Shwe News

ဇာတ္ပို႔ဇာတ္ရံေတြက ေသဖို႔ရက္ကိုေစာင့္ေနၾကသလိုပဲဆိုတဲ့ ဒိန္းေဒါင္

ယခုေနာက္ပိုင္းမွာေတာ့ ျမန္မာ့ရုပ္ရွင္ေလာကမွ အႏုပညာရွင္ေတြ အခ်ိန္မတိုင္ခင္ ေၾကြလြင့္မႈေတြ မ်ားျပားေနတာကေတာ့ လူတိုင္းသိၾကမွာပါ။ အထူးသျဖင့္ေတာ့ ဇာတ္ပို႔ ဇာတ္ရံေတြ ခပ္စိပ္စိပ္ ကြယ္လြန္တာမ်ားေနတာ ျဖစ္ပါတယ္။ ယခုေလာေလာလတ္လတ္မွာဆုိလည္း လူတိုင္းခ်စ္တဲ့ သရုပ္ေဆာင္ ကင္းေကာင္ကြယ္လြန္သြားခဲ့ျပီ ျဖစ္ပါတယ္။ ဒီကိစၥေတြနဲ႔ ပတ္သက္ျပီး သရုပ္ေဆာင္ လူရႊင္ေတာ္ဒိန္းေဒါင္းကေတာ့ ျဖစ္ပ်က္ေနတဲ့ အရာေတြကို SundayJournal နဲ႔ အင္တာဗ်ဴးတြင္ ေျဖၾကားသြားတာ ျဖစ္ပါတယ္။

ဒိန္းေဒါင္ကေတာ့ အင္တာဗ်ဴးတြင္ “ရင္ထဲကေတာ့ ခံစားရတာေပါ့။ ကိုယ့္အႏုပညာထဲကလည္း ဟုတ္တယ္။ ကိုယ့္ညီအကိုလည္း ဟုတ္တယ္။ ကိုယ့္ဆရာဆိုလည္း ဟုတ္တယ္။ ဒါေၾကာင့္လည္း အရမ္းဝမ္းနည္းမိပါတယ္။ ေရာဂါအေျခအေနနဲ႔ ပတ္သက္လို႔ ကြ်န္ေတာ္သူ႔ကို ေနာက္ဆံုးေတြ႔တဲ့အခ်ိန္မွာ ေတာ္ေတာ္စိတ္မေကာင္းစရာ အေနအထားကို ေရာက္ေနျပီဗ်ာ”

“ေလာကမွာေတာ့ အရာရာဟာ သြားလာလႈပ္ရွားျဖစ္ပ်က္ေနတာပါပဲ။ တရက္ကို လူ ၅၀ ေလာက္ သျဂီၤဳလ္ေနျပီး လူ ၅၀ ေလာက္လည္း ေမြးေနၾကတာပဲေလ။ ဒါကေတာ့ ေလာကၾကီးကိုပဲ အျပစ္ပံုခ်ရမွာေပါ့။ အႏုပညာသမားေတြလည္း အတူတူပါပဲ။ အထူးသျဖင့္ ဇာတ္ပို႔ဇာတ္ရံေတြေပါ့။ ရွင္းရွင္းေျပာရရင္ ကြ်န္ေတာ္တို႔ေတာင္ ကားရိုက္ေတြ ေတာ္ေတာ္ကို ၾကဲေနျပီ။ အားလံုးက ေသဖို႔ရက္ကိုေစာင့္ေနျပီးေတာ့ အားလံုးက ဆင္းရဲဒုကၡေတြနဲ႔ ဇာတ္ပို႔ဇာတ္ရံေတြအေနနဲ႔ အလုပ္အကိုင္မဲ့ေနၾကတာေပ့ါ။ အကုန္လံုးက ဒုကၡေရာက္ေနၾကတယ္။ ဘယ္သူမွလည္း မကယ္ႏိုင္ၾကဘူး။ ဘုရားလည္းမကယ္ႏိုင္ဘူး။

အဓိကကေတာ့ ဦးမိုးဒီေျပာသြားသလိုပဲ စုေဆာင္းထားတဲ့ ပုဂၢိဳလ္ေတြကေတာ့ အဆင္သင့္ေလး ေနႏိုင္စားႏိုင္သလိုမ်ိဳးေလးေတာ့ ရွိတယ္ေပါ့။ လံုးဝ တေန႔လုပ္မွ တေန႔စားတဲ့ ဘဝကေတာ့ သနားဖို႔ေကာင္းတယ္။ အႏုပညာေလာကနဲ႔ ကင္းလြတ္သြားၾကတယ္။ အဲ့အတြက္ေၾကာင့္ အႏုပညာအရည္အေသြးနိမ့္သြားမွာ က်ိန္းေသတယ္။ ရွင္းရွင္းေျပာရင္ ကြ်န္ေတာ္ေတာင္မွ အႏုပညာေလာကနဲ႔ ေဝးဖို႔မ်ားေနျပီ။ အဲ့ဒီစကားက မေျပာဘူးလို႔ ဆံုးျဖတ္ထားတာ။ ဒါေပမယ့္လည္း တျဖည္းျဖည္းနဲ႔ အဲ့လိုျဖစ္ဖို႔ မ်ားလာတယ္။ စိတ္လည္းနာလာတယ္။ ေသျခင္းတရားကေတာ့ ဘယ္သူမွမသိပါဘူး။ ေန႔ျမင္ ညေပ်ာက္ပါပဲ။ သူမ်ားကို မေျပာဘူး။ ကြ်န္ေတာ့္ကို ကြ်န္ေတာ္ေျပာမယ္။ ကြ်န္ေတာ္အိမ္ျပန္မယ္။ ကြ်န္ေတာ္အိမ္ျပန္ေရာက္လိမ့္မယ္လို႔ ကိုယ့္ဘာကိုယ္ အာမမခံႏိုင္ပါဘူး” ဟု ေျပာၾကားသြားခဲ့ပါတယ္။

လူရႊင္ေတာ္ သရုပ္ေဆာင္ဒိန္းေဒါင္ကေတာ့ အႏုပညာေလာကမွာ ဇာတ္ပို႔ဇာတ္ရံေတြနဲ႔ ပတ္သက္ျပီး ၾကံဳေတြ႔ေနရတဲ့ အခက္ခဲေတြကို ေျပာျပသြားခဲ့ျပီး သူ႔အေနနဲ႔လည္း ဒီလိုမ်ိဳးျဖစ္တဲ့အေပၚကို တကယ္စိတ္မေကာင္းျဖစ္ေနခဲ့တာလည္း ျဖစ္ပါတယ္။ Credit: ေျပာခ်င္လြန္းလို႔

  • Unicode

ယခုနောက်ပိုင်းမှာတော့ မြန်မာ့ရုပ်ရှင်လောကမှ အနုပညာရှင်တွေ အချိန်မတိုင်ခင် ကြွေလွင့်မှုတွေ များပြားနေတာကတော့ လူတိုင်းသိကြမှာပါ။ အထူးသဖြင့်တော့ ဇာတ်ပို့ ဇာတ်ရံတွေ ခပ်စိပ်စိပ် ကွယ်လွန်တာများနေတာ ဖြစ်ပါတယ်။ ယခုလောလောလတ်လတ်မှာဆိုလည်း လူတိုင်းချစ်တဲ့ သရုပ်ဆောင် ကင်းကောင်ကွယ်လွန်သွားခဲ့ပြီ ဖြစ်ပါတယ်။ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး သရုပ်ဆောင် လူရွှင်တော်ဒိန်းဒေါင်းကတော့ ဖြစ်ပျက်နေတဲ့ အရာတွေကို SundayJournal နဲ့ အင်တာဗျူးတွင် ဖြေကြားသွားတာ ဖြစ်ပါတယ်။

ဒိန်းဒေါင်ကတော့ အင်တာဗျူးတွင် “ရင်ထဲကတော့ ခံစားရတာပေါ့။ ကိုယ့်အနုပညာထဲကလည်း ဟုတ်တယ်။ ကိုယ့်ညီအကိုလည်း ဟုတ်တယ်။ ကိုယ့်ဆရာဆိုလည်း ဟုတ်တယ်။ ဒါကြောင့်လည်း အရမ်းဝမ်းနည်းမိပါတယ်။ ရောဂါအခြေအနေနဲ့ ပတ်သက်လို့ ကျွန်တော်သူ့ကို နောက်ဆုံးတွေ့တဲ့အချိန်မှာ တော်တော်စိတ်မကောင်းစရာ အနေအထားကို ရောက်နေပြီဗျာ”

“လောကမှာတော့ အရာရာဟာ သွားလာလှုပ်ရှားဖြစ်ပျက်နေတာပါပဲ။ တရက်ကို လူ ၅၀ လောက် သဂြီင်္ုလ်နေပြီး လူ ၅၀ လောက်လည်း မွေးနေကြတာပဲလေ။ ဒါကတော့ လောကကြီးကိုပဲ အပြစ်ပုံချရမှာပေါ့။ အနုပညာသမားတွေလည်း အတူတူပါပဲ။ အထူးသဖြင့် ဇာတ်ပို့ဇာတ်ရံတွေပေါ့။ ရှင်းရှင်းပြောရရင် ကျွန်တော်တို့တောင် ကားရိုက်တွေ တော်တော်ကို ကြဲနေပြီ။ အားလုံးက သေဖို့ရက်ကိုစောင့်နေပြီးတော့ အားလုံးက ဆင်းရဲဒုက္ခတွေနဲ့ ဇာတ်ပို့ဇာတ်ရံတွေအနေနဲ့ အလုပ်အကိုင်မဲ့နေကြတာပေ့ါ။ အကုန်လုံးက ဒုက္ခရောက်နေကြတယ်။ ဘယ်သူမှလည်း မကယ်နိုင်ကြဘူး။ ဘုရားလည်းမကယ်နိုင်ဘူး။

အဓိကကတော့ ဦးမိုးဒီပြောသွားသလိုပဲ စုဆောင်းထားတဲ့ ပုဂ္ဂိုလ်တွေကတော့ အဆင်သင့်လေး နေနိုင်စားနိုင်သလိုမျိုးလေးတော့ ရှိတယ်ပေါ့။ လုံးဝ တနေ့လုပ်မှ တနေ့စားတဲ့ ဘဝကတော့ သနားဖို့ကောင်းတယ်။ အနုပညာလောကနဲ့ ကင်းလွတ်သွားကြတယ်။ အဲ့အတွက်ကြောင့် အနုပညာအရည်အသွေးနိမ့်သွားမှာ ကျိန်းသေတယ်။ ရှင်းရှင်းပြောရင် ကျွန်တော်တောင်မှ အနုပညာလောကနဲ့ ဝေးဖို့များနေပြီ။ အဲ့ဒီစကားက မပြောဘူးလို့ ဆုံးဖြတ်ထားတာ။ ဒါပေမယ့်လည်း တဖြည်းဖြည်းနဲ့ အဲ့လိုဖြစ်ဖို့ များလာတယ်။ စိတ်လည်းနာလာတယ်။ သေခြင်းတရားကတော့ ဘယ်သူမှမသိပါဘူး။ နေ့မြင် ညပျောက်ပါပဲ။ သူများကို မပြောဘူး။ ကျွန်တော့်ကို ကျွန်တော်ပြောမယ်။ ကျွန်တော်အိမ်ပြန်မယ်။ ကျွန်တော်အိမ်ပြန်ရောက်လိမ့်မယ်လို့ ကိုယ့်ဘာကိုယ် အာမမခံနိုင်ပါဘူး” ဟု ပြောကြားသွားခဲ့ပါတယ်။

လူရွှင်တော် သရုပ်ဆောင်ဒိန်းဒေါင်ကတော့ အနုပညာလောကမှာ ဇာတ်ပို့ဇာတ်ရံတွေနဲ့ ပတ်သက်ပြီး ကြုံတွေ့နေရတဲ့ အခက်ခဲတွေကို ပြောပြသွားခဲ့ပြီး သူ့အနေနဲ့လည်း ဒီလိုမျိုးဖြစ်တဲ့အပေါ်ကို တကယ်စိတ်မကောင်းဖြစ်နေခဲ့တာလည်း ဖြစ်ပါတယ်။ Credit: ပြောချင်လွန်းလို့

About the author

ilove

Leave a Comment