Shwe News

ထူးခြားတဲ့ ဝတ်စုံလေးတွေနဲ့ သူထူးစံတို့ မင်္ဂလာပွဲ







Video Credit: The Radar

  • Unicode

ကျွန်တော်တို့ ငယ်ငယ်လေးကတည်းက အားပေးလာရတဲ့ စွယ်စုံရ မင်းသားတလက်ဖြစ်တဲ့ သူထူးစံကိုတော့ မြန်မာ့ရုပ်ရှင်ချစ် ပရိသတ် တော်တော်များများ သိကြပါတယ်။ မင်းသားကြီး သူထူးစံကတော့ ယခုနောက်ပိုင်းမှာ တီဗီဖန်သားပြင်ပေါ်ကနေ အနည်းငယ် ပျောက်နေတာကိုတော့ သတိထားမိမှာပါ။ သူ့အနေနဲ့ အနုပညာလုပ်ငန်းတွေကို ခပ်ကြဲကြဲသာ လုပ်ကိုင်တော့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း မင်းသားသူထူးစံကတော့ အနုပညာလောကကနေ ခဏနားနေပြီး ပြန်ပေါ်လာတဲ့ အချိန်မှာတော့ မင်္ဂလာ သတင်းပါ သယ်လာတာ ဖြစ်ပါတယ်။ မင်းသားသူထူးစံကိုတော့ သူ့ရဲ့ ပရိသတ်တွေက ဘယ်အချိန်မှ အိမ်ထောင်ပြုမှာလည်း ဆိုတာကို စိတ်ဝင်စားနေကြတာ ဖြစ်ပါတယ်။ ဒါကြောင့် သူမီဒီယာပေါ်တွေမှာ ပြန်ပေါ်လာတဲ့ အချိန်မှာတော့ ပရိသတ်တွေကို သူ့မင်္ဂလာသတင်းကို ပြောကြားခဲ့ပါတယ်။ နောက်ဆုံးမှာ သူထူးစံဟာ လူပျိုကြီး ဘဝကနေ ကျွတ်လွတ်ပြီး ပျော်ရွှင်စရာ မိသားစုဘဝလေးကို စတင်နိုင်တော့မှာ ဖြစ်ပါတယ်။

သူထူးစံဟာပြီးခဲ့တဲ့ အင်တာဗျူးမှာတော့ သူ့မင်္ဂလာပွဲကို လုံးဝ မြန်မာခေတ်တုန်းရိုးရာ ပုံစံလိုမျိုး ဆောင်မယ်လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။ မင်းညီမင်းသားတွေလို မဟုတ်ပဲ ထိုခေတ်က သာမန်လူတွေ မင်္ဂလာဆောင်သလို ဆောင်ချင်တယ်လို့ ပြောကြားသွားပြီး နောက်ဆုံးမှာတော့ အကောင်ထည်ဖော်လိုက်နိုင်ပြီ ဖြစ်ပါတယ်။

မင်းသား သူထူးစံရဲ့ ထူးထူးခြားခြား မင်္ဂလာပွဲမြင်ကွင်း ဗီဒီယိုလေးကိုတော့ ပြောချင်လွန်းလို့ ပရိသတ်ကြီး အတွက် ဖော်ပြပေးလိုက်ပါတယ်။ သူထူးစံရဲ့ မင်္ဂလာပွဲလေးကတော့ သာမန်လူတွေ ဆောင်သလို မင်္ဂလာပွဲလေး မဟုတ်ပဲ မြန်မာ ရိုးရာဝတ်စုံနဲ့ ထူးထူးခြားခြားလေး ဖြစ်နေတာကတော့ အမှန်ပါပဲ။

သူထူးစံနဲ့ ထိုက်စုဝင်းတို့ရဲ့ မင်္ဂလာပွဲလေးကတော့ အနုပညာလောကထဲက နာမည်ကြီးတဲ့သူတွေ မီဒီယာတွေနဲ့ အသိုင်းအဝိုင်းများစွာနဲ့ စည်ကားလျက်ရှိနေတာကို တွေ့ရပါတယ်။ တကယ်ကို မင်္ဂလာရှိတဲ့ မြင်ကွင်းလေး တခုဆိုလည်း မမှားပါဘူး။

မင်္ဂလာပွဲကျင်းပနေသည့် ရုပ်သံဖိုင်

Credit: ပြောချင်လွန်းလို့
Video Credit: The Radar

About the author

ilove

Leave a Comment