Shwe News

ပါးလ်ၿပီး မရွည္လြယ္တဲ့ ဆံပင္ေတြကို အျမန္ဆံုးထူထဲသန္မာလာေစမယ့္ နည္းလမ္း (၄)ခု

ဆံပင္ပံုစံအမ်ိဳးမ်ိဳးေျပာင္းတာ၊ အေရာင္ေတြ အမ်ိဳးမ်ိဳးဆိုးတာက စစခ်င္းမွာ ဆံပင္ပ်က္စီးမႈေတြျဖစ္တာ သိပ္မဆိုးေပမယ့္ ဓာတုပစၥည္းေတြနဲ႕ မၾကာခဏထိေတြ႕တာမ်ားလာရင္ ဆံပင္က တျဖည္းျဖည္းပါးလာျပီး ရွည္လာဖုိ႕လည္း အခ်ိန္အၾကာၾကီးေစာင့္ရတတ္ပါတယ္။ အဲ့ဒီလို ဆံပင္မသန္ဘဲ ပါးလ်ေနတာ၊ ရွည္ဖို႕အရမ္းၾကာတာကို ေျဖရွင္းနိုင္မယ့္ နည္းလမ္းေကာင္းေလးေတြရွိပါတယ္။ အခုေဖာ္ျပမယ့္ နည္းလမ္းေလးေတြကို စနစ္တက်လိုက္နာမယ္ဆိုရင္ ပါးလ်ျပီး ရွည္ဖို႕ ခက္ေနတဲ့ ဆံပင္ေတြကို ထူထဲသန္မာလာေစပါလိမ့္မယ္။

(၁) ေန႕တိုင္း Hair care လုပ္ဖို႕ မလိုပါဘူး

ဆံပင္သန္ခ်င္လို႕၊ ထူခ်င္လို႕ ေန႕တိုင္း Hair care လုပ္ဖို႕လိုမယ္လို႕ ထင္ေနရင္ေတာ့ မွားသြားပါလိမ့္မယ္ေနာ္။ ဆံသားအားျပည့္ဖို႕အတြက္ တစ္ပတ္ကို နွစ္ခါပဲ ေခါင္းေလွ်ာ္ေပးဖို႕လိုပါတယ္။ ျပီးရင္ ေခါင္းေလွ်ာ္တဲ့အခါတိုင္း ဆံပင္ေပါင္းေဆးကို သံုးေပးဖုိ႕ လိုပါတယ္။ ဒါမွမဟုတ္ရင္လည္း ေခါင္းေလွ်ာ္ခါနီး နာရီ၀က္ေလာက္အလိုမွာ အုန္းဆီ၊ ဒါမွမဟုတ္ သံလြင္ဆီကို ဦးေရျပားနဲ႕ ဆံပင္အနွံ႕လိမ္းေပးျပီး၊ ဆယ့္ငါးမိနစ္ေလာက္ နွိပ္နယ္ျပီးမွ ေခါင္းေလွ်ာ္ေပးတာမ်ိဳး လုပ္ေပးပါ။ ဒါဆိုုရင္ ဆံပင္ပါးလႊာေနတာကို တျဖည္းျဖည္းထူလာေစျပီး ဆံပင္ တျဖည္းျဖည္းသန္လာတာကိုေတြ႕ရပါလိမ့္မယ္။

(၂) Hair product ေရြးခ်ယ္တဲ့အခါ

သဘာ၀ပစၥည္းမ်ားနဲ႕ထုတ္လုပ္ထားတယ္ေျပာတိုင္း မ၀ယ္ပါနဲ႕။ ဗူးခြံမွာ အပင္၊ အရြက္္၊ အသီးပံုေလးေတြ ထည့္လိုက္ရံုနဲ႕ အထဲမွာ အဲ့ဒါေတြ ပါ၀င္ေနတာ ဟုတ္ခ်င္မွဟုတ္မွာပါေနာ္။

ဒီေတာ့ ေခါင္းေလွ်ာ္ရည္၊ ဆံပင္ေပါင္းေဆးေတြ ၀ယ္တဲ့အခါ ဆာလ္ဖိတ္, ဓာတုဓာတ္ေပါင္းတစ္မ်ိဳးျဖစ္တဲ့ Parabens, ဘက္တီးရီးယား ပိုးသတ္ေဆး Triclosan နဲ႕ အနံ႔ျပင္းျပင္း ပါတာေတြကို ေရွာင္ပါ။ ေမြးရနံ႕အရမ္းျပင္းလြန္းတာေတြက ဆံပင္ကို ပိုပ်က္စီးေစတာေၾကာင့္ အနံ႕သိပ္မျပင္းတဲ့ ပံုမွန္အနံ႕အသက္ေလးေတြကို ပိုေရြးခ်ယ္ပါ။

(၃) ထိေရာက္တဲ့ဆံပင္ေပါင္းတင္နည္းမ်ား

ဆံပင္ေပါင္းေဆး မသံုးခ်င္တဲ့သူေတြအတြက္ ထိေရာက္တဲ့ သဘာ၀ဆံပင္ေပါင္းတင္နည္းေလးေတြ ရွိပါတယ္။ သဘာ၀နည္းေလးေတြဆိုေပမယ့္ အဲ့ဒီနည္းေတြကိုလည္း ခဏခဏလုပ္မယ္ဆိုရင္ အခန္႕မသင့္ရင္ ဆံပင္ကြ်တ္တာေတြျဖစ္ေစနိုင္ပါတယ္။ ဒါေၾကာင့္ တစ္ပတ္ကို တစ္ခါေလာက္ပဲ လုပ္ပါလို႕ အၾကံေပးခ်င္ပါတယ္ေနာ္။

ရွားေစာင္းလက္ပပ္ေပါင္းတင္ေဆး

ရွားေစာင္းလက္ပပ္အတြင္းသားေလးေတြကို ယူျပီးခြက္တစ္ခုထဲ ထည့္ပါ။ အုန္းဆီတစ္ဇြန္းနဲ႕ ၾကက္ဥတစ္လံုးကို အနွစ္ေရာအကာ ေရာထည့္လိုက္ျပီး သမေအာင္ ေရာေမႊေပးပါ။ အဲ့ဒီအနွစ္ကို ဦးေရျပားနဲ႕ဆံပင္အဖ်ားထိ နွံ႔ေနေအာင္ လိမ္းေပးျပီး မိနစ္နွစ္ဆယ္ေလာက္ တဘက္နဲ႕ ေပါင္းထားေပးျပီးမွ သံုးေနက် ေခါင္းေလွ်ာ္ရည္နဲ႕ ေခါင္းေလွ်ာ္ေပးလိုက္ပါ။ ျပီးရင္ Hair Dryer မသံုးဘဲ သဘာ၀နည္းနဲ႕ အေျခာက္ခံေပးပါ။ ဒါဆို ႏွစ္ေခါက္ေလာက္ လုပ္ရံုနဲ႕ အရမ္းသိသာပါလိမ့္မယ္။

ၾကက္သြန္နီေပါင္းတင္ေဆး

ၾကက္သြန္နီတစ္လံုးကို အခြံခြာျပီး ေရစင္ေအာင္ ေဆးပါ။ အစိပ္ေသးေသးေလးေတြ စိပ္ျပီး ေက်ညက္ေနေအာင္ ေခ်လုိက္ျပီး အရည္ညွစ္ယူပါ။ အဲ့ဒီအရည္နဲ႕ ဦးေရျပားဆံပင္အဖ်ားအထိ နွံ႕ေနေအာင္ လိမ္းေပးျပီး မိနစ္နွစ္ဆယ္ေလာက္ ထားေပးပါ။ ျပီးမွ ေရနဲ႕ေဆးခ်ျပီး သံုးေနက် ေခါင္းေလွ်ာ္ရည္နဲ႕ ေခါင္းေလွ်ာ္ေပးလိုက္ပါ။ တစ္လအတြင္းမွာ ဆံပင္ေတြ သန္လာျပီး ဆံပင္အသစ္ေလးေတြလည္း ေပါက္လာပါလိမ့္မယ္။

ပ်ားရည္ေပါင္းတင္ေဆး

ပ်ားရည္နွစ္ဇြန္း၊ သံလြင္ဆီတစ္ဇြန္း၊ ၾကက္ဥအႏွစ္တစ္လံုးတို႕ကို ေရာေမႊျပီး ဦးေရျပားနဲ႕ဆံပင္အႏွံ႕ လိမ္းေပးပါ။ ဆယ့္ငါးမိနစ္ေလာက္ ထားေပးျပီး ေခါင္းေလွ်ာ္လိုက္ပါ။ ဒီနည္းလမ္းကလည္း နွစ္ေခါက္သံုးေခါက္ေလာက္ လုပ္ရံုနဲ႕ သိသာေစတဲ့နည္းေလးပါ။

(၄) ေခါင္းေလွ်ာ္တာနဲ႕ပတ္သက္လို႕ သိထားသင့္တာေတြ

ေခါင္းေလွ်ာ္တဲ့အခါ ေရအရမ္းပူတာ၊ အရမ္းေအးတာေတြနဲ႕ မေလွ်ာ္ဘဲ ေရေႏြးေႏြးေလးနဲ႕ ေလွ်ာ္ေပးတာက ဆံပင္သန္မာခ်င္သူေတြအတြက္ အေကာင္းဆံုးပါ။ ေခါင္းေလွ်ာ္တဲ့အခါ ေခါင္းေလွ်ာ္ရည္ကို အနံ႕အရမ္းမျပင္းတဲ့ အမ်ိဳးအစားကို ေရြးခ်ယ္ပါ။

ေခါင္းေလွ်ာ္ျပီးတိုင္း Hair Dryer မသံုးဘဲ သဘာ၀နည္းနဲ႕ပဲ အေျခာက္ခံပါ။ ဆံပင္ လံုး၀ေျခာက္သြားမွ ေခါင္းျဖီးေပးပါ။ ဒီေလာက္ဆို ဆံပင္သန္ျပီး ထူထဲခ်င္သူေတြအတြက္ လံုေလာက္ျပီမို႕ ဒီေန႕ကစလို႕ ဒါေလးေတြကို လိုက္လုပ္လုိက္ပါေနာ္။

MAY THAZINHTOO

  • Unicode

ဆံပင်ပုံစံအမျိုးမျိုးပြောင်းတာ၊ အရောင်တွေ အမျိုးမျိုးဆိုးတာက စစချင်းမှာ ဆံပင်ပျက်စီးမှုတွေဖြစ်တာ သိပ်မဆိုးပေမယ့် ဓာတုပစ္စည်းတွေနဲ့ မကြာခဏထိတွေ့တာများလာရင် ဆံပင်က တဖြည်းဖြည်းပါးလာပြီး ရှည်လာဖို့လည်း အချိန်အကြာကြီးစောင့်ရတတ်ပါတယ်။ အဲ့ဒီလို ဆံပင်မသန်ဘဲ ပါးလျနေတာ၊ ရှည်ဖို့အရမ်းကြာတာကို ဖြေရှင်းနိုင်မယ့် နည်းလမ်းကောင်းလေးတွေရှိပါတယ်။ အခုဖော်ပြမယ့် နည်းလမ်းလေးတွေကို စနစ်တကျလိုက်နာမယ်ဆိုရင် ပါးလျပြီး ရှည်ဖို့ ခက်နေတဲ့ ဆံပင်တွေကို ထူထဲသန်မာလာစေပါလိမ့်မယ်။

(၁) နေ့တိုင်း Hair care လုပ်ဖို့ မလိုပါဘူး

ဆံပင်သန်ချင်လို့၊ ထူချင်လို့ နေ့တိုင်း Hair care လုပ်ဖို့လိုမယ်လို့ ထင်နေရင်တော့ မှားသွားပါလိမ့်မယ်နော်။ ဆံသားအားပြည့်ဖို့အတွက် တစ်ပတ်ကို နှစ်ခါပဲ ခေါင်းလျှော်ပေးဖို့လိုပါတယ်။ ပြီးရင် ခေါင်းလျှော်တဲ့အခါတိုင်း ဆံပင်ပေါင်းဆေးကို သုံးပေးဖို့ လိုပါတယ်။ ဒါမှမဟုတ်ရင်လည်း ခေါင်းလျှော်ခါနီး နာရီဝက်လောက်အလိုမှာ အုန်းဆီ၊ ဒါမှမဟုတ် သံလွင်ဆီကို ဦးရေပြားနဲ့ ဆံပင်အနှံ့လိမ်းပေးပြီး၊ ဆယ့်ငါးမိနစ်လောက် နှိပ်နယ်ပြီးမှ ခေါင်းလျှော်ပေးတာမျိုး လုပ်ပေးပါ။ ဒါဆိုရင် ဆံပင်ပါးလွှာနေတာကို တဖြည်းဖြည်းထူလာစေပြီး ဆံပင် တဖြည်းဖြည်းသန်လာတာကိုတွေ့ရပါလိမ့်မယ်။

(၂) Hair product ရွေးချယ်တဲ့အခါ

သဘာဝပစ္စည်းများနဲ့ထုတ်လုပ်ထားတယ်ပြောတိုင်း မဝယ်ပါနဲ့။ ဗူးခွံမှာ အပင်၊ အရွက်၊ အသီးပုံလေးတွေ ထည့်လိုက်ရုံနဲ့ အထဲမှာ အဲ့ဒါတွေ ပါဝင်နေတာ ဟုတ်ချင်မှဟုတ်မှာပါနော်။

ဒီတော့ ခေါင်းလျှော်ရည်၊ ဆံပင်ပေါင်းဆေးတွေ ဝယ်တဲ့အခါ ဆာလ်ဖိတ်, ဓာတုဓာတ်ပေါင်းတစ်မျိုးဖြစ်တဲ့ Parabens, ဘက်တီးရီးယား ပိုးသတ်ဆေး Triclosan နဲ့ အနံ့ပြင်းပြင်း ပါတာတွေကို ရှောင်ပါ။ မွေးရနံ့အရမ်းပြင်းလွန်းတာတွေက ဆံပင်ကို ပိုပျက်စီးစေတာကြောင့် အနံ့သိပ်မပြင်းတဲ့ ပုံမှန်အနံ့အသက်လေးတွေကို ပိုရွေးချယ်ပါ။

(၃) ထိရောက်တဲ့ဆံပင်ပေါင်းတင်နည်းများ

ဆံပင်ပေါင်းဆေး မသုံးချင်တဲ့သူတွေအတွက် ထိရောက်တဲ့ သဘာဝဆံပင်ပေါင်းတင်နည်းလေးတွေ ရှိပါတယ်။ သဘာဝနည်းလေးတွေဆိုပေမယ့် အဲ့ဒီနည်းတွေကိုလည်း ခဏခဏလုပ်မယ်ဆိုရင် အခန့်မသင့်ရင် ဆံပင်ကျွတ်တာတွေဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် တစ်ပတ်ကို တစ်ခါလောက်ပဲ လုပ်ပါလို့ အကြံပေးချင်ပါတယ်နော်။

ရှားစောင်းလက်ပပ်ပေါင်းတင်ဆေး

ရှားစောင်းလက်ပပ်အတွင်းသားလေးတွေကို ယူပြီးခွက်တစ်ခုထဲ ထည့်ပါ။ အုန်းဆီတစ်ဇွန်းနဲ့ ကြက်ဥတစ်လုံးကို အနှစ်ရောအကာ ရောထည့်လိုက်ပြီး သမအောင် ရောမွှေပေးပါ။ အဲ့ဒီအနှစ်ကို ဦးရေပြားနဲ့ဆံပင်အဖျားထိ နှံ့နေအောင် လိမ်းပေးပြီး မိနစ်နှစ်ဆယ်လောက် တဘက်နဲ့ ပေါင်းထားပေးပြီးမှ သုံးနေကျ ခေါင်းလျှော်ရည်နဲ့ ခေါင်းလျှော်ပေးလိုက်ပါ။ ပြီးရင် Hair Dryer မသုံးဘဲ သဘာဝနည်းနဲ့ အခြောက်ခံပေးပါ။ ဒါဆို နှစ်ခေါက်လောက် လုပ်ရုံနဲ့ အရမ်းသိသာပါလိမ့်မယ်။

ကြက်သွန်နီပေါင်းတင်ဆေး

ကြက်သွန်နီတစ်လုံးကို အခွံခွာပြီး ရေစင်အောင် ဆေးပါ။ အစိပ်သေးသေးလေးတွေ စိပ်ပြီး ကျေညက်နေအောင် ချေလိုက်ပြီး အရည်ညှစ်ယူပါ။ အဲ့ဒီအရည်နဲ့ ဦးရေပြားဆံပင်အဖျားအထိ နှံ့နေအောင် လိမ်းပေးပြီး မိနစ်နှစ်ဆယ်လောက် ထားပေးပါ။ ပြီးမှ ရေနဲ့ဆေးချပြီး သုံးနေကျ ခေါင်းလျှော်ရည်နဲ့ ခေါင်းလျှော်ပေးလိုက်ပါ။ တစ်လအတွင်းမှာ ဆံပင်တွေ သန်လာပြီး ဆံပင်အသစ်လေးတွေလည်း ပေါက်လာပါလိမ့်မယ်။

ပျားရည်ပေါင်းတင်ဆေး

ပျားရည်နှစ်ဇွန်း၊ သံလွင်ဆီတစ်ဇွန်း၊ ကြက်ဥအနှစ်တစ်လုံးတို့ကို ရောမွှေပြီး ဦးရေပြားနဲ့ဆံပင်အနှံ့ လိမ်းပေးပါ။ ဆယ့်ငါးမိနစ်လောက် ထားပေးပြီး ခေါင်းလျှော်လိုက်ပါ။ ဒီနည်းလမ်းကလည်း နှစ်ခေါက်သုံးခေါက်လောက် လုပ်ရုံနဲ့ သိသာစေတဲ့နည်းလေးပါ။

(၄) ခေါင်းလျှော်တာနဲ့ပတ်သက်လို့ သိထားသင့်တာတွေ

ခေါင်းလျှော်တဲ့အခါ ရေအရမ်းပူတာ၊ အရမ်းအေးတာတွေနဲ့ မလျှော်ဘဲ ရေနွေးနွေးလေးနဲ့ လျှော်ပေးတာက ဆံပင်သန်မာချင်သူတွေအတွက် အကောင်းဆုံးပါ။ ခေါင်းလျှော်တဲ့အခါ ခေါင်းလျှော်ရည်ကို အနံ့အရမ်းမပြင်းတဲ့ အမျိုးအစားကို ရွေးချယ်ပါ။

ခေါင်းလျှော်ပြီးတိုင်း Hair Dryer မသုံးဘဲ သဘာဝနည်းနဲ့ပဲ အခြောက်ခံပါ။ ဆံပင် လုံးဝခြောက်သွားမှ ခေါင်းဖြီးပေးပါ။ ဒီလောက်ဆို ဆံပင်သန်ပြီး ထူထဲချင်သူတွေအတွက် လုံလောက်ပြီမို့ ဒီနေ့ကစလို့ ဒါလေးတွေကို လိုက်လုပ်လိုက်ပါနော်။

MAY THAZINHTOO

About the author

ilove

Leave a Comment