Shwe News

မင္းေသြးနဲ႔ ပတ္သက္ျပီးသတိေပးစာ ထုတ္လိုက္တဲ့ မင္းေသြးမိသားစု

ျပည္သူေတြ လက္ခံအားေပးတဲ့ မင္းသားတလက္ျဖစ္တဲ့ သရုပ္ေဆာင္ မင္းေသြးကေတာ့ ျပီးခဲ့တဲ့ ၂၀၁၈ ေအာက္တိုဘာလ ၃ ရက္ေန႔မွာေတာ့ ေဘာလံုးကန္ရင္ ရုတ္တရတ္ Heart Attack ျဖစ္ျပီး ဆံုးပါးသြားခဲ့တာ ျဖစ္ပါတယ္။ လက္ရွိမွာေတာ့ သရုပ္ေဆာင္မင္းေသြး ကြယ္လြန္သြားခဲ့တာ ၄ လရွိခဲ့ျပီ ျဖစ္ပါတယ္။ သို႔ေပမယ့္လည္း သရုပ္ေဆာင္မင္းေသြးကိုေတာ့ သူ႔ရဲ့ မိသားစုေတြနဲ႔ ပရိသတ္ေတြကေတာ့ ယေန႔ထိကို မေမ့ႏိုင္ၾကေသးပါဘူး။

သရုပ္ေဆာင္ မင္းေသြးကြယ္လြန္ျပီး ၄ လအၾကာမွာေတာ့ က်န္ရစ္သူ မိသားစုကေတာ့ ျပီးခဲ့တဲ့ ေဖေဖာ္ဝါရီ ၁၀ ရက္ေန႔မွာ ေမတၱာရပ္ခံခ်က္ သတိေပးစာတေစာင္ ထုတ္ျပန္ခဲ့ပါတယ္။ ယင္း သတိေပးေမတၱာရပ္ခံခ်က္ စာကိုေတာ့ မင္းေသြးရဲ့ ညီမေလးျဖစ္သူ ဆုမြန္ရဲ့ ေဖ့ဘုတ္အေကာင့္မွာ ေဖာ္ျပခဲ့တာ ျဖစ္ပါတယ္။ “ကြယ္လြန္သူ သရုပ္ေဆာင္ အဆုိေတာ္ မင္းေသြးႏွင့္ ပတ္သက္၍ မိသားစုဝင္မ်ားမွ ေမတၱာရပ္ခံခ်က္” ဆိုျပီး ေခါင္းစဥ္တက္ထားကာ

“ရုပ္ရွင္သရုပ္ေဆာင္ အဆုိေတာ္မင္းေသြးအား ယေန႔အခ်ိန္ထိ ခ်စ္ခင္အားေပးေနၾကျခင္းအတြက္ အထူးပင္ေက်းဇူးတင္လွ်က္ရွိပါသည္။ ယခုအခါ ကြယ္လြန္သူ ရုပ္ရွင္သရုပ္ေဆာင္ အဆုိေတာ္ မင္းေသြး နာမည္အား အသုံးျပဳၿပီး အလွဴဒါနျပဳျခင္း၊ ေငြေၾကးေကာက္ခံျခင္း၊ လူမႈစာမ်က္ႏွာမ်ားေတြ တင္ျခင္း၊ မီဒီယာမ်ားတြင္ တင္ျခင္း၊ မင္းေသြးႏွင့္ ေဆြမ်ဳိးတစ္သုိက္ Group နာမည္သုံးၿပီး Admin မသိရွိပဲ အလွဴဒါနျပဳျခင္းမ်ား၊ MT Logo အသုံးျပဳျခင္းမ်ားအား မိသားစုဝင္မ်ားမွ အသိအမွတ္မျပဳေၾကာင္း ေမတၱာရပ္ခံအပ္ပါသည္။ ျပဳလုပ္သည္ကုိ သိရွိပါက ထိေရာက္စြာ အေရးယူသြားမွာျဖစ္ေၾကာင္း ႀကိဳတင္ အသိေပးအပ္ပါသည္” ဆိုျပီးေတာ့ တင္ထားတာ ျဖစ္ပါတယ္။

မင္းေသြးအတြက္ သူ႔မိသားစုဝင္ကေတာ့ လတိုင္း အလွဴအတန္းေတြ ျပဳလုပ္ေပးေနျပီး အကိုျဖစ္သူ ေနတိုးကလည္း ညီေလး မင္းေသြးအတြက္ ရည္စူးျပီး အလွဴတန္းေတြ ျပဳလုပ္ေပးေနတာကို ေတြ႔ရပါတယ္။ ဒီလိုအေၾကာင္းရာေတြကိုလည္း အင္တာဗ်ဴးေတြမွာ ေျဖၾကားထားတာကို ေတြ႔ရပါတယ္။ ဒါေၾကာင့္ မိသားစုဝင္ေတြ မသိပဲ MT logo ေတြအသံုးျပဳျပီး အလွဴတန္းေကာင္ခံတာေတြကို သတိေပးလိုက္တာလည္း ျဖစ္ပါတယ္။

Credit : Nanmalgyi.com

  • Unicode Version

ပြည်သူတွေ လက်ခံအားပေးတဲ့ မင်းသားတလက်ဖြစ်တဲ့ သရုပ်ဆောင် မင်းသွေးကတော့ ပြီးခဲ့တဲ့ ၂၀၁၈ အောက်တိုဘာလ ၃ ရက်နေ့မှာတော့ ဘောလုံးကန်ရင် ရုတ်တရတ် Heart Attack ဖြစ်ပြီး ဆုံးပါးသွားခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ သရုပ်ဆောင်မင်းသွေး ကွယ်လွန်သွားခဲ့တာ ၄ လရှိခဲ့ပြီ ဖြစ်ပါတယ်။ သို့ပေမယ့်လည်း သရုပ်ဆောင်မင်းသွေးကိုတော့ သူ့ရဲ့ မိသားစုတွေနဲ့ ပရိသတ်တွေကတော့ ယနေ့ထိကို မမေ့နိုင်ကြသေးပါဘူး။

သရုပ်ဆောင် မင်းသွေးကွယ်လွန်ပြီး ၄ လအကြာမှာတော့ ကျန်ရစ်သူ မိသားစုကတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ မေတ္တာရပ်ခံချက် သတိပေးစာတစောင် ထုတ်ပြန်ခဲ့ပါတယ်။ ယင်း သတိပေးမေတ္တာရပ်ခံချက် စာကိုတော့ မင်းသွေးရဲ့ ညီမလေးဖြစ်သူ ဆုမွန်ရဲ့ ဖေ့ဘုတ်အကောင့်မှာ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ “ကွယ်လွန်သူ သရုပ်ဆောင် အဆိုတော် မင်းသွေးနှင့် ပတ်သက်၍ မိသားစုဝင်များမှ မေတ္တာရပ်ခံချက်” ဆိုပြီး ခေါင်းစဉ်တက်ထားကာ

“ရုပ်ရှင်သရုပ်ဆောင် အဆိုတော်မင်းသွေးအား ယနေ့အချိန်ထိ ချစ်ခင်အားပေးနေကြခြင်းအတွက် အထူးပင်ကျေးဇူးတင်လျှက်ရှိပါသည်။ ယခုအခါ ကွယ်လွန်သူ ရုပ်ရှင်သရုပ်ဆောင် အဆိုတော် မင်းသွေး နာမည်အား အသုံးပြုပြီး အလှူဒါနပြုခြင်း၊ ငွေကြေးကောက်ခံခြင်း၊ လူမှုစာမျက်နှာများတွေ တင်ခြင်း၊ မီဒီယာများတွင် တင်ခြင်း၊ မင်းသွေးနှင့် ဆွေမျိုးတစ်သိုက် Group နာမည်သုံးပြီး Admin မသိရှိပဲ အလှူဒါနပြုခြင်းများ၊ MT Logo အသုံးပြုခြင်းများအား မိသားစုဝင်များမှ အသိအမှတ်မပြုကြောင်း မေတ္တာရပ်ခံအပ်ပါသည်။ ပြုလုပ်သည်ကို သိရှိပါက ထိရောက်စွာ အရေးယူသွားမှာဖြစ်ကြောင်း ကြိုတင် အသိပေးအပ်ပါသည်” ဆိုပြီးတော့ တင်ထားတာ ဖြစ်ပါတယ်။

မင်းသွေးအတွက် သူ့မိသားစုဝင်ကတော့ လတိုင်း အလှူအတန်းတွေ ပြုလုပ်ပေးနေပြီး အကိုဖြစ်သူ နေတိုးကလည်း ညီလေး မင်းသွေးအတွက် ရည်စူးပြီး အလှူတန်းတွေ ပြုလုပ်ပေးနေတာကို တွေ့ရပါတယ်။ ဒီလိုအကြောင်းရာတွေကိုလည်း အင်တာဗျူးတွေမှာ ဖြေကြားထားတာကို တွေ့ရပါတယ်။ ဒါကြောင့် မိသားစုဝင်တွေ မသိပဲ MT logo တွေအသုံးပြုပြီး အလှူတန်းကောင်ခံတာတွေကို သတိပေးလိုက်တာလည်း ဖြစ်ပါတယ်။

Credit : Nanmalgyi.com

About the author

Crypoetess

Leave a Comment