Shwe News
ပရိသတ်တွေကို စိတ်ပူမှုပိုမိုပြင်းထန်စေခဲ့တဲ့ မ နဲ့ မောင်တို့ရဲ့ ပုံရိပ်များ
  • Unicode version
ဟိန်းမင်းသူကတော့ ယခုနောက်ပိုင်း မိန်းကလေးပရိသတ်တွေကြားအထူးရေပန်းစားလာတဲ့ သရုပ်ဆောင်တစ်ဦးဖြစ်ပါတယ်။ အနုပညာလောကထဲကို ဝင်ရောက်လာတာ မကြာသေးပေမယ့် အနုပညာအလုပ်တွေနဲ့အတူ ဇာတ်လမ်းတွဲတွေရိုက်ကူးနေရပြီဖြစ်ပါတယ်။ ဟိန်းမင်းသူကို ပရိသတ်တွေ စတင်ပြီး သတိထားမိတဲ့အချက်ကတော့ ကမ္ဘာကျော် အဆိုတော် Justin Bieber နဲ့ တူနေခြင်းကြောင့်ပဲဖြစ်ပါတယ်။
JB နဲ့တူနေတာကြောင့်ပရိသတ်တွေသတိထားမိလာပြီး နာမည်ကြီးလာတဲ့ ဟိန်းမင်းသူကို ဝန်းရံသူတွေလည်းများခဲ့ပါတယ်။ အချို့သောပရိသတ်တွေကလည်း JB နဲ့တူတယ်ဆိုတဲ့အချက်တွေအပေါ်မှာ ဝေဖန်တိုက်ခိုက်မှုတွေပြုလုပ်လို့ ခံနေရသူလည်းဖြစ်ပါတယ်။ ဟိန်းမင်းသူကတော့ မကြာသေးခင်ကမှ သူပါဝင်သရုပ်ဆောင်ထားပြီး ကိုယ်တိုင်သီဆိုထားတဲ့ သီချင်း MTV အလန်းစားတွေကိုလည်း ပရိသတ်တွေရှေ့အရောက်ပို့ပေးနိုင်ခဲ့တာဖြစ်ပါတယ်။
ဟိန်းမင်းသူကတော့ ယနေ့မှာ သင်ဇာဝင့်ကျော်နဲ့ အတူ တွဲရိုက်ထားတဲ့အတွဲပုံတွေနဲ့ပရိသတ်တွေကို စိတ်ပူသွားစေခဲ့တာဖြစ်ပါတယ်။ ဟိန်းမင်းသူကတော့ ” မ နဲ့ ” ဆိုတဲ့ Caption လေးကိုတင်ထားခဲ့တာဖြစ်ပြီး သင်ဇာကိုယ်တိုင် အသည်းပုံလေးကို ကောမန့်ပေးထားခဲ့တာကြောင့် ပရိသတ်တွေ အတော်စိတ်ပူနေခဲ့တာကိုတွေ့မြင်ရပါတယ်။ အချို့မှတ်ချက်ပေးမှုတွေမှာတော့ သူတို့ နှစ်ဦး MTV ရိုက်ကူးနေတာဖြစ်တယ်လို့ မှတ်ချက်ပေးထားတာကိုတွေ့ရပေမယ့် ကာယကံရှင် (၂) ဦးလုံးထက် ပရိသတ်တွေက စိတ်ပူမှုပိုမိုပြင်းထန်နေတာကိုတော့ တွေ့ကြရမှာပါနော်။
ဟိန်းမင်းသူနဲ့ သင်ဇာတို့ရဲ့ မနဲ့ ဇာတ်လမ်းပုံရိပ်လေးတွေကို ဖော်ပြလိုက်ပါတယ်နော်။We Love Cele
Photos-Thin Zar Wint Kyaw
About the author
Crypoetess
Leave a Comment