာမည်ကြီးရေပန်းစားခဲ့သလို Shwe FM ကပေးတဲ့ဆုကိုပါ ရရှိခဲ့တာဖြစ်ပါတယ်။
ဒီဇင်ဘာလ ၃၁ ရက်နေ့လေးက အဆိုတော် G Fatt ရဲ့ မွေးနေ့လေးဖြစ်ပြီးတော့ ချစ်သူ နန်းစုရတီစိုးက အရမ်းချစ်ဖို့ကောင်းတဲ့ ခွေးလေးတစ်ကောင်ကိုလည်း မွေးနေ့လက်ဆောင်ပေးခဲ့တာတွေ့ရပါတယ်။ G Fatt ကတော့ နှစ်သစ်မှာ ချစ်စရာနောက်တစ်ယောက်ထပ်တိုးပြီလို့လည်း ချစ်စဖွယ်ရေးသားထားပါသေးတယ်။
ပိုပြီးထူးခြားတာကတော့ G Fatt နဲ့ နန်းစုရတီစိုးတို့ နှစ်ယောက်စပ်ပြီးထိုးထားတဲ့ ထီလက်မှတ်ကနေပြီး အောင်ဘာလေ ထီဆု ပေါက်သွားခဲ့တာဖြစ်ပါတယ်။ (၂၂) ကြိမ်မြောက် အောင်ဘာလေ ထီကနေပြီးတော့ (၅၀၀၀၀) ဆုပေါက်သွားခဲ့တာဖြစ်ပြီး ယခုလိုနှစ်သစ်အချိန်ခါလေးမှာ ထီပေါက်သွားတာကြောင့် ချစ်သူနှစ်ယောက်ပျော်မဆုံးဖြစ်နေတာကိုတွေ့ရပါတယ်။
နန်းစုကတော့ “ဟယ် ဂယ်ကြီးလား နှစ်သစ်မှာ lucky ပဲ ပျော်ပြီလေ 🤪 သွားလှူမယ်ဗျို့ G Fatt” လို့ ရေးသားထားတာတွေ့ရပါတယ်။ သူမတို့ချစ်သူ (၂) ဦးကတော့ ပထမဆုံး နှစ်ယောက်စပ်တူထိုးခဲ့တဲ့ ထီလက်မှတ်လေးက ပေါက်ကြေးဆုငွေကို အလှူအတန်းတွေပြုလုပ်သွားမှာဖြစ်ပါတယ်နော်။We Love Cele
Photos-Nansu Yati Soe
About the author
ilove
Leave a Comment