Shwe News

ခ်စ္သူသက္တမ္း(၂)ႏွစ္ျပည့္ေလးမွာ အလႉအတန္းေတြ ျပဳလုပ္ခဲ့တဲ့ သူရိယတို႔စုံတြဲ

ခ်စ္စရာေကာင္းတဲ့ အႏုပညာရွင္စုံတြဲ တစ္တြဲျဖစ္တဲ့ သရုပ္ေဆာင္ သူရိယနဲ႔ ဆုအိမ့္စံတို႕ဟာ ခ်စ္သူသက္တမ္း(၂)ႏွစ္ျပည့္သြားပါၿပီ။ ခ်စ္သူသက္တမ္း(၂)ႏွစ္ျပည့္တဲ့ေန႕ေလးမွာ We Love ေတြနဲ႕အတူ အလွဴေတြ ျပဳခဲ့ပါတယ္။

Photo : သူရိယ& ဆုအိမ့္စံ FB

သရုပ္ေဆာင္ သူရိယနဲ႕ ဆုအိမ္စံတို႕ရဲ႕ စံုတြဲေလးက ခ်စ္သူသက္တမ္း(၂)ႏွစ္ျပည့္လို႕သြားပါၿပီ။သူတို႕ရဲ႕ (၂) ႏွစ္ျပည့္ Anniversary ေန႕ေလး မွာ We Love ေတြနဲ႕အတူ အလွဴအတန္းေတြ ျပဳလုပ္ခဲ့တာ ေတြ႕ရပါတယ္။ ပထမကမိဘမဲ့ေဂဟာ (၁)ခုမွာ သြားလွဴဖို႕ စီစဥ္ထားခဲ့ေပမယ့္ ေနရာမွားေရာက္သြားၿပီး ကံေကာင္းစြာနဲ႕ တစ္ေန႕ထဲတင္ ေနရာ(၂)ေနရာမွာ ကုသိုလ္ေကာင္းမႈ ျပဳလုပ္ခြင့္ရခဲ့တယ္လိုု႕ သူရိယနဲ႕ ဆုအိမ့္စံက ဆုိပါတယ္။

Photo : သူရိယ& ဆုအိမ့္စံ FB

“ကြ်န္ေတာ္တို႔ ၂ ေယာက္ ရဲ႕ Anniversary ကို we love ေတြနဲ႔အတူ အလွဴလုပ္မယ္ဆိုေတာ့ မိဘမဲ့ေဂဟာ ၁ ခုကို လွဴဖို႔စီစဥ္ၾကပါတယ္..😃

ကံေကာင္းစြာပဲ ေနရာမွားေရာက္ၿပီး ၁ ရက္ထဲ အလွဴ ၂ ခုကို လွဴခြင့္ရလိုက္ပါတယ္.။ အလွဴအတြက္ ပီတိျဖစ္ရသလို မိဘမဲ့ ကေလးေတြအတြက္ သူတို႔လိုအပ္ခ်က္ေတြ ေျပာျပတဲ့အခါ သီခ်င္းေတြဆိုျပတဲ့အခါ ရင္ထဲမွာ တမ်ိဳးလဲခံစားရပါတယ္။ လိုအပ္တဲ့အရာေတြကို ကိုယ္တက္ႏိုင္သေလာက္လုပ္ေပးႏိုင္ခဲ့ၾကတဲ့အတြက္ ဝမ္းသာပီတိျဖစ္မိပါတယ္” ဆိုၿပီး ဇန္နဝါရီ(၂၇) ရက္ေန႕က သူရိယနဲ႕ ဆုအိမ့္စံတုိ႕ရဲ႕ ေဖ့စ္ဘြတ္ေပ့ခ်္ေလးမွာ ေရးသားထားတာျဖစ္ပါတယ္။

ပရိသတ္ေတြနဲ႕အတူတူ အလွဴသြားလုပ္ခဲ့တဲ့ ဗီဒီယိုဖိုင္ေလးကိုလည္း သူတို႕ႏွစ္ဦးရဲ႕ ေဖ့စ္ဘြတ္ေပ့ခ်္မွာ တင္ထားပါေသးတယ္။

ခ်စ္စရာေကာင္းတဲ့ အႏုပညာရွင္စုံတြဲ တစ္တြဲျဖစ္တဲ့ သရုပ္ေဆာင္ သူရိယနဲ႔ ဆုအိမ့္စံ တုိ႔ ကုိ ခ်စ္ၾကတဲ့ ပရိသတ္ေတြ အမ်ားႀကီးပါ။ ပြဲေတြ လည္း အတူတူ တက္ျဖစ္သလုိ ဘယ္သြားသြား၊ ဘယ္လာလာ ႏွစ္ေယာက္အတူတူ တြဲ ေတြ႔ျဖစ္ေနတာကလည္း တစ္ေယာက္နဲ႔ တစ္ေယာက္ အရမ္းကုိ ခ်စ္ၾကလုိ႔ပါ ဆုိၿပီးေတာ့ဆုအိမ့္စံက Duwun Media ကေနတဆင့္ ေျပာျပခဲ့ပါတယ္။

”အျမဲတတြဲတဲြသြားျဖစ္တယ္ဆိုတာကလည္းအရမ္းခ်စ္လို႔ေပါ့။ ဘယ္လိုပဲျဖစ္ျဖစ္အားတဲ့အခ်ိန္ဆုိရင္ သူ႔အနားကိုပဲသြားခ်င္တယ္။ တစ္ခုခု သြားစားမယ္ ဆိုလည္း ဆုဆု ေရသြားရေအာင္ ဆုိၿပီး အျမဲတမ္းေတြ႕ေနရတာေလ တစ္ခါ တစ္ေလ နယ္သြားလို႔ ရွိရင္ ျပန္လာျဖစ္တယ္ ဆုဆုေရ ေတြ႕ခ်င္တယ္ဆိုၿပီးျပန္လာတာရွိတယ္ ဘာပဲျဖစ္ျဖစ္ ခ်စ္ေနလုိ႕အျမဲတမ္းေတြ႕ျဖစ္တာေပါ့ ” လုိ႔ ေျပာပါတယ္။

Photo : သူရိယ& ဆုအိမ့္စံ FB

သရုပ္ေဆာင္ သူရိယနဲ႔ ဆုအိမ့္စံတုိ႔ကေတာ့ ေဖ့စ္ဘုတ္ရြာ ရုပ္ရွင္ဇာတ္ကားႀကီးထဲမွာ အတူတြဲဖက္သရုပ္ေဆာင္ခဲ့တာျဖစ္ၿပီး ဗီဒီယုိဇာတ္ကား ေတြမွာလည္း အတူပါဝင္သရုပ္ေဆာင္ထားတာျဖစ္ပါတယ္။ လက္ရွိမွာေတာ့ သူတုိ႔ရဲ႕ အခ်စ္ေရးက ပုိမုိခုိင္မာလွ်က္ရွိၿပီး ပရိသတ္ေတြ ကလည္း သူတုိ႔ ခ်စ္သူႏွစ္ဦးကုိ အားေပးႏွစ္သက္ၾကတာကုိ ေတြ႕ရပါတယ္။

Credit : Duwun

  • Unicode version

ချစ်စရာကောင်းတဲ့ အနုပညာရှင်စုံတွဲ တစ်တွဲဖြစ်တဲ့ သရုပ်ဆောင် သူရိယနဲ့ ဆုအိမ့်စံတို့ဟာ ချစ်သူသက်တမ်း(၂)နှစ်ပြည့်သွားပါပြီ။ ချစ်သူသက်တမ်း(၂)နှစ်ပြည့်တဲ့နေ့လေးမှာ We Love တွေနဲ့အတူ အလှူတွေ ပြုခဲ့ပါတယ်။

Photo : သူရိယ& ဆုအိမ့်စံ FB

သရုပ်ဆောင် သူရိယနဲ့ ဆုအိမ်စံတို့ရဲ့ စုံတွဲလေးက ချစ်သူသက်တမ်း(၂)နှစ်ပြည့်လို့သွားပါပြီ။သူတို့ရဲ့ (၂) နှစ်ပြည့် Anniversary နေ့လေး မှာ We Love တွေနဲ့အတူ အလှူအတန်းတွေ ပြုလုပ်ခဲ့တာ တွေ့ရပါတယ်။ ပထမကမိဘမဲ့ဂေဟာ (၁)ခုမှာ သွားလှူဖို့ စီစဉ်ထားခဲ့ပေမယ့် နေရာမှားရောက်သွားပြီး ကံကောင်းစွာနဲ့ တစ်နေ့ထဲတင် နေရာ(၂)နေရာမှာ ကုသိုလ်ကောင်းမှု ပြုလုပ်ခွင့်ရခဲ့တယ်လို့ သူရိယနဲ့ ဆုအိမ့်စံက ဆိုပါတယ်။

Photo : သူရိယ& ဆုအိမ့်စံ FB

“ကျွန်တော်တို့ ၂ ယောက် ရဲ့ Anniversary ကို we love တွေနဲ့အတူ အလှူလုပ်မယ်ဆိုတော့ မိဘမဲ့ဂေဟာ ၁ ခုကို လှူဖို့စီစဉ်ကြပါတယ်..😃

ကံကောင်းစွာပဲ နေရာမှားရောက်ပြီး ၁ ရက်ထဲ အလှူ ၂ ခုကို လှူခွင့်ရလိုက်ပါတယ်.။ အလှူအတွက် ပီတိဖြစ်ရသလို မိဘမဲ့ ကလေးတွေအတွက် သူတို့လိုအပ်ချက်တွေ ပြောပြတဲ့အခါ သီချင်းတွေဆိုပြတဲ့အခါ ရင်ထဲမှာ တမျိုးလဲခံစားရပါတယ်။ လိုအပ်တဲ့အရာတွေကို ကိုယ်တက်နိုင်သလောက်လုပ်ပေးနိုင်ခဲ့ကြတဲ့အတွက် ဝမ်းသာပီတိဖြစ်မိပါတယ်” ဆိုပြီး ဇန်နဝါရီ(၂၇) ရက်နေ့က သူရိယနဲ့ ဆုအိမ့်စံတို့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်လေးမှာ ရေးသားထားတာဖြစ်ပါတယ်။

ပရိသတ်တွေနဲ့အတူတူ အလှူသွားလုပ်ခဲ့တဲ့ ဗီဒီယိုဖိုင်လေးကိုလည်း သူတို့နှစ်ဦးရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ တင်ထားပါသေးတယ်။

ချစ်စရာကောင်းတဲ့ အနုပညာရှင်စုံတွဲ တစ်တွဲဖြစ်တဲ့ သရုပ်ဆောင် သူရိယနဲ့ ဆုအိမ့်စံ တို့ ကို ချစ်ကြတဲ့ ပရိသတ်တွေ အများကြီးပါ။ ပွဲတွေ လည်း အတူတူ တက်ဖြစ်သလို ဘယ်သွားသွား၊ ဘယ်လာလာ နှစ်ယောက်အတူတူ တွဲ တွေ့ဖြစ်နေတာကလည်း တစ်ယောက်နဲ့ တစ်ယောက် အရမ်းကို ချစ်ကြလို့ပါ ဆိုပြီးတော့ဆုအိမ့်စံက Duwun Media ကနေတဆင့် ပြောပြခဲ့ပါတယ်။

”အမြဲတတွဲတွဲသွားဖြစ်တယ်ဆိုတာကလည်းအရမ်းချစ်လို့ပေါ့။ ဘယ်လိုပဲဖြစ်ဖြစ်အားတဲ့အချိန်ဆိုရင် သူ့အနားကိုပဲသွားချင်တယ်။ တစ်ခုခု သွားစားမယ် ဆိုလည်း ဆုဆု ရေသွားရအောင် ဆိုပြီး အမြဲတမ်းတွေ့နေရတာလေ တစ်ခါ တစ်လေ နယ်သွားလို့ ရှိရင် ပြန်လာဖြစ်တယ် ဆုဆုရေ တွေ့ချင်တယ်ဆိုပြီးပြန်လာတာရှိတယ် ဘာပဲဖြစ်ဖြစ် ချစ်နေလို့အမြဲတမ်းတွေ့ဖြစ်တာပေါ့ ” လို့ ပြောပါတယ်။

Photo : သူရိယ& ဆုအိမ့်စံ FB

သရုပ်ဆောင် သူရိယနဲ့ ဆုအိမ့်စံတို့ကတော့ ဖေ့စ်ဘုတ်ရွာ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ အတူတွဲဖက်သရုပ်ဆောင်ခဲ့တာဖြစ်ပြီး ဗီဒီယိုဇာတ်ကား တွေမှာလည်း အတူပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ လက်ရှိမှာတော့ သူတို့ရဲ့ အချစ်ရေးက ပိုမိုခိုင်မာလျှက်ရှိပြီး ပရိသတ်တွေ ကလည်း သူတို့ ချစ်သူနှစ်ဦးကို အားပေးနှစ်သက်ကြတာကို တွေ့ရပါတယ်။

About the author

Crypoetess

Leave a Comment