Shwe News

မြန်မာနိုင်ငံမှာ အခြေချပြီး အနုပညာအလုပ်တွေလုပ်တော့မယ်ဆိုတဲ့ အွန်လိုင်းပေါ်က ဈေးသည်လေး မချိုမာ





Photos-Cho Mar

  • Unicode version

အွန်လိုင်းပေါ်က ဈေးသည်မလေး မချိုမာကိုတော့ပရိသတ်တွေသိကြမှာပါနော်။

Live လွှင့်ပြီး အမြဲဈေးရောင်းရာကနေပြီးတော့ အားပေးဝန်းရံသူတွေများလာတဲ့ မချိုမာကတော့ ဖေ့ဘုတ်ပေါ်မှာ ဆယ်လီဖြစ်လာခဲ့ပါတယ်။ သူမဟာ ထိုင်းမှာနေထိုင်နေပြီးတော့ အလှကုန်နဲ့ပတ်သက်တဲ့ပစ္စည်းလေးတွေကို Live လွှင့်ပြီး ရောင်းချနေတာဖြစ်ပါတယ်။

မချိုမာကတော့ ယခုလက်ရှိထိုင်းမှာနေထိုင်ရာကနေပြီးတော့ မြန်မာပြည်ကိုပြန်လာပြီး အခြေချတော့မယ်လို့သိရပါတယ်။ လက်ရှိမှာလည်း မြန်မာပြည်ကိုပြန်လည်ရောက်ရှိနေတဲ့ မချိုမာကတော့ မြန်မာနိုင်ငံမှာအခြေချပြီးအနုပညာအလုပ်တွေကိုလုပ်ကိုင်သွားမယ်လို့ဆိုပါတယ်။ မချိုမာရဲ့ပရိသတ်ကြီးအတွက်တော့သတင်းကောင်းလေးပါပဲနော်။

မချိုမာကတော့ မြန်မာနိုင်ငံမှာရည်းစားရှိလို့ အခြေချတာမဟုတ်ဘဲနဲ့ အလုပ်လုပ်ကိုင်ဖို့အတွက် အခြေချခြင်းဖြစ်တယ်လို့ဆိုပါတယ်။ ကဲ ပရိသတ်ကြီးရေ မချိုမာကိုအားပေးကြမှာလား?We Love Cele

Photos-Cho Mar

About the author

Crypoetess

Leave a Comment