Shwe News

ဇနီးသည္ေဒၚခင္ၾကည္မွ ဗိုလ္ခ်ဳပ္သို႔ေပးစာ….<< သို႔ …… ကိုေအာင္ဆန္း

ဇနီးသည္ေဒၚခင္ၾကည္မွ ဗိုလ္ခ်ဳပ္သို႔ေပးစာ << သို႔ …… ကိုေအာင္ဆန္း

ရွင့္ခႏၶာကိုယ္ထဲ က်ည္ ဆယ့္သံုးေတာင့္ ဝင္ခ့ဲတာဆိုကြ်န္မ ႏွလံုးသားထဲႏွစ္ဆယ့္ေျခာက္ေတာင့္ဝင္ခ့ဲတာပါ ရွင္ရယ္ ။ ဗိုလ္ခ်ဳပ္ဆိုလည္း ဗိုလ္ခ်ဳပ္ကေတာ္ေပါ့လူ႐ိုးႀကီးဆိုေတာ့လည္း လူ႐ိုးႀကီးရဲ႕ ဇနီးေပါ့လူ႔ခြစာႀကီးဆိုေတာ့လည္း လူ႔ခြစာႀကီး မိန္းမေပါ့အ႐ိုင္းဆိုေတာ့လည္း ဒီက…အ႐ိုင္းတစ္ေယာက္ရဲ႕ ပါရမီျဖည့္ဘက္ပါေတာ့္။

”ဆရာမကိုပဲ အသည္းစြဲေအာင္ ခ်စ္ေတာ့သည္” လို႔ရွင္တစ္ေယာက္တည္း ညည္းခ့ဲေလသလားခုခ်ိန္မ်ား ျပန္ေမးရင္ ရွင္… မၿပံဳးတတ္ ၿပံဳးတတ္ ၿပံဳးဦးမယ္။ ဒီမယ္ေတာ့… ကိုေအာင္ဆန္း လက္ထပ္ခြင့္ထက္ခ်စ္ခြင့္ အရင္ေတာင္းသင့္တယ္ လို႔တဆိတ္ရွင္ … မထင္ခ့ဲဘူးလား ။
ခုေတာ့ ရင္ခုန္ရမလို ရင္ဖိုရမလို” အခ်ိန္မရဘူးတ့ဲ ” ။

ရွင့္ရည္းစားစကား ျပန္မ်ားေတြးၾကည့္ရင္ ရွင္ … ရယ္ခ်င္ေနမလား။ ဘုရင္တစ္ပါးရဲ႕ မိဖုရားစစ္ဗိုလ္ခ်ဳပ္ တစ္ဦးရဲ႕ ကေတာ္လက္ညွိဳးညႊန္ရာ ဘာမဆိုျဖစ္ႏိုင္တ့ဲဘဝကြ်န္မဟာ ရွင္နဲ႔ တစ္သားတည္းဘယ္မတုန္း ေရႊ တြဲလြဲဘယ္မတုန္း ေငြ တြဲလြဲခမည္းေပးဖို႔ေတာင္ အေမ့ျပန္အပူကပ္ရွင္ ျမတ္သလို ကြ်န္မလည္းျမတ္ရွင္ ရပ္သလို ကြ်န္မလည္း ရပ္ခ့ဲမေမ့ေသးရင္” ေက်းဇူးတင္ပါတယ္ ၾကည္… ” လို႔ ရွင္ ေျပာမယ္ထင္ပါရဲ႕ ။

” အိႏၵိယက ဘာမွာမလဲ ” ေမးလို႔ ” လမ္းေဘးက ပိတ္စေလးေတြဝယ္ေပးပါ ”ေျပာတုန္းက ဝယ္ေပးစရာ ပိုက္ဆံမရွိဘူးတ့ဲ ကန္ေတာ္ႀကီး တစ္ပတ္ေလာက္သာသာကိုပဲကားစီးရတ့ဲ ဗိုလ္ခ်ဳပ္ႀကီးရဲ႕ မိသားစုေတြပါ ။ ေရာင့္ရဲလြန္းသူႀကီး … ေရ သိကၡာရွိလြန္းသူႀကီး … ေရ

ရွင့္ အျပင္ ရွင့္ မိသားစုလည္း တာဝန္ေက်ပါတယ္ ။ ကြ်န္မေျပာမယ္ဆို ရွင္ စိတ္မဆိုးဘူး မဟုတ္လား ။ ဘယ္ေလာက္မွ မခ်မ္းသာသူကို ခ်စ္ခ့ဲ အဝတ္ကေလး ႏွစ္စံု သံုးစံုပဲ ရွိတ့ဲ ရွင့္ကို ၾကင္နာခ့ဲ ။ထြက္သြားေတာ့လည္း ဘာမွ မခ်န္ခ့ဲဒါေပမယ့္ ဂုဏ္ရွိတ့ဲ မုဆိုးမဆိုတာၿခံထဲက လီလီပန္းေလးေတြ သိလိမ့္မယ္ ။

ရွင္က ဆယ့္သံုးခ်က္ မွန္တယ္ကြ်န္မက အ့ဲဒီထက္ ပိုနာက်င္ရတယ္ ။ ေနမယ္ဆို ေနလို႔ ရပါလွ်က္ ရွင္မယ္ဆို ရွင္လို႔ ရပါလွ်က္လက္မျပပဲ ႏႈတ္ဆက္ အ့ဲဒီ မနက္က မိုးေတြ…ေစြ..လို႔ ။ ျပန္လာခ့ဲပါလား ရွင္ရယ္ ရွင္ ေရးမယ့္စာေတြ ဖတ္ခ်င္ေသးတာၿခံကေလး ဘာေလး စိုက္စားမယ္ ဆိုရွင္က စိုက္ ကြ်န္မက ေရေလာင္းေပါင္းသင္ႏွစ္ေယာက္အတူတြဲ ရွိခ်င္ေသးတာ ။

ရွင့္ ေခါင္းထဲကႏိုင္ငံေရးကို ခဏထုတ္ ရွင္ မလုပ္ျဖစ္ခ့ဲတ့ဲ ၾကင္နာျခင္းရွင္ မသိခ့ဲတ့ဲ ျမတ္ႏိုးျခင္း စကားေတြ ေဖာင္ဖြဲ႕လို႔ငယ္မူျပန္ခ်င္ေသးတာ…ေတာ့္ ရွင္ … ရွက္မ်ားသြားသလား ။ ဘဝလမ္း ခရီးတစ္ေလွ်ာက္ ပါရမီျဖည့္ဘက္ တစ္ေယာက္ကိုသတိမွ ရပါေလစ ကိုေအာင္ဆန္း…။ ေၾသာ္… ဒါနဲ႔ကြ်န္မေလ ဒီမနက္ကရွင့္ အတြက္ပဲျပဳတ္နဲ႔ နံျပား ဝယ္ထားမိေသးတယ္ ေတာ္ ။
မွ/
ၾကည္
Credit to: Nay Htike

 

  • Unicode

ဇနီးသည်ဒေါ်ခင်ကြည်မှ ဗိုလ်ချုပ်သို့ပေးစာ << သို့ …… ကိုအောင်ဆန်း

ရှင့်ခန္ဓာကိုယ်ထဲ ကျည် ဆယ့်သုံးတောင့် ဝင်ခဲ့တာဆိုကျွန်မ နှလုံးသားထဲနှစ်ဆယ့်ခြောက်တောင့်ဝင်ခဲ့တာပါ ရှင်ရယ် ။ ဗိုလ်ချုပ်ဆိုလည်း ဗိုလ်ချုပ်ကတော်ပေါ့လူရိုးကြီးဆိုတော့လည်း လူရိုးကြီးရဲ့ ဇနီးပေါ့လူ့ခွစာကြီးဆိုတော့လည်း လူ့ခွစာကြီး မိန်းမပေါ့အရိုင်းဆိုတော့လည်း ဒီက…အရိုင်းတစ်ယောက်ရဲ့ ပါရမီဖြည့်ဘက်ပါတော့်။

”ဆရာမကိုပဲ အသည်းစွဲအောင် ချစ်တော့သည်” လို့ရှင်တစ်ယောက်တည်း ညည်းခဲ့လေသလားခုချိန်များ ပြန်မေးရင် ရှင်… မပြုံးတတ် ပြုံးတတ် ပြုံးဦးမယ်။ ဒီမယ်တော့… ကိုအောင်ဆန်း လက်ထပ်ခွင့်ထက်ချစ်ခွင့် အရင်တောင်းသင့်တယ် လို့တဆိတ်ရှင် … မထင်ခဲ့ဘူးလား ။
ခုတော့ ရင်ခုန်ရမလို ရင်ဖိုရမလို” အချိန်မရဘူးတဲ့ ” ။

ရှင့်ရည်းစားစကား ပြန်များတွေးကြည့်ရင် ရှင် … ရယ်ချင်နေမလား။ ဘုရင်တစ်ပါးရဲ့ မိဖုရားစစ်ဗိုလ်ချုပ် တစ်ဦးရဲ့ ကတော်လက်ညှိုးညွှန်ရာ ဘာမဆိုဖြစ်နိုင်တဲ့ဘဝကျွန်မဟာ ရှင်နဲ့ တစ်သားတည်းဘယ်မတုန်း ရွှေ တွဲလွဲဘယ်မတုန်း ငွေ တွဲလွဲခမည်းပေးဖို့တောင် အမေ့ပြန်အပူကပ်ရှင် မြတ်သလို ကျွန်မလည်းမြတ်ရှင် ရပ်သလို ကျွန်မလည်း ရပ်ခဲ့မမေ့သေးရင်” ကျေးဇူးတင်ပါတယ် ကြည်… ” လို့ ရှင် ပြောမယ်ထင်ပါရဲ့ ။

” အိန္ဒိယက ဘာမှာမလဲ ” မေးလို့ ” လမ်းဘေးက ပိတ်စလေးတွေဝယ်ပေးပါ ”ပြောတုန်းက ဝယ်ပေးစရာ ပိုက်ဆံမရှိဘူးတဲ့ ကန်တော်ကြီး တစ်ပတ်လောက်သာသာကိုပဲကားစီးရတဲ့ ဗိုလ်ချုပ်ကြီးရဲ့ မိသားစုတွေပါ ။ ရောင့်ရဲလွန်းသူကြီး … ရေ သိက္ခာရှိလွန်းသူကြီး … ရေ

ရှင့် အပြင် ရှင့် မိသားစုလည်း တာဝန်ကျေပါတယ် ။ ကျွန်မပြောမယ်ဆို ရှင် စိတ်မဆိုးဘူး မဟုတ်လား ။ ဘယ်လောက်မှ မချမ်းသာသူကို ချစ်ခဲ့ အဝတ်ကလေး နှစ်စုံ သုံးစုံပဲ ရှိတဲ့ ရှင့်ကို ကြင်နာခဲ့ ။ထွက်သွားတော့လည်း ဘာမှ မချန်ခဲ့ဒါပေမယ့် ဂုဏ်ရှိတဲ့ မုဆိုးမဆိုတာခြံထဲက လီလီပန်းလေးတွေ သိလိမ့်မယ် ။

ရှင်က ဆယ့်သုံးချက် မှန်တယ်ကျွန်မက အဲ့ဒီထက် ပိုနာကျင်ရတယ် ။ နေမယ်ဆို နေလို့ ရပါလျှက် ရှင်မယ်ဆို ရှင်လို့ ရပါလျှက်လက်မပြပဲ နှုတ်ဆက် အဲ့ဒီ မနက်က မိုးတွေ…စွေ..လို့ ။ ပြန်လာခဲ့ပါလား ရှင်ရယ် ရှင် ရေးမယ့်စာတွေ ဖတ်ချင်သေးတာခြံကလေး ဘာလေး စိုက်စားမယ် ဆိုရှင်က စိုက် ကျွန်မက ရေလောင်းပေါင်းသင်နှစ်ယောက်အတူတွဲ ရှိချင်သေးတာ ။

ရှင့် ခေါင်းထဲကနိုင်ငံရေးကို ခဏထုတ် ရှင် မလုပ်ဖြစ်ခဲ့တဲ့ ကြင်နာခြင်းရှင် မသိခဲ့တဲ့ မြတ်နိုးခြင်း စကားတွေ ဖောင်ဖွဲ့လို့ငယ်မူပြန်ချင်သေးတာ…တော့် ရှင် … ရှက်များသွားသလား ။ ဘဝလမ်း ခရီးတစ်လျှောက် ပါရမီဖြည့်ဘက် တစ်ယောက်ကိုသတိမှ ရပါလေစ ကိုအောင်ဆန်း…။ သြော်… ဒါနဲ့ကျွန်မလေ ဒီမနက်ကရှင့် အတွက်ပဲပြုတ်နဲ့ နံပြား ဝယ်ထားမိသေးတယ် တော် ။
မှ/
ကြည်
Credit to: Nay Htike

 

About the author

Wai Phyo Oo

Leave a Comment