Shwe News

ေနျပည္ေတာ္မွာ ရဲႏွစ္ေယာက္ကုိ ဓါးနဲ႔၀ိုင္းခုတ္သူေတြကုိ ဖမ္းလိုက္ပါျပီ

ေနျပည္ေတာ္၊ ပ်ဥ္းမနားၿမိဳ႕နယ္အတြင္း ျဖစ္ပြားခဲ့ေသာ ရဲတပ္ဖြဲ႕၀င္မ်ားအား ဓါးျဖင့္ခုတ္ခဲ့သည့္ တရားခံမ်ားအား ေနျပည္ေတာ္ရဲတပ္ဖြဲ႕မွ အခ်ိန္တိုအတြင္း ေဖာ္ထုတ္ဖမ္းဆီးႏုိင္ခဲ့

၁၈-၁-၂၀၁၉ ရက္ေန႔ (၁၂း၄၅) အခ်ိန္ခန္႔တြင္ ဒကၡိဏခရိုင္ မႈခင္းႏွိမ္နင္းေရးအဖြဲ႔မွ ရဲတပ္ၾကပ္ႀကီး ၀င္းႏိုင္ဦးသည္ ေနျပည္ေတာ္ ရဲတပ္ဖြဲ႕မွဴးရံုး၊ မႈခင္းအကူဌာနမွ ရဲတပ္ၾကပ္ ေဇယ်ာသိန္းႏွင့္အတူ ပ်ဥ္းမနားၿမိဳ႕နယ္တရားရံုးသို႔ အရပ္၀တ္ျဖင့္ သက္ေသခံလာေရာက္ စဥ္

ပ်ဥ္းမနားၿမိဳ႕၊ ႏွင္းဆီပန္း၀ိုင္းအနီး၌ ဆိုင္ကယ္စီးနင္းလာေသာ ေက်ာင္းသားေလး(၁)ဦးကို ဆိုင္ကယ္(၂)စီးျဖင့္ လူ(၄)ဦးမွ ေလးဂြမ်ားႏွင့္၀ိုင္းပစ္သျဖင့္ ေက်ာင္းသားေလးဆိုင္ကယ္မွာ လဲက်သြားခဲ့၍ ရဲတပ္ၾကပ္ႀကီး ၀င္းႏိုင္ဦးတို႔(၂)ဦးမွ ၎တို႔ေမာင္းႏွင္ လာေသာ ယာဥ္အမွတ္ YGN 9G-1604 HONDA FIT အမ်ိဳးအစား အနီေရာင္ ေမာ္ေတာ္ယာဥ္ျဖင့္

အဆိုပါလူ(၄)ဦးအား လိုက္လံ ဖမ္းဆီးရာ“ေငြက်ားတိုက္”လွ်ပ္စစ္ပစၥည္းအေရာင္းဆိုင္အနီး အေရာက္တြင္(၁)ဦးအား ဖမ္းဆီးရမိခဲ့ၿပီး(၃)ဦးမွာထြက္ေျပးသြား၍ ဖမ္းဆီးရမိသူအား ကားေပၚသို႔ တင္ေဆာင္စဥ္ ေနာက္မွ ေမာ္ေတာ္ယာဥ္(၁)စီးႏွင့္ ဆိုင္ကယ္(၂)စီးတို႔ျဖင့္ လူ(၁၀)ဦးခန္ ႔ေရာက္ရိွလာခဲ့ၿပီး

အက်ႌေကာ္လံေနာက္ေက်ာထဲမွဓါးမ်ားထုတ္၍ ရဲတပ္ၾကပ္ႀကီး ၀င္းႏိုင္ဦးႏွင့္ ရဲတပ္ၾကပ္ ေဇယ်ာသိန္းတို႔အား ၀ိုင္း၀န္းခုတ္ခဲ့ရာ ဒဏ္ရာမ်ားရရိွခဲ့ၿပီး ဖမ္းဆီးထားရိွေသာ အမ်ိဳးသား(၁)ဦးႏွင့္က်န္လူမ်ားမွာ ထြက္ေျပးသြားေၾကာင္းႏွင့္ ရဲတပ္ၾကပ္ႀကီး ၀င္းႏိုင္ဦးႏွင့္ ရဲတပ္ၾကပ္ ေဇယ်ာသိန္းတို႔အား ကိုလင္း၊ ပ်ဥ္းမနားၿမိဳ႕ေနသူမွ ပ်ဥ္းမနားခုတင္(၂၀၀)ေဆးရံု သို႔ပို႔ေဆာင္ေပးခဲ့ၿပီး

ထိုမွတဆင့္ ေနျပည္ေတာ္ ခုတင္ (၁၀၀၀)ေဆးရံုသို႔ ထပ္မံလႊဲေျပာင္း၍ အတြင္းလူနာအျဖစ္ ေဆးကုသမႈခံယူခဲ့ရသျဖင့္ တာ၀န္ထမ္းေဆာင္ေနသည့္ ရဲတပ္ဖြဲ႕၀င္(၂)ဦးကို ဒဏ္ရာမ်ားရရိွေအာင္ ဓါးမ်ားျဖင့္၀ိုင္း၀န္း ခုတ္သူမ်ားအား ပ်ဥ္းမနားၿမိဳ႕မရဲစခန္း(ပ)၃၈/၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ- ၃၃၃/၁၁၄ျဖင့္ အမႈဖြင့္အေရး ယူေဆာင္ရြက္ခဲ့ပါသည္။

အမႈမွ တရားခံမ်ားအား ဖမ္းဆီးရမိေရးအတြက္ ေနျပည္ေတာ္ရဲတပ္ဖြဲ႕မွဴး၏လမ္းညႊန္မႈျဖင့္ ဒကၡိဏခရိုင္ရဲတပ္ဖြဲ႕မွဴး ဦးေဆာင္ေသာ ရဲတပ္ဖြဲ႔၀င္မ်ားမွ စံုစမ္းစစ္ေဆးမႈမ်ားေဆာင္ရြက္ခဲ့ရာ ျပစ္မႈက်ဴးလြန္သူမ်ား အခင္းျဖစ္စဥ္ကစီးနင္းခဲ့သည့္ NPW/4G 3783 Lifan အမ်ိဳးအစားအျပာေရာင္ ယာဥ္မွာ ပုဗၺသီရိၿမိဳ႕နယ္၊ ရြာသစ္အုပ္စု၊ ေရအိုးစဥ္ရြာတြင္ရိွေၾကာင္း သတင္းရရိွသျဖ င့္

အတည္ျပဳ ေဆာင္ရြက္ခဲ့ရာ ေရအိုးစဥ္ရြာေနသူ ေဇာ္မိုးအား ၁၈-၁-၂၀၁၉ရက္ေန႔ ည(၁၁)နာရီအခ်ိန္ခန္႔တြင္ စတင္ဖမ္းဆီး ရမိခဲ့ၿပီး ဆက္လက္စစ္ေဆးေဖာ္ထုတ္ခ်က္အရ ျပစ္မႈက်ဴးလြန္သူ တရားခံ(၁၆)ဦး အားထပ္မံဖမ္းဆီးရမိခဲ့၍ စုစုေပါင္းတရားခံ(၁၇)ဦး၊ သက္ေသခံပစၥည္းကား(၁)စီး၊ ဆိုင္ကယ္(၁)စီး၊ ဆိုင္ကယ္ဦးထုပ္(၁) လံုး၊ ဓါးရွည္(၁)ေခ်ာင္း၊ ဓါးအိမ္(၂)ခု၊တုတ္(၁)ေခ်ာင္း၊ ေလးဂြ(၁)လက္တို႔အား သိမ္းဆည္းရမိခဲ့ပါသည္။

ျဖစ္စဥ္မွာ တရားခံမ်ားျဖစ္သည့္ ေဇာ္လင္းဦး(ခ)ပုလဲ၊ မင္းေအာင္(ခ)ဖိုးတုတ္၊ ခ်စ္ပိုင္လင္းတို႔ (၃)ဦးမွာ အထက(၃)ေက်ာင္း တက္စဥ္ အျပင္မွအမည္မသိသူမ်ားႏွင့္ ရန္ၿငိဳးရန္စရိွသျဖင့္ အစ္ကုိျဖစ္ သူမ်ားႏွင့္သူငယ္ခ်င္းမ်ားအား ေန႔လယ္ေက်ာင္းဆင္းခ်ိန္ တြင္ ေက်ာင္းသို႔လာေရာက္ရန္ ဖုန္းဆက္အေၾကာင္းၾကားထားၿပီး ေန႔လယ္ေက်ာင္းဆင္းခ်ိန္တြင္ ေက်ာင္းေရွ႕၌ရန္ၿငိဳးရန္စရိွသူ အမည္မသိ အမ်ိဳးသား(၃)ဦးႏွင့္ အျပန္အလွန္ေလးဂြမ်ားျဖင့္ ပစ္ခတ္ၿပီး ၎တို႔(၃)ဦးမွာ အထက(၃)ေက်ာင္းေရွ႕မွ ႏွင္းဆီပန္း အ၀ိုင္းဘက္သို႔ ဆိုင္ကယ္ေမာင္းႏွင္ထြက္ေျပးသျဖင့္တရားခံမ်ားမွ ေနာက္မွလုိက္ၿပီး ေလးဂြမ်ားျဖင့္ပစ္ခတ္စဥ္ ႏွင္းဆီပန္းအ၀ိုင္းတြင္ ေက်ာင္းသား(၁)ဦးအား ေလးဂြထိမွန္လဲက်သည္ကို ရဲတပ္ဖြဲ႕၀င္မ်ားမွ ျဖစ္စဥ္အားျမင္ေတြ႔ၿပီး ေလးဂြမ်ားျဖင့္ပစ္ခတ္သူမ်ားအား လိုက္လံ ဖမ္းဆီးရာမွ ရဲတပ္ဖြဲ႕၀င္မ်ားအား ဓါးျဖင့္ခုတ္ခံခဲ့ရျခင္းျဖစ္ေၾကာင္း သိရိွရပါသည္။

ေနျပည္ေတာ္ ရဲတပ္ဖြဲ

  • Unicode ျဖင့္ဖတ္ရန္

နေပြည်တော်၊ ပျဉ်းမနားမြို့နယ်အတွင်း ဖြစ်ပွားခဲ့သော ရဲတပ်ဖွဲ့ဝင်များအား ဓါးဖြင့်ခုတ်ခဲ့သည့် တရားခံများအား နေပြည်တော်ရဲတပ်ဖွဲ့မှ အချိန်တိုအတွင်း ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့

၁၈-၁-၂၀၁၉ ရက်နေ့ (၁၂း၄၅) အချိန်ခန့်တွင် ဒက္ခိဏခရိုင် မှုခင်းနှိမ်နင်းရေးအဖွဲ့မှ ရဲတပ်ကြပ်ကြီး ဝင်းနိုင်ဦးသည် နေပြည်တော် ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းအကူဌာနမှ ရဲတပ်ကြပ် ဇေယျာသိန်းနှင့်အတူ ပျဉ်းမနားမြို့နယ်တရားရုံးသို့ အရပ်ဝတ်ဖြင့် သက်သေခံလာရောက် စဉ်

ပျဉ်းမနားမြို့၊ နှင်းဆီပန်းဝိုင်းအနီး၌ ဆိုင်ကယ်စီးနင်းလာသော ကျောင်းသားလေး(၁)ဦးကို ဆိုင်ကယ်(၂)စီးဖြင့် လူ(၄)ဦးမှ လေးဂွများနှင့်ဝိုင်းပစ်သဖြင့် ကျောင်းသားလေးဆိုင်ကယ်မှာ လဲကျသွားခဲ့၍ ရဲတပ်ကြပ်ကြီး ဝင်းနိုင်ဦးတို့(၂)ဦးမှ ၎င်းတို့မောင်းနှင် လာသော ယာဉ်အမှတ် YGN 9G-1604 HONDA FIT အမျိုးအစား အနီရောင် မော်တော်ယာဉ်ဖြင့်

အဆိုပါလူ(၄)ဦးအား လိုက်လံ ဖမ်းဆီးရာ“ငွေကျားတိုက်”လျှပ်စစ်ပစ္စည်းအရောင်းဆိုင်အနီး အရောက်တွင်(၁)ဦးအား ဖမ်းဆီးရမိခဲ့ပြီး(၃)ဦးမှာထွက်ပြေးသွား၍ ဖမ်းဆီးရမိသူအား ကားပေါ်သို့ တင်ဆောင်စဉ် နောက်မှ မော်တော်ယာဉ်(၁)စီးနှင့် ဆိုင်ကယ်(၂)စီးတို့ဖြင့် လူ(၁၀)ဦးခန် ့ရောက်ရှိလာခဲ့ပြီး

အင်္ကျီကော်လံနောက်ကျောထဲမှဓါးများထုတ်၍ ရဲတပ်ကြပ်ကြီး ဝင်းနိုင်ဦးနှင့် ရဲတပ်ကြပ် ဇေယျာသိန်းတို့အား ဝိုင်းဝန်းခုတ်ခဲ့ရာ ဒဏ်ရာများရရှိခဲ့ပြီး ဖမ်းဆီးထားရှိသော အမျိုးသား(၁)ဦးနှင့်ကျန်လူများမှာ ထွက်ပြေးသွားကြောင်းနှင့် ရဲတပ်ကြပ်ကြီး ဝင်းနိုင်ဦးနှင့် ရဲတပ်ကြပ် ဇေယျာသိန်းတို့အား ကိုလင်း၊ ပျဉ်းမနားမြို့နေသူမှ ပျဉ်းမနားခုတင်(၂၀ဝ)ဆေးရုံ သို့ပို့ဆောင်ပေးခဲ့ပြီး

ထိုမှတဆင့် နေပြည်တော် ခုတင် (၁၀ဝ၀)ဆေးရုံသို့ ထပ်မံလွှဲပြောင်း၍ အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူခဲ့ရသဖြင့် တာဝန်ထမ်းဆောင်နေသည့် ရဲတပ်ဖွဲ့ဝင်(၂)ဦးကို ဒဏ်ရာများရရှိအောင် ဓါးများဖြင့်ဝိုင်းဝန်း ခုတ်သူများအား ပျဉ်းမနားမြို့မရဲစခန်း(ပ)၃၈/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ- ၃၃၃/၁၁၄ဖြင့် အမှုဖွင့်အရေး ယူဆောင်ရွက်ခဲ့ပါသည်။

အမှုမှ တရားခံများအား ဖမ်းဆီးရမိရေးအတွက် နေပြည်တော်ရဲတပ်ဖွဲ့မှူး၏လမ်းညွှန်မှုဖြင့် ဒက္ခိဏခရိုင်ရဲတပ်ဖွဲ့မှူး ဦးဆောင်သော ရဲတပ်ဖွဲ့ဝင်များမှ စုံစမ်းစစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ပြစ်မှုကျူးလွန်သူများ အခင်းဖြစ်စဉ်ကစီးနင်းခဲ့သည့် NPW/4G 3783 Lifan အမျိုးအစားအပြာရောင် ယာဉ်မှာ ပုဗ္ဗသီရိမြို့နယ်၊ ရွာသစ်အုပ်စု၊ ရေအိုးစဉ်ရွာတွင်ရှိကြောင်း သတင်းရရှိသဖြ င့်

အတည်ပြု ဆောင်ရွက်ခဲ့ရာ ရေအိုးစဉ်ရွာနေသူ ဇော်မိုးအား ၁၈-၁-၂၀၁၉ရက်နေ့ ည(၁၁)နာရီအချိန်ခန့်တွင် စတင်ဖမ်းဆီး ရမိခဲ့ပြီး ဆက်လက်စစ်ဆေးဖော်ထုတ်ချက်အရ ပြစ်မှုကျူးလွန်သူ တရားခံ(၁၆)ဦး အားထပ်မံဖမ်းဆီးရမိခဲ့၍ စုစုပေါင်းတရားခံ(၁၇)ဦး၊ သက်သေခံပစ္စည်းကား(၁)စီး၊ ဆိုင်ကယ်(၁)စီး၊ ဆိုင်ကယ်ဦးထုပ်(၁) လုံး၊ ဓါးရှည်(၁)ချောင်း၊ ဓါးအိမ်(၂)ခု၊တုတ်(၁)ချောင်း၊ လေးဂွ(၁)လက်တို့အား သိမ်းဆည်းရမိခဲ့ပါသည်။

ဖြစ်စဉ်မှာ တရားခံများဖြစ်သည့် ဇော်လင်းဦး(ခ)ပုလဲ၊ မင်းအောင်(ခ)ဖိုးတုတ်၊ ချစ်ပိုင်လင်းတို့ (၃)ဦးမှာ အထက(၃)ကျောင်း တက်စဉ် အပြင်မှအမည်မသိသူများနှင့် ရန်ငြိုးရန်စရှိသဖြင့် အစ်ကိုဖြစ် သူများနှင့်သူငယ်ချင်းများအား နေ့လယ်ကျောင်းဆင်းချိန် တွင် ကျောင်းသို့လာရောက်ရန် ဖုန်းဆက်အကြောင်းကြားထားပြီး နေ့လယ်ကျောင်းဆင်းချိန်တွင် ကျောင်းရှေ့၌ရန်ငြိုးရန်စရှိသူ အမည်မသိ အမျိုးသား(၃)ဦးနှင့် အပြန်အလှန်လေးဂွများဖြင့် ပစ်ခတ်ပြီး

၎င်းတို့(၃)ဦးမှာ အထက(၃)ကျောင်းရှေ့မှ နှင်းဆီပန်း အဝိုင်းဘက်သို့ ဆိုင်ကယ်မောင်းနှင်ထွက်ပြေးသဖြင့်တရားခံများမှ နောက်မှလိုက်ပြီး လေးဂွများဖြင့်ပစ်ခတ်စဉ် နှင်းဆီပန်းအဝိုင်းတွင် ကျောင်းသား(၁)ဦးအား လေးဂွထိမှန်လဲကျသည်ကို ရဲတပ်ဖွဲ့ဝင်များမှ ဖြစ်စဉ်အားမြင်တွေ့ပြီး လေးဂွများဖြင့်ပစ်ခတ်သူများအား လိုက်လံ ဖမ်းဆီးရာမှ ရဲတပ်ဖွဲ့ဝင်များအား ဓါးဖြင့်ခုတ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရှိရပါသည်။

နေပြည်တော် ရဲတပ်ဖွဲ့

About the author

Crypoetess

Leave a Comment