Shwe News

လူသတ္ေကာင္ေတြကုိ အမႈန္႔ႀကိတ္ပစ္ခ်င္ခ့ဲမိေပမယ္႔ . . . . .

21.2.2019 ရက္ေန႔က က်ေနာ့္အတြက္ Big Day ပါပဲ။ အခုထိအမွန္တရားကုိ လက္မခံႏုိင္ေသးေပမ့ဲ ပကတိအ႐ွိတရားကေတာ့ က်ေနာ့္အကုိလတ္ျဖစ္တ့ဲ စုိးလင္းသန္း န့ဲ အမ ေခ်ာစုစုလင္းတုိ႔ကေတာ့ က်ေနာ္တုိ႔ မိသားစုအဝန္းအဝုိင္းထဲက အၿပီးအပိုင္ႏုတ္ဆက္ထြက္ခြာ သြားခ့ဲျကပါၿပီ….။

က်ေနာ္လည္း ေယာက််္ားတစ္ေယာက္ရ႕ဲ မာန္အရ ေဒါသထြက္ခ့ဲရၿပီး လူသတ္ေကာင္ေတြကုိ အမႈန္႔ႀကိတ္ျပစ္ခ်င္ခ့ဲမိတယ္…..။

ဒါေပမ့ဲ အသိတရားန႔ဲသတိကထိမ္းခ်ဳပ္ထားၿပီး ဆရာေတာ္ဦးဗုဓ္ရ႕ဲ ” သူ႔ဝဋ္႐ွိက ေက်ေအာင္ဆပ္ရတယ္ ” ဆုိတ့ဲ စကားေလးကုိၾကားေယာင္မိရင္း စိတ္ကုိ တည္ၿငိမ္ႏုိင္ေစခ့ဲပါတယ္….ျပဳသူအသစ္ ျဖစ္သူအေဟာင္းပါပဲ……

23.2.2019 မနက္ 10 နာရီမွာေရေဝးသုသာန္မွာ က်န္ရစ္ခ့ဲတ့ဲ ဥတုဇ႐ုပ္ကလပ္ကုိ အၿပီးသတ္ သၿဂိၤဳလ္ရင္း ဒီဘဝ ဒီခႏၶာအသက္႐ွင္ ေနတယ္ဆုိတာ မ်က္စိတစ္မွိတ္ လ်ပ္တပ်က္အတြင္းတစ္မိနစ္ တစ္စကၠန္႔အတြင္းအသက္ဇီဝိန္ခ်ဳပ္ၿငိမ္းသြားႏုိင္ပါလားလုိ႔ သံေဝဂ ရေနမိပါတယ္…

အားလုံးပဲ ဒီအျဖစ္အပ်က္ကုိ သတိရၿပီး အသက္႐ွင္သန္ေနခ်ိန္တခဏေလးမွာ ေဒါသ မာန္မာန အတၱေတြ ခဝါခ်လုိ႔ ၿငိမ္းခ်မ္းသာယာ ေအးခ်မ္းတ့ဲ ဘဝေတြကုိ ခ်စ္ခ်င္ခင္ခင္န႔ဲ ညီၫႊတ္စြာ ျဖတ္သန္းႏုိင္ၾကပါေစ……..

သေဗၺ သၤခါရ အနိစၥ……( အလုံးစုံေသာ သခၤါရတရားတုိ႔သည္ မျမဲျခင္းသေဘာ႐ွိၾကကုန္၏)သေဗၺ သခၤါရ ဒုကၡ……

( အလုံးစုံေသာ သခၤါရ တရားတုိ႔သည္ ဒုကၡ ဆင္းရဲရျခင္းသေဘာ ႐ွိကုန္၏)သေဗၺ ဓမၼာ အနတၱ……

(အလုံးစုံေသာ ဓမၼတုိ႔သည္ ကုိယ့္အလုိက်မလုိက္ပဲ ဓမၼသေဘာအတုိင္းသာ ျဖစ္ေပၚေနၾကတ့ဲ အနတၱ အစုိးမရ) ………

Soe Myint Than

  • Unicode version

21.2.2019 ရက်နေ့က ကျနော့်အတွက် Big Day ပါပဲ။ အခုထိအမှန်တရားကို လက်မခံနိုင်သေးပေမဲ့ ပကတိအရှိတရားကတော့ ကျနော့်အကိုလတ်ဖြစ်တဲ့ စိုးလင်းသန်း နဲ့ အမ ချောစုစုလင်းတို့ကတော့ ကျနော်တို့ မိသားစုအဝန်းအဝိုင်းထဲက အပြီးအပိုင်နုတ်ဆက်ထွက်ခွာ သွားခဲ့ကြပါပြီ….။

ကျနော်လည်း ယောကျျ်ားတစ်ယောက်ရဲ့ မာန်အရ ဒေါသထွက်ခဲ့ရပြီး လူသတ်ကောင်တွေကို အမှုန့်ကြိတ်ပြစ်ချင်ခဲ့မိတယ်…..။

ဒါပေမဲ့ အသိတရားနဲ့သတိကထိမ်းချုပ်ထားပြီး ဆရာတော်ဦးဗုဓ်ရဲ့ ” သူ့ဝဋ်ရှိက ကျေအောင်ဆပ်ရတယ် ” ဆိုတဲ့ စကားလေးကိုကြားယောင်မိရင်း စိတ်ကို တည်ငြိမ်နိုင်စေခဲ့ပါတယ်….ပြုသူအသစ် ဖြစ်သူအဟောင်းပါပဲ……

23.2.2019 မနက် 10 နာရီမှာရေဝေးသုသာန်မှာ ကျန်ရစ်ခဲ့တဲ့ ဥတုဇရုပ်ကလပ်ကို အပြီးသတ် သဂြိၤုလ်ရင်း ဒီဘဝ ဒီခန္ဓာအသက်ရှင် နေတယ်ဆိုတာ မျက်စိတစ်မှိတ် လျပ်တပျက်အတွင်းတစ်မိနစ် တစ်စက္ကန့်အတွင်းအသက်ဇီဝိန်ချုပ်ငြိမ်းသွားနိုင်ပါလားလို့ သံဝေဂ ရနေမိပါတယ်…

အားလုံးပဲ ဒီအဖြစ်အပျက်ကို သတိရပြီး အသက်ရှင်သန်နေချိန်တခဏလေးမှာ ဒေါသ မာန်မာန အတ္တတွေ ခဝါချလို့ ငြိမ်းချမ်းသာယာ အေးချမ်းတဲ့ ဘဝတွေကို ချစ်ချင်ခင်ခင်နဲ့ ညီညွှတ်စွာ ဖြတ်သန်းနိုင်ကြပါစေ……..

သဗ္ဗေ င်္သခါရ အနိစ္စ……( အလုံးစုံသော သင်္ခါရတရားတို့သည် မမြဲခြင်းသဘောရှိကြကုန်၏)သဗ္ဗေ သင်္ခါရ ဒုက္ခ……

( အလုံးစုံသော သင်္ခါရ တရားတို့သည် ဒုက္ခ ဆင်းရဲရခြင်းသဘော ရှိကုန်၏)သဗ္ဗေ ဓမ္မာ အနတ္တ……

(အလုံးစုံသော ဓမ္မတို့သည် ကိုယ့်အလိုကျမလိုက်ပဲ ဓမ္မသဘောအတိုင်းသာ ဖြစ်ပေါ်နေကြတဲ့ အနတ္တ အစိုးမရ) ………

Soe Myint Than

About the author

Crypoetess

Leave a Comment