Shwe News

ကုိေရႊထူးရဲ႕ နာမည္ေက်ာ္ ကုိေမာင္တင့္ ကာတြန္းဇာတ္ေကာင္ ဆုံးျပီဗ်ာ

သူငယ္ခ်င္းကာတြန္းကုိေရႊထူးညီ ကုိေမာင္တင့္ ကြယ္လြန္ေၾကာင္းသိရလုိ႔ မ်ားစြာစိတ္မေကာင္းျဖစ္မိတယ္ ကုိေရႊထူးရဲ႕ နာမည္ေက်ာ္ ကုိေမာင္တင့္ ကာတြန္းဇာတ္ေကာင္ဟာသူ႔ညီကုိယူျပီးေရးတာပါ စေရးေတာ့

ကုိေမာင္တင့္က ရပ္ကြက္လူႀကီး လုပ္ေနတဲ႔အခ်ိန္ေပါ့ ကုိေမာင္တင့္က အျပင္မွာလည္း စိတ္ေကာင္း ႏွလုံးေကာင္းရွိတယ္ ေပ်ာ္ေပ်ာ္ေနတတ္တယ္ လူေတြကုိ ကူညီခ်င္တဲ႔စိတ္ရွိတယ္ သူကူညီလုိက္တုိင္း ျပသနာျဖစ္တယ္ အဲဒီျပသနာေတြက ရယ္စရာေတြခ်ည္းပဲ ဒါကုိ သူ႔အကုိက ရုပ္ျပကာတြန္း ဇာတ္လမ္းေတြေရးေတာ့ လူႀကိဳက္မ်ားၿပီးေအာင္ျမင္ထင္ရွားခဲ႔တယ္ ခုေတာ့ အျပင္က ဇာတ္ေကာင္အစစ္က ဆုံးရွာျပီ

ကာတြန္းထဲက ဇာတ္ေကာင္ကေတာ့ ဘယ္ေတာ့မွ ေသဆုံးမွာမဟုတ္ဘူး

ျပည္ကုိေရာက္တုိင္း အကုိတေယာက္လုိ ဂရုစုိက္တတ္တဲ့ ညီ ေကာင္းရာသုကတိေရာက္ပါေစလုိ႔ စိတ္မေကာင္းစြာနဲ႔ ဆုေတာင္းေပးလုိက္ပါတယ္။

Credit: ကာတြန္း ၀င္းေအာင္

  • Unicode version

သူငယ်ချင်းကာတွန်းကိုရွှေထူးညီ ကိုမောင်တင့် ကွယ်လွန်ကြောင်းသိရလို့ များစွာစိတ်မကောင်းဖြစ်မိတယ် ကိုရွှေထူးရဲ့ နာမည်ကျော် ကိုမောင်တင့် ကာတွန်းဇာတ်ကောင်ဟာသူ့ညီကိုယူပြီးရေးတာပါ စရေးတော့

ကိုမောင်တင့်က ရပ်ကွက်လူကြီး လုပ်နေတဲ့အချိန်ပေါ့ ကိုမောင်တင့်က အပြင်မှာလည်း စိတ်ကောင်း နှလုံးကောင်းရှိတယ် ပျော်ပျော်နေတတ်တယ် လူတွေကို ကူညီချင်တဲ့စိတ်ရှိတယ် သူကူညီလိုက်တိုင်း ပြသနာဖြစ်တယ် အဲဒီပြသနာတွေက ရယ်စရာတွေချည်းပဲ ဒါကို သူ့အကိုက ရုပ်ပြကာတွန်း ဇာတ်လမ်းတွေရေးတော့ လူကြိုက်များပြီးအောင်မြင်ထင်ရှားခဲ့တယ် ခုတော့ အပြင်က ဇာတ်ကောင်အစစ်က ဆုံးရှာပြီ

ကာတွန်းထဲက ဇာတ်ကောင်ကတော့ ဘယ်တော့မှ သေဆုံးမှာမဟုတ်ဘူး

ပြည်ကိုရောက်တိုင်း အကိုတယောက်လို ဂရုစိုက်တတ်တဲ့ ညီ ကောင်းရာသုကတိရောက်ပါစေလို့ စိတ်မကောင်းစွာနဲ့ ဆုတောင်းပေးလိုက်ပါတယ်။

Credit: ကာတွန်း ဝင်းအောင်

About the author

Crypoetess

Leave a Comment