Shwe News

Itachi Uchiha ဝတ္စံုနဲ႔ပြဲတက္လာတဲ့ စည္သူပလပ္ကြ်တ္

စည္သူပလပ္ကြ်တ္ဟာဆိုရင္ အနုပညာနယ္ပယ္မွာေအာင္ျမင္လာတာမၾကာေသးဘူးလို႔ဆိုရမွာပါ။ စည္သူပလပ္ကြ်တ္က သူ႔ရဲ႕ ေၾကာင္သိုင္းသမားဆိုလားဘာလားမသိတဲ့ ပန္းခ်ီကားၾကီးကုိ ေစ်းၾကီးေပးဝယ္ျပီး ျခံဳေစာင္လုပ္ဝတ္ပစ္တဲ့ အခ်ိန္ကေနစျပီး လူသိမ်ားေက်ာ္ၾကားလာခဲ့တာျဖစ္သလို show ပြဲတစ္ခုမွာ Marvel ရဲ႕ စပုိက္ဒါမန္းဝတ္စံုၾကီးဝတ္ျပီး ပရိသတ္ေတြကုိေဖ်ာ္ေျဖခဲ့ရာမွာ ေဝဖန္တဲ့သူေတြအမ်ားၾကီးၾကားကမွ အားေပးတဲ့သူေတြလည္းရွိခဲ့သလုိ သူ႔ရဲ႕ေအာင္ျမင္မႈအရွိန္အဟုန္ကလည္းျမင့္တက္လာတယ္လို႔ဆိုရမွာပါ။

စည္သူပလပ္ကြ်တ္ဟာ စပုိက္ဒါမန္းဝတ္စံုအျပင္ Wakanda Forever ရဲ႕ Black Panther ဝတ္စံုၾကီးကုိလည္းအက်အနဝတ္ျပီးပြဲတက္ခဲ့ပါေသးတယ္။ ဒါ့အျပင္ အျခားဝတ္စံုေတြနဲ႔ Bat Man ဝတ္စံုကိုလည္းဝတ္ဦးမွာျဖစ္တယ္လို႔သိရပါတယ္။ အဲဒီ အင္တာဗ်ဴးနဲ႔ပတ္သက္ျပီး ပရိသတ္ေတြၾကားမွာ ေဝဖန္မႈေတြျမင့္တက္လာခဲ့သလို ဆဲတဲ့သူေတြလည္းရွိခဲ့ေပမယ့္ ေဝဖန္ေနၾကတာေတြနဲ႔ပတ္သက္ျပီးစည္သူပလပ္ကြ်တ္က မီဒီယာေတြကုိ “ကြ်န္ေတာ္က ရင္ထဲမွာ ဘာမွမရွိပါဘူး။ ရင္ထဲမွာအျဖဴေလးပါ။ တစ္ခါဆဲရင္တစ္ခါအားရွိသလိုပဲ။ ဒီနုိိင္ငံက မဟုတ္တာလုပ္ရင္ ဆဲတာေတြမ်ားတယ္။ View ေတြမ်ားတယ္။ ဆဲတယ္ share တယ္ ဆဲတယ္ share တယ္။ အဲ့ေတာ့ ဆဲတာေတာ့ဘာမွမျဖစ္ပါဘူး။ ကြ်န္ေတာ့္ရင္ထဲမွာ”လို႔ ေျဖၾကားထားပါတယ္။

Marvel က ဝတ္စံုေတြလွည့္ဝတ္ျပီးလို႔ အားမရနုိင္ေသးတဲ့စည္သူပလပ္ကြ်တ္ဟာ ေနာက္ဆံုးေတာ့ ဂ်ပန္ Anime ေတြဘက္ကုိလွည့္လို႔လာပါျပီ။မေန႔က ဇန္နဝါရီလ (၂၈) ရက္မွာ စည္သူပလပ္ကြ်တ္က ပြဲတစ္ပြဲကုိ ဂ်ပန္ Anime Naruto ထဲက Itachi Uchiha ရဲ႕ costume အျပည့္အစံုနဲ႔ပြဲတက္လာခဲ့ပါတယ္။ Itachi ပရိသတ္ေတြကေတာ့ အၾကီးအက်ယ္စိတ္ဆင္းရဲေနၾကျပီး အခ်ိဳ႕ကေတာ့ အားေပးေနၾကတာလည္းေတြ႕ရပါတယ္။ စည္သူပလပ္ကြ်တ္ဝတ္ထားတဲ့ Itachi ရဲ႕ ဝတ္စံုဟာ Itachi ဝတ္ထားတာနဲ႔တစ္ခုခုေတာ့လြဲေနတယ္လို႔ဆိုရမွာပါ။ ပရိသတ္ေတြေဝဖန္ေနၾကတာကေတာ့ Itachi ရဲ႕ ဟန္မ်ိဳး၊မာန္မ်ိဳးမရွိဘူးလို႔ေျပာရမွာျဖစ္ျပီး Itachi ဟာ လူတကာကိုမ်က္နွာခ်ိဳေသြးေနတတ္တဲ့အစားထဲကမဟုတ္သလို စည္သူပလပ္ကြ်တ္က Itachi ရဲ႕ ဝတ္စံုကုိ ေကာ္လံကုိေတာင္ က်က်နနလွဲခ်ျပီးဝတ္ထားတာျဖစ္ေလေတာ့ Naruto ပရိသတ္ေတြ ေဒါသူပုန္ထတာလည္းအဆိုးမဆုိပါဘူး။

ဒါ့အျပင္ စည္သူပလပ္ကြ်တ္က သူ႔ရဲ႕လူမႈကြန္ယက္ comment မွာေနာက္တစ္ခါဝတ္မယ့္ဝတ္စံုက Kakashi Hatake ဝတ္စံုကုိဝတ္ဖို႔စဥ္းစားေနပါတယ္လို႔လည္းေရးထားျပီး အဲဒီ comment reply မွာ စိတ္ဆင္းရဲေနၾကတဲ့ Kakashi Fans ေတြကုိ ျမင္ေတြ႕ရမွာျဖစ္ပါတယ္။ေျပာခ်င္လြန္းလို႔ပရိသတ္ၾကီးေရာ Marvel ရဲ႕ ဝတ္စံုေတြအျပင္ Anime ေတြဘက္ပါလွည့္လာတဲ့ စည္သူပလပ္ကြ်တ္ကုိဘာေျပာခ်င္ၾကလဲ။ စည္သူပလပ္ကြ်တ္ကုိထပ္ဝတ္ေစခ်င္တဲ့ဝတ္စံုေတြရွိရင္လည္းေျပာခဲ့ၾကပါဦး။ Can’t Wait To Say

Credit: ေျပာခ်င္လြန္းလို႔

  • Unicode

စည်သူပလပ်ကျွတ်ဟာဆိုရင် အနုပညာနယ်ပယ်မှာအောင်မြင်လာတာမကြာသေးဘူးလို့ဆိုရမှာပါ။ စည်သူပလပ်ကျွတ်က သူ့ရဲ့ ကြောင်သိုင်းသမားဆိုလားဘာလားမသိတဲ့ ပန်းချီကားကြီးကို စျေးကြီးပေးဝယ်ပြီး ခြုံစောင်လုပ်ဝတ်ပစ်တဲ့ အချိန်ကနေစပြီး လူသိများကျော်ကြားလာခဲ့တာဖြစ်သလို show ပွဲတစ်ခုမှာ Marvel ရဲ့ စပိုက်ဒါမန်းဝတ်စုံကြီးဝတ်ပြီး ပရိသတ်တွေကိုဖျော်ဖြေခဲ့ရာမှာ ဝေဖန်တဲ့သူတွေအများကြီးကြားကမှ အားပေးတဲ့သူတွေလည်းရှိခဲ့သလို သူ့ရဲ့အောင်မြင်မှုအရှိန်အဟုန်ကလည်းမြင့်တက်လာတယ်လို့ဆိုရမှာပါ။

စည်သူပလပ်ကျွတ်ဟာ စပိုက်ဒါမန်းဝတ်စုံအပြင် Wakanda Forever ရဲ့ Black Panther ဝတ်စုံကြီးကိုလည်းအကျအနဝတ်ပြီးပွဲတက်ခဲ့ပါသေးတယ်။ ဒါ့အပြင် အခြားဝတ်စုံတွေနဲ့ Bat Man ဝတ်စုံကိုလည်းဝတ်ဦးမှာဖြစ်တယ်လို့သိရပါတယ်။ အဲဒီ အင်တာဗျူးနဲ့ပတ်သက်ပြီး ပရိသတ်တွေကြားမှာ ဝေဖန်မှုတွေမြင့်တက်လာခဲ့သလို ဆဲတဲ့သူတွေလည်းရှိခဲ့ပေမယ့် ဝေဖန်နေကြတာတွေနဲ့ပတ်သက်ပြီးစည်သူပလပ်ကျွတ်က မီဒီယာတွေကို “ကျွန်တော်က ရင်ထဲမှာ ဘာမှမရှိပါဘူး။ ရင်ထဲမှာအဖြူလေးပါ။ တစ်ခါဆဲရင်တစ်ခါအားရှိသလိုပဲ။ ဒီနိုိင်ငံက မဟုတ်တာလုပ်ရင် ဆဲတာတွေများတယ်။ View တွေများတယ်။ ဆဲတယ် share တယ် ဆဲတယ် share တယ်။ အဲ့တော့ ဆဲတာတော့ဘာမှမဖြစ်ပါဘူး။ ကျွန်တော့်ရင်ထဲမှာ”လို့ ဖြေကြားထားပါတယ်။

Marvel က ဝတ်စုံတွေလှည့်ဝတ်ပြီးလို့ အားမရနိုင်သေးတဲ့စည်သူပလပ်ကျွတ်ဟာ နောက်ဆုံးတော့ ဂျပန် Anime တွေဘက်ကိုလှည့်လို့လာပါပြီ။မနေ့က ဇန်နဝါရီလ (၂၈) ရက်မှာ စည်သူပလပ်ကျွတ်က ပွဲတစ်ပွဲကို ဂျပန် Anime Naruto ထဲက Itachi Uchiha ရဲ့ costume အပြည့်အစုံနဲ့ပွဲတက်လာခဲ့ပါတယ်။ Itachi ပရိသတ်တွေကတော့ အကြီးအကျယ်စိတ်ဆင်းရဲနေကြပြီး အချို့ကတော့ အားပေးနေကြတာလည်းတွေ့ရပါတယ်။ စည်သူပလပ်ကျွတ်ဝတ်ထားတဲ့ Itachi ရဲ့ ဝတ်စုံဟာ Itachi ဝတ်ထားတာနဲ့တစ်ခုခုတော့လွဲနေတယ်လို့ဆိုရမှာပါ။ ပရိသတ်တွေဝေဖန်နေကြတာကတော့ Itachi ရဲ့ ဟန်မျိုး၊မာန်မျိုးမရှိဘူးလို့ပြောရမှာဖြစ်ပြီး Itachi ဟာ လူတကာကိုမျက်နှာချိုသွေးနေတတ်တဲ့အစားထဲကမဟုတ်သလို စည်သူပလပ်ကျွတ်က Itachi ရဲ့ ဝတ်စုံကို ကော်လံကိုတောင် ကျကျနနလှဲချပြီးဝတ်ထားတာဖြစ်လေတော့ Naruto ပရိသတ်တွေ ဒေါသူပုန်ထတာလည်းအဆိုးမဆိုပါဘူး။

ဒါ့အပြင် စည်သူပလပ်ကျွတ်က သူ့ရဲ့လူမှုကွန်ယက် comment မှာနောက်တစ်ခါဝတ်မယ့်ဝတ်စုံက Kakashi Hatake ဝတ်စုံကိုဝတ်ဖို့စဉ်းစားနေပါတယ်လို့လည်းရေးထားပြီး အဲဒီ comment reply မှာ စိတ်ဆင်းရဲနေကြတဲ့ Kakashi Fans တွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။ပြောချင်လွန်းလို့ပရိသတ်ကြီးရော Marvel ရဲ့ ဝတ်စုံတွေအပြင် Anime တွေဘက်ပါလှည့်လာတဲ့ စည်သူပလပ်ကျွတ်ကိုဘာပြောချင်ကြလဲ။ စည်သူပလပ်ကျွတ်ကိုထပ်ဝတ်စေချင်တဲ့ဝတ်စုံတွေရှိရင်လည်းပြောခဲ့ကြပါဦး။ Can’t Wait To Say

Credit: ပြောချင်လွန်းလို့

About the author

ilove

Leave a Comment