Shwe News

ဖခင္တစ္ေယာက္ရဲ႕ ေမတၱာကို သိပ္လိုခ်င္ခဲ့တာဆိုတဲ့ ခိုင္ႏွင္းေဝ

ခိုင္ႏွင္းေဝက သူခံစားေနရတဲ့ ခံစားခ်က္တခ်ိဳ႕ကို ရင္ဖြင့္ထားတာေတြ႕ရပါတယ္။ အဲ့ဒီခံစားခ်က္က သူ႕ရဲ႕ ဘဝမွာ ဖခင္တစ္ေယာက္ရဲ႕ ေမတၱာကို သိပ္လိုခ်င္ခဲ့တာလို႕ ဆုိပါတယ္။သူရင္ဖြင့္ထားတဲ့ စာကိုေတာ့ သူမရဲ႕ မိခင္ကို မဖတ္ေစခ်င္ဘူးတဲ့။

ပရဟိတမင္းသမီးေခ်ာေလး ခိုင္ႏွင္းေဝက သူေမြးဖြားလာကတည္းက ယေန႕အထိ ဖခင္ေမတၱာကို မရခဲ့ဖူးဘူးလို႕ ဆုိပါတယ္။ အဲ့ဒါေၾကာင့္ သူ႕အေနနဲ႕ ဖခင္တစ္ေယာက္ရဲ႕ ေမတၱာကို သိပ္လိုခ်င္ခဲ့တယ္ဆိုၿပီး ေျပာထားတာပါ။

“ကြၽန္မ ဘဝမွာ ေမြးဖြားလာစဥ္ကေန ယေန႔ထိ အေဖရဲ႕ေမတၱာကို မရရိွခဲ့ဖူး ဝန္ခံရ ရင္ ကြၽန္မ ဖခင္တေယာက္ရဲ႕ ေမတၱာကို သိပ္လိုခ်င္ခဲ့တယ္ေလ ကြၽန္မ မွာ အေမပဲရိွတယ္ ကြၽန္မနားမွာ ကြၽန္မေရွ႕မွာ အေမပဲရိွတယ္ က်မအေဒၚေတြ ဦးေလးေတြရွိတယ္။ ကြၽန္မ အေဖေမတၱာလို ခ်င္ေၾကာင္းဖြင့္ဟမိရင္ အေမစိတ္မေကာင္းမွာစိုးလို႔ တေယာက္ထဲ ႀကိတ္ခံစားခဲ့ရတဲ့ ေဝဒနာကို ကြၽန္မလို Broken Family က လူေတြ နားလည္ၾကမွာပါ “ ဆိုၿပီး သူမရဲ႕ ေဖ့စ္ဘြတ္မွာ ေဖေဖာ္ဝါရီ(၁၁) ရက္ေန႕က ေရးသားထားတာေတြ႕ရပါတယ္။

ဆက္လက္ၿပီးေတာ့လည္း သူမရဲ႕ဘဝမွာ အခက္အခဲၾကံဳလာတိုင္း တံတိုင္းႀကီးလို မားမားမတ္မတ္ ရပ္တည္ေပးမယ့္ အေဖကို လိုခ်င္ခဲ့မိတယ္လို႕ ဆုိပါတယ္။

“ကြၽန္မေလ .ကြၽန္မေရွ႕မွာ ႀကံဳလာတဲ့အခက္ခဲတိုင္းကို တံတိုင္းႀကီးလို မားမားမတ္မတ္ ရပ္တည္ၿပီး ငါ့သမီးေလးကို မထိနဲ႔ဆိုၿပီး ကာကြယ္ေပးမယ့္ အေဖ လိုခ်င္တာ ေပါ့ ကြၽန္မကို တျခားလူေတြနဲ႔ဆက္ဆံတဲ့ အခါ အယံုမလြယ္ဖို႔ ကြၽန္မအေပၚအႏိုင္က်င့္ေစာ္ကားတာမ်ဳိး မျဖစ္ေစရ ေအာင္ ဖခင္ေမတၱာနဲ႔ ဆံုးမေပးမယ့္ အေဖမ်ဳိး လိုခ်င္တာေပါ့ ကြၽန္မနားကိုေရာက္လာ မယ့္ အႏၲရယ္ေတြကို ငါ့သမီးထိ ဓားၾကည့္ ဆိုၿပီး အသင့္ရိွေနတတ္တဲ့အေဖမ်ဳိး လိုခ်င္တာေပါ့” လို႕ ဆုိပါတယ္။

တစ္ခါတေလ သူ႕ကို လူေတြအႏုိင္က်င့္ရင္ ၊ တန္ဖိုးမထားၾကရင္၊ သူ႕မွာ အေဖမရွိလို႕မ်ား ဒီလို လုပ္တာလားဆိုၿပီး ဆက္ေမးထားပါေသးတယ္။

သူမအေနနဲ႕လည္း မိန္းမသားတစ္ဦးျဖစ္တာေၾကာင့္ သူမရဲ႕ ေရွ႕မွာ ကာကြယ္ေပးမယ့္လူ ၊ မားမားမတ္မတ္ရပ္တည္ေပးမယ့္ လူမ်ိဳး လုိခ်င္လာမိတယ္လို႕ ခိုင္ႏွင္းေဝက ဆက္ေျပာထားပါေသးတယ္။

“ကြၽန္မဘဝကို အားငယ္ျခင္းေတြ သိမ္ငယ္ျခင္းေတြ စိတ္ဓာတ္က်ျခင္းေတြ ဆိုတာ မရွိေအာင္ ကြၽန္မ ေနခဲ့ေပမယ့္ အေမနဲ႔ေဆြမ်ိဳးေတြမသိေအာင္အၿမဲတိတ္တိတ္ေလးအားငယ္မိတယ္ ကြၽန္မ လူေတြကိုယံုၾကည္တယ္ ေမတၱာေလးနည္းနည္းေပးရင္ သူတို႔ ဘာေျပာေျပာ လုပ္တယ္ဆိုတာ ကြၽန္မ ေမတၱာငတ္ခဲ့လို႔ပါ ကြၽန္မ သိပ္အေဖာ္မင္လို႔ပါ ကြၽန္မ မိသားစုက မရတဲ့ ေမတၱာေတြ အခ်စ္ေတြ ေတာင့္တမိလို႔ပါ ကြၽန္မ မ်က္ႏွာ မာတယ္ဆိုတာ ကြၽန္မရဲ႕ အားငယ္မႈေတြကို Cover လုပ္ထားတာပါ .ကြၽန္မဘဝထဲကို ေမတၱာစစ္မေပးႏိုင္ပဲ ထပ္မဝင္လာၾကပါနဲ႔ေတာ့လုပ္ခ်င္သလိုလုပ္ ေျပာခ်င္သလိုေျပာ ဪ ငါေျပာလိုက္ရင္ၿပီးတာပဲ သူက ကေလးလိုပဲ ငါၿပီးရင္ၿပီးတယ္ ငါ့ကိုယံုတယ္ ငါ့ကိုသူလိုအပ္တာပဲ ဆိုတဲ့အခ်ဳိးေတြ ကြၽန္မ ေၾကာက္ေနပါၿပီ အစစ္အမွန္မဟုတ္တဲ့ ေမတၱာ ေစတနာ ေတြကို ကြၽန္မ အမွန္တကယ္ ေမတၱာငတ္မြတ္သူမို႔ ထပ္လာမေပးၾကပါနဲ႔ေတာ့” လို႕ ဆိုပါတယ္။

ဘဝဆက္တိုင္းဆက္တိုင္းလည္း မိသားစုေမတၱာ ငတ္မြတ္မႈကို မခံစားရပါေစနဲ႕လို အၿမဲဆုေတာင္းတယ္ဆိုၿပီး ေျပာထားပါေသးတယ္။

“သားသမီးေတြကို ဂ႐ုစိုက္တဲ့အေဖေတြ ေတြ႕ရင္ ကြၽန္မ ေငးၿပီး အားက်ေနရသူမို႔ အေဖေမတၱာရၾကတဲ့ အေဖရိွေနေသးတဲ့ လူသားတိုင္း အေဖေမတၱာ အေမ ေမတၱာကို ရေနတုန္း တန္ဖိုးထားတတ္ၾကဖို႔ ကြၽန္မ ေမတၱာရပ္ခံ ပါတယ္ရွင္ “ ဆိုၿပီး သူ႕ရဲ႕ ခံစားခ်က္ေတြကို သူမရဲ႕ ေဖ့စ္ဘြတ္ကေန ရင္ဖြင့္ထားပါတယ္။

သူ႕ရဲ႕ ခံစားခ်က္ကို ဖတ္ၿပီး ပရိသတ္ေတြလည္း စိတ္မေကာင္း ျဖစ္ေနၾကပါတယ္။

ခိုင္ႏွင္းေဝ( Khine Hnin Wai )ဟာ ပရဟိတအလုပ္ေတြနဲ႔ ပတ္သက္လာရင္ စြမ္းစြမ္းတမံေဆာင္႐ြက္ေနသူတစ္ဦးပါ။ United Act ရဲ႕ ကေလး သူငယ္ လူကုန္ကူးမႈ တားဆီးေရးဆိုင္ရာ အထူးသံတမန္ ခန႔္အပ္ျခင္း ခံရတဲ့ ခိုင္ႏွင္းေဝက အမ်ိဳးသမီးေတြနဲ႔ ကေလးေတြအတြက္ အားတက္သေရာ ပါဝင္ကူညီ ေဆာင္႐ြက္ေပးေနသူ ျဖစ္ပါတယ္။

Credit: Duwun

  • Unicode

ခိုင်နှင်းဝေက သူခံစားနေရတဲ့ ခံစားချက်တချို့ကို ရင်ဖွင့်ထားတာတွေ့ရပါတယ်။ အဲ့ဒီခံစားချက်က သူ့ရဲ့ ဘဝမှာ ဖခင်တစ်ယောက်ရဲ့ မေတ္တာကို သိပ်လိုချင်ခဲ့တာလို့ ဆိုပါတယ်။သူရင်ဖွင့်ထားတဲ့ စာကိုတော့ သူမရဲ့ မိခင်ကို မဖတ်စေချင်ဘူးတဲ့။

ပရဟိတမင်းသမီးချောလေး ခိုင်နှင်းဝေက သူမွေးဖွားလာကတည်းက ယနေ့အထိ ဖခင်မေတ္တာကို မရခဲ့ဖူးဘူးလို့ ဆိုပါတယ်။ အဲ့ဒါကြောင့် သူ့အနေနဲ့ ဖခင်တစ်ယောက်ရဲ့ မေတ္တာကို သိပ်လိုချင်ခဲ့တယ်ဆိုပြီး ပြောထားတာပါ။

“ကျွန်မ ဘဝမှာ မွေးဖွားလာစဉ်ကနေ ယနေ့ထိ အဖေရဲ့မေတ္တာကို မရရှိခဲ့ဖူး ဝန်ခံရ ရင် ကျွန်မ ဖခင်တယောက်ရဲ့ မေတ္တာကို သိပ်လိုချင်ခဲ့တယ်လေ ကျွန်မ မှာ အမေပဲရှိတယ် ကျွန်မနားမှာ ကျွန်မရှေ့မှာ အမေပဲရှိတယ် ကျမအဒေါ်တွေ ဦးလေးတွေရှိတယ်။ ကျွန်မ အဖေမေတ္တာလို ချင်ကြောင်းဖွင့်ဟမိရင် အမေစိတ်မကောင်းမှာစိုးလို့ တယောက်ထဲ ကြိတ်ခံစားခဲ့ရတဲ့ ဝေဒနာကို ကျွန်မလို Broken Family က လူတွေ နားလည်ကြမှာပါ “ ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာ ဖေဖော်ဝါရီ(၁၁) ရက်နေ့က ရေးသားထားတာတွေ့ရပါတယ်။

ဆက်လက်ပြီးတော့လည်း သူမရဲ့ဘဝမှာ အခက်အခဲကြုံလာတိုင်း တံတိုင်းကြီးလို မားမားမတ်မတ် ရပ်တည်ပေးမယ့် အဖေကို လိုချင်ခဲ့မိတယ်လို့ ဆိုပါတယ်။

“ကျွန်မလေ .ကျွန်မရှေ့မှာ ကြုံလာတဲ့အခက်ခဲတိုင်းကို တံတိုင်းကြီးလို မားမားမတ်မတ် ရပ်တည်ပြီး ငါ့သမီးလေးကို မထိနဲ့ဆိုပြီး ကာကွယ်ပေးမယ့် အဖေ လိုချင်တာ ပေါ့ ကျွန်မကို တခြားလူတွေနဲ့ဆက်ဆံတဲ့ အခါ အယုံမလွယ်ဖို့ ကျွန်မအပေါ်အနိုင်ကျင့်စော်ကားတာမျိုး မဖြစ်စေရ အောင် ဖခင်မေတ္တာနဲ့ ဆုံးမပေးမယ့် အဖေမျိုး လိုချင်တာပေါ့ ကျွန်မနားကိုရောက်လာ မယ့် အန္တရယ်တွေကို ငါ့သမီးထိ ဓားကြည့် ဆိုပြီး အသင့်ရှိနေတတ်တဲ့အဖေမျိုး လိုချင်တာပေါ့” လို့ ဆိုပါတယ်။

တစ်ခါတလေ သူ့ကို လူတွေအနိုင်ကျင့်ရင် ၊ တန်ဖိုးမထားကြရင်၊ သူ့မှာ အဖေမရှိလို့များ ဒီလို လုပ်တာလားဆိုပြီး ဆက်မေးထားပါသေးတယ်။

သူမအနေနဲ့လည်း မိန်းမသားတစ်ဦးဖြစ်တာကြောင့် သူမရဲ့ ရှေ့မှာ ကာကွယ်ပေးမယ့်လူ ၊ မားမားမတ်မတ်ရပ်တည်ပေးမယ့် လူမျိုး လိုချင်လာမိတယ်လို့ ခိုင်နှင်းဝေက ဆက်ပြောထားပါသေးတယ်။

“ကျွန်မဘဝကို အားငယ်ခြင်းတွေ သိမ်ငယ်ခြင်းတွေ စိတ်ဓာတ်ကျခြင်းတွေ ဆိုတာ မရှိအောင် ကျွန်မ နေခဲ့ပေမယ့် အမေနဲ့ဆွေမျိုးတွေမသိအောင်အမြဲတိတ်တိတ်လေးအားငယ်မိတယ် ကျွန်မ လူတွေကိုယုံကြည်တယ် မေတ္တာလေးနည်းနည်းပေးရင် သူတို့ ဘာပြောပြော လုပ်တယ်ဆိုတာ ကျွန်မ မေတ္တာငတ်ခဲ့လို့ပါ ကျွန်မ သိပ်အဖော်မင်လို့ပါ ကျွန်မ မိသားစုက မရတဲ့ မေတ္တာတွေ အချစ်တွေ တောင့်တမိလို့ပါ ကျွန်မ မျက်နှာ မာတယ်ဆိုတာ ကျွန်မရဲ့ အားငယ်မှုတွေကို Cover လုပ်ထားတာပါ .ကျွန်မဘဝထဲကို မေတ္တာစစ်မပေးနိုင်ပဲ ထပ်မဝင်လာကြပါနဲ့တော့လုပ်ချင်သလိုလုပ် ပြောချင်သလိုပြော ဪ ငါပြောလိုက်ရင်ပြီးတာပဲ သူက ကလေးလိုပဲ ငါပြီးရင်ပြီးတယ် ငါ့ကိုယုံတယ် ငါ့ကိုသူလိုအပ်တာပဲ ဆိုတဲ့အချိုးတွေ ကျွန်မ ကြောက်နေပါပြီ အစစ်အမှန်မဟုတ်တဲ့ မေတ္တာ စေတနာ တွေကို ကျွန်မ အမှန်တကယ် မေတ္တာငတ်မွတ်သူမို့ ထပ်လာမပေးကြပါနဲ့တော့” လို့ ဆိုပါတယ်။

ဘဝဆက်တိုင်းဆက်တိုင်းလည်း မိသားစုမေတ္တာ ငတ်မွတ်မှုကို မခံစားရပါစေနဲ့လို အမြဲဆုတောင်းတယ်ဆိုပြီး ပြောထားပါသေးတယ်။

“သားသမီးတွေကို ဂရုစိုက်တဲ့အဖေတွေ တွေ့ရင် ကျွန်မ ငေးပြီး အားကျနေရသူမို့ အဖေမေတ္တာရကြတဲ့ အဖေရှိနေသေးတဲ့ လူသားတိုင်း အဖေမေတ္တာ အမေ မေတ္တာကို ရနေတုန်း တန်ဖိုးထားတတ်ကြဖို့ ကျွန်မ မေတ္တာရပ်ခံ ပါတယ်ရှင် “ ဆိုပြီး သူ့ရဲ့ ခံစားချက်တွေကို သူမရဲ့ ဖေ့စ်ဘွတ်ကနေ ရင်ဖွင့်ထားပါတယ်။

သူ့ရဲ့ ခံစားချက်ကို ဖတ်ပြီး ပရိသတ်တွေလည်း စိတ်မကောင်း ဖြစ်နေကြပါတယ်။

ခိုင်နှင်းဝေ( Khine Hnin Wai )ဟာ ပရဟိတအလုပ်တွေနဲ့ ပတ်သက်လာရင် စွမ်းစွမ်းတမံဆောင်ရွက်နေသူတစ်ဦးပါ။ United Act ရဲ့ ကလေး သူငယ် လူကုန်ကူးမှု တားဆီးရေးဆိုင်ရာ အထူးသံတမန် ခန့်အပ်ခြင်း ခံရတဲ့ ခိုင်နှင်းဝေက အမျိုးသမီးတွေနဲ့ ကလေးတွေအတွက် အားတက်သရော ပါဝင်ကူညီ ဆောင်ရွက်ပေးနေသူ ဖြစ်ပါတယ်။

Credit: Duwun

About the author

ilove

Leave a Comment