Shwe News
ကိုယ်တိုင် ဒဏ်ကြေလိမ်းဆေး ထုတ်လုပ်ရောင်းချလာခဲ့တဲ့ မိုးဒီ
Credit:Nanmalgyi
  • Unicode
တစ်ချိန်တုန်းက ပရိသတ်တွေကို ရယ်မော်ပျော်ရွှင်အောင် တစ်နေ့တာ အမောတွေကို ပြေစေဖို့အတွက် သူတို့တတ်ထားတဲ့ အနုပညာနဲ့ အကောင်းဆုံး ဖျော်ဖြေတင်ဆက်ပေးခဲ့တဲ့ အကယ်ဒမီဟာသသရုပ်ဆောင် မိုးဒီကတော့ ကျန်းမာရေး အခြေအနေတွေ အနည်းငယ် ပြန်လည်ကောင်းမွန်လာတဲ့အပြင် ဇာတ်ကြောတက် ဒူးနာ ခါးနာ လေဖြတ် အစရှိတဲ့ရောဂါတွေကို ပျောက်ကင်းစေနိုင်တဲ့ “မိုးဒီ”ဆိုတဲ့ အမှတ်တံဆိပ်နဲ့ ဒဏ်ကြေးလိမ်းဆေးကို ထုတ်လုပ်ရောင်းချဖြစ်နေတဲ့ဆိုတာကို အင်တာဗျူးတစ်ခုမှာ ဖြေသွားခဲ့ပါတယ်။
မိုးဒီက “ဆရာတော်ကြီးကတော့ ဒီဆေးကို လေဖြတ်တာတွေကောင်းတယ်လို့ ပြောတယ်။ လေဖြတ်တဲ့လည်း လိမ်းရင် ပျောက်တယ်။ ဒါဆရာတော်ကြီး ရဲ့ မိန့်ကြားစကားပါ။ ကျွန်တော်ကတော့လကအတွေ့ဒူးနာခါးကိုက် အကြောတင်တာ ဇာတ်ကြောတက်တာ တော်တော်ကောင်းတယ်ဗျာ။ နောက်ထိခိုက်ရှနာကလည်း အနာကျက်က အရမ်းမြန်တယ်။ ထိခိုက်ရှနာကိုလည်း မြန်မြန်ပျောက်ကင်းစေတယ်။ အဲ့တော့ ညတိုင်းညတိုင်း ဇာတ်ကြောတွေတက်နေတယ်ဆိုရင် လိမ်းကြည့် ကျွန်တော်ဆိုရင် ခြေထောက်တစ်ခြမ်း ထူပြီးတော့ ညဘက်ကြရင် ကိုက်ကတာ အခုအဲ့ဆေးနဲ့မှ ပျောက်သွားတော့တယ်။
အဲ့တော့ကျွန်တော့်လိုပဲ ပျောက်ကင်းချမ်းသာစေချင်လို့ ကုသိုလ်လည်းရ အားလုံးအတွက်လည်း အဆင်ပြေမယ့် ဒီဆေးလေးကို အသက်အရွယ်အရ သင့်တော်တယ်ထင်လို့ ဆရာတော်ကြီးရဲ့ အကူအညီနဲ့ ဖော်စပ်ပြီးတော့ အခုထုတ်လုပ်ဖြန်ချိနေပါတယ်။ ပြီးတော့ ဆေးရဲ့ ကုန်ကျစားရိတ်က အိန္ဒိယကနေပြီးတော့ ဆေးစစ်ဆေးမှန်တွေကို မှာယူပြီးတော့ သုံးစွဲထားတဲ့အတွက် ဆေးအာနိသင် ထက်မြက်ပါတယ်။ အဲ့ထက်မြက်တဲ့ ဆေးကို သုံးစွဲချင်လို့ ငွေကြေးအမြတ်အစွန်းကလည်း သိပ်ပြီးတော့ ယူမထားပါဘူး။ ကျွန်တော်တို့ လုပ်သာကိုင်သာရုံလေးပဲ။ အဓိကတော့ ကုသိုလ်ရချင်တာရယ် သုံးစွဲတဲ့သူတွေအတွက် ဆေးကောင်းဝါးကောင်းလေး ရစေချင်တာရယ်ကြောင့် အသက်အရွယ်အရ လုပ်သင့်လုပ်ထိုက်တယ်ထင်လို့ ကျွန်တော် ဖြန်ချိခြင်းဖြစ်ပါတယ်။ အဲ့တော့ မိုးဒီတိုင်းရင်းဆေးဝါးထုတ်လုပ်ရေးက ထုတ်လုပ်တဲ့ ဒဏ်ကြေလိမ်းဆေး အားပေးပါခင်ဗျာ။”လို့ ပြောသွားခဲ့ပါတယ်။
မှာယူချင်တဲ့ သူတွေနဲ့ ပတ်သက်ပြီး မိုးဒီက “လောလောဆယ် ကျွန်တော့်ဖုန်းနံပါတ်က လွယ်ပါတယ် 098636123 နောက်တစ်လုံးက 09428636123နော်။ အဲ့ဒီဖုန်းတွေကို ဆက်သွယ်ပြီး မှာယူမယ်ဆိုရင် ကျွန်တော်တို့ အရောက်ပို့ပေးပါတယ်။ အဲ့တာ ဆက်သွယ်နိုင်ပါတယ်။ ကျွန်တော်တို့ လောလောဆယ်တော့ လက်လီရောင်းစျေးက ရောင်းနေတဲ့သူတွေအားလုံးက၃ထောင်နဲ့ ရောင်းပါတယ်။ ကျွန်တော်တို့ဆီကနေ ဖောက်သည်၂၅၀၀နဲ့ ယူပါတယ်။ ဒါပေမဲ့ ဒီ့ထက်လည်း လျှော့ကြသွားဖို့အတွက် အစီအစဉ်လည်း ရှိပါတယ်။ အခု ဒေါ်လာစျေးလည်း ပြန်ကျသွားပြီ ဖြစ်တာကြောင့် ကျွန်တော်တို့ ဝယ်ရတဲ့ ဆေးစျေးနှုန်းတွေ ကျသွားရင် ကျသွားသလို လျှော့ချပြီးတော့ ရောင်းချပေးမယ်လို့။ အဓိကတော့ သုံးစွဲတဲ့သူ ပျောက်ကင်းဖို့နဲ့ အဲ့သုံးစွဲတဲ့လူရဲ့ လက်ထဲကို ရောက်ရင် ကျွန်တော်ကုသိုလ်ရတာပါပဲ ကျွန်တော် အဲ့ကုသိုလ်လေးကိုလည်း ယူပါရစေ ကျွန်တော့်ကို အဲ့ကုသိုလ်လေး ပေးကြပါဗျာ။ နောက် ကျွန်တော်လည်း ဆေးစစ်ဆေးမှန်ကို သုံးထားပါတယ်။
မှန်ကန်တဲ့ ဆေးဖြစ်တဲ့အတွက် ကျွန်တော့်ဆေးကို အားပေးပါ ဝယ်ယူပါ သုံးစွဲပါ စစ်ဆေးပါ အဲ့မှာ ချို့ယွင်းချက်တွေ့ရင်လည်း ချက်ချင်းကျွန်တော့်ဆီကို အကြောင်းကြားပြီးတော့ မင်းဆေးကတော့ ဘာချို့ယွင်းနေတယ် ဘာလိုနေတယ် ဆိုတာမျိုး အကြံဉာဏ်ပေးကြပါ။ အားလုံးကို ဖိတ်ခေါ်ပါတယ်။ ကျေးဇူးရှင်ပရိသတ်ကြီးကို လေးစားပါတယ်ခင်ဗျာ။”လို့ ပြောသွားခဲ့ပါတယ်။
Credit:Nanmalgyi
About the author
ilove
Leave a Comment