Shwe News
ယနေ့ လူပြောများနေသော ကားကြီးပေါ်ရောက်နေတဲ့ အပေါ်ပိုင်းအဝတ်ဗလာနဲ့ အမျိုးသမီးအား ကူညီမှု
30-1-2019 pm 2:50 မိနစ်
  • Unicode
ကားကြီးပေါ်ရောက်နေတဲ့ အပေါ်ပိုင်းအဝတ်ဗလာနဲ့ အမျိုးသမီးအား ကူညီခဲ့သော်လည်း …
ယနေ့မနက် 9:45 မိနစ်မှာ ဖုန်းဆက်အကူအညီတောင်းလာသည်မှာ တာချီလိတ်မြို့အထွက် ဗျူဟာအရှေ့တွင်အမျိုးသမီးတစ်ဦး အဝတ်မပါဗလာဖြင့် ကားကြီးတစ်စီးကိုတားပြီး ကားပေါ်ရောက်အောင်တွယ်တက်ခါ ကားအမိုးပေါ်အရောက်တွင် ခုန်ချမည့်ဟန်လုပ်လိုက် အော်ခြင်ရာလျှောက်အော်လိုက် ဖြင့် ကားဆရာလည်း ဒုက္ခရောက်နေပါသည်။
ထို့ကြောင့် တာချီလိတ်နာရေးကူညီမှုအသင်းမှ အမြန်ရောက်ရှိသွားခါ အမျိုးသမီးငယ်မှာစိတ်ဖောက်ပြန်နေပြီး ဘယ်လိုမှချော့ပြီးခေါ်၍မရသည့်အဆုံး ကားပေါ်ရောက် အောင်တက်ပြီး အကြမ်းဖက်ပြီးအောက်ကိုရောက်အောင်ခေါ်ပြီး အတင်းချုပ်နှောင်ခဲ့ရပါသည်။
ယောင်္ကျားလေး ( ၅ ) ယောက် မနည်းထိမ်းသိမ်းယူရပါသည်။ သူ့ရဲ့ခြေထောက်ကန်ချက်ကလည်းလေထဲမှာ ဝဲ နေပါတယ်။ ကရာတေးသမားလို့တောင်ပြောလို့ရပါတယ်။ ကျွန်တော်တို့ ကားပေါ်တင်ပြီး ဟောင်လိတ်ရဲစခန်းကိုသတင်းပို့ပြီး သူ့ကိုသိရှိသူက သူ၏အမျိုးသား ကျိုင်းလပ်မှာရှိပါသည်။ ရွာနာမည်ပါပြောပါသည်။
ဒါနဲ့ကျွန်တော်တို့မှတာချီလိတ်မြို့မှ ကျိုင်းလပ်မြို့သို့လိုက်ပါပို့ဆောင်ခဲ့ရာတာလေမြို့နှင့် (၁၅) မိုင်အကွာမှာ အပေါ့ အပါးသွားချင်တယ်ပြော၍ မိန်းကလေးအဖော်ကလည်းမပါ ကားတံခါးကိုဖွင့်ပေးနေစဉ်မှာ အတင်းထွက်ပြေးသွားခဲ့ပါတော့တယ်။
ကျွန်တော်တို့ ဝတ်ပေးထားသော အင်္ကျီကိုလည်း တစ်ခါထဲချွတ်လိုက်ပါတော့တယ် ကျွန်တော်တို့လည်း ဥပေက္ခာ ပြုခဲ့လိုက်ပါပြီ ( သဗ္ဗေ သတ္တာ ကာမ သက္ကာ )
မနက် 9:45 မိနစ်က ကူညီမှု ယနေ့ နေ့လည် 2:00 ထိုးမှအိမ်သို့ပြန်ရောက်ပါတယ်ခင်ဗျာ
သတင်းဓါတ်ပုံ – Ko Hla Moe
တာချီလိတ်နာရေးကူညီမှုအသင်း
30-1-2019 pm 2:50 မိနစ်
About the author
ilove
Leave a Comment