Shwe News

Line Walker 2 ရဲ႕ ေငြေၾကးအရႈပ္အရွင္းေတြကုိေျပာျပတဲ့ ညီနႏၵ

ညီနႏၵဟာဆိုရင္ အနုပညာသက္တမ္းရင့္ေနျပီျဖစ္တဲ့ မင္းသားတစ္လက္ျဖစ္သလုိပရိသတ္ေတာ္ေတာ္မ်ားမ်ားလည္းရရွိထားသူျဖစ္ပါတယ္။ ျမန္မာနိုင္ငံကုိလာရိုက္တဲ့ ေဟာင္ေကာင္ ရုပ္ရွင္ဇာတ္ကား Line Walker 2 မွာ ညီနႏၵက ကမ္းလွမ္းခံရျပီးမွ မပါဝင္ျဖစ္ခဲ့ဘူးလု႔ိသိရပါတယ္။ ျဖစ္ပ်က္သြားပံုအလံုးစံုကို ညီနႏၵက MC နဲ႔ အင္တာဗ်ဴးမွာေျပာျပသြားပါတယ္။

ညီနႏၵက Line Walker အတြက္ Casting ဝင္ျဖစ္ခဲ့ပံုကုိ “Line Walker က အစ္ကုိ႔ကုိ ဆယ့္နွစ္ဆယ့္သံုးရက္ေန႔ေလာက္မွာ ကမ္းလွမ္းလာတယ္။ အစ္ကုိတို႔နဲ႔အရင္ကတည္းက အလုပ္လုပ္ေနတဲ့လူေတြပါပဲ။ အစ္ကုိအခုေျပာတဲ့စကားကုိအစ္ကုိတာဝန္ယူတယ္။ေဟာင္ေကာင္ကေနလာရုိက္တယ္။ အမ်ားဆံုး $ 2500 ရမယ္။ အနည္းဆံုး $1500 ရမယ္။ အဲဒီတစ္ခ်က္ေျပာတယ္။ စိတ္ဝင္စားရင္ဓာတ္ပံုေလးပို႔ေပးပါဆိုေတာ့ ပုိ႔ေပးလုိက္တယ္။ ဖုန္းျပန္ဆက္လာတယ္။ casting လုပ္ဖို႔အတြက္သြားေတာ့ ေနယံတို႔ထူးေအာင္တို႔ေတြ႕တယ္။ သူတို႔က အစ္ကုိ႔ကုိ commander ေနရာက သရုပ္ေဆာင္ခို္င္းတယ္။ သူတို႔လည္းခ်က္ခ်င္းသေဘာက်တယ္”လို႔ ေျပာျပထားပါတယ္။

Casting ျပီးေတာ့ ေစ်းညွိျဖစ္ပံုကုိလည္း “အစ္ကုိဘယ္ေလာက္ဆုိရင္အဆင္ေျပမလဲတဲ့ ဘာသာျပန္ညီေလးနဲ႔ညီမေလးကေျပာျပတာေပါ့။ ဒီအတြက္ကမ္းလွမ္းလာတဲ့ ကြ်န္ေတာ့္ရဲ႕ ညီအစ္ ကုိေတြေျပာထားတာေတာ့ အနည္းဆံုးေထာင့္ငါးရာ အမ်ားဆံုးနွစ္ေထာင့္ငါးရာ။ ေထာင့္ငါးရာဆိုရင္အဆင္မေျပဘူးလားလို႔ ဘာသာျပန္ေတြကတစ္ဆင့္ အစ္ကုိေျပာတယ္။ မဟုတ္ဘူးတဲ့ ေထာင့္ငါးရာဆိုတာက ရက္ငါးရက္တစ္ပတ္ေလာက္ရိုက္မယ့္သူေတြကုိေျပာတာတဲ့။ အစ္ကုိ႔ကုိဆိုရင္ေလးရာေလာက္ဆိုမရဘူးလားတဲ့။ အစ္ကုိလည္းနည္းနည္းေလးဟေနေတာ့ ေစ်းကုိစဥ္းစားလိုက္ေတာ့ တစ္ရက္ထဲပဲလည္းျဖစ္ေတာ့ မထူးဘူးလို႔ အစ္ကုိခုနစ္ရာလို႔ေျပာလိုက္တယ္။ ေနာက္တစ္ေန႔က်ေတာ့ casting လုပ္တယ္။ 15 ရက္ေန႔မွာ အစ္ကုိကပဲဆက္တာ။ မသိရေသးဘူးတဲ့။ ရုိက္ကြင္းရုိက္ဖို႔ျပင္ဆင္ေနၾကတယ္တဲ့”လို႔ ျပန္ေျပာျပထားျပီး

ေနာက္ဆံုးမွာ မရုိက္ျဖစ္ဘူးျဖစ္သြားပံုကုိလည္း ညီနႏၵက “16 ရက္ေန႔မနက္က်ေတာ့ အစ္ကုိဆက္ေတာ့ဖုန္းပိတ္ထားတယ္။ မနက္ကုိးနာရီေလာက္မွျပန္ဆက္လာတယ္။ အစ္ကိုေရ ဘယ္လိုေျပာရမယ္မွန္းေတာင္မသိေတာ့ဘူးတဲ့။ ျမန္မာေငြ တစ္သိန္းခဲြတန္တဲ့ $100 တန္ ေရြးလိုက္တယ္တဲ့။ ဘယ္လိုေျပာရမလဲေပါ့ေနာ္။ ဆိုလိုတာက ဘယ္ပုဂၢိဳလ္ကုိမွ ထိခုိက္ေစခ်င္တဲ့ ဆႏၵမဟုတ္ဘူး။ အဓိကက အစ္ကုိရိုက္ခ်င္တယ္။ ရုိက္ခ်င္လို႔လည္းေရာက္ေအာင္သြားတယ္။ အစ္ကုိ႔ုကုိတစ္သိန္းခဲြေပးလည္းအစ္ကုိရုိက္မွာပဲ။ နုိင္ငံတကာနဲ႔ခ်ိတ္ဆက္ျပီးေတာ့ လုပ္ေနတာျဖစ္တဲ့ အတြက္ ဒီထက္ပိုျပီးေတာ့ တိက်သင့္တယ္။ ဒီ့ထက္ပုိုျပီးေတာ့ အစ္ကုိတို႔ျမန္မာအခ်င္းခ်င္းကုိတန္ဖိုးထားသင့္တယ္လို႔ အစ္ကုိယူဆတယ္”လို႔ ရင္ဖြင့္ထားခဲ့ပါတယ္။

ညီနႏၵက ဒီလိုျဖစ္သြားတာ ကုိယ္တစ္ေယက္တည္းထင္လို႔ဘာမွမေျပာခဲ့တာျဖစ္ေၾကာင္းလည္း “ထြန္းကုိကုိဟာေလးဖတ္လိုက္ရေတာ့ အစ္ကုိလည္းစိတ္မေကာင္းဘူး။ ထြန္းကုိကုိ ဆိုရင္ပိုဆိုးတာေပါ့။ သူဆိုရင္ ေရြးျပီးသြားျပီ။ ေရြးျပီးသြားတဲ့မနက္က်မွ နွစ္ရာတန္ကိုေရြးလိုက္တယ္။ သူက ဟုိကေျပာတဲ့ေလးရာကုိလက္ခံျပီးသြားျပီ ျပီးမွနွစ္ရာတန္ကုိေရြးလိုက္တယ္ဆိုေတာ့ ပိုဆိုးတာေပါ့။ ထြန္းကုိိကိုရဲ႕အင္တာဗ်ဴးေလးဖတ္လိုက္ရေတာ့ စိတ္မေကာင္းဘူး။ အစ္ကုိက ပထမေတာ့အစ္ကုိတစ္ေယာက္တည္းမွတ္လို႔ အစ္ကုိဘာမွမေျပာေတာ့ဘူးလို႔ေနတာ။ ဒါမ်ိဳးမျဖစ္သင့္ ဘူးလို႔အစ္ကုိေျပာခ်င္တယ္”လို႔ ေျဖၾကားထားပါတယ္။

ေျပာခ်င္လြန္းလို႔ပရိသတ္ၾကီးေရာ ျမန္မာအနုပညာရွင္ေတြကုိ Casting ဝင္ျပီးမွ မေရြးတာမ်ားလာတဲ့ Line Walker 2 ဇာတ္ကားကုိဘယ္လိုျမင္လဲ။ ညီနႏၵကုိေရာအားေပးၾကလား။ ညီနႏၵရဲ႕အနုပညာလႈပ္ရွားမႈေတြကုိဆက္လက္အားေပးၾကမွာလား။ေျပာခဲ့ၾကပါဦး။

Credit: Nanmalgyi.com

  • Unicode version

ညီနန္ဒဟာဆိုရင် အနုပညာသက်တမ်းရင့်နေပြီဖြစ်တဲ့ မင်းသားတစ်လက်ဖြစ်သလိုပရိသတ်တော်တော်များများလည်းရရှိထားသူဖြစ်ပါတယ်။ မြန်မာနိုင်ငံကိုလာရိုက်တဲ့ ဟောင်ကောင် ရုပ်ရှင်ဇာတ်ကား Line Walker 2 မှာ ညီနန္ဒက ကမ်းလှမ်းခံရပြီးမှ မပါဝင်ဖြစ်ခဲ့ဘူးလု့ိသိရပါတယ်။ ဖြစ်ပျက်သွားပုံအလုံးစုံကို ညီနန္ဒက MC နဲ့ အင်တာဗျူးမှာပြောပြသွားပါတယ်။

ညီနန္ဒက Line Walker အတွက် Casting ဝင်ဖြစ်ခဲ့ပုံကို “Line Walker က အစ်ကို့ကို ဆယ့်နှစ်ဆယ့်သုံးရက်နေ့လောက်မှာ ကမ်းလှမ်းလာတယ်။ အစ်ကိုတို့နဲ့အရင်ကတည်းက အလုပ်လုပ်နေတဲ့လူတွေပါပဲ။ အစ်ကိုအခုပြောတဲ့စကားကိုအစ်ကိုတာဝန်ယူတယ်။ဟောင်ကောင်ကနေလာရိုက်တယ်။ အများဆုံး $ 2500 ရမယ်။ အနည်းဆုံး $1500 ရမယ်။ အဲဒီတစ်ချက်ပြောတယ်။ စိတ်ဝင်စားရင်ဓာတ်ပုံလေးပို့ပေးပါဆိုတော့ ပို့ပေးလိုက်တယ်။ ဖုန်းပြန်ဆက်လာတယ်။ casting လုပ်ဖို့အတွက်သွားတော့ နေယံတို့ထူးအောင်တို့တွေ့တယ်။ သူတို့က အစ်ကို့ကို commander နေရာက သရုပ်ဆောင်ခိုင်းတယ်။ သူတို့လည်းချက်ချင်းသဘောကျတယ်”လို့ ပြောပြထားပါတယ်။

Casting ပြီးတော့ ဈေးညှိဖြစ်ပုံကိုလည်း “အစ်ကိုဘယ်လောက်ဆိုရင်အဆင်ပြေမလဲတဲ့ ဘာသာပြန်ညီလေးနဲ့ညီမလေးကပြောပြတာပေါ့။ ဒီအတွက်ကမ်းလှမ်းလာတဲ့ ကျွန်တော့်ရဲ့ ညီအစ် ကိုတွေပြောထားတာတော့ အနည်းဆုံးထောင့်ငါးရာ အများဆုံးနှစ်ထောင့်ငါးရာ။ ထောင့်ငါးရာဆိုရင်အဆင်မပြေဘူးလားလို့ ဘာသာပြန်တွေကတစ်ဆင့် အစ်ကိုပြောတယ်။ မဟုတ်ဘူးတဲ့ ထောင့်ငါးရာဆိုတာက ရက်ငါးရက်တစ်ပတ်လောက်ရိုက်မယ့်သူတွေကိုပြောတာတဲ့။ အစ်ကို့ကိုဆိုရင်လေးရာလောက်ဆိုမရဘူးလားတဲ့။ အစ်ကိုလည်းနည်းနည်းလေးဟနေတော့ ဈေးကိုစဉ်းစားလိုက်တော့ တစ်ရက်ထဲပဲလည်းဖြစ်တော့ မထူးဘူးလို့ အစ်ကိုခုနစ်ရာလို့ပြောလိုက်တယ်။ နောက်တစ်နေ့ကျတော့ casting လုပ်တယ်။ 15 ရက်နေ့မှာ အစ်ကိုကပဲဆက်တာ။ မသိရသေးဘူးတဲ့။ ရိုက်ကွင်းရိုက်ဖို့ပြင်ဆင်နေကြတယ်တဲ့”လို့ ပြန်ပြောပြထားပြီး

နောက်ဆုံးမှာ မရိုက်ဖြစ်ဘူးဖြစ်သွားပုံကိုလည်း ညီနန္ဒက “16 ရက်နေ့မနက်ကျတော့ အစ်ကိုဆက်တော့ဖုန်းပိတ်ထားတယ်။ မနက်ကိုးနာရီလောက်မှပြန်ဆက်လာတယ်။ အစ်ကိုရေ ဘယ်လိုပြောရမယ်မှန်းတောင်မသိတော့ဘူးတဲ့။ မြန်မာငွေ တစ်သိန်းခွဲတန်တဲ့ $100 တန် ရွေးလိုက်တယ်တဲ့။ ဘယ်လိုပြောရမလဲပေါ့နော်။ ဆိုလိုတာက ဘယ်ပုဂ္ဂိုလ်ကိုမှ ထိခိုက်စေချင်တဲ့ ဆန္ဒမဟုတ်ဘူး။ အဓိကက အစ်ကိုရိုက်ချင်တယ်။ ရိုက်ချင်လို့လည်းရောက်အောင်သွားတယ်။ အစ်ကို့ုကိုတစ်သိန်းခွဲပေးလည်းအစ်ကိုရိုက်မှာပဲ။ နိုင်ငံတကာနဲ့ချိတ်ဆက်ပြီးတော့ လုပ်နေတာဖြစ်တဲ့ အတွက် ဒီထက်ပိုပြီးတော့ တိကျသင့်တယ်။ ဒီ့ထက်ပိုပြီးတော့ အစ်ကိုတို့မြန်မာအချင်းချင်းကိုတန်ဖိုးထားသင့်တယ်လို့ အစ်ကိုယူဆတယ်”လို့ ရင်ဖွင့်ထားခဲ့ပါတယ်။

ညီနန္ဒက ဒီလိုဖြစ်သွားတာ ကိုယ်တစ်ယေက်တည်းထင်လို့ဘာမှမပြောခဲ့တာဖြစ်ကြောင်းလည်း “ထွန်းကိုကိုဟာလေးဖတ်လိုက်ရတော့ အစ်ကိုလည်းစိတ်မကောင်းဘူး။ ထွန်းကိုကို ဆိုရင်ပိုဆိုးတာပေါ့။ သူဆိုရင် ရွေးပြီးသွားပြီ။ ရွေးပြီးသွားတဲ့မနက်ကျမှ နှစ်ရာတန်ကိုရွေးလိုက်တယ်။ သူက ဟိုကပြောတဲ့လေးရာကိုလက်ခံပြီးသွားပြီ ပြီးမှနှစ်ရာတန်ကိုရွေးလိုက်တယ်ဆိုတော့ ပိုဆိုးတာပေါ့။ ထွန်းကိုကိုရဲ့အင်တာဗျူးလေးဖတ်လိုက်ရတော့ စိတ်မကောင်းဘူး။ အစ်ကိုက ပထမတော့အစ်ကိုတစ်ယောက်တည်းမှတ်လို့ အစ်ကိုဘာမှမပြောတော့ဘူးလို့နေတာ။ ဒါမျိုးမဖြစ်သင့် ဘူးလို့အစ်ကိုပြောချင်တယ်”လို့ ဖြေကြားထားပါတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော မြန်မာအနုပညာရှင်တွေကို Casting ဝင်ပြီးမှ မရွေးတာများလာတဲ့ Line Walker 2 ဇာတ်ကားကိုဘယ်လိုမြင်လဲ။ ညီနန္ဒကိုရောအားပေးကြလား။ ညီနန္ဒရဲ့အနုပညာလှုပ်ရှားမှုတွေကိုဆက်လက်အားပေးကြမှာလား။ပြောခဲ့ကြပါဦး။

Credit: Nanmalgyi.com

About the author

Crypoetess

Leave a Comment