Shwe News

မတ္လ (၈) ရက္ ရန္ကုန္တြင္ ျပဳလုပ္မည့္ ONE Championship တြဲဆိုင္းမ်ား

လာမည့္ မတ္လ(၈)ရက္ေန႔တြင္ ရန္ကုန္ၿမိဳ႕ သုဝဏၰအားကစား႐ုံ၌ က်င္းပျပဳလုပ္မည့္ ONE Championship “Region Of Valor” MMA သိုင္းေပါင္းစုံအတြက္ ယွဥ္ၿပိဳင္ရန္ ကနဦးတြဲဆိုင္းမ်ား ထြက္ေပၚလာၿပီျဖစ္ပါတယ္။
ျမန္မာနိုင္ငံမွ “ဖိုးေသာ္” နဲ႔ “Bozhena Antoniyar” တို႔ပါဝင္ၿပီး ျမန္မာပရိသတ္မ်ားအတြက္ ရင္ခုန္စိတ္လွုပ္ရွားရဦးမယ့္ ပြဲႀကီးပြဲေကာင္းလည္း ျဖစ္ပါတယ္။

“Region Of Valor” တြင္ ပင္မပြဲစဥ္အျဖစ္ ဝယ္သာဝိတ္တန္း ကမၻာ့ခ်ံပီယံေရႊခါးပတ္ဆုကို လက္ရွိခ်ံပီယံ ဆြီဒင္နိုင္ငံသား Zebaztian “The Bandit” Kadestam က ကာကြယ္သြားမည္ျဖစ္ၿပီး ကာဇစၥတန္နိုင္ငံသား Georgiy “Knight” Kichigin က စိန္ေခၚယွဥ္ၿပိဳင္သြားမွာျဖစ္ပါတယ္။
Kadestam ဟာ ၿပီးခဲ့သည့္ နိုဝင္ဘာလ ပြဲစဥ္မွာ ရွုံးပြဲမရွိေသာ အေမရိကန္ကစားသမား Tyler McGuire ကို ပဥၥမအခ်ီမွာ အလဲထိုးၿပီး လစ္လပ္ေနတဲ့ ONE ဝယ္သာဝိတ္ ကမၻာ့ခ်န္ပီယံေနရာကို အရယူနိုင္ခဲ့ပါတယ္။
သူ႔ရဲ့ၿပိဳင္ဘက္ Kichigin ကေတာ့ ကာဇစၥတန္နိုင္ငံ Almaty မွ ထင္ရွားတဲ့ နပမ္းကစားသမားတစ္ဦးျဖစ္ၿပီး ကိုယ္ခံပညာသိုင္းေပါင္စုံ ၿပိဳင္ပြဲမွတ္တမ္း (၂၀-၅) ရရွိထားသူျဖစ္ပါတယ္။ အနိုင္ရခဲ့တဲ့ ပြဲ ၂၀ မွာ ၁၆ ပြဲသည္ ခ်ဳပ္ကြက္သုံးၿပီး အနိုင္ရခဲ့ျခင္းျဖစ္ပါတယ္။
၂၀၁၄ ခုႏွစ္ နိုဝင္ဘာလမွစတင္၍ ရွုံးပြဲမရွိ အနိုင္ရရွိခဲ့ၿပီး ယခုအခ်ိန္အထိ ၿပိဳင္ပြဲ ၁၄ ပြဲဆက္တိုက္ အနိုင္ရရွိထားသူ ျဖစ္တာေၾကာင့္ ခ်ံပီယံစိန္ေခၚပြဲက အမွန္တစ္ကယ္ စိတ္လွုပ္ရွားစရာျဖစ္မွာ ေသခ်ာပါတယ္။

ျမန္မာနိုင္ငံမွ အမ်ိဳးသမီးလက္ေဝွ႕အားကစားမယ္ Bozhena Antoniyar က မေလးရွားနိုင္ငံမွ Audreylaura “Ice Comet” Boniface နဲ႔ ယွဥ္ၿပိဳင္ထိုးသတ္ရမွာ ျဖစ္ပါတယ္။
Bozhena Antoniyar ဟာ ျမန္မာနိုင္ငံ ကယားျပည္နယ္ လြိဳင္ေကာ္ၿမိဳ႕တြင္ ႀကီးျပင္းခဲ့သူျဖစ္ၿပီး အသက္ ၁၆ ႏွစ္ အရြယ္မွစ၍ ကိုယ္ခံပညာကို ေလ့လာလိုက္စားခဲ့သူျဖစ္ပါတယ္။
Antoniyar ဟာ ျမန္မာနိုင္ငံရဲ့ အေကာင္းဆုံး အမ်ိဳးသမီးလက္ေဝွ႕ကစားသမားတစ္ဦးျဖစ္ၿပီး National Boxing Champion တြင္ ႏွစ္ထပ္ကြမ္း လက္ေဝွ႕ ခ်န္ပီယံတစ္ဦးလည္း ျဖစ္ပါတယ္။ ၂၀၁၈ ခုႏွစ္ ေဖေဖာ္ဝါရီလက ONE Championship မွာ သူမရဲ့ ပြဲဦးထြက္အျဖစ္ “ေရႊစင္” နဲ႔ ထိုးသတ္ခဲ့ရာမွာ ပထမဦးဆုံးအခ်ီမွာတင္ ၂၄ စကၠန႔္ျဖင့္ အျမန္ဆုံး အလဲထိုး အနိုင္ယူနိုင္ခဲ့ၿပီး ONE Championship အမ်ိဳးသမီးၿပိဳင္ပြဲမ်ားတြင္ အျမန္ဆုံး အလဲထိုးအနိုင္ယူနိုင္ခဲ့သူအျဖစ္ စံခ်ိန္သစ္တစ္ခု တင္ထားသူလည္းျဖစ္ပါတယ္။

သူမနဲ႔ ယွဥ္ၿပိဳင္ထိုးသတ္ရမယ့္ Audreylaura “Ice Comet” Boniface ဟာ မေလးရွားနိုင္ငံမွျဖစ္ၿပီး ကိုတာကင္နာဘာ႐ူးၿမိဳ႕ ေဆး႐ုံတြင္ အခ်ိန္ျပည့္တာဝန္ထမ္းေဆာင္ေနေသာ ဆရာဝန္မ တစ္ဦးလည္းျဖစ္ပါတယ္။ သူမဟာ တိုက္ကြမ္ဒို ခါးပတ္နက္ ျဖစ္ၿပီး လက္ရွိမွာေတာ့ ဆားဗားျပည္နယ္က နာမည္ေက်ာ္ Borneo Tribal Squad ကိုယ္ခံပညာကလပ္မွ ဝါရင္းနည္းၿပ AJ “Pyro” Lias Mansor ၏ ႀကီးၾကပ္မွုေအာက္တြင္ ေလ့က်င့္လ်က္ရွိပါတယ္။ ယခုယွဥ္ၿပိဳင္မွုဟာ ONE Champion မွာ သူမအတြက္ ပထမဆုံး ပြဲဦးထြက္ျဖစ္ၿပီး ျမန္မာနိုင္ငံမွ “Bozhena Antoniyar” ကို အနိုင္ယူမယ္လို႔ ၾကဳံးဝါးထားသူ လည္းျဖစ္ပါတယ္။

စိတ္ဝင္စားစရာေနာက္ထပ္ပြဲစဥ္မ်ားအျဖစ္ တက္သစ္စ ဖိလစ္ပိုင္ ကိုယ္ခံပညာ ကစားသမား Jomary “The Zamboanginian Fighter” Torres က သူ႔ရဲ့ ပြဲဦးထြက္အျဖစ္ တ႐ုပ္ကိုယ္ခံပညာကစားသမား Heqin Lin “Fighting Sister” ႏွင့္ ယွဥ္ၿပိဳင္မွာ ျဖစ္ပါတယ္။

ခ်င္းတိုင္းရင္းသား Tial Thang နဲ႔ ကေမ႓ာဒီးယားလက္ေဝွ႕ကစားသမား Rin Saroth တို႔က ကတ္ခ်္ဝိတ္ တြဲဆိုင္းတြင္ ယွဥ္ၿပိဳင္ၾကမည္ျဖစ္သည္။

ျပည္သူ႔အခ်စ္ေတာ္ “ဖိုးေသာ္” က အင္ဒိုနီးရွားကစားသမား “The Iceman” Yohan Mulia Legowo ႏွင့္ ယွဥ္ၿပိဳင္သြားမွာျဖစ္ပါတယ္။ ဖိုးေသာ္ဟာ ပထမဆုံးၿပိဳင္ပြဲ ၆ ပြဲကို အနိုင္ရရွိခဲ့ၿပီး ထိုအထဲမွ ၅ ပြဲကို ခပ္ခြာခြာအေနအထား မွ အလဲထိုးအနိုင္ယူနိုင္ခဲ့ျခင္းျဖစ္သည္။
ၿပီးခဲ့တဲ့ ေအာက္တိုဘာလမွာေတာ့ ဖိုးေသာ္ဟာ သူ႔ရဲ့ ကစားသမားသက္တမ္း တစ္ေလၽွာက္မွာ ပထမဆုံးရွုံးပြဲကို ၾကဳံေတြ႕ခဲ့ရပါတယ္။ ဒါေပမယ့္ ဒီတစ္ခါမွာေတာ့ ျမန္မာပရိသတ္ေတြအတြက္ သူ႔ထက္ အေတြ႕အၾကဳံမ်ားတဲ့ ကိုယ္ခံပညာကစားသမား တစ္ေယာက္ကို အနိုင္ရရွိရန္ ႀကိဳးပမ္းလ်က္ရွိပါတယ္

ONE: REIGN OF VALOR ၿပိဳင္ပြဲႀကီးတြင္ ထပ္မံယွဥ္ၿပိဳင္မည့္တြဲဆိုင္းမ်ားကို မၾကာခင္ရက္မ်ားတြင္ ထပ္မံေၾကညာေပးသြားမွာ ျဖစ္ပါတယ္။

ပြဲလက္မွတ္မ်ားကို အခန္း ၇၀၃ ၊ တကၠသိုလ္ရိပ္သာလမ္းသစ္၊ ေအးရိပ္သာ (၁)လမ္း၊ ေရႊသံလြင္ကြန္ဒို၊ ဗဟန္းၿမိဳ႕နယ္။ ဖုန္း ၀၁ ၅၄၉ ၂၉၇ မွာ ဆက္သြယ္ဝယ္ယူနိုင္ပါၿပီ။

MyAsiaTicket Website

  • Unicodeျဖင့္ဖတ္ရန္

လာမည့် မတ်လ(၈)ရက်နေ့တွင် ရန်ကုန်မြို့ သုဝဏ္ဏအားကစားရုံ၌ ကျင်းပပြုလုပ်မည့် ONE Championship “Region Of Valor” MMA သိုင်းပေါင်းစုံအတွက် ယှဉ်ပြိုင်ရန် ကနဦးတွဲဆိုင်းများ ထွက်ပေါ်လာပြီဖြစ်ပါတယ်။
မြန်မာနိုင်ငံမှ “ဖိုးသော်” နဲ့ “Bozhena Antoniyar” တို့ပါဝင်ပြီး မြန်မာပရိသတ်များအတွက် ရင်ခုန်စိတ်လှုပ်ရှားရဦးမယ့် ပွဲကြီးပွဲကောင်းလည်း ဖြစ်ပါတယ်။

“Region Of Valor” တွင် ပင်မပွဲစဉ်အဖြစ် ဝယ်သာဝိတ်တန်း ကမ္ဘာ့ချံပီယံရွှေခါးပတ်ဆုကို လက်ရှိချံပီယံ ဆွီဒင်နိုင်ငံသား Zebaztian “The Bandit” Kadestam က ကာကွယ်သွားမည်ဖြစ်ပြီး ကာဇစ္စတန်နိုင်ငံသား Georgiy “Knight” Kichigin က စိန်ခေါ်ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။
Kadestam ဟာ ပြီးခဲ့သည့် နိုဝင်ဘာလ ပွဲစဉ်မှာ ရှုံးပွဲမရှိသော အမေရိကန်ကစားသမား Tyler McGuire ကို ပဉ္စမအချီမှာ အလဲထိုးပြီး လစ်လပ်နေတဲ့ ONE ဝယ်သာဝိတ် ကမ္ဘာ့ချန်ပီယံနေရာကို အရယူနိုင်ခဲ့ပါတယ်။
သူ့ရဲ့ပြိုင်ဘက် Kichigin ကတော့ ကာဇစ္စတန်နိုင်ငံ Almaty မှ ထင်ရှားတဲ့ နပမ်းကစားသမားတစ်ဦးဖြစ်ပြီး ကိုယ်ခံပညာသိုင်းပေါင်စုံ ပြိုင်ပွဲမှတ်တမ်း (၂၀-၅) ရရှိထားသူဖြစ်ပါတယ်။ အနိုင်ရခဲ့တဲ့ ပွဲ ၂၀ မှာ ၁၆ ပွဲသည် ချုပ်ကွက်သုံးပြီး အနိုင်ရခဲ့ခြင်းဖြစ်ပါတယ်။
၂၀၁၄ ခုနှစ် နိုဝင်ဘာလမှစတင်၍ ရှုံးပွဲမရှိ အနိုင်ရရှိခဲ့ပြီး ယခုအချိန်အထိ ပြိုင်ပွဲ ၁၄ ပွဲဆက်တိုက် အနိုင်ရရှိထားသူ ဖြစ်တာကြောင့် ချံပီယံစိန်ခေါ်ပွဲက အမှန်တစ်ကယ် စိတ်လှုပ်ရှားစရာဖြစ်မှာ သေချာပါတယ်။

မြန်မာနိုင်ငံမှ အမျိုးသမီးလက်ဝှေ့အားကစားမယ် Bozhena Antoniyar က မလေးရှားနိုင်ငံမှ Audreylaura “Ice Comet” Boniface နဲ့ ယှဉ်ပြိုင်ထိုးသတ်ရမှာ ဖြစ်ပါတယ်။
Bozhena Antoniyar ဟာ မြန်မာနိုင်ငံ ကယားပြည်နယ် လွိုင်ကော်မြို့တွင် ကြီးပြင်းခဲ့သူဖြစ်ပြီး အသက် ၁၆ နှစ် အရွယ်မှစ၍ ကိုယ်ခံပညာကို လေ့လာလိုက်စားခဲ့သူဖြစ်ပါတယ်။
Antoniyar ဟာ မြန်မာနိုင်ငံရဲ့ အကောင်းဆုံး အမျိုးသမီးလက်ဝှေ့ကစားသမားတစ်ဦးဖြစ်ပြီး National Boxing Champion တွင် နှစ်ထပ်ကွမ်း လက်ဝှေ့ ချန်ပီယံတစ်ဦးလည်း ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလက ONE Championship မှာ သူမရဲ့ ပွဲဦးထွက်အဖြစ် “ရွှေစင်” နဲ့ ထိုးသတ်ခဲ့ရာမှာ ပထမဦးဆုံးအချီမှာတင် ၂၄ စက္ကန့်ဖြင့် အမြန်ဆုံး အလဲထိုး အနိုင်ယူနိုင်ခဲ့ပြီး ONE Championship အမျိုးသမီးပြိုင်ပွဲများတွင် အမြန်ဆုံး အလဲထိုးအနိုင်ယူနိုင်ခဲ့သူအဖြစ် စံချိန်သစ်တစ်ခု တင်ထားသူလည်းဖြစ်ပါတယ်။

သူမနဲ့ ယှဉ်ပြိုင်ထိုးသတ်ရမယ့် Audreylaura “Ice Comet” Boniface ဟာ မလေးရှားနိုင်ငံမှဖြစ်ပြီး ကိုတာကင်နာဘာရူးမြို့ ဆေးရုံတွင် အချိန်ပြည့်တာဝန်ထမ်းဆောင်နေသော ဆရာဝန်မ တစ်ဦးလည်းဖြစ်ပါတယ်။ သူမဟာ တိုက်ကွမ်ဒို ခါးပတ်နက် ဖြစ်ပြီး လက်ရှိမှာတော့ ဆားဗားပြည်နယ်က နာမည်ကျော် Borneo Tribal Squad ကိုယ်ခံပညာကလပ်မှ ဝါရင်းနည်းပြ AJ “Pyro” Lias Mansor ၏ ကြီးကြပ်မှုအောက်တွင် လေ့ကျင့်လျက်ရှိပါတယ်။ ယခုယှဉ်ပြိုင်မှုဟာ ONE Champion မှာ သူမအတွက် ပထမဆုံး ပွဲဦးထွက်ဖြစ်ပြီး မြန်မာနိုင်ငံမှ “Bozhena Antoniyar” ကို အနိုင်ယူမယ်လို့ ကြုံးဝါးထားသူ လည်းဖြစ်ပါတယ်။

စိတ်ဝင်စားစရာနောက်ထပ်ပွဲစဉ်များအဖြစ် တက်သစ်စ ဖိလစ်ပိုင် ကိုယ်ခံပညာ ကစားသမား Jomary “The Zamboanginian Fighter” Torres က သူ့ရဲ့ ပွဲဦးထွက်အဖြစ် တရုပ်ကိုယ်ခံပညာကစားသမား Heqin Lin “Fighting Sister” နှင့် ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

ချင်းတိုင်းရင်းသား Tial Thang နဲ့ ကမ္ဘောဒီးယားလက်ဝှေ့ကစားသမား Rin Saroth တို့က ကတ်ချ်ဝိတ် တွဲဆိုင်းတွင် ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

ပြည်သူ့အချစ်တော် “ဖိုးသော်” က အင်ဒိုနီးရှားကစားသမား “The Iceman” Yohan Mulia Legowo နှင့် ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။ ဖိုးသော်ဟာ ပထမဆုံးပြိုင်ပွဲ ၆ ပွဲကို အနိုင်ရရှိခဲ့ပြီး ထိုအထဲမှ ၅ ပွဲကို ခပ်ခွာခွာအနေအထား မှ အလဲထိုးအနိုင်ယူနိုင်ခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့တဲ့ အောက်တိုဘာလမှာတော့ ဖိုးသော်ဟာ သူ့ရဲ့ ကစားသမားသက်တမ်း တစ်လျှောက်မှာ ပထမဆုံးရှုံးပွဲကို ကြုံတွေ့ခဲ့ရပါတယ်။ ဒါပေမယ့် ဒီတစ်ခါမှာတော့ မြန်မာပရိသတ်တွေအတွက် သူ့ထက် အတွေ့အကြုံများတဲ့ ကိုယ်ခံပညာကစားသမား တစ်ယောက်ကို အနိုင်ရရှိရန် ကြိုးပမ်းလျက်ရှိပါတယ်

ONE: REIGN OF VALOR ပြိုင်ပွဲကြီးတွင် ထပ်မံယှဉ်ပြိုင်မည့်တွဲဆိုင်းများကို မကြာခင်ရက်များတွင် ထပ်မံကြေညာပေးသွားမှာ ဖြစ်ပါတယ်။

ပွဲလက်မှတ်များကို အခန်း ၇၀၃ ၊ တက္ကသိုလ်ရိပ်သာလမ်းသစ်၊ အေးရိပ်သာ (၁)လမ်း၊ ရွှေသံလွင်ကွန်ဒို၊ ဗဟန်းမြို့နယ်။ ဖုန်း ၀၁ ၅၄၉ ၂၉၇ မှာ ဆက်သွယ်ဝယ်ယူနိုင်ပါပြီ။

MyAsiaTicket Website

About the author

Crypoetess

Leave a Comment