MOBILE TECH NEWS

အေမရိကန္ ေစ်းကြက္ကို ၂၀၁၉ မွာ ဝင္ေရာက္ဖို႔ ႀကံစည္ေနတဲ့ Xiaomi

လာမယ့္ႏွစ္ ၂၀၁၉ ခုႏွစ္မွာ Xiaomi ကေတာ့ အေမရိကန္ ကို ေျခခ်ႏိုင္ဖို႔ ႀကံစည္ေနၿပီ ျဖစ္ပါတယ္။ ဒီသတင္းကို Xiaomi ရဲ႕ VP ျဖစ္တဲ့ Wang Xiang ကုိယ္တိုင္က ၂၀၁၉ ခုႏွစ္မွာ အေမရိကန္ေစ်းကြက္သုိ႔ ၀င္ေရာက္ရန္ ရည္မွန္းထားေၾကာင္း မီဒီယာ နဲ႔ ေတြ႕ဆုံေမးျမန္းမႈမွာ ေျပာၾကားသြားခဲ့တာ ျဖစ္ပါတယ္။ ျပီးေတာ့ သူက အေမရိကန္ ေစ်းကြက္ဟာ စိတ္ဝင္စားဖို႔ေကာင္းေၾကာင္း၊ အေမရိကန္တယ္လီကြန္းမ်ားခ်ိတ္ဆက္ကာ စမတ္ဖုန္းမ်ား ေရာင္းခ်ရန္ ႀကိဳးပမ္းသြားမွာ ျဖစ္ေၾကာင္း ေျပာၾကားသြားပါတယ္။

အခုဆိုရင္ ဒီသတင္းနဲ႔ ပတ္သက္ျပီး Xiaomi ဟာ အေမရိကန္တယ္လီကြန္းမ်ားႏွင့္ ေဆြးေႏြးမႈေတြ ျပဳလုပ္ေနဆဲ ျဖစ္ပါတယ္။ တကယ္လို႔မ်ား ေဆြးေႏြးမႈ ေအာင္ျမင္ခဲ့မယ္ဆိုရင္ေတာ့ Xiaomi အေနျဖင့္ ယခုထက္ ေအာင္ျမင္မႈေတြ ပိုၿပီးေတာ့ ရယူလာႏုိင္မွာ ျဖစ္ပါတယ္။

ဒါေပမယ့္ အခုအခ်ိန္မွာ အေမရိကန္အစိုးရက တ႐ုတ္ကုမၸဏီမ်ားအေပၚ အယံုအၾကည္ကင္းမဲ့ေနတာျဖစ္ျပီး အေမရိကန္ႏိုင္ငံ လႊတ္ေတာ္က Huawei နဲ႔ ခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္ေတြကို ဖ်က္သိမ္းဖို႔ အမိန္႔ေပးခဲ့တဲ့ အျပင္ ZTE အေနနဲ႔ကလည္း အေမရိကန္ ႏိုင္ငံမွာ နည္းပညာပစၥည္းမ်ားကုိ ေရာင္းခ်မႈေၾကာင့္ အေရးယူျခင္းခံေနရတဲ့အတြက္ Xiaomi အေနျဖင့္ ဒါဟာ ႀကီးမားတဲ့ စိန္ေခၚမႈႀကီး တစ္ခု ျဖစ္လာနိုင္ပါတယ္။

ဒါေပမယ့္ Xiaomi က အေမရိကန္ အေျခစိုက္ Processor ကုမၸဏီ တစ္ခုျဖစ္တဲ့ Qualcomm၊ Google ရဲ႕ မိခင္ ကုမၸဏီ ျဖစ္တဲ့ Alphabet တို႔နဲ႔ ေကာင္းမြန္တဲ့ ဆက္ဆံေရး ရွိေနတာေၾကာင့္ သူတို႔အေနနဲ႔ အေမရိကန္ ေစ်းကြက္ကို ဝင္ေရာက္ႏိုင္မွာ ျဖစ္တယ္လို႔ ယုံၾကည္ေနပါတယ္။

လက္ရွိအခ်ိန္မွာ Xiaomi ဟာ စမတ္ဖုန္းေစ်းကြက္ကုိ တျဖည္းျဖည္း တိုးခ်ဲ႕လ်က္ရွိၿပီး အိႏၵိယနိုင္ငံမွာ Samsung ကို ေက်ာ္ျဖတ္ၿပီး ထိပ္ဆုံးေနရာမွာ ရပ္တည္ႏိုင္ခဲ့ပါျပီ။ ျပိးေတာ့ ဥေရာပႏိုင္ငံေတြ ျဖစ္တဲ့ ျပင္သစ္၊အီတလီ ေစ်းကြက္ေတြမွာလည္း ထိပ္ဆုံးေနရာမွာ ရပ္တည္ႏိုင္ေနၿပီ ျဖစ္ပါတယ္။

Boykhai(နည္းပညာခ်စ္သူ)

  • (Unicode)

လာမယ့်နှစ် ၂၀၁၉ ခုနှစ်မှာ Xiaomi ကတော့ အမေရိကန် ကို ခြေချနိုင်ဖို့ ကြံစည်နေပြီ ဖြစ်ပါတယ်။ ဒီသတင်းကို Xiaomi ရဲ့ VP ဖြစ်တဲ့ Wang Xiang ကိုယ်တိုင်က ၂၀၁၉ ခုနှစ်မှာ အမေရိကန်ဈေးကွက်သို့ ဝင်ရောက်ရန် ရည်မှန်းထားကြောင်း မီဒီယာ နဲ့ တွေ့ဆုံမေးမြန်းမှုမှာ ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။ ပြီးတော့ သူက အမေရိကန် ဈေးကွက်ဟာ စိတ်ဝင်စားဖို့ကောင်းကြောင်း၊ အမေရိကန်တယ်လီကွန်းများချိတ်ဆက်ကာ စမတ်ဖုန်းများ ရောင်းချရန် ကြိုးပမ်းသွားမှာ ဖြစ်ကြောင်း ပြောကြားသွားပါတယ်။

အခုဆိုရင် ဒီသတင်းနဲ့ ပတ်သက်ပြီး Xiaomi ဟာ အမေရိကန်တယ်လီကွန်းများနှင့် ဆွေးနွေးမှုတွေ ပြုလုပ်နေဆဲ ဖြစ်ပါတယ်။ တကယ်လို့များ ဆွေးနွေးမှု အောင်မြင်ခဲ့မယ်ဆိုရင်တော့ Xiaomi အနေဖြင့် ယခုထက် အောင်မြင်မှုတွေ ပိုပြီးတော့ ရယူလာနိုင်မှာ ဖြစ်ပါတယ်။

ဒါပေမယ့် အခုအချိန်မှာ အမေရိကန်အစိုးရက တရုတ်ကုမ္ပဏီများအပေါ် အယုံအကြည်ကင်းမဲ့နေတာဖြစ်ပြီး အမေရိကန်နိုင်ငံ လွှတ်တော်က Huawei နဲ့ ချုပ်ဆိုထားတဲ့ စာချုပ်တွေကို ဖျက်သိမ်းဖို့ အမိန့်ပေးခဲ့တဲ့ အပြင် ZTE အနေနဲ့ကလည်း အမေရိကန် နိုင်ငံမှာ နည်းပညာပစ္စည်းများကို ရောင်းချမှုကြောင့် အရေးယူခြင်းခံနေရတဲ့အတွက် Xiaomi အနေဖြင့် ဒါဟာ ကြီးမားတဲ့ စိန်ခေါ်မှုကြီး တစ်ခု ဖြစ်လာနိုင်ပါတယ်။

ဒါပေမယ့် Xiaomi က အမေရိကန် အခြေစိုက် Processor ကုမ္ပဏီ တစ်ခုဖြစ်တဲ့ Qualcomm၊ Google ရဲ့ မိခင် ကုမ္ပဏီ ဖြစ်တဲ့ Alphabet တို့နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိနေတာကြောင့် သူတို့အနေနဲ့ အမေရိကန် ဈေးကွက်ကို ဝင်ရောက်နိုင်မှာ ဖြစ်တယ်လို့ ယုံကြည်နေပါတယ်။

လက်ရှိအချိန်မှာ Xiaomi ဟာ စမတ်ဖုန်းဈေးကွက်ကို တဖြည်းဖြည်း တိုးချဲ့လျက်ရှိပြီး အိန္ဒိယနိုင်ငံမှာ Samsung ကို ကျော်ဖြတ်ပြီး ထိပ်ဆုံးနေရာမှာ ရပ်တည်နိုင်ခဲ့ပါပြီ။ ပြိးတော့ ဥရောပနိုင်ငံတွေ ဖြစ်တဲ့ ပြင်သစ်၊အီတလီ ဈေးကွက်တွေမှာလည်း ထိပ်ဆုံးနေရာမှာ ရပ်တည်နိုင်နေပြီ ဖြစ်ပါတယ်။

Boykhai(နည်းပညာချစ်သူ)

About the author

Boy Khai

Leave a Comment