TECH NEWS
သတင်းအတုတွေဖယ်ရှားဖို့အတွက် ဒေါ်လာ၂၅ သန်းသုံးစွဲသွားမယ့် YouTube
  • (Unicode)
သတင်းအတုတွေဖယ်ရှားဖို့ ဒေါ်လာ၂၅သန်းသုံးစွဲသွားမယ်လို့ YouTube ကတရားဝင်ပြောကြားသွားပါတယ်။ အရင်က Google ပေါ်ရှိ သတင်းအတုတွေ ဖယ်ထုတ်ဖို့အတွက် သန်း ၃၀၀ ကို အသုံးပြုခဲ့ပြီး
အဆိုပါသတင်းအတုတွေကြောင့် YouTube အတွက်များစွာထိခိုက်နစ်နာစေခဲ့ပါတယ်။လွန်ခဲ့တဲ့နှစ်တွေကတင်ရှိထားသော သတင်းတုများ၊ အကြမ်းဖက်ဗီဒီယိုများနှင့် အသက်မပြည့်သေးသူများကြည့်ရှှုရန်မသင်တဲ့ ဗီဒီယိုပေါင်းတစ်သိန်းခွဲကို website ပေါ်ကဖယ်ရှားခဲ့ပြီးဖြစ်ပါတယ်။
YouTube Kids App တွင်လည်း အကြမ်းဖက်ဗီဒီယိုများ ပျံ့နှံ့မှုမရှိအောင် YouTubeက ကာကွယ်လုပ်ဆောင်သွားမှာဖြစ်ပြီး YouTuber တွေအတွက်လည်း အထူးသတင်းနဲ့ အရေးကြီးသတင်းတွေ ရှာရလွယ်အောင်ပြုလုပ်ပေးသွားမှာဖြစ်ပြီး ဒေသအတွင်း သတင်းများကိုလည်း ထပ်တိုးလုပ်ဆောင်သွားမှာဖြစ်ပါတယ်။
ထို့အပြင် “မတူကွဲပြားမှုတွေကနေ ကမာပေါ်မှာဘာတွေဖြစ်နေတယ်ဆိုတဲ့အကြောင်းကို နေ့စဉ်နဲ့အမျှ Youtube မှာလာရောက်အသုံးပြုနေသူအတွက် အကောင်းဆုံးဖြည့်ဆည်းပေးနိုင်ဖို့ ကျွန်တော်တို့အလုပ်တွေအများကြီးလုပ်ဖို့ လိုတယ်ဆိုတာ ကျွန်တော်တို့သိပါတယ်။” လို့ ထုတ်ဖော်ပြောပြခဲ့ပါတယ်။
Kyaw Kyaw (နည်းပညာချစ်သူ)
About the author
ShweLight
Leave a Comment