Shwe News

သိပ္အနိုင္ယူလြန္းတဲ႔သူေတြဟာ တစ္ခ်ိန္ခ်ိန္မွာ ရင္ကြဲပတ္လက္ က်န္ခဲ႔ရတတ္တယ္

က်ြန္ေတာ့္ သူငယ္ခ်င္း တစ္ေယာက္ကို ေတြ႔ဖူးတယ္ ။ သူ႔ ခ်စ္သူ ေကာင္မေလး အေပၚမွာ သိပ္အနိုင္ယူလြန္းတာမ်ား ေဘးကလူေတာင္ ဝင္တားရတာမ်ိုး အထိ။ ရန္ေတြ ျဖစ္ျပီး အနိုင္ယူတယ္ ။ သူ႔ ဘက္က စိတ္ေတြ အရင္ဆိုး ၊ စိတ္ေတြ အရင္ေကာက္ျပီး အနိုင္ယူတယ္ ။

စကားေျပာရင္ေတာင္ ခပ္ျကမ္းျကမ္း။ သူ game ေဆာ့ေနတဲ႔ အခ်ိန္ ေကာင္မေလး ဖုန္းဆက္လိုက္လို႔ကေတာ့ ေအာ္ျပီ ေငါက္ျပီ ။ ဒီလိုမ်ိုး စရိုက္ ရွိတဲ႔ က်ြန္ေတာ့္သူငယ္ခ်င္းကို ဟိုဘက္က ေကာင္မေလးမ်ား ခ်စ္လိုက္တာ တုန္လို႔ ။

အရမ္း သည္းခံတယ္ ။ ေငါက္ေနရင္ ၊ ေအာ္ေနရင္ေတာင္ မ်က္ရည္ေလး ဝဲျပီး ဘာမွ ျပန္မေျပာႏိုင္ပဲ ျကည့္ေနရွာတာမ်ိုး။

ဒါေပမဲ႔ေပါ့ ။ တစ္ဖက္က အရမ္းခ်စ္ျပီး ဂရုစုိက္ေပမဲ႔လည္း ထက္တူညီ တုန္႔ျပန္မွဳေတြ ေရာက္မလာတဲ႔ ေနာက္ဆံုးေတာ့ ေကာင္မေလး ဘက္က စၿပီး လမ္းခြဲထြက္သြားတယ္။

က်ြန္ေတာ့္ ေကာင္ကေတာ့ အစမွာ ေအးေဆးပဲဗ် ။ က်ြန္ေတာ္တို႔ကိုေတာင္ –

” game ေအးေဆး ေဆာ့လို႔ရတယ္”

” သူ မေနနိုင္ဘူး ငါ့ဆီ ျပန္လာလိမ့္မယ္ ”

ဆိုျပီး ဘာမွ မျဖစ္သလိုေလး ေျပာတယ္။

သူ ထင္ထားသလိုေတာ့ ျဖစ္မလာခဲ႔ဘူး။ ေကာင္မေလးကေတာ့ သူ႔ဆီ ေယာင္လို႔ေတာင္ ေပၚမလာခဲ႔တာပါ။ အဲ႔ဒါမွသာ သူ အျကီးအက်ယ္ ေျကကြဲသြားရျပီ။

သူ႔ ဘက္မွာ အျမဲရွိေနခဲ႔တဲ႔သူ ၊ သူ႔ ကို အရမ္းခ်စ္တဲ႔သူ ၊ သူ႔ ကို ဂရုစိုက္ျပီး သူ လုပ္သမ်ွ သည္းခံေပးတဲ႔ သူကို ဆံုးရွံဳးသြားရတယ္ ။

သူ ဆကိသြယ္တဲ႔ ဖုန္းေတြ ေကာင္မေလး ဘက္က မကိုင္ေတာ့ဘူး။ သြားေတြ႔ရင္ေတာင္ ထြက္မေတြ႔တာမ်ိုး ။ မျမင္ေအာင္ ေရွာင္တာမ်ိုးေတြ လုပ္လာတယ္ ။

မရွိေတာ့တဲ႔ အခ်ိန္က်မွ လူတစ္ေယာက္ရဲ႕ တန္ဖိုးကို သူ အျကီးအက်ယ္ နားလည္ျပီးအရမ္းကိုခံစားသြားလိုက္ရတယ္။ အလူးလူးအလဲလဲ ေျကကြဲရင္း ေနာင္တေတြ ဗလပြေပါ့။

က်ြန္ေတာ္ သိလိုက္ရတာက အနိုင္ယူေနရတာကို မျကိုက္ပါနဲ႔ ။ အခ်စ္ခံေနရတာကို ဘဝင္တျမင့္ျမင့္ျကီး မျဖစ္ပါနဲ႔။ ကိုယ္ အရမ္းအခ်စ္ခံရသလို တစ္ဖက္ကိုလည္း ျပန္ခ်စ္ေပးသင့္ပါတယ္။ တစ္ဖက္ကိုလည္း ဂရုစိုက္မွဳေလးေတြ ျပန္ေပးရပါမယ္။

ကိုယ္ လိုတဲ႔ အခ်ိန္ လွမ္းေခၚမယ္ ။ မလိုတဲ႔ အခ်ိန္ ပစ္ထားမယ္ ဆိုတဲ႔ စိတ္ဓါတ္က အရမ္းကို အတၱဆန္လြန္းတယ္။ အဲ႔လိုလူမ်ိုးေတြ က တစ္ခ်ိန္ခ်ိန္မွာ ခံစားရဆံုးပဲ။

ဘယ္ေလာက္ပဲ ခ်စ္ခ်စ္ နာက်င္ရတာေတြ မ်ားလာတဲအခါ ထပ္ျပီးေတာ့ သည္းမခံႏိုင္တဲ႔ အဆံုး လူေတြက လက္လႊတ္ျခင္း ကို ေရြးခ်ယ္တတ္ျကပါတယ္။ ခ်စ္လ်က္နဲ႔ လမ္းခြဲတတ္ျကတာမ်ိုးပါ။

ဒါ့ေျကာင့္ အခ်စ္ခံေနရတာကို စိတ္ျကီးဝင္ျပီး အနိုင္ယူဖို႔ မျကိုးစားပါနဲ႔ ။

ခဲတံ

  • Unicode

ကျွန်တော့် သူငယ်ချင်း တစ်ယောက်ကို တွေ့ဖူးတယ် ။ သူ့ ချစ်သူ ကောင်မလေး အပေါ်မှာ သိပ်အနိုင်ယူလွန်းတာများ ဘေးကလူတောင် ဝင်တားရတာမျိုး အထိ။ ရန်တွေ ဖြစ်ပြီး အနိုင်ယူတယ် ။ သူ့ ဘက်က စိတ်တွေ အရင်ဆိုး ၊ စိတ်တွေ အရင်ကောက်ပြီး အနိုင်ယူတယ် ။

စကားပြောရင်တောင် ခပ်ကြမ်းကြမ်း။ သူ game ဆော့နေတဲ့ အချိန် ကောင်မလေး ဖုန်းဆက်လိုက်လို့ကတော့ အော်ပြီ ငေါက်ပြီ ။ ဒီလိုမျိုး စရိုက် ရှိတဲ့ ကျွန်တော့်သူငယ်ချင်းကို ဟိုဘက်က ကောင်မလေးများ ချစ်လိုက်တာ တုန်လို့ ။

အရမ်း သည်းခံတယ် ။ ငေါက်နေရင် ၊ အော်နေရင်တောင် မျက်ရည်လေး ဝဲပြီး ဘာမှ ပြန်မပြောနိုင်ပဲ ကြည့်နေရှာတာမျိုး။

ဒါပေမဲ့ပေါ့ ။ တစ်ဖက်က အရမ်းချစ်ပြီး ဂရုစိုက်ပေမဲ့လည်း ထက်တူညီ တုန့်ပြန်မှုတွေ ရောက်မလာတဲ့ နောက်ဆုံးတော့ ကောင်မလေး ဘက်က စပြီး လမ်းခွဲထွက်သွားတယ်။

ကျွန်တော့် ကောင်ကတော့ အစမှာ အေးဆေးပဲဗျ ။ ကျွန်တော်တို့ကိုတောင် –

” game အေးဆေး ဆော့လို့ရတယ်”

” သူ မနေနိုင်ဘူး ငါ့ဆီ ပြန်လာလိမ့်မယ် ”

ဆိုပြီး ဘာမှ မဖြစ်သလိုလေး ပြောတယ်။

သူ ထင်ထားသလိုတော့ ဖြစ်မလာခဲ့ဘူး။ ကောင်မလေးကတော့ သူ့ဆီ ယောင်လို့တောင် ပေါ်မလာခဲ့တာပါ။ အဲ့ဒါမှသာ သူ အကြီးအကျယ် ကြေကွဲသွားရပြီ။

သူ့ ဘက်မှာ အမြဲရှိနေခဲ့တဲ့သူ ၊ သူ့ ကို အရမ်းချစ်တဲ့သူ ၊ သူ့ ကို ဂရုစိုက်ပြီး သူ လုပ်သမျှ သည်းခံပေးတဲ့ သူကို ဆုံးရှုံးသွားရတယ် ။

သူ ဆကိသွယ်တဲ့ ဖုန်းတွေ ကောင်မလေး ဘက်က မကိုင်တော့ဘူး။ သွားတွေ့ရင်တောင် ထွက်မတွေ့တာမျိုး ။ မမြင်အောင် ရှောင်တာမျိုးတွေ လုပ်လာတယ် ။

မရှိတော့တဲ့ အချိန်ကျမှ လူတစ်ယောက်ရဲ့ တန်ဖိုးကို သူ အကြီးအကျယ် နားလည်ပြီးအရမ်းကိုခံစားသွားလိုက်ရတယ်။ အလူးလူးအလဲလဲ ကြေကွဲရင်း နောင်တတွေ ဗလပွပေါ့။

ကျွန်တော် သိလိုက်ရတာက အနိုင်ယူနေရတာကို မကြိုက်ပါနဲ့ ။ အချစ်ခံနေရတာကို ဘဝင်တမြင့်မြင့်ကြီး မဖြစ်ပါနဲ့။ ကိုယ် အရမ်းအချစ်ခံရသလို တစ်ဖက်ကိုလည်း ပြန်ချစ်ပေးသင့်ပါတယ်။ တစ်ဖက်ကိုလည်း ဂရုစိုက်မှုလေးတွေ ပြန်ပေးရပါမယ်။

ကိုယ် လိုတဲ့ အချိန် လှမ်းခေါ်မယ် ။ မလိုတဲ့ အချိန် ပစ်ထားမယ် ဆိုတဲ့ စိတ်ဓါတ်က အရမ်းကို အတ္တဆန်လွန်းတယ်။ အဲ့လိုလူမျိုးတွေ က တစ်ချိန်ချိန်မှာ ခံစားရဆုံးပဲ။

ဘယ်လောက်ပဲ ချစ်ချစ် နာကျင်ရတာတွေ များလာတဲအခါ ထပ်ပြီးတော့ သည်းမခံနိုင်တဲ့ အဆုံး လူတွေက လက်လွှတ်ခြင်း ကို ရွေးချယ်တတ်ကြပါတယ်။ ချစ်လျက်နဲ့ လမ်းခွဲတတ်ကြတာမျိုးပါ။

ဒါ့ကြောင့် အချစ်ခံနေရတာကို စိတ်ကြီးဝင်ပြီး အနိုင်ယူဖို့ မကြိုးစားပါနဲ့ ။

ခဲတံ

About the author

ilove

Leave a Comment