MOBILE Review

၁၈ရက်နေ့မှာ ဈေးကွက်ထဲကို စတင်ဝင်ရောက်လာတော့မယ့် အလန်းစား Huawei Nova 3.






  • (Unicode)

လာမည့် ၁၈ရက်နေ့မှစတင်ပြီး Huawei က အသစ်ထုတ်လုပ်လိုက်တဲ့ Nova 3 ဟာ
ဈေးကွက်ထဲ စတင်ဝင်ရောက်လာတော့မှာဖြစ်ပါတယ်။ အားလုံးမထင်မှတ်ထားတဲ့အတိုင်း Huawei P20ဖုန်းမှာ အသုံးပြုထားတဲ့ Kirin 70 chipset နဲ့အတူပွဲထွက်လာတဲ့အပြင် အရင်က ထွက်ပေါ်လာတဲ့ သတင်းတွေအတိုင်း Ram 6GB နဲ့ Dual Camera တပ်ဆင်ထားတာကြောင့် Nova series ထဲမှာ အကောင်းဆုံး ဖုန်းတစ်လုံးလို့ပြောရင်လဲမမှားပါဘူး။

Battery အနေနဲ့ 3750mAH ပါဝင်ပြီး Huaweiရဲ့ ကိုယ်ပိုင်နည်းပညာဖြစ်တဲ့  Huawei Super Charge ကိုထည့်သွင်းထားတဲ့ကြောင့် Huawei P20 ထက်တောင်သာလွန်နေပါတယ်။
Screen Size 6′ 3” နဲ့ Full HD resolution အသုံးပြုထားတာကြောင့် P20 Lite များလို့တောင်ထင်မှတ်ရတယ်။

ကင်မရာပိုင်းကတော့ Back Camera နှစ်လုံးအနေနဲ့ 16 MP RGB 24MP Monochrme ပါဝင်လာပြီး
Font Camera နှစ်လုံးအနေနဲ့ 24MP 2MP ပါဝင်လာတာကြောင့် ဓာတ်ပုံရိုက်ဝါသနာရှင်တွေအတွက်
တော့မလှတော့မှာစိတ်မပူရတော့ဘူးပေါ့။

Android Oreo Version ကိုအခြေခံပြီး Lastest Vesion 8.2 အသုံးပြုထားပါတယ်။ 3D Qmoj လည်းပါဝင်လာမည့်အပြင် အခြားသော AI နည်းပညာတွေလဲထည့်သွင်းထားပါတယ်။ အနက်၊ ခရမ်း၊ အပြာ၊ ရွှေရောင် ကာလာလေးမျိုးနဲ့ထွက်ရှိလာဖြစ်ပြီး ဈေးကွက်ထဲမှာ မကြာခင် ဝင်ရောက်လာမှာဖြစ်လို့ Huawei ချစ်သူတွေကို သတင်းကောင်းပါးလိုက်ပါတယ်။

Kyaw Kyaw Khaing (နည်းပညာချစ်သူ)

About the author

ShweLight

Leave a Comment