Shwe News

ေတာင္ငူတြင္ ဇနီးေမာင္ႏွံ ၂ ဦးကို ေႂကြသီးေခါင္းျဖင့္ မေသမခ်င္း ထုသတ္တဲ့ သားအဖကို ဖမ္းဆီးလိုက္ျပီ

ေတာင္ငူၿမိဳ႕နယ္ ေကတုမတီမွာျဖစ္ပြားခဲ့တဲ့ ၂ ေလာင္းၿပိဳင္လူသတ္မႈနဲ႔ပတ္သက္ၿပီး တရာခံေတြဖမ္းမိခဲ့ၿပီလို႔ေတာင္ငူရဲစခန္းက သိရပါတယ္။

ေကတုမတီၿမိဳ႕သစ္မွာ ေနထိုင္တဲ့ ရဲဝင္းဆိုသူဆီကေန ေျမဝယ္ထားတာေၾကာင့္ ေျမပိုင္ရွင္ေတြျဖစ္တဲ့ ဦးစိုးသန္းလင္း ရဲ႕ဇနီးနဲ႔ သမီးတို႔ဟာ ေဖေဖာ္ဝါရီ ၂၁ ရက္ေန႔ မနက္ပိုင္းက ေျမဂရန္ေတာင္းယူရာကေန စတင္ျဖစ္ပြားခဲ့တယ္လို႔ သိရပါတယ္။

ေျမဂရန္ေတာင္းယူရင္ အေျခအတင္ စကားမ်ားရာကေန ရဲဝင္း နဲ႔ သူရဲ႕ ဖခင္ ၾကည္တိုးဆိုသူက ဦးစိုးသန္းလင္းကို ဓါတ္တိုင္ေႂကြသီးနဲ႔ မေသမခ်င္းထုသတ္ခဲ့သလို သူ႔ရဲ႕ ဇနီးေဒၚေခ်ာစုစုလင္းကို လည္း လူအမ်ားနဲ႔ သမီးျဖစ္သူရဲ႕ေရွ႕မွာ သတ္ခဲ့ၾကတာျဖစ္ပါတယ္။

ေသဆုံးသူေတြဟာ ရန္ကုန္တိုင္းေဒသႀကီး စမ္းေခ်ာင္းၿမိဳ႕နယ္ ပုသိမ္လမ္းမွာေနထိုင္းသူေတြျဖစ္ၾကၿပီး သူတို႔အသတ္ခံရစဥ္မွာ သမီးျဖစ္သူက အကူအညီေတာင္းၿပီး ရပ္တန႔္ဖို႔ႀကိဳးစားခဲ့ေပမယ့္ သမီးျဖစ္သူကိုပါ တိုက္ခိုက္ခဲ့တာေၾကာင့္ ထြက္ေျပးၿပီး ရဲစခန္းမွာ အမႈဖြင့္ခဲ့ပါတယ္။

အဆိုပါအမႈနဲ႔ပတ္သက္ၿပီး ေကတုမတီၿမိဳ႕သစ္ရဲစခန္းမွာ ျပစ္မႈက်ဴးလြန္သူလို႔ ယူဆရတဲ့ ရဲဝင္းနဲ႔ ၾကည္တိုးတို႔ သားအဖကို (ပ) ၂၉/ ၂၀၁၈ ရာဇသတ္ႀကီးပုဒ္မ ၃၀၂/၃၂၅/၁၁၄ တို႔နဲ႔ အမႈဖြင့္အေရးယူေဆာင္႐ြက္ထားပါတယ္။

ေသဆံုးမႈႏွင့္ပတ္သက္ၿပီး ထြက္ေျပးလြတ္ေျမာက္သြားသူ မေသာ္တာထက္စံ ကို ေဆးရံုတြင္ စိတ္ကေယာင္ေခ်ာက္ျခားျဖစ္၍ ရူးသြားသည္ဟု ေျပာဆိုမႈမ်ားကိုလည္း သူမ၏ အစ္မျဖစ္သူမွ မဟုတ္မွန္ေၾကာင္း “ကၽြန္မညီမ မ႐ူးပါဘူးေနာ္။ အခုကၽြန္မေဘးမွာ အေကာင္းႀကီးပါ။ သတင္းအမွားေတြတင္တာ ရပ္ပါေတာ့။ ” ဟူ၍သူမ၏ ေဖ့စ္ဘုတ္စာမ်က္ႏွာတြင္ ေရးသားထားသည္ကိုေတြ႕ရပါသည္။

Credit: Duwun

  • Unicode

တောင်ငူမြို့နယ် ကေတုမတီမှာဖြစ်ပွားခဲ့တဲ့ ၂ လောင်းပြိုင်လူသတ်မှုနဲ့ပတ်သက်ပြီး တရာခံတွေဖမ်းမိခဲ့ပြီလို့တောင်ငူရဲစခန်းက သိရပါတယ်။

ကေတုမတီမြို့သစ်မှာ နေထိုင်တဲ့ ရဲဝင်းဆိုသူဆီကနေ မြေဝယ်ထားတာကြောင့် မြေပိုင်ရှင်တွေဖြစ်တဲ့ ဦးစိုးသန်းလင်း ရဲ့ဇနီးနဲ့ သမီးတို့ဟာ ဖေဖော်ဝါရီ ၂၁ ရက်နေ့ မနက်ပိုင်းက မြေဂရန်တောင်းယူရာကနေ စတင်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

မြေဂရန်တောင်းယူရင် အခြေအတင် စကားများရာကနေ ရဲဝင်း နဲ့ သူရဲ့ ဖခင် ကြည်တိုးဆိုသူက ဦးစိုးသန်းလင်းကို ဓါတ်တိုင်ကြွေသီးနဲ့ မသေမချင်းထုသတ်ခဲ့သလို သူ့ရဲ့ ဇနီးဒေါ်ချောစုစုလင်းကို လည်း လူအများနဲ့ သမီးဖြစ်သူရဲ့ရှေ့မှာ သတ်ခဲ့ကြတာဖြစ်ပါတယ်။

သေဆုံးသူတွေဟာ ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ် ပုသိမ်လမ်းမှာနေထိုင်းသူတွေဖြစ်ကြပြီး သူတို့အသတ်ခံရစဉ်မှာ သမီးဖြစ်သူက အကူအညီတောင်းပြီး ရပ်တန့်ဖို့ကြိုးစားခဲ့ပေမယ့် သမီးဖြစ်သူကိုပါ တိုက်ခိုက်ခဲ့တာကြောင့် ထွက်ပြေးပြီး ရဲစခန်းမှာ အမှုဖွင့်ခဲ့ပါတယ်။

အဆိုပါအမှုနဲ့ပတ်သက်ပြီး ကေတုမတီမြို့သစ်ရဲစခန်းမှာ ပြစ်မှုကျူးလွန်သူလို့ ယူဆရတဲ့ ရဲဝင်းနဲ့ ကြည်တိုးတို့ သားအဖကို (ပ) ၂၉/ ၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၂၅/၁၁၄ တို့နဲ့ အမှုဖွင့်အရေးယူဆောင်ရွက်ထားပါတယ်။

သေဆုံးမှုနှင့်ပတ်သက်ပြီး ထွက်ပြေးလွတ်မြောက်သွားသူ မသော်တာထက်စံ ကို ဆေးရုံတွင် စိတ်ကယောင်ချောက်ခြားဖြစ်၍ ရူးသွားသည်ဟု ပြောဆိုမှုများကိုလည်း သူမ၏ အစ်မဖြစ်သူမှ မဟုတ်မှန်ကြောင်း “ကျွန်မညီမ မရူးပါဘူးနော်။ အခုကျွန်မဘေးမှာ အကောင်းကြီးပါ။ သတင်းအမှားတွေတင်တာ ရပ်ပါတော့။ ” ဟူ၍သူမ၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် ရေးသားထားသည်ကိုတွေ့ရပါသည်။

Credit: Duwun

About the author

ilove

Leave a Comment