Shwe News

ယေန႔ဖြင့္လွစ္ (၂၃) ၾကိမ္ေျမာက္ေအာင္ဘာေလထီဖြင့္ပြဲမွ က်ပ္သိန္းတစ္ေသာင္းဆုရွင္

ဓႏုျဖဴကဆိုေတာ ဝမ္းသာတယ္ဗ်ာ

1.2.2019 ( ေသာျကာေန႔ )

ယေန႔ဖြင့္လွစ္ (၂၃) ၾကိမ္ေျမာက္ေအာင္ဘာေလထီဖြင့္ပြဲမွ …

” ယ- ၉၄၅၁၅၀ ” နံပါတ္ျဖင့္သိန္းတစ္ေသာင္းဆုၾကီးအား…

ဓႏုျဖဴ(ကံေတာ္ၾကီးနွင္႔မိုးယံေရႊလမင္း)ထီဆိုင္မွဆြတ္ခူးျပီး…

ကံထူးရွင္မွာ-ကိုေက်ာ္စည္ (၁၂) ရပ္ကြက္ (၄) လမ္းမွျဖစ္ေၾကာင္းဝမ္းေျမာက္စြာသတင္းရရွိပါသည္

ဂုဏ္ယူဝမ္းေျမာက္ပီတိျဖစ္မိပါသည္

Kyaw Thuya ( Danuphyu )
သိန္းတစ္ေသာင္း ထီေပါက္ရင္ ဆုေငြ ထုတ္ယူရမယ့္ အဆင့္မ်ားႏွင့္ လုိအပ္သည့္ စာရြက္စာတမ္းမ်ား

သိန္းတစ္ေသာင္း ထီေပါက္ရင္ ဆုေငြ ထုတ္ယူရမယ့္ အဆင့္မ်ားနဲ႔ လုိအပ္တဲ့ စာရြက္စာတမ္းမ်ားကုိ ေဖာ္ျပ ေပးလုိက္ပါတယ္-

ပထမအဆင့္

(၁) သန္းေခါင္စာရင္း မူရင္းျပ၍ မိတၱဴ ေပးရပါသည္။

(၂) မွတ္ပံုတင္ မူရင္းျပ၍ မိတၱဴ ေပးရပါသည္။

(၃) ပတ္စ္ပုိ႔စ္ ဓာတ္ပံု ၁ ပံု ေပး၍ ေအာင္ဘာေလ ထီလက္မွတ္ နံပါတ္ႏွင့္ ထီေပါက္သူ၏ အမည္၊ မွတ္ပံုတင္နံပါတ္၊ ေနရပ္လိပ္စာ၊ ဆက္သြယ္ရန္ ဖုန္းနံပါတ္တုိ႔ကုိ ျဖည့္စြက္ ေရးသား၍ ဝဲဖက္လက္မျဖင့္ လက္ေဗြႏွိပ္ေပး ရပါသည္။

(၃) ထီလက္မွတ္မ်ား၏ ေနာက္ေက်ာဖက္တြင္ ဝဲဖက္လက္မ၏ လက္ေဗြႏွိပ္ၿပီး လက္မွတ္ထုိး ရပါသည္။

(၄) ပတ္စ္ပုိ႔စ္ ဓာတ္ပံု ၂ ပံု ထပ္ေပး၍ ေငြျဖဴအျဖစ္ ေၾကျငာရန္ ထပ္မံ၍ ေဖာင္ျဖည့္ၿပီး တံဆိပ္ေခါင္း ၃၀၀ က်ပ္တန္ တစ္ခု ကပ္ ေလွ်ာက္ထား ရပါမည္။ တစ္လၾကာမွ တစ္ေခါက္ျပန္ သြား၍ ေငြျဖဴျဖစ္ေၾကာင္း ေထာက္ခံစာ ရမည္ဟု သိရပါသည္။ (တံဆိပ္ေခါင္း ၃၀၀ က်ပ္တန္ကို ေအာင္ဘာေလထီဆုေငြ ထုတ္ေပးေသာ ၃၇ လမ္းတြင္ မေရာင္းပါ။ ၃၆ လမ္းသုိ႔ သြား၍ တန္းစီ ဝယ္ရပါသည္။ တန္းမစီခ်င္ပါက အျပင္ဖက္၌ အန္တီတစ္ေယာက္ ထံတြင္ ၅၀၀ က်ပ္ေပး၍ ဝယ္ႏုိင္ပါသည္။)

ဒုတိယအဆင့္

(၁) ပထမအဆင့္ အားလံုးၿပီးပါက မိမိ၏ ထီလက္​မွတ္​ အတြက္​ စစ္​​ေဆးမႈကို ၂ နာရီခန္​႔ ​ေစာင့္ရပါသည္​။

(၂) စစ္​​ေဆးမႈ ခံယူၿပီး​ေသာအခါ ဆု​ေၾကး​ေငြအတြက္​ ခ်က္​လက္​မွတ္​ ယူရန္​ ဆု​ေၾကး​ေငြထုတ္​​ေပး​ေသာဌာနခန္​းသို႔ သြားရပါမည္။

(၃) ၁ နာရီခန္​႔ ၾကာလ်ွင္​ အမည္​​ေခၚ၍ လက္​မွတ္​ထိုးခိုင္​းၿပီး ခ်က္​လက္​မွတ္​ ထုတ္​​ေပးပါမည္။

တတိယအဆင့္

(၁) ဆုေၾကးေငြ ခ်က္လက္မွတ္ကုိ ျမန္မာ့စီးပြားေရး ဘဏ္ခြဲ အမွတ္ (၅) သုိ႔ သြား၍ ထုတ္ယူ ရပါသည္။ (ဘဏ္ (၅) သုိ႔ ဆုေၾကးေငြ ထုတ္ယူဖုိ႔ သြားမည္ဆုိပါက ေန႔လည္ ၃ နာရီ မထုိးခင္ အေရာက္သြားမွ ထုတ္ယူႏုိင္ပါသည္။ သုိ႔မဟုတ္ပါက ေနာက္တစ္ေန႔မွ ထုတ္ယူ ရႏုိင္ပါသည္။)

အထက္ပါ အဆင့္မ်ားသည္ ေအာင္ဘာေလ ထီရံုးခြဲမ်ားတြင္ မထုတ္ေပးသည့္ ထီဆုႀကီးမ်ား အားလံုးအတြက္ ဆုေငြ ထုတ္ပံုထုတ္နည္း ျဖစ္ပါသည္။ အားလံုးပဲ မနက္ျဖန္က်ရင္ ကံေကာင္းၾကပါေစဗ်ာ။

Credit – Original Uploader

  • Unicode

ဓနုဖြူကဆိုတော ဝမ်းသာတယ်ဗျာ

1.2.2019 ( သောကြာနေ့ )

ယနေ့ဖွင့်လှစ် (၂၃) ကြိမ်မြောက်အောင်ဘာလေထီဖွင့်ပွဲမှ …

” ယ- ၉၄၅၁၅၀ ” နံပါတ်ဖြင့်သိန်းတစ်သောင်းဆုကြီးအား…

ဓနုဖြူ(ကံတော်ကြီးနှင့်မိုးယံရွှေလမင်း)ထီဆိုင်မှဆွတ်ခူးပြီး…

ကံထူးရှင်မှာ-ကိုကျော်စည် (၁၂) ရပ်ကွက် (၄) လမ်းမှဖြစ်ကြောင်းဝမ်းမြောက်စွာသတင်းရရှိပါသည်

ဂုဏ်ယူဝမ်းမြောက်ပီတိဖြစ်မိပါသည်

Kyaw Thuya ( Danuphyu )
သိန်းတစ်သောင်း ထီပေါက်ရင် ဆုငွေ ထုတ်ယူရမယ့် အဆင့်များနှင့် လိုအပ်သည့် စာရွက်စာတမ်းများ

သိန်းတစ်သောင်း ထီပေါက်ရင် ဆုငွေ ထုတ်ယူရမယ့် အဆင့်များနဲ့ လိုအပ်တဲ့ စာရွက်စာတမ်းများကို ဖော်ပြ ပေးလိုက်ပါတယ်-

ပထမအဆင့်

(၁) သန်းခေါင်စာရင်း မူရင်းပြ၍ မိတ္တူ ပေးရပါသည်။

(၂) မှတ်ပုံတင် မူရင်းပြ၍ မိတ္တူ ပေးရပါသည်။

(၃) ပတ်စ်ပို့စ် ဓာတ်ပုံ ၁ ပုံ ပေး၍ အောင်ဘာလေ ထီလက်မှတ် နံပါတ်နှင့် ထီပေါက်သူ၏ အမည်၊ မှတ်ပုံတင်နံပါတ်၊ နေရပ်လိပ်စာ၊ ဆက်သွယ်ရန် ဖုန်းနံပါတ်တို့ကို ဖြည့်စွက် ရေးသား၍ ဝဲဖက်လက်မဖြင့် လက်ဗွေနှိပ်ပေး ရပါသည်။

(၃) ထီလက်မှတ်များ၏ နောက်ကျောဖက်တွင် ဝဲဖက်လက်မ၏ လက်ဗွေနှိပ်ပြီး လက်မှတ်ထိုး ရပါသည်။

(၄) ပတ်စ်ပို့စ် ဓာတ်ပုံ ၂ ပုံ ထပ်ပေး၍ ငွေဖြူအဖြစ် ကြေငြာရန် ထပ်မံ၍ ဖောင်ဖြည့်ပြီး တံဆိပ်ခေါင်း ၃၀၀ ကျပ်တန် တစ်ခု ကပ် လျှောက်ထား ရပါမည်။ တစ်လကြာမှ တစ်ခေါက်ပြန် သွား၍ ငွေဖြူဖြစ်ကြောင်း ထောက်ခံစာ ရမည်ဟု သိရပါသည်။ (တံဆိပ်ခေါင်း ၃၀၀ ကျပ်တန်ကို အောင်ဘာလေထီဆုငွေ ထုတ်ပေးသော ၃၇ လမ်းတွင် မရောင်းပါ။ ၃၆ လမ်းသို့ သွား၍ တန်းစီ ဝယ်ရပါသည်။ တန်းမစီချင်ပါက အပြင်ဖက်၌ အန်တီတစ်ယောက် ထံတွင် ၅၀၀ ကျပ်ပေး၍ ဝယ်နိုင်ပါသည်။)

ဒုတိယအဆင့်

(၁) ပထမအဆင့် အားလုံးပြီးပါက မိမိ၏ ထီလက်မှတ် အတွက် စစ်ဆေးမှုကို ၂ နာရီခန့် စောင့်ရပါသည်။

(၂) စစ်ဆေးမှု ခံယူပြီးသောအခါ ဆုကြေးငွေအတွက် ချက်လက်မှတ် ယူရန် ဆုကြေးငွေထုတ်ပေးသောဌာနခန်းသို့ သွားရပါမည်။

(၃) ၁ နာရီခန့် ကြာလျှင် အမည်ခေါ်၍ လက်မှတ်ထိုးခိုင်းပြီး ချက်လက်မှတ် ထုတ်ပေးပါမည်။

တတိယအဆင့်

(၁) ဆုကြေးငွေ ချက်လက်မှတ်ကို မြန်မာ့စီးပွားရေး ဘဏ်ခွဲ အမှတ် (၅) သို့ သွား၍ ထုတ်ယူ ရပါသည်။ (ဘဏ် (၅) သို့ ဆုကြေးငွေ ထုတ်ယူဖို့ သွားမည်ဆိုပါက နေ့လည် ၃ နာရီ မထိုးခင် အရောက်သွားမှ ထုတ်ယူနိုင်ပါသည်။ သို့မဟုတ်ပါက နောက်တစ်နေ့မှ ထုတ်ယူ ရနိုင်ပါသည်။)

အထက်ပါ အဆင့်များသည် အောင်ဘာလေ ထီရုံးခွဲများတွင် မထုတ်ပေးသည့် ထီဆုကြီးများ အားလုံးအတွက် ဆုငွေ ထုတ်ပုံထုတ်နည်း ဖြစ်ပါသည်။ အားလုံးပဲ မနက်ဖြန်ကျရင် ကံကောင်းကြပါစေဗျာ။

Credit – Original Uploader

About the author

ilove

Leave a Comment