Shwe News

Line Walker 2 ဇာတ္ကားရိုက္ပုံ ရိုက္နည္းေတြကို ရိုက္ကြင္းေပၚအထိ သြားေလ့လာျဖစ္ေနတဲ့ ကိုေပါက္

ကိုေပါက္ဟာ Line Walker 2 ႐ုပ္ရွင္ရိုက္ကြင္းက ျပည္ပဒါရိုက္တာေတြရဲ့ ရိုက္ပုံရိုက္နည္းေတြကို သြားေရာက္ေလ့လာျဖစ္တယ္လို႔ ဆိုုပါတယ္။

ဒါရိုက္တာ ကိုေပါက္က ဒါရိုက္တာပညာနဲ႔ ပတ္သက္ၿပီး ေနရာမေရြး၊ နိုင္ငံမေရြး ဝင္ေရာက္ေလ့လာျဖစ္တဲ့ သူပါ။ အခုလည္း ေဟာင္ေကာင္ ဒါရိုက္တာေတြ၊ အႏုပညာရွင္ေတြ ရိုက္တဲ့ Line Walker 2 ႐ုပ္ရွင္ရိုက္ကြင္း တည္တဲ့ ေနရာမွာလည္း ေဘးကေန သြားေရာက္ေလ့လာျဖစ္တယ္လို႔ ဆိုပါတယ္။

‘’မေန႔က ေရႊတိဂုံဘုရား အေရွ႕ဘက္က Line walker ll ရိုက္ကြင္း။ တစ္ေနကုန္ လိုက္ၾကည့္ၿပီး

မေနနိုင္ေတာ့ လူရွင္းကူ။ တစ္နည္းအားျဖင့္ ဝါသနာရွင္ေတြအတြက္ လက္ေတြ႕သင္တန္းေပးၿပီး သ႐ုပ္ျပေနတယ္ လို႔မွတ္ပါတယ္။ ယူတတ္ရင္ေတာ့ ရပါတယ္’’ ဆိုၿပီးေတာ့ သူ႔ရဲ့ ေဖ့စ္ဘြတ္အေကာင့္မွာ ေဖေဖာ္ဝါရီလ ၁၉ ရက္ေန႔ ညေန ၆ နာရီေက်ာ္က ေရးသားခဲ့တာျဖစ္ပါတယ္။

ဒါရိုက္တာ ကိုေပါက္ ရဲ့ ကိုယ္ပိုင္႐ုပ္ရွင္ထုတ္လုပ္ေရး တစ္ခုျဖစ္တဲ့ ေသာ္ဝန္းၾကာျဖဴ ႐ုပ္ရွင္ထုတ္လုပ္ေရး ရဲ့ ဒုတိယေျမာက္႐ုပ္ရွင္ဇာတ္ကား ႀကီးျဖစ္တဲ့ ” အသည္းေလးေတြ ေပးပါ” ႐ုပ္ရွင္ဇာတ္ကားႀကီးကို ႐ုံတင္ျပသနိုင္ဖို႔ အခြင့္အေရး ရၿပီလို႔ ဆိုပါတယ္။ ဒီဇာတ္ကားထဲမွာ ပရိသတ္ ကို ေပးနိုင္မယ့္ သင္ခန္းစာ အေၾကာင္းအရာေတြကိုလည္း အခုလို ေျပာျပလာပါေသးတယ္။

”Facebook ကိုအလြန္အမင္း over သုံးမိၾကတဲ့ လူႀကီးေတြဘာေတြျဖစ္ၾကမလဲ။အသည္းေလးေတြေပးပါ လို႔ေတာင္းဆိုရင္း ဘယ္လို ေတြ ရီၾကရမလဲ။ အိုပယ္စာရင္းဝင္သြားၿပီလို႔ကိုယ့္ကိုယ္ကိုယ္သတ္မွတ္ ရင္း facebook ကိုအေဖာ္တစ္ေယာက္လိုသုံးရင္း သူတို႔ ဘာျဖစ္မလဲ။ သဘာဝက်က် အျပင္ကတကယ့္အျဖစ္အပ်က္ေတြကို အေျခခံရင္း ရီစရာ ေမာစရာ လြမ္းစရာ ငိုစရာမ်ားနဲ႔႐ုပ္ရွင္။ပရိသတ္ေတြကို အႏွစ္ ေတြပဲေပးခ်င္တဲ့သူပါ။ဆယ္လီလို အႀကိဳက္ေတြ႕အုံးမယ္ဆိုတာအာမခံပါတယ္”လို႔ သူ႔ရဲ့ ေဖ့စ္ဘြတ္ေပၚမွာ ေရးသားခဲ့ဖူးပါတယ္။

ေသာ္ဝန္းၾကာျဖဴ႐ုပ္ရွင္ထုတ္လုပ္ေရးရဲ့ ပထမဆုံး ႐ုပ္ရွင္ဇာတ္ကားႀကီးျဖစ္တဲ့ ဆယ္လီ႐ုပ္ရွင္ဇာ တ္ကားႀကီး ကလည္း ပရိသတ္အႀကိဳက္နဲ႔ ထပ္တူက်ခဲ့ပါတယ္။ ဆယ္လီ႐ုပ္ရွင္ဇာတ္ကားထဲမွာ ေဖ့စ္ဘြတ္ကို စြဲစြဲလမ္း လမ္း အသုံးျပဳတတ္တဲ့ ဆယ္ေက်ာ္သက္ ေက်ာင္းသူေလးေတြ အတြက္ ပညာေပးထားတဲ့ ႐ုပ္ရွင္ဇာတ္ကားျဖစ္ပါတယ္။ ဇာတ္ကားထဲမွာလည္း အႏုပညာရွင္ေတြရဲ့ သားသမီးေတြက အဓိက ပါဝင္ သ႐ုပ္ေဆာင္ထားၾကတာျဖစ္ပါတယ္။ကိုေပါက္က အခုလက္ရွိမွာေတာ့ ဒါရိုက္တာ တစ္ေယာက္အျဖစ္႐ုပ္ရွင္ဇာတ္ကားႀကီးေတြရိုက္ကူးေနရတယ္လို႔ ဆိုပါတယ္။

Credit – duwun

  • Unicode

ကိုပေါက်ဟာ Line Walker 2 ရုပ်ရှင်ရိုက်ကွင်းက ပြည်ပဒါရိုက်တာတွေရဲ့ ရိုက်ပုံရိုက်နည်းတွေကို သွားရောက်လေ့လာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါရိုက်တာ ကိုပေါက်က ဒါရိုက်တာပညာနဲ့ ပတ်သက်ပြီး နေရာမရွေး၊ နိုင်ငံမရွေး ဝင်ရောက်လေ့လာဖြစ်တဲ့ သူပါ။ အခုလည်း ဟောင်ကောင် ဒါရိုက်တာတွေ၊ အနုပညာရှင်တွေ ရိုက်တဲ့ Line Walker 2 ရုပ်ရှင်ရိုက်ကွင်း တည်တဲ့ နေရာမှာလည်း ဘေးကနေ သွားရောက်လေ့လာဖြစ်တယ်လို့ ဆိုပါတယ်။

‘’မနေ့က ရွှေတိဂုံဘုရား အရှေ့ဘက်က Line walker ll ရိုက်ကွင်း။ တစ်နေကုန် လိုက်ကြည့်ပြီး

မနေနိုင်တော့ လူရှင်းကူ။ တစ်နည်းအားဖြင့် ဝါသနာရှင်တွေအတွက် လက်တွေ့သင်တန်းပေးပြီး သရုပ်ပြနေတယ် လို့မှတ်ပါတယ်။ ယူတတ်ရင်တော့ ရပါတယ်’’ ဆိုပြီးတော့ သူ့ရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ ညနေ ၆ နာရီကျော်က ရေးသားခဲ့တာဖြစ်ပါတယ်။

ဒါရိုက်တာ ကိုပေါက် ရဲ့ ကိုယ်ပိုင်ရုပ်ရှင်ထုတ်လုပ်ရေး တစ်ခုဖြစ်တဲ့ သော်ဝန်းကြာဖြူ ရုပ်ရှင်ထုတ်လုပ်ရေး ရဲ့ ဒုတိယမြောက်ရုပ်ရှင်ဇာတ်ကား ကြီးဖြစ်တဲ့ ” အသည်းလေးတွေ ပေးပါ” ရုပ်ရှင်ဇာတ်ကားကြီးကို ရုံတင်ပြသနိုင်ဖို့ အခွင့်အရေး ရပြီလို့ ဆိုပါတယ်။ ဒီဇာတ်ကားထဲမှာ ပရိသတ် ကို ပေးနိုင်မယ့် သင်ခန်းစာ အကြောင်းအရာတွေကိုလည်း အခုလို ပြောပြလာပါသေးတယ်။

”Facebook ကိုအလွန်အမင်း over သုံးမိကြတဲ့ လူကြီးတွေဘာတွေဖြစ်ကြမလဲ။အသည်းလေးတွေပေးပါ လို့တောင်းဆိုရင်း ဘယ်လို တွေ ရီကြရမလဲ။ အိုပယ်စာရင်းဝင်သွားပြီလို့ကိုယ့်ကိုယ်ကိုယ်သတ်မှတ် ရင်း facebook ကိုအဖော်တစ်ယောက်လိုသုံးရင်း သူတို့ ဘာဖြစ်မလဲ။ သဘာဝကျကျ အပြင်ကတကယ့်အဖြစ်အပျက်တွေကို အခြေခံရင်း ရီစရာ မောစရာ လွမ်းစရာ ငိုစရာများနဲ့ရုပ်ရှင်။ပရိသတ်တွေကို အနှစ် တွေပဲပေးချင်တဲ့သူပါ။ဆယ်လီလို အကြိုက်တွေ့အုံးမယ်ဆိုတာအာမခံပါတယ်”လို့ သူ့ရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ရေးသားခဲ့ဖူးပါတယ်။

သော်ဝန်းကြာဖြူရုပ်ရှင်ထုတ်လုပ်ရေးရဲ့ ပထမဆုံး ရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့ ဆယ်လီရုပ်ရှင်ဇာ တ်ကားကြီး ကလည်း ပရိသတ်အကြိုက်နဲ့ ထပ်တူကျခဲ့ပါတယ်။ ဆယ်လီရုပ်ရှင်ဇာတ်ကားထဲမှာ ဖေ့စ်ဘွတ်ကို စွဲစွဲလမ်း လမ်း အသုံးပြုတတ်တဲ့ ဆယ်ကျော်သက် ကျောင်းသူလေးတွေ အတွက် ပညာပေးထားတဲ့ ရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်။ ဇာတ်ကားထဲမှာလည်း အနုပညာရှင်တွေရဲ့ သားသမီးတွေက အဓိက ပါဝင် သရုပ်ဆောင်ထားကြတာဖြစ်ပါတယ်။ကိုပေါက်က အခုလက်ရှိမှာတော့ ဒါရိုက်တာ တစ်ယောက်အဖြစ်ရုပ်ရှင်ဇာတ်ကားကြီးတွေရိုက်ကူးနေရတယ်လို့ ဆိုပါတယ်။

Credit – duwun

About the author

ilove

Leave a Comment