Shwe News

အယူခံဝင္ထားတဲ့ မိုးေအာင္ရင္ရဲ႕ အေျခအေနေကာင္းမြန္ေၾကာင္း ေရွ႕ေန ေျပာ

႐ုပ္ရွင္ႏွင့္ ဗီဒီယုိသ႐ုပ္ေဆာင္ မုိးေအာင္ရင္အတြက္ အယူခံေလွ်ာက္လဲခ်က္ကုိ ေဖေဖာ္ဝါရီလ ၉ ရက္ေန႔ ေန႔ခင္း ၃ နာရီက ရန္ကုန္အေရွ႕ပုိင္းခ႐ုိင္တရား႐ုံးမွာ အယူခံ ဝင္ခဲ့ရာ ေဖေဖာ္ဝါရီ ၂၂ ရက္ေန႔ မွာတင္ထားတ့ဲ အယူခံမႈကို လက္ခံဖို႔ သင့္မသင့္ ၾကားနာဖို႔ ခ်ိန္းထားတယ္လို႔ တရားလႊတ္ေတာ္ေရွ႕ေန ဦးခင္ေမာင္တင့္က ေျပာပါတယ္။ အယူခံအမိန္႔ခ် ျခင္းကုိေတာ့ လာမယ့္ ၂၇ ရက္ေန႔ကုိ တရား႐ုံးေတာ္က ျပန္လည္ခ်ိန္းဆုိခဲ့ေၾကာင္း တရား လႊတ္ေတာ္ေရွ႕ေန ဦးခင္ေမာင္တင့္ တရား႐ုံးက ျပန္အထြက္မွာ ေျပာဆုိသြားခဲ့ပါတယ္။

မုိးေအာင္ရင္ရဲ႕ တရားလႊတ္ေတာ္ေရွ႕ေန ဦးခင္ေမာင္တင့္က ”မုိးေအာင္ရင္ရဲ႕ အမႈအ ယူခံအမိန္႔ ခ်မွတ္မွာကုိေတာ့ ေဖေဖာ္ဝါရီလ ၂၇ ရက္ေန႔မွာ ခ်မွတ္မယ္လုိ႔ သိရပါတယ္။ အမႈအတြက္ အယူခံဝင္ထားတာ မုိးေအာင္ရင္အတြက္ အေျခအေန အေတာ္ေကာင္းမြန္ပါတယ္” လုိ႔ ေျပာပါတယ္။

သ႐ုပ္ေဆာင္​မိုးေအာင္ရင္ကို ပုဇြန္ေတာင္ၿမိဳ႕နယ္တရား႐ုံးက မူးယစ္ေဆးဝါးဥပေဒပုဒ္​မ၁၅/၁၆(ဂ)အရ ေထာင္ဒဏ္ ၅ ႏွစ္က်ခံရန္​ ႏိုဝင္ဘာလ ၂၆ ရက္တြင္ ခ်မွတ္ခဲ့ျခင္း ျဖစ္ပါတယ္။

ဒါ႔အျပင္ သ႐ုပ္ေဆာင္​မုိးေအာင္ရင္ကို မူးယစ္ေဆးဝါး လက္ဝယ္ေတြ႕မႈ ပုဒ္မ ၁၉ (က)ျဖင့္အလုပ္ႏွင့္ ေထာင္ဒဏ္ ၁၂ ႏွစ္ က်ခံရန္ ရန္ကုန္​အေရွ႕ပိုင္းတရား႐ုံးက ႏိုဝင္ဘာ ၁၂ ရက္တြင္ အမိန္႔ခ်မွတ္ခဲ့ျခင္းလည္း ျဖစ္ပါတယ္။

ဒါ့အျပင္ အယူခံဝင္ထားတဲ့ အေျခအေနက အေတာ္ေကာင္းမြန္တယ္လုိ႔လည္း အဆုိပါ ေရွ႕ေနက ထပ္ေလာင္းဆုိခဲ့ေသးတာေၾကာင့္ မုိးေအာင္ရင္ ပရိသတ္ေတြအတြက္ ဝမ္းသာလုိ႔ ရႏုိင္တဲ႔ အရိပ္အျမြတ္တစ္ခုလည္း ျဖစ္လာႏုိင္ပါတယ္။

Credit-Popular Journal

  • Unicode Version

ရုပ်ရှင်နှင့် ဗီဒီယိုသရုပ်ဆောင် မိုးအောင်ရင်အတွက် အယူခံလျှောက်လဲချက်ကို ဖေဖော်ဝါရီလ ၉ ရက်နေ့ နေ့ခင်း ၃ နာရီက ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးမှာ အယူခံ ဝင်ခဲ့ရာ ဖေဖော်ဝါရီ ၂၂ ရက်နေ့ မှာတင်ထားတဲ့ အယူခံမှုကို လက်ခံဖို့ သင့်မသင့် ကြားနာဖို့ ချိန်းထားတယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်တင့်က ပြောပါတယ်။ အယူခံအမိန့်ချ ခြင်းကိုတော့ လာမယ့် ၂၇ ရက်နေ့ကို တရားရုံးတော်က ပြန်လည်ချိန်းဆိုခဲ့ကြောင်း တရား လွှတ်တော်ရှေ့နေ ဦးခင်မောင်တင့် တရားရုံးက ပြန်အထွက်မှာ ပြောဆိုသွားခဲ့ပါတယ်။

မိုးအောင်ရင်ရဲ့ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်တင့်က ”မိုးအောင်ရင်ရဲ့ အမှုအ ယူခံအမိန့် ချမှတ်မှာကိုတော့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာ ချမှတ်မယ်လို့ သိရပါတယ်။ အမှုအတွက် အယူခံဝင်ထားတာ မိုးအောင်ရင်အတွက် အခြေအနေ အတော်ကောင်းမွန်ပါတယ်” လို့ ပြောပါတယ်။

သရုပ်ဆောင်မိုးအောင်ရင်ကို ပုဇွန်တောင်မြို့နယ်တရားရုံးက မူးယစ်ဆေးဝါးဥပဒေပုဒ်မ၁၅/၁၆(ဂ)အရ ထောင်ဒဏ် ၅ နှစ်ကျခံရန် နိုဝင်ဘာလ ၂၆ ရက်တွင် ချမှတ်ခဲ့ခြင်း ဖြစ်ပါတယ်။

ဒါ့အပြင် သရုပ်ဆောင်မိုးအောင်ရင်ကို မူးယစ်ဆေးဝါး လက်ဝယ်တွေ့မှု ပုဒ်မ ၁၉ (က)ဖြင့်အလုပ်နှင့် ထောင်ဒဏ် ၁၂ နှစ် ကျခံရန် ရန်ကုန်အရှေ့ပိုင်းတရားရုံးက နိုဝင်ဘာ ၁၂ ရက်တွင် အမိန့်ချမှတ်ခဲ့ခြင်းလည်း ဖြစ်ပါတယ်။

ဒါ့အပြင် အယူခံဝင်ထားတဲ့ အခြေအနေက အတော်ကောင်းမွန်တယ်လို့လည်း အဆိုပါ ရှေ့နေက ထပ်လောင်းဆိုခဲ့သေးတာကြောင့် မိုးအောင်ရင် ပရိသတ်တွေအတွက် ဝမ်းသာလို့ ရနိုင်တဲ့ အရိပ်အမြွတ်တစ်ခုလည်း ဖြစ်လာနိုင်ပါတယ်။

Credit-Popular Journal

About the author

Crypoetess

Leave a Comment