MOBILE TECH NEWS

ဖုန္းပိုင္ရွင္ရဲ႕ ဓါတ္ပံုေတြကို တျခားသူဆီ အလိုအေလွ်ာက္ ပို႔ေနတဲ့ Samsung Phone မ်ား

Samsung Phone အခ်ိဳ႕ဟာ Gallery ထဲက ဓါတ္ပံုေတြကို Contacts မ်ားထံ အလိုအေလွ်ာက္ ပို႔ေနတယ္လို႔ သိရပါတယ္။ ဒီျပသာနာကို Samsung အသုံးျပဳတဲ့ သူေတြက Reddit နဲ႔ ဆမ္ေဆာင္းရဲ႕ တရား၀င္ ဖိုရမ္မွာ ေျပာေနၾကျပီ ျဖစ္ပါတယ္။

ဖုန္းပိုင္ရွင္ တစ္ဦးက သူ႔ဖုန္းဟာ Gallery ထဲက ဓါတ္ပံုေတြကို ဖုန္းContactsထဲက တျခားသူဆီ အလိုအေလွ်ာက္ ပို႔ေနတယ္လို႔ ေျပာပါတယ္။ အဲ့ဒီဓါတ္ပံုေတြကို ဆမ္ေဆာင္းရဲ႕ Messages ကေန ေပးပို႔ေနတာပါ။ ျပီးေတာ့ ဆမ္ေဆာင္းရဲ႕ Messages မွာ ဓါတ္ပံုေတြကို ပို႔ထားေႀကာင္းလည္း မျပပါဘူး။ ဒါေပမယ့္ ဓါတ္ပံုေတြအလိုအေလ်ာက္ ပို႔ထားခံရတဲ့ တစ္ဖက္လူက ေျပာမွသာ ဓါတ္ပံုေတြ ေပးပို႔ထားတယ္ ဆိုတာကို ဖုန္းပိုင္ရွင္က သိရတာ ျဖစ္ပါတယ္။

The Verge က Samsung ကို ဒီျပႆနာအေၾကာင္း ေမးျမန္းရာမွာ ဆမ္ေဆာင္းမွ ေျပာေရးဆိုခြင့္ရွိသူ တစ္ဦးက ဒီျပႆနာကို သိၿပီးျဖစ္ေၾကာင္း နဲ႔ နည္းပညာ အဖြဲ႕ဟာ ျပႆာနာအတြက္ အေျဖရွာေနတယ္လို႔ ေျပာပါတယ္။ ဒီျပႆနာက Galaxy S9 နဲ႔ S9 Plus မ်ားမွာ အဓိက ျဖစ္ပြားေနတယ္လို႔ အတည္ျပဳထားၾကပါတယ္။ ျပီးေတာ့ အျခား ဆမ္ေဆာင္း ဖုန္းမ်ားမွာလည္း ဒီျပႆနာ ျဖစ္ပြားေနပါတယ္။

ဒီလိုျဖစ္ရတဲ့ အေႀကာင္းကေတာ့ T-Mobile က ဒီတစ္ပတ္ထဲမွာ ျဖန္႔ခ်ိခဲ့တဲ့ RCS Messaging Updates ေၾကာင့္ ျဖစ္မယ္လို႔ ဖုန္း ပိုင္ရွင္ အခ်ိဳ႕က ေျပာပါတယ္။
T-Mobile က ဒီျပႆနာအတြက္ ဆမ္ေဆာင္းနဲ႔ ပူးေပါင္းလုပ္ေဆာင္ခဲ့ၿပီးၿပီ ျဖစ္ေၾကာင္းနဲ႔ သူ႔ဘက္က အမွား မဟုတ္ဘူးလို႔ ေျပာပါတယ္။ ဒီသတင္းဟာ ဆမ္ေဆာင္းဖုန္း ပိုင္ရွင္မ်ားအတြက္ေတာ့ သတင္းဆိုးလို႔ ေျပာလို႔ရပါတယ္။

Boykhai (နည္းပညာခ်စ္သူ)

  • (Unicode)

Samsung Phone အချို့ဟာ Gallery ထဲက ဓါတ်ပုံတွေကို Contacts များထံ အလိုအလျှောက် ပို့နေတယ်လို့ သိရပါတယ်။ ဒီပြသာနာကို Samsung အသုံးပြုတဲ့ သူတွေက Reddit နဲ့ ဆမ်ဆောင်းရဲ့ တရားဝင် ဖိုရမ်မှာ ပြောနေကြပြီ ဖြစ်ပါတယ်။

ဖုန်းပိုင်ရှင် တစ်ဦးက သူ့ဖုန်းဟာ Gallery ထဲက ဓါတ်ပုံတွေကို ဖုန်းContactsထဲက တခြားသူဆီ အလိုအလျှောက် ပို့နေတယ်လို့ ပြောပါတယ်။ အဲ့ဒီဓါတ်ပုံတွေကို ဆမ်ဆောင်းရဲ့ Messages ကနေ ပေးပို့နေတာပါ။ ပြီးတော့ ဆမ်ဆောင်းရဲ့ Messages မှာ ဓါတ်ပုံတွေကို ပို့ထားကြောင်းလည်း မပြပါဘူး။ ဒါပေမယ့် ဓါတ်ပုံတွေအလိုအလျောက် ပို့ထားခံရတဲ့ တစ်ဖက်လူက ပြောမှသာ ဓါတ်ပုံတွေ ပေးပို့ထားတယ် ဆိုတာကို ဖုန်းပိုင်ရှင်က သိရတာ ဖြစ်ပါတယ်။

The Verge က Samsung ကို ဒီပြဿနာအကြောင်း မေးမြန်းရာမှာ ဆမ်ဆောင်းမှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ဒီပြဿနာကို သိပြီးဖြစ်ကြောင်း နဲ့ နည်းပညာ အဖွဲ့ဟာ ပြဿာနာအတွက် အဖြေရှာနေတယ်လို့ ပြောပါတယ်။ ဒီပြဿနာက Galaxy S9 နဲ့ S9 Plus များမှာ အဓိက ဖြစ်ပွားနေတယ်လို့ အတည်ပြုထားကြပါတယ်။ ပြီးတော့ အခြား ဆမ်ဆောင်း ဖုန်းများမှာလည်း ဒီပြဿနာ ဖြစ်ပွားနေပါတယ်။

ဒီလိုဖြစ်ရတဲ့ အကြောင်းကတော့ T-Mobile က ဒီတစ်ပတ်ထဲမှာ ဖြန့်ချိခဲ့တဲ့ RCS Messaging Updates ကြောင့် ဖြစ်မယ်လို့ ဖုန်း ပိုင်ရှင် အချို့က ပြောပါတယ်။
T-Mobile က ဒီပြဿနာအတွက် ဆမ်ဆောင်းနဲ့ ပူးပေါင်းလုပ်ဆောင်ခဲ့ပြီးပြီ ဖြစ်ကြောင်းနဲ့ သူ့ဘက်က အမှား မဟုတ်ဘူးလို့ ပြောပါတယ်။ ဒီသတင်းဟာ ဆမ်ဆောင်းဖုန်း ပိုင်ရှင်များအတွက်တော့ သတင်းဆိုးလို့ ပြောလို့ရပါတယ်။

Boykhai (နည်းပညာချစ်သူ)

About the author

Boy Khai

Leave a Comment