Shwe News

ထိုင္းကိုလူကုန္ကူးခံရတဲ့ျမန္မာႏိုင္ငံသားေတြပါတဲ့ကားေမွာက္လို႔ ၄ ဦးေသ

ထိုင္းႏုိင္ငံကုိလူကုန္ကူးခံရတဲ့ ျမန္မာႏုိင္ငံသားေတြ လိုက္ပါလာတဲ့ ေမာ္ေတာ္ယာဥ္ဟာ ထိုင္းႏုိင္ငံ ခၽြန္ဖုန္းခရုိင္အတြင္းမွာ တိမ္းေမွာက္ခဲ့ၿပီး ၄ ဦး ေနရာမွာတင္ပြဲခ်င္းၿပီး ေသဆံုးကာ ၁၉ ဦးဒဏ္ရာရရွိခဲ့တယ္လုိ႔ ထုိင္းႏုိင္ငံေရာက္ ေရႊ႕ေျပာင္းအလုပ္သမားအေရး ကူညီေဆာင္ရြက္ေနတဲ့ Social Action for Children and Women – SAW အဖြဲ႕ကေန သတင္းထုတ္ျပန္ပါတယ္။

Photo -SAW

ဇန္န၀ါရီ ၂၂ ရက္ ညပုိင္း ၈ နာရီေလာက္က ထိုင္းႏုိင္ငံ ခၽြန္ဖုန္းခရုိင္ ခြန္ကထင္ၿမိဳ႕နယ္ ေက်းရြာအမွတ္ (၁၃) အမွတ္ ၄၁ အာရွလမ္းမႀကီးမွာ တရားမ၀င္ ျမန္မာႏုိင္ငံသား ၂၃ ဦးတင္ေဆာင္လာတဲ့ တုိရုိတာ ပစ္ကပ္ကားတစ္စီးဟာ လမ္းေဘးက သစ္ပင္၀င္တုိက္ၿပီး တိမ္းေမွာက္ခဲ့တာလုိ႔ သိရပါတယ္။

ကားေပၚမွာ လုိက္ပါလာတဲ့ ျမန္မာႏုိင္ငံသားေတြဟာ ကားေပၚကေန လႊင့္စင္ျပဳတ္က်ခဲ့ၿပီး ျမန္မာအမ်ိဳးသား ၄ ဦး ေနရာမွာတင္ပြဲခ်င္းၿပီးေသဆံုးၿပီး ၁၉ ဦး ဒဏ္ရာေတြရရွိခဲ့တယ္လို႔သိရပါတယ္။

Photo-SAW

ကားေမာင္းသမားဟာ အသက္ ၂၃ ႏွစ္အရြယ္ ႏုိင္ပရစ္မစ္ဆုိသူျဖစ္ၿပီး သူ႔ရဲ႕ ၀န္ခံခ်က္အရ ျမန္မာႏုိင္ငံက လူကုန္ကူးသူတစ္ဦးကေန သူ႔ကုိ ဌားရမ္းခဲ့တယ္လုိ႔ ဆုိပါတယ္။
ျမန္မာႏုိင္ငံသားတစ္ဦးကုိ ထုိင္းဘတ္ေငြ ၁၀၀၀ ႏႈန္းနဲ႔သယ္ေဆာင္ခယူၿပီး ထိုင္းျမန္မာနယ္စပ္ရေနာင္းကေန စစ္ေဆးေရးဂိတ္ေတြကုိ ေကြ႕ေရွာင္ျဖတ္ကာ ထုိင္းေတာင္ပုိင္း စူလဌာနီကုိ ေမာင္းပုိ႔ခဲ့တယ္လို႔ ကားေမာင္းသမားက ၀န္ခံထြက္ဆုိပါတယ္။
လူကုန္ကူးတဲ့သူေတြဟာ ျမန္မာနိုင္ငံသားေတြကို မူးယစ္ေဆးတမ်ိဳး တိုက္ျပီး ကားေပၚတင္လာတာလို ့ ကားေပၚမွာ လိုက္ပါလာတဲ့ ေကာ့ေသာင္းၿမိဳ႕က
ငါးဖမ္းလုပ္သားတစ္ဦးက ေျပာပါတယ္။

လက္ရွိေတာ့ ေသဆံုးသူေတြနဲ႔ ဒဏ္ရာရရွိသူအားလံုးကုိ ခၽြန္ဖုန္းခရိုင္ အူဒုန္ဆပ္ ေဆးရုံကုိ ပုိ႔ေဆာင္ထားၿပီး အေရးေပၚကုသမႈေတြ ေပးေနတယ္လို႔လည္း သိရပါတယ္။ ခၽြန္ဖုန္းခရုိင္ ဒုရဲမွဴး ၀ီခ်ဳပ္ခန္႔ကုိ႔ခ်ကန္ကေတာ့ အခုလုိ တရားမ၀င္သယ္ေဆာင္လာတဲ့ ျမန္မာႏုိင္ငံသားေတြကုိ လူကုန္ကူးခဲ့တဲ့သူေတြကုိ ဆက္လက္ေဖာ္ထုတ္အေရးယူသြားမယ္လို႔ ေျပာၾကားခဲ့ေၾကာင္း SAW အဖြဲ႔ ရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။
Credit : Duwun

  • Unicode version

ထိုင်းနိုင်ငံကိုလူကုန်ကူးခံရတဲ့ မြန်မာနိုင်ငံသားတွေ လိုက်ပါလာတဲ့ မော်တော်ယာဉ်ဟာ ထိုင်းနိုင်ငံ ချွန်ဖုန်းခရိုင်အတွင်းမှာ တိမ်းမှောက်ခဲ့ပြီး ၄ ဦး နေရာမှာတင်ပွဲချင်းပြီး သေဆုံးကာ ၁၉ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်နေတဲ့ Social Action for Children and Women – SAW အဖွဲ့ကနေ သတင်းထုတ်ပြန်ပါတယ်။

Photo -SAW

ဇန်နဝါရီ ၂၂ ရက် ညပိုင်း ၈ နာရီလောက်က ထိုင်းနိုင်ငံ ချွန်ဖုန်းခရိုင် ခွန်ကထင်မြို့နယ် ကျေးရွာအမှတ် (၁၃) အမှတ် ၄၁ အာရှလမ်းမကြီးမှာ တရားမဝင် မြန်မာနိုင်ငံသား ၂၃ ဦးတင်ဆောင်လာတဲ့ တိုရိုတာ ပစ်ကပ်ကားတစ်စီးဟာ လမ်းဘေးက သစ်ပင်ဝင်တိုက်ပြီး တိမ်းမှောက်ခဲ့တာလို့ သိရပါတယ်။

ကားပေါ်မှာ လိုက်ပါလာတဲ့ မြန်မာနိုင်ငံသားတွေဟာ ကားပေါ်ကနေ လွှင့်စင်ပြုတ်ကျခဲ့ပြီး မြန်မာအမျိုးသား ၄ ဦး နေရာမှာတင်ပွဲချင်းပြီးသေဆုံးပြီး ၁၉ ဦး ဒဏ်ရာတွေရရှိခဲ့တယ်လို့သိရပါတယ်။

Photo-SAW

ကားမောင်းသမားဟာ အသက် ၂၃ နှစ်အရွယ် နိုင်ပရစ်မစ်ဆိုသူဖြစ်ပြီး သူ့ရဲ့ ဝန်ခံချက်အရ မြန်မာနိုင်ငံက လူကုန်ကူးသူတစ်ဦးကနေ သူ့ကို ဌားရမ်းခဲ့တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံသားတစ်ဦးကို ထိုင်းဘတ်ငွေ ၁၀၀၀ နှုန်းနဲ့သယ်ဆောင်ခယူပြီး ထိုင်းမြန်မာနယ်စပ်ရနောင်းကနေ စစ်ဆေးရေးဂိတ်တွေကို ကွေ့ရှောင်ဖြတ်ကာ ထိုင်းတောင်ပိုင်း စူလဌာနီကို မောင်းပို့ခဲ့တယ်လို့ ကားမောင်းသမားက ဝန်ခံထွက်ဆိုပါတယ်။
လူကုန်ကူးတဲ့သူတွေဟာ မြန်မာနိုင်ငံသားတွေကို မူးယစ်ဆေးတမျိုး တိုက်ပြီး ကားပေါ်တင်လာတာလို့ ကားပေါ်မှာ လိုက်ပါလာတဲ့ ကော့သောင်းမြို့က
ငါးဖမ်းလုပ်သားတစ်ဦးက ပြောပါတယ်။

လက်ရှိတော့ သေဆုံးသူတွေနဲ့ ဒဏ်ရာရရှိသူအားလုံးကို ချွန်ဖုန်းခရိုင် အူဒုန်ဆပ် ဆေးရုံကို ပို့ဆောင်ထားပြီး အရေးပေါ်ကုသမှုတွေ ပေးနေတယ်လို့လည်း သိရပါတယ်။ ချွန်ဖုန်းခရိုင် ဒုရဲမှူး ဝီချုပ်ခန့်ကို့ချကန်ကတော့ အခုလို တရားမဝင်သယ်ဆောင်လာတဲ့ မြန်မာနိုင်ငံသားတွေကို လူကုန်ကူးခဲ့တဲ့သူတွေကို ဆက်လက်ဖော်ထုတ်အရေးယူသွားမယ်လို့ ပြောကြားခဲ့ကြောင်း SAW အဖွဲ့ ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
Credit : Duwun

About the author

Crypoetess

Leave a Comment