Shwe News

မြောင်းမြအကျဉ်း​ထောင်မှာ ဥာဏ်ကောင်းလွန်းတဲ့ ထောင်ဝင်စာ အခုတော့ ခံလိုက်ရပြီ


မြောင်းမြ ဇန်​နဝါရီ ၂၉




ပို့​ဆောင်​ပစ္စည်းများထဲမှ မသင်္ကာဖွယ်ရာပစ္စည်းများ​​တွေ့ရှိရေ​ကြာင်း​​​အကျဉ်းဦးစီးမှသတင်း​​ပေးပို့လာသဖြင့်ေ​​မြာင်းမြမြို့မရဲစခန်းမှတာဝန်မှူးဒုရဲအုပ်​​မောင်​​မောင်​​ရွှေ









  • Unicode

မြောင်းမြအကျဉ်းထောင်တွင် ပြစ်ဒဏ်(၂၉)နှစ်ကျနေသော အကျဉ်းသားအား ထောင်ဝင်စာပစ္စည်းနဲ့အတူ မူးယစ်ဆေးဝါးများ ထည့်သွင်းပေးပို့မှုဖြစ်ပွား

မြောင်းမြ ဇန်နဝါရီ ၂၉

၂၉.၁.၂၀၁၉ နံနက်.၁၁နာရီ၄၅မီးနစ်ခန့်အချိန် ဧရာဝတီတိုင်းဒေသကြီးမြောင်းမြမြို့ အကျဉ်းထောင်တွင်ထောင်ဒဏ်(၂၉)နှစ်ကျနေသော အကျဉ်းသား

နိုင်လင်းထွန်း(ခ)ဖိုးခွေး(ခ)တင်ကိုဦး(၂၈)နှစ်(ဘ)ဦးခင်မောင်ထွေး အမှတ်.၆၂.အောင်မင်္ဂလာလမ်း.ကြူစမ်းကျေးရွာ.မင်္ဂလာဒုံမြို့နယ် အားရန်ကုန်မြို့ပန်းပဲတန်း အမှတ်၁၈.ရပ်ကွက် ဗိုလ်စွန်ပက်လမ်းထိပ်နေသူ

ဇော်မင်းကိုကို.(ခ)ရာမန်(၂၁)နှစ်(ဘ)ဦးဇော်ဝင်းနှင့်မြဝတီမြို့အမှတ်(၂)ရပ်ကွက်ပတ္တမြားလမ်းနေထိုင်သူ မပိုးအိဖြူ (ခ)မပိုးအိ.(၂၄)နှစ်(ဘ)ဦးတင်မြင့်တို့နှစ်ဦးက အကျဉ်းသားနိုင်လင်းထွန်းကိုထောင်ဝင်စာပစ္စည်းများလာပို့စဉ်

ပို့ဆောင်ပစ္စည်းများထဲမှ မသင်္ကာဖွယ်ရာပစ္စည်းများတွေ့ရှိရကြောင်းအကျဉ်းဦးစီးမှသတင်းပေးပို့လာသဖြင့်မြောင်းမြမြို့မရဲစခန်းမှတာဝန်မှူးဒုရဲအုပ်မောင်မောင်ရွှေ

.နယ်ထိမ်းခေါင်းဆောင်ရဲအုပ်အောင်ဆွေမြင့်နှင့်တပ်ဖွဲ့ဝင်များရပ်ကွက်အုပ်မှူးများအကျဉ်းထောင်သို့သွားရောက်စစ်ဆေးကြရာ

CLEAR MENတံဆိပ်ပါခေါင်းလျှော်ရည်ဘူးနှစ်ဘူးအတွင်းထည့်သွင်းယူဆောင်လာသောWYတံဆိပ်ပါပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား(၂၂၀)ပြား(R)တံဆိပ်ပါပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား

(၁၂၈)ပြား.အစိမ်းရောင်ဆေးပြား(၂)ပြားစုစုပေါင်း(၃၅၀)ပြားကိုစစ်ဆေးတွေ့ရှိရကြောင်း၎င်းတို့ကိုင်ဆောင်သောဖုန်းများမှတ်ပုံတင်များယာယီနယ်စပ်ဖြတ်သန်းသွားလာ

ခွင့်လက်မှတ်များနှင့်အတူ YGN BB 4301 PROBOXကားတစ်စီးတို့အားရှာဖွေပုံစံဖြင့်သိမ်းထားကြောင်းမြောင်းမြမြို့တွင်

၂၀၁၉ခုနှစ်အတွင်းပထမဦးဆုးံမူးယစ်အမှုကိုစတင်ကိုင်တွယ်ရသူမြောင်းမြမြို့မရဲစန်းမှတာဝန်မှူးဒုရဲအုပ်မောင်မောင်ရွှေမှ တရားခံများဖြစ်ကြသောအကျဉ်းသား

နိုင်လင်းထွန်းနှင့်မူးယစ်ဆေးဝါးသယ်ယူပို့ဆောင်သူ.ဇော်မင်းကိုကို.မပိုးအိဖြူတို့ကို မယ(ပ)၁/၂၀၁၉မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောပုဒ်မ.၁၉(က)/၂၁

အရစစ်ဆေး၍အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်းသတင်းရရှိပါသည်။

ရဝေမောင်(မြောင်းမြ)/လူခါး(မူခင်းသတင်း)News

About the author

ilove

Leave a Comment