Shwe News
ဝမ်းနည်းမှတ်​တမ်း 😥😥😥
ဝမ်းနည်းမှတ်​တမ်း….
°°°°°°°°°°°°°°°°°°°°°°
စွန်းထင်းကျန်​ခဲ့ပြီ……
ဘ၀ဆက်​ဆက်​ ဒီအဖြစ်​ပျက်
Credit: U Pyae Phyo Kyaw
  • Unicode
၀မ်းနည်းမှတ်တမ်း….
°°°°°°°°°°°°°°°°°°°°°°
တိုင်းပြည့်အတွက် မြေဖြူလက်နဲ့
အဖြူသက်သက် ပေးဆပ်သွားခဲ့၊
PPTT 5ရယ်လို့ အပ်နှင်းခဲ့တဲ့
လက်မှတ်ကလေးတွေမှာ ဆရာစစ်တို့သွေး
စွန်းထင်းကျန်ခဲ့ပြီ……
ဘယ်သူမမေ့ အစဉ်မမြေ့နိုင်အောင်ပ
ရင်ဆွေးအောင်ကျမျက်ရည်တို့နှင့်
ကလေးတို့အနာဂတ် လှပစေဖို့
ဆရာ၊ဆရာမတို့ အသက်သွေးစတေးခဲ့ပြီ….
ထာဝရပေးဆပ်မှု့ ဘဝတစ်ခုလုံးသူတို့ရင်း
မြတ်ဆရာအခြေနှင်းပေမို့ သွေးမြေခ
အမြင်မလှပေမဲ့ ရင်ခလှစေတနာပန်းတို့က
မွှေးကြ ကြူကြ လှကြ လန်းကြလေတော့
သြော်….ဆရာ..ဆရာမ…ငါတို့ဘဝသားချင်းပေမို့
ရင်မခိုင်တုန်လှုပ်ကာ ဝမ်းနည်းမိပါဘိ
နိုင်ငံတော်အနာဂတ်လမ်းတွေ
ပန်းတွေပွင့်ပါ့တော့မလားရယ် ဒီကံကြမ္မာဆိုးကို
အခြေတုပ် မြေမြုပ်ချင်စမ်းပါတောတယ်
မြတ်သော မြင့်သော ဆရာဘဝရယ်မှ
နှုတ်မဆက် ရုတ်တရက်ထွက်ခွာသွားသူနှင့်
ကံကြမ္မာဆိုးကြောင့် ပေးဆပ်သွေးမြေခခဲ့ရသူ
တို့ဆရာ၊ဆရာမများအတွက်
ရင်ဖက်နဲ့ရေးတဲ့ဒီကဗျာတစ်ပုဒ်ဖြင့်
ထပ်တူခံစား ဝမ်းနည်းစာပါးလိုက်လေတော…
ဘဝဆက်ဆက် ဒီအဖြစ်ပျက်
မကြုံ မတွေ မကြားရစေတော့သား….
အမြန်ကျန်းမာကြစေတော့သား….
ရွှေတောသား (ညောင်တုန်း)
PPTT 2/15 မြောင်းမြပညာရေးကောလိပ်
ဘဝတူဆရာ၊ဆရာမများအတွက် PPTT 2/15
ကိုယ်စား ဆုတောင်းမေတ္တာပို့သလျှက်ပါ…
Credit: U Pyae Phyo Kyaw
PS. (16.2.2019 ချိန်သိထိ သိရသလောက်အနေနဲ့ ဆရာမ မြတ်အိဇာမွန် အခြေနေပြန်ကောင်းမွန်လာကြောင်းသိရပြီး…. ဆရာမ ဒေါ်ယဉ်ယဉ်မော်လည်း သတိရပြန်ရလာတယ်လို့ ကြားမိပါတယ်။)
About the author
ilove
Leave a Comment