Shwe News

သည္းခံႏုိင္တဲ့လူေတာင္ ေဒါသအလိပ္လုိက္ထြက္လာမယ့္ အျဖစ္မ်ား

တစ္ခါတေလမွာေတာ့ ဘဝမွာမႏွစ္ၿမိဳ႕စရာျဖစ္ရပ္ေတြနဲ႔ ၾကဳံေတြ႕ရမွာ အေသအခ်ာပါပဲ။ တခ်ဳိ႕ကိစၥေတြက မေတာ္တဆျဖစ္တတ္သလို၊ တခ်ဳိ႕ကေတာ့ အက်င့္မေကာင္းတဲ့သူေတြေၾကာင့္ ၾကဳံရတတ္ပါတယ္။ ေျပာခ်င္လြန္းလို႔ ပရိသတ္ေတြအတြက္ ဒီလိုအျဖစ္အခ်ဳိ႕အား တင္ဆက္ေပးပါရေစ။

၁. လမ္းေလွ်ာက္ျဖတ္ကူးဖို႔ အခ်က္ေပးရမယ့္ ခလုတ္မွာမွ ဝါးၿပီးစား ပီေကကို ကပ္သြားတာပါ။ ဘတ္စ္ကား ေတြေပၚမွာလည္း ဒီလိုအျဖစ္မ်ဳိး ၾကဳံဖူးေကာင္းၾကဳံဖူးၾကပါလိမ့္မယ္။

၂. မလိုအပ္ဘဲ မီးလုံးႀကီးေတြ ဖြင့္ေမာင္းတဲ့သူေတြေၾကာင့္လည္း ကားထူထပ္တဲ့ေနရာမ်ဳိးေတြမွာ အေႏွာင့္အယွက္ျဖစ္ဖူးမွာ အမွန္ပါပဲ။ ပုံထဲက မီးကိုၾကည့္ရတာေတာင္ မ်က္လုံးထဲ ဝင္းၿပီးက်န္ခဲ့ေလာက္တယ္။ အျပင္မွာဆုိရင္ေတာ့ ေျပာမေနနဲ႔။

၃. ဒါကေတာ့ အစားအေသာက္ေတြကို ထုပ္ပုိးတဲ့ေနရာမွာ ပါရင္းစြဲထက္ ပိုမ်ားသလိုလို ထင္ရေအာင္ အသုံးျပဳေလ့ရွိတဲ့ ပုံတစ္ခုပါပဲ။ ဒီဇုိင္းလွပဖို႔ေရာ ထုတ္ကုန္ပါဝင္စရာ ေနရာနည္းသြားေအာင္ေရာ လုပ္ေလ့ရွိပါတယ္။

၄. အမ်ားနဲ႔သက္ဆုိင္တဲ့ ခရီးသြားလာတဲ့ ယာဥ္ေတြေပၚမွာ ဒီလိုလူေတြကို ျမင္ရေလ့ရွိပါတယ္။ လူရွင္းတဲ့ အခ်ိန္မွာ ေနခ်င္သလိုေနတာ ျပႆနာမဟုတ္ေပမယ့္ ေဘးမွာလူေတြရွိေနတာကို အတၱႀကီး တစ္ကုိယ္ေကာင္း ဆန္စြာ လုပ္တတ္တဲ့သူေတြကေတာ့ အသိဥာဏ္ေအာက္ဆုံးအဆင့္ပါပဲ။

၅. ၾကဳံေတြ႕ရခဲေပမယ့္ ၾကဳံေတာ့ ၾကဳံတတ္မယ့္ ကိစၥတစ္ခုပါ။ ေဘာပင္ေတြကို လွလို႔ ဝယ္လုိက္ၿပီး တစ္ခုနဲ႔ တစ္ခု မွင္အေရာင္မတူျဖစ္ေနရင္ စာေရးေနရင္း အသုံးျပဳေနရင္းဆုိ ေတာ္ေတာ္ဒုကၡေရာက္ပါတယ္။ ေရွ႕နဲ႔ ေနာက္ စာလုံးေတြက အေရာင္မတူေတာ့လို႔ပါ။

၆. ကပ္ခြာနဲ႔ ေကာ္ေတြပါတဲ့ ေၾကာ္ျငာေတြကို သူမ်ားကားရဲ႕ မွန္ေတြ ကုိယ္ထည္ေတြမွာလည္း မကပ္သင့္ပါဘူး။ ကိုယ့္အက်ဳိးအျမတ္အတြက္ တပါးသူ စိတ္အေႏွာင့္အယွက္ ျဖစ္ရပါလိမ့္မယ္။

Credit: Namalgyi

  • Unicode version

တစ်ခါတလေမှာတော့ ဘဝမှာမနှစ်မြို့စရာဖြစ်ရပ်တွေနဲ့ ကြုံတွေ့ရမှာ အသေအချာပါပဲ။ တချို့ကိစ္စတွေက မတော်တဆဖြစ်တတ်သလို၊ တချို့ကတော့ အကျင့်မကောင်းတဲ့သူတွေကြောင့် ကြုံရတတ်ပါတယ်။ ပြောချင်လွန်းလို့ ပရိသတ်တွေအတွက် ဒီလိုအဖြစ်အချို့အား တင်ဆက်ပေးပါရစေ။

၁. လမ်းလျှောက်ဖြတ်ကူးဖို့ အချက်ပေးရမယ့် ခလုတ်မှာမှ ဝါးပြီးစား ပီကေကို ကပ်သွားတာပါ။ ဘတ်စ်ကား တွေပေါ်မှာလည်း ဒီလိုအဖြစ်မျိုး ကြုံဖူးကောင်းကြုံဖူးကြပါလိမ့်မယ်။

၂. မလိုအပ်ဘဲ မီးလုံးကြီးတွေ ဖွင့်မောင်းတဲ့သူတွေကြောင့်လည်း ကားထူထပ်တဲ့နေရာမျိုးတွေမှာ အနှောင့်အယှက်ဖြစ်ဖူးမှာ အမှန်ပါပဲ။ ပုံထဲက မီးကိုကြည့်ရတာတောင် မျက်လုံးထဲ ဝင်းပြီးကျန်ခဲ့လောက်တယ်။ အပြင်မှာဆိုရင်တော့ ပြောမနေနဲ့။

၃. ဒါကတော့ အစားအသောက်တွေကို ထုပ်ပိုးတဲ့နေရာမှာ ပါရင်းစွဲထက် ပိုများသလိုလို ထင်ရအောင် အသုံးပြုလေ့ရှိတဲ့ ပုံတစ်ခုပါပဲ။ ဒီဇိုင်းလှပဖို့ရော ထုတ်ကုန်ပါဝင်စရာ နေရာနည်းသွားအောင်ရော လုပ်လေ့ရှိပါတယ်။

၄. အများနဲ့သက်ဆိုင်တဲ့ ခရီးသွားလာတဲ့ ယာဉ်တွေပေါ်မှာ ဒီလိုလူတွေကို မြင်ရလေ့ရှိပါတယ်။ လူရှင်းတဲ့ အချိန်မှာ နေချင်သလိုနေတာ ပြဿနာမဟုတ်ပေမယ့် ဘေးမှာလူတွေရှိနေတာကို အတ္တကြီး တစ်ကိုယ်ကောင်း ဆန်စွာ လုပ်တတ်တဲ့သူတွေကတော့ အသိဉာဏ်အောက်ဆုံးအဆင့်ပါပဲ။

၅. ကြုံတွေ့ရခဲပေမယ့် ကြုံတော့ ကြုံတတ်မယ့် ကိစ္စတစ်ခုပါ။ ဘောပင်တွေကို လှလို့ ဝယ်လိုက်ပြီး တစ်ခုနဲ့ တစ်ခု မှင်အရောင်မတူဖြစ်နေရင် စာရေးနေရင်း အသုံးပြုနေရင်းဆို တော်တော်ဒုက္ခရောက်ပါတယ်။ ရှေ့နဲ့ နောက် စာလုံးတွေက အရောင်မတူတော့လို့ပါ။

၆. ကပ်ခွာနဲ့ ကော်တွေပါတဲ့ ကြော်ငြာတွေကို သူများကားရဲ့ မှန်တွေ ကိုယ်ထည်တွေမှာလည်း မကပ်သင့်ပါဘူး။ ကိုယ့်အကျိုးအမြတ်အတွက် တပါးသူ စိတ်အနှောင့်အယှက် ဖြစ်ရပါလိမ့်မယ်။

Credit: Namalgyi

About the author

Crypoetess

Leave a Comment