Shwe News

ေလထုညစ္ညမ္းသည့္ ဘန္ေကာက္တြင္ ႏွာေခါင္းစည္း ျပတ္လပ္သြား၍ ဘရာစီယာကို သံုးေနရသည့္ ေဒသခံမ်ား

ဘန္ေကာက္တြင္ ႏွာေခါင္းစည္းမ်ား ျပတ္လပ္သည္အထိ
ေရာင္းအားေကာင္းေနသျဖင့္ ေဒသခံအခ်ဳိ႕က ဘရာစီယာ၊ အတြင္းခံတို႔ကို
သံုးကာ ညစ္ညမ္းေလထုကို အံတုေနၾကသည္။ ထိုင္းၿမိဳ႕ေတာ္ဘန္ေကာက္တြင္
ဇန္န၀ါရီလ ၁၃ ရက္ကတည္းကစကာ ေလထုအလြန္တရာ ညစ္ညမ္းေနၿပီး
ဌာနဆိုင္ရာကလည္း က်န္းမာေရးသတိေပးခ်က္မ်ား ထုတ္ျပန္ထားသည္။

ဘန္ေကာက္ေလထုထဲတြင္
အမႈန္ပါ၀င္ႏႈန္းသည္ ေဘးကင္းစိတ္ခ်ရသည့္ပမာဏထက္ ရွစ္ဆပိုမ်ားေန
ၿပီး ေနာက္တစ္လအထိ စိုထိုင္းညစ္ညမ္းေနဦးမည္ဟု သက္ဆိုင္ရာက ခန္႔မွန္းထားသည္။
ေလထုညစ္ညမ္းလွသျဖင့္ ႏွာေခါင္းစည္းေရာင္းအားမွာလည္း အလြန္ေကာင္းေနၿပီး
အခ်ဳိ႕ဆိုင္မ်ားဆုိလွ်င္ ေရာင္းစရာ လက္က်န္ပစၥည္းမရွိေတာ့ေပ။

ထို႔ေၾကာင့္ အခ်ဳိ႕လူမ်ားက ညစ္ညမ္းေလထုကို အဆင္ေျပရာပစၥည္းျဖင့္
တြန္းလွန္ၾကျခင္းျဖစ္သည္။ ႏွာေခါင္းကို ဘရာစီယာျဖင့္အုပ္ထားသူမ်ားက
မိမိပံုကိုမိမိ႐ိုက္ကာ အြန္လိုင္းေပၚတင္ၾကသည္။

(DM, 17.1.19) ခ်ယ္ရီ
Credit Pyi Myanmar

Unicoad
ဘန်ကောက်တွင် နှာခေါင်းစည်းများ ပြတ်လပ်သည်အထိ
ရောင်းအားကောင်းနေသဖြင့် ဒေသခံအချို့က ဘရာစီယာ၊ အတွင်းခံတို့ကို
သုံးကာ ညစ်ညမ်းလေထုကို အံတုနေကြသည်။ ထိုင်းမြို့တော်ဘန်ကောက်တွင်
ဇန်နဝါရီလ ၁၃ ရက်ကတည်းကစကာ လေထုအလွန်တရာ ညစ်ညမ်းနေပြီး
ဌာနဆိုင်ရာကလည်း ကျန်းမာရေးသတိပေးချက်များ ထုတ်ပြန်ထားသည်။

ဘန်ကောက်လေထုထဲတွင်
အမှုန်ပါဝင်နှုန်းသည် ဘေးကင်းစိတ်ချရသည့်ပမာဏထက် ရှစ်ဆပိုများနေ
ပြီး နောက်တစ်လအထိ စိုထိုင်းညစ်ညမ်းနေဦးမည်ဟု သက်ဆိုင်ရာက ခန့်မှန်းထားသည်။
လေထုညစ်ညမ်းလှသဖြင့် နှာခေါင်းစည်းရောင်းအားမှာလည်း အလွန်ကောင်းနေပြီး
အချို့ဆိုင်များဆိုလျှင် ရောင်းစရာ လက်ကျန်ပစ္စည်းမရှိတော့ပေ။

ထို့ကြောင့် အချို့လူများက ညစ်ညမ်းလေထုကို အဆင်ပြေရာပစ္စည်းဖြင့်
တွန်းလှန်ကြခြင်းဖြစ်သည်။ နှာခေါင်းကို ဘရာစီယာဖြင့်အုပ်ထားသူများက
မိမိပုံကိုမိမိရိုက်ကာ အွန်လိုင်းပေါ်တင်ကြသည်။

(DM, 17.1.19) ချယ်ရီ
Credit Pyi Myanmar

About the author

ilove

Leave a Comment