Shwe News

လူပုဂၢိဳလ္ေတြ မေျပာနဲ႔၊ ရဟန္းေတာ္ေတြေတာင္ခ်ီးက်ဴးေနရတဲ့ မန္းၿမိဳ႕ေတာ္ဝန္

ဂုဏ္ယူပါတယ္ မႏၲေလး

ဒီေန႔ မဟာျမတ္မုနိဘုရားပြဲကအျပန္အေရးကိစၥၾကဳံလာတာနဲ႔က်ဳံးေဘး ၂၆/၂၇ ၾကား၊လမ္း၇၀ ေပၚက Toiletကုိဝင္ျဖစ္တယ္။ေဆာက္ထားတာသန္႔ရွင္းတယ္ သပ္ရပ္တယ္၊ေခတ္မီတယ္၊ အဆင့္တန္းရွိတယ္။

အသုံးျပဳရတာ စိတ္ခ်မ္းသာတယ္။ရွင္းရွင္းေျပာရရင္ကုိယ့္ေက်ာင္းမွာ အသုံးျပဳေနတဲ့Toiletေတာင္ ဒီေလာက္မသန္႔ရွင္းႏိုင္ဘူး၊ဒီေလာက္လည္း မေကာင္းဘူး၊ျပည္သူအမ်ားစုအတြက္လည္းဒီလိုပဲ ခံစားမိမယ္ထင္တယ္၊သန္႔ရွင္းေရးဝန္ထမ္းေတြနဲ႔ဝန္ေဆာင္မႈ အျပည့္ေပးထားတယ္။

သက္ႀကီးရြယ္အို အဖိုးအဖြားေတြက်န္းမာေရးမေကာင္းသူေတြလာရင္ဝန္ထမ္းေလးေတြက ေဖးကူၿပီးတြဲပို႔တာေတာင္ ေတြ႕ခဲ့ရတယ္။မိမိတို႔သံဃာေတြအတြက္ေတာ့သီးသန္႔အခန္း စီစဥ္ေပးထားတယ္၊ပစၥည္းေတြကလည္း ေကာင္းတယ္၊
aircon နဲ႔ ဘာနဲ႔ ေအးလို႔ စိမ့္လို႔၊ေႂကြျပားေတြလည္း ခင္းထားလိုက္တာေျပာင္လို႔ ဝင္းလို႔…ကိစၥဝိစၥၿပီး လက္ေဆးဖို႔ေဘစင္မွာ ခလုတ္လိုက္ရွာတယ္၊လက္က ဟိုစမ္းဒီစမ္းနဲ႔…ေရဘားေအာက္ လက္ေရာက္တာနဲ႔ရုတ္တရက္ ေရက အလိုလိုက်လာတယ္။

တစ္ေယာက္တည္း ျပဳံးမိပါရဲ႕…ေဩာ္ ေအာ္တိုစနစ္ေတြ ဘာေတြတပ္ေပးထားတာကုိး လို႔…ေတာ္ေသးတယ္ဘယ္သူမွ မသိလို႔…လူၾကား သူၾကားဆိုအရွက္ကြဲဦးမယ္ကုိယ့္ ေတာသားထင္ေနဦးမယ္…ခုလို လမ္းေဘးသန္႔စင္ခန္းေတြဖြင့္ေပးထားတာ သိပ္ေကာင္းပါတယ္၊ၿမိဳ႕ခံလူထုအတြက္ေရာကမၻာ့လွည့္ခရီးသြားေတြအတြက္ေရာသိပ္အဆင္ေျပတယ္၊အေရးဟဲ့ အေၾကာင္းဟဲ့ ဆိုလြယ္လြယ္ကူကူ အသုံးျပဳႏိုင္တယ္။မႏၲေလးမွာတိုးတက္ေျပာင္းလဲမႈေတြကသိပ္ျမန္ပါတယ္၊ေျပာမယ္ဆို အမ်ားႀကီးပါဘဲ။

မႏၲေလးၿမိဳ႕ေတာ္ဝန္နဲ႔မန္းတိုင္းဝန္ႀကီးခ်ဳပ္တို႔ကုိလည္းစိတ္ထဲက ေက်းဇူးတင္မိတယ္…အသက္ရွည္ က်မၼာၾကပါေစ…ေဘးရန္ကင္းၾကပါေစတိုင္းက်ိဳးျပည္က်ိဳး ဆထက္တိုးၿပီးေဆာင္ရြက္ႏိုင္ပါေစလို႔လည္းေမတၲာပို႔မိပါတယ္…

ကုိယ့္ဓာတ္ပုံကုိယ္မတင္ခ်င္လွေသာ္လည္းဒီကေန႔ေတာ့ျဖင့္မႏၲေလးအတြက္ဂုဏ္ယူစြာႂကြားခ်င္လြန္းပါသျဖင့္ကပၸိယေက်ာင္းသားကုိရိုက္ခိုင္းၿပီးToiletေရာက္ အမွတ္တရတင္လိုက္ရပါေၾကာင္း။ အရွင္ ပညိႆရာ လကၤာရ

  • Unicode

ဂုဏ်ယူပါတယ် မန္တလေး

ဒီနေ့ မဟာမြတ်မုနိဘုရားပွဲကအပြန်အရေးကိစ္စကြုံလာတာနဲ့ကျုံးဘေး ၂၆/၂၇ ကြား၊လမ်း၇၀ ပေါ်က Toiletကိုဝင်ဖြစ်တယ်။ဆောက်ထားတာသန့်ရှင်းတယ် သပ်ရပ်တယ်၊ခေတ်မီတယ်၊ အဆင့်တန်းရှိတယ်။

အသုံးပြုရတာ စိတ်ချမ်းသာတယ်။ရှင်းရှင်းပြောရရင်ကိုယ့်ကျောင်းမှာ အသုံးပြုနေတဲ့Toiletတောင် ဒီလောက်မသန့်ရှင်းနိုင်ဘူး၊ဒီလောက်လည်း မကောင်းဘူး၊ပြည်သူအများစုအတွက်လည်းဒီလိုပဲ ခံစားမိမယ်ထင်တယ်၊သန့်ရှင်းရေးဝန်ထမ်းတွေနဲ့ဝန်ဆောင်မှု အပြည့်ပေးထားတယ်။

သက်ကြီးရွယ်အို အဖိုးအဖွားတွေကျန်းမာရေးမကောင်းသူတွေလာရင်ဝန်ထမ်းလေးတွေက ဖေးကူပြီးတွဲပို့တာတောင် တွေ့ခဲ့ရတယ်။မိမိတို့သံဃာတွေအတွက်တော့သီးသန့်အခန်း စီစဉ်ပေးထားတယ်၊ပစ္စည်းတွေကလည်း ကောင်းတယ်၊
aircon နဲ့ ဘာနဲ့ အေးလို့ စိမ့်လို့၊ကြွေပြားတွေလည်း ခင်းထားလိုက်တာပြောင်လို့ ဝင်းလို့…ကိစ္စဝိစ္စပြီး လက်ဆေးဖို့ဘေစင်မှာ ခလုတ်လိုက်ရှာတယ်၊လက်က ဟိုစမ်းဒီစမ်းနဲ့…ရေဘားအောက် လက်ရောက်တာနဲ့ရုတ်တရက် ရေက အလိုလိုကျလာတယ်။

တစ်ယောက်တည်း ပြုံးမိပါရဲ့…ေဩာ် အော်တိုစနစ်တွေ ဘာတွေတပ်ပေးထားတာကိုး လို့…တော်သေးတယ်ဘယ်သူမှ မသိလို့…လူကြား သူကြားဆိုအရှက်ကွဲဦးမယ်ကိုယ့် တောသားထင်နေဦးမယ်…ခုလို လမ်းဘေးသန့်စင်ခန်းတွေဖွင့်ပေးထားတာ သိပ်ကောင်းပါတယ်၊မြို့ခံလူထုအတွက်ရောကမ္ဘာ့လှည့်ခရီးသွားတွေအတွက်ရောသိပ်အဆင်ပြေတယ်၊အရေးဟဲ့ အကြောင်းဟဲ့ ဆိုလွယ်လွယ်ကူကူ အသုံးပြုနိုင်တယ်။မန္တလေးမှာတိုးတက်ပြောင်းလဲမှုတွေကသိပ်မြန်ပါတယ်၊ပြောမယ်ဆို အများကြီးပါဘဲ။

မန္တလေးမြို့တော်ဝန်နဲ့မန်းတိုင်းဝန်ကြီးချုပ်တို့ကိုလည်းစိတ်ထဲက ကျေးဇူးတင်မိတယ်…အသက်ရှည် ကျမ္မာကြပါစေ…ဘေးရန်ကင်းကြပါစေတိုင်းကျိုးပြည်ကျိုး ဆထက်တိုးပြီးဆောင်ရွက်နိုင်ပါစေလို့လည်းမေတ္တာပို့မိပါတယ်…

ကိုယ့်ဓာတ်ပုံကိုယ်မတင်ချင်လှသော်လည်းဒီကနေ့တော့ဖြင့်မန္တလေးအတွက်ဂုဏ်ယူစွာကြွားချင်လွန်းပါသဖြင့်ကပ္ပိယကျောင်းသားကိုရိုက်ခိုင်းပြီးToiletရောက် အမှတ်တရတင်လိုက်ရပါကြောင်း။ အရှင် ပညိဿရာ လင်္ကာရ

About the author

ilove

Leave a Comment