Shwe News

ရန္ကုန္မွာ ႏိုင္ငံျခားရုပ္ရွင္ရိုက္ကူးရန္ လမ္းပိတ္ျခင္းအတြက္ ဦးေက်ာ္သူ ေျပာၿပီ

ေအာ္… ျမန္မာအႏုပညာရွင္ေတြက ျမန္မာျပည္ထဲမွာ႐ိုက္ေတာ့ ေလယာဥ္ကြင္း၊တကၠသိုလ္၊ေဆး႐ုံေတြမွာ႐ိုက္ခ်င္ပါတယ္ဆို ေ၀းေရာ။

ဘုရားမွာလည္း ေဂါပကကိုေၾကာက္ရ။လမ္းမွာဆိုလည္း ယာဥ္ေၾကာပိတ္မႈနဲ႔ယာဥ္ထိမ္းရဲကိုေၾကာက္ရ။ရပ္ကြက္၊ရြာထဲမွာဆိုလည္း အုပ္ခ်ဳပ္ေရးနဲ႔လမ္းမႉးကိုေၾကာက္ရ။

သုႆန္ဆိုရင္လည္း သုႆန္ပိုင္နဲ႔စည္ပင္ကိုေၾကာက္ရ နဲ႔ဗ်ာ။ေစ်းမွာဆိုရင္လည္း ေစ်းေခါင္းနဲ႔စည္ပင္ကိုေၾကာက္ရ။ေနာက္ ျမန္မာကားေတြကမပီျပင္ဘူး၊သဘာ၀မက်ဘူးအေျပာခံရနဲ႔ဗ်ာ။

သူတို႔ သူတို႔က ျမန္မာျပည္ထဲလာ႐ိုက္ေတာ့ လမ္းေတြပိတ္ပစ္၊ဆိုင္ေတြပိတ္ပစ္၊ကားေတြတားပစ္နဲ႔ ျပည္သူလူထုကိုဒီလိုသတိေပးခ်က္၊စည္းမ်ဥ္းစည္းကမ္းေတြထုတ္ၿပီး သူတို႔ သူတို႔နဲ႔ပူးေပါင္းေပးၾကတယ္ဗ်။

ေအာ္…ေစတနာေတြ ေစတနာေတြ။သာဓု သာဓု ပါဗ်ာ။ေနာင္ဘ၀ လူသာျပန္ျဖစ္ရင္ ေဟာလီ၀ွစ္၊ေဘာလီ၀ွစ္မွာ အႏုပညာသည္သာျဖစ္ပါရေစေတာ့ဗ်ာ။

(ေက်ာ္သူ)

  • Unicode

အော်… မြန်မာအနုပညာရှင်တွေက မြန်မာပြည်ထဲမှာရိုက်တော့ လေယာဉ်ကွင်း၊တက္ကသိုလ်၊ဆေးရုံတွေမှာရိုက်ချင်ပါတယ်ဆို ဝေးရော။

ဘုရားမှာလည်း ဂေါပကကိုကြောက်ရ။လမ်းမှာဆိုလည်း ယာဉ်ကြောပိတ်မှုနဲ့ယာဉ်ထိမ်းရဲကိုကြောက်ရ။ရပ်ကွက်၊ရွာထဲမှာဆိုလည်း အုပ်ချုပ်ရေးနဲ့လမ်းမှူးကိုကြောက်ရ။

သုဿန်ဆိုရင်လည်း သုဿန်ပိုင်နဲ့စည်ပင်ကိုကြောက်ရ နဲ့ဗျာ။ဈေးမှာဆိုရင်လည်း ဈေးခေါင်းနဲ့စည်ပင်ကိုကြောက်ရ။နောက် မြန်မာကားတွေကမပီပြင်ဘူး၊သဘာဝမကျဘူးအပြောခံရနဲ့ဗျာ။

သူတို့ သူတို့က မြန်မာပြည်ထဲလာရိုက်တော့ လမ်းတွေပိတ်ပစ်၊ဆိုင်တွေပိတ်ပစ်၊ကားတွေတားပစ်နဲ့ ပြည်သူလူထုကိုဒီလိုသတိပေးချက်၊စည်းမျဉ်းစည်းကမ်းတွေထုတ်ပြီး သူတို့ သူတို့နဲ့ပူးပေါင်းပေးကြတယ်ဗျ။

အော်…စေတနာတွေ စေတနာတွေ။သာဓု သာဓု ပါဗျာ။နောင်ဘ၀ လူသာပြန်ဖြစ်ရင် ဟောလီဝှစ်၊ဘောလီဝှစ်မှာ အနုပညာသည်သာဖြစ်ပါရစေတော့ဗျာ။

(ကျော်သူ)

About the author

ilove

Leave a Comment