Shwe News

ဗလာဒီမာပူတင္၏ အတၳဳပတၱိ

ေမြးသကၠရာဇ္ – ေအာက္တိုဘာ ၁၊ ၁၉၅၂
လီနင္ဂရတ္၊ ရုရွား
ရုရွားသမၼတ

ဗလာဒီမာပူတင္ဟာ ရုရွားနိုင္ငံရဲ႕၀န္ၾကီးခ်ဳပ္အျဖစ္ခန္႔အပ္ခံခဲ့ရတဲ့အခ်ိန္မွာ သူအေႀကာင္းကိုသိတဲ့သူမရွိသေလာက္ရွားပါးခဲ့ပါတယ္။ဒီဆိုဗီယက္ေထာက္လွမ္းေရးေအးဂ်င့္ေဟာင္းဟာ ၁၉၉၀ အေစာပိုင္းမွာနိုင္ငံေရးေလာကထဲ၀င္ေရာက္ခဲ့ပီး တဟုန္ထိုးေနရာရလာခဲ့တာပါ။၁၉၉၉ ခုနွစ္၊ ၾသဂုတ္လမွာေတာ့ နာမက်န္းၿဖစ္ေနတဲ့သမၼတဘိုရစ္ရဲ႕ဆင္း(၁၉၃၁-)ဟာ သူ႔ကိုု၀န္ၾကီးခ်ဳပ္အၿဖစ္ခန္႔အပ္ခဲ့ပါတယ္။၁၉၉၉ ခုနွစ္၊ ဒီဇင္ဘာလမွာ ရဲ႕ဆင္းဟာသမၼတရာထူးမွႏႈတ္ထြက္ခဲ့ပီး ပူတင္ဟာရုရွားရဲ႕ယာယီသမၼတၿဖစ္လာခဲ့ပါတယ္။မတ္လ ၂၆၊ ၂၀၀၀ ခုနွစ္မွာေတာ့ပူတင္ဟာရုရွားနိုင္ငံသမၼတအၿဖစ္ေရြးေကာက္ၿခင္းခံခဲ့ရပါတယ္။

ငယ္ဘ၀ နွင့္ ပညာေရး

ဗလာဒီမာပူတင္ကို ေအာက္တိုဘာလ ၁ ရက္၊ ၁၉၅၂ ခုနွစ္၊ ယခုစိန္႔ပီတာဘတ္စ္လို႔ေခၚတဲ့လီနင္ဂရတ္၊ ရုရွားမွာေမြးဖြားခဲ့ပါတယ္။တစ္ဦးတည္းေသာသားၿဖစ္ပီး အေဖကေတာ့သတၱဳစက္ရုံတစ္ခုရဲ႕အလုပ္သမားေခါင္းေဆာင္ၿဖစ္ပီး အေမကေတာ့အိမ္ေထာင္ရွင္မတစ္ဦးၿဖစ္ပါတယ္။ပူတင္ဟာအၿခားေသာမိသားစု ၂ စုနဲ႔အတူတိုက္ခန္းတစ္ခုမွာသူ႔မိဘေတြနဲ႔အတူေနထိုင္ခဲ့ပါတယ္။ ဆိုဗီယက္ၿပည္ေထာင္စုမွာဘာသာေရးကန္႔သတ္ခ်က္ေတြမရွိေပမဲ့သူ႔မိခင္ဟာသူ႔ကိုခရစ္ယာန္ဘာသာ၀င္တစ္ဦးၿဖစ္လာေစဖို႔အတြက္တိတ္တဆိတ္နွစ္ၿခင္းခံယူေစခဲ့ပါတယ္။

ပူတင္ဟာသင္ယူထားခဲ့တဲ့ကိုယ္ခံပညာေတြေၾကာင့္ငယ္စဥ္တည္းကကိုယ့္ကိုကိုယ္ေစာင့္ေရွာက္နိုင္ခဲ့သူပါ။ အသက္ ၁၆ နွစ္မွာ ဆမ္ဘိုလို႔ေခၚတဲ့ဂ်ဴဒိုနဲ႔နပန္းေပါင္းစပ္ထားတဲ့ရုရွားအားကစားမွာ ထိပ္တန္းပညာရွင္အဆင့္ၿဖစ္ခဲ့ပါတယ္။ တခ်ိန္တည္းမွာပဲ ဆယ္ေက်ာ္သက္ပူတင္ဟာသူ႔ရည္မွန္းခ်က္ကိုစတင္ပီးထုတ္ေဖာ္ၿပလာပါေတာ့တယ္။ အမွတ္အရမ္းေကာင္းတဲ့ေက်ာင္းသားေတြသာလက္ခံတဲ့ စကူးလ္ ၂၈၁ ဆိုတဲ့အထက္တန္းေက်ာင္းကိုတက္ေရာက္ခဲ့ပါတယ္။ ပူတင္စိတ္၀င္စားတဲ့ဓာတုေဗဒပညာရပ္ကို ရုရွားနိုင္ငံမွာအဲ့တစ္ေက်ာင္းတည္းကသာ အထူးသင္ၾကားေပးခဲ့တာပါ။ဒါေပမဲ့လဲ သိပ္မၾကာခင္မွာပဲ သူဟာ စာေပအနုပညာနဲ႔ဇီ၀ေဗဒကိုပါစိတ္၀င္စားလာခဲ့ပါတယ္။ ပူတင္ဟာ လက္ပစ္ေဘာကစားခဲ့ပီး ေက်ာင္းေရဒီယိုမွာလဲအလုပ္လုပ္ခဲ့ပါတယ္။ေက်ာင္းေရဒီယိုမွာဆိုရင္ေတာ့ ဘီ့တ္လက္စ္ နဲ႔ အျခားအေနာက္ပိုင္းေရာ့ခ္အဖြဲ႕ရဲ႕သီခ်င္းေတြကိုထုတ္လႊင့္ခဲ့ပါတယ္။ ဆယ္ေက်ာ္သက္အရြယ္ကစပိုင္ရုပ္ရွင္ေတြကိုအလြန္ၾကိဳက္နွစ္သက္ခဲ့ပီးေနာက္ပိုင္းမွာေတာ့ ရုရွားရဲ႕လ်ွိဳ႕၀ွက္ေထာက္လွမ္းေရးအဖြဲ႔ျဖစ္တဲ့ ေကဂ်ီဘီမွာအလုပ္လုပ္ဖို႔ျဖစ္လာပါေတာ့တယ္။

ေကဂ်ီဘီမွာတာ၀န္ထမ္းေဆာင္ခဲ့စဥ္

ပူတင္ဟာ ၁၉၇၅ ခုနွစ္မွာ လီနင္ဂရတ္ျပည္နယ္တကၠသိုလ္၊ ဥပေဒဌာနမွဘြဲ႕ရရွိခဲ့ပါတယ္။ ဘြဲ႕ရရခ်င္းဥပေဒေလာကထဲမ၀င္ေရာက္ခဲ့ပဲနဲ႔ေကဂ်ီဘီမွာအလုပ္၀င္ခဲ့ပါတယ္။သူတာ၀န္က်ခဲ့တဲ့ရုံးခြဲဟာဆိုရင္ ေကဂ်ီဘီေထာက္လွမ္းေရးအတြက္သတင္းစုေဆာင္းေပးမဲ့ နိုင္ငံျခားသားေတြကို အလုပ္ေခၚယူေပးတဲ့ေနရာျဖစ္ပါတယ္။၁၉၈၀ ခုနွစ္အေစာပိုင္းမွာ ပူတင္ဟာ ျပင္သစ္-အဂၤလိပ္ဆရာမျဖစ္တဲ့ လူ႔ဒ္မီလာဆိုသူနဲ႔ေတြ႕ဆုံခဲ့ပီးလက္ထပ္ခဲ့ပါတယ္။ ၁၉၈၅ ခုနွစ္မွာ လူမႈေရးနဲ႔ယဥ္ေက်းမႈကလပ္ျဖစ္တဲ့ဆိုဗီယက္-ဂ်ာမန္မဟာမိတ္အဖြဲ႔ရဲ႕ဒါရိုက္တာ မစၥတာအာဒါမိုဗ္အျဖစ္ လ်ွိဳ႕၀ွက္စုံေထာက္အေနနဲ႔ဒရက္စ္ဒန္၊ အေရွ႕ဂ်ာမနီကို ေကဂ်ီဘီရဲ႕ေစလႊတ္ျခင္းခံခဲ့ရပါတယ္။ပူတင္ဟာ အျခားေသာေကဂ်ီဘီရဲ႕လ်ွိဳ႕၀ွက္စုံေထာက္မ်ားနဲ႔မတူပဲ ဂ်ာမန္ရဲ႕ယဥ္ေက်းမႈကိုအေလးထားပီး ဂ်ာမန္လူမ်ိဳးေတြနဲ႔အတူရင္းရင္းနွီးနွီးသြားလာေနထိုင္ခဲ့ပါတယ္။

ပူတင္အေရွ႕ဂ်ာမနီကိုသြားတဲ့အခ်ိန္ေလာက္မွာပဲ ဆိုဗီယက္ေခါင္းေဆာင္ မီ့ခ္ေဟးလ္ေဂၚဘာခ်ီ႕(၁၉၃၁-)ဟာ စီးပြားေရးနဲ႔လူမႈေရးအပိုင္းေတြမွာေျပာင္းလဲမႈေတြကိုစတင္မိတ္ဆက္ေပးခဲ့ပါတယ္။ ပူတင္ဟာလဲ ေျပာင္းလဲမႈေတြကိုအျပင္းအထန္ယုံၾကည္သူပါ။ ၁၉၈၉ ခုနွစ္မွာ အေရွ႕ဂ်ာမနီနဲ႔အေနာက္ဂ်ာမနီကိုျခားနားထားတဲ့ဘာလင္တံတိုင္းၾကီးကိုျဖိဳခ်ပီး အေရွ႕နဲ႔အေနာက္ကိုေပါင္းစည္းခဲ့ပါတယ္။ ပူတင္ဟာ အဲ့လိုျဖစ္လာမယ္ဆိုတာကိုခန္႔မွန္းမိေနခဲ့ေပမဲ့ ဒီလိုရုတ္တရက္ၾကီးျဖစ္လာခဲ့တဲ့အတြက္စီမံမႈည့ံတဲ့ဆိုဗီယက္အဖြဲ႕ကိုစိတ္ပ်က္ခဲ့ပါတယ္။

ရုရွားနိုင္ငံေရး

၁၉၉၀ မွာ ပူတင္ဟာ လီနင္ဂရတ္ကိုျပန္လာခဲ့ပီး ေကဂ်ီဘီအတြက္အလုပ္ဆက္လုပ္ခဲ့ပါတယ္။ ၁၉၉၁ ဆိုဗီယက္ျပည္ေထာင္စုၾကီးစတင္ျပိဳလဲတဲ့အခါမွာေတာ့ပူတင္ဟာနိုင္ငံေရးေလာကထဲ၀င္ေရာက္ဖို႔ ေကဂ်ီဘီမွႏႈတ္ထြက္ခဲ့ပါတယ္။ အဲ့ေနာက္ ပူတင္ဟာ စိန္႔ပီတာဘတ္စ္ရဲ႕ျမိဳ႕ေတာ္၀န္ျဖစ္တဲ့ အန္နာတိုလီ ဆို႔ဘ္ခ်ာ့ခ္ရဲ႕လက္ေထာက္အေနနဲ႔အလုပ္လုပ္ခဲ့ပါတယ္။ ၁၉၉၄ ခုနွစ္မွာေတာ့ ဒုျမိဳ႕ေတာ္၀န္ျဖစ္လာခဲ့ပါတယ္။ ပူတင္တာ၀န္ထမ္းေဆာင္စဥ္ကာလမွာေတာ့နိုင္ငံျခားရင္းနွီးျမွဳပ္နွံမႈေထာက္ပံ့ေပးမႈေတြအပါအ၀င္ အေ၀းေျပးလမ္းတည္ေဆာက္ေရးေတြ ဆက္သြယ္ေရး နဲ႔ ဟိုတယ္လုပ္ငန္းစတာေတြမွာပါ ကူညီခဲ့ပါတယ္။စိန့္ပီတာဘတ္စ္ဟာ အားလုံးေမွ်ာ္လင့္သလို စီးပြားေရးအင္အားၾကီးျမိဳ႕ေတာ္မျဖစ္ခဲ့ေပမဲ့လဲ ကိုကာကိုလာ၊ ဂ်ပန္လ်ွပ္စစ္ အန္အီးစီ စတဲ့နိုင္ငံျခားရင္းနွီးျမွဳပ္နွံသူေတြ၀င္ေရာက္လာခဲ့တဲ့အတြက္ အထိုက္အသင့္ေတာ့တိုးတက္ခဲ့ပါတယ္။

ခရမ္လင္းဆီသို႔

၁၉၉၆ မွာ ဆို႔ဘ္ခ်ာ့ခ္ဟာ ျမိဳ႕ေတာ္၀န္ေရြးခ်ယ္ပြဲမွာရံႈးနိမ့္ခဲ့ပီး ပူတင္ထံအဲ့ေနရာကိုကမ္းလွမ္းလာပါတယ္။ ဒါမဲ့ သစၥာေစာင့္သိစိတ္ေၾကာင့္ပူတင္ဟာထိုေနရာကိုျငင္းဆိုခဲ့ပါတယ္။ေနာက္နွစ္မွာေတာ့ သူဟာ သမၼတဘိုရစ္ရဲ႕ဆင္းရဲ႕အတြင္းပိုင္းမွာ ခရမ္လင္းရဲ႕ဒုေခါင္းေဆာင္အေနနဲ႔တာ၀န္ထမ္းေဆာင္ဖို႔ကမ္းလွမ္းျခင္းခံခဲ့ရပါတယ္။ မတ္လ ၁၉၉၉ မွာသူဟာ သမၼတကို နိုင္ငံျခားေရးဥပေဒ၊ စစ္တပ္၊ နိုင္ငံ့လုံျခံဳေရး၊ ဥပေဒ စတာေတြနဲ႔ပတ္သတ္ပီးအၾကံေပးရတဲ့ လုံျခံဳေရးေကာင္စီရဲ႕အတြင္းေရးမွဴးျဖစ္လာခဲ့ပါတယ္။

၁၉၉၉၊ ၾသဂုတ္လမွာေတာ့ ရဲ႕ဆင္းဟာ လူအမ်ားကသိပ္ပီးသေဘာမက်တဲ့ပူတင္ကို ၀န္ျကီးခ်ဳပ္အျဖစ္တင္ေျမွာက္ခဲ့ပါတယ္။ သေဘာမက်ရတဲ့အခ်က္ေတြကေတာ့နိုင္ငံေရးအေတြ႕အၾကံဳနည္းတာနဲ႔ သူ႔ရဲ႕ပုံစံနဲ႔အက်င့္စရိုက္ကစိတ္၀င္စားဖို႔မေကာင္းတာေတြေၾကာင့္ျဖစ္ပါတယ္။ ဒါမဲ့လဲ သူဟာလက္မေလ်ွာ့ပဲ နိုင္ငံသားေတြသေဘာက်လာေအာင္ေထာက္ခံလာေအာင္ၾကိဳးစားခဲ့ပါတယ္။ ေမာ့စကိုကဗုံးၾကဲမႈေတြကိုလဲျပစ္တင္ေ၀ဖန္ခဲ့သလို ေခ်ခ်န္အၾကမ္းသမားေတြကိုလဲျပစ္တင္ေျပာဆိုခဲ့ပါတယ္။ ေျပာတဲ့အခါမွာလဲၾကမ္းတမ္းတဲ့စကားလုံးေတြကိုသုံးခဲ့ပါတယ္။ ဒီလိုနဲ႔ပဲ သူဟာတျဖည္းျဖည္းနဲ႔ ျပည္သူေတြေထာက္ခံမႈကိုစတင္ရရွိလာပါေတာ့တယ္။

ရုရွားရဲ႕ ယာယီသမၼတ

၁၉၉၉ ဒီဇင္ဘာမွာ ရုရွားဟာ ရုရွားပါလီမန္ေအာက္လႊတ္ေတာ္ ၄၅၀ ေနရာစာအတြက္ေရြးေကာက္ပြဲကိုက်င္းပခဲ့ပါတယ္။ ပူတင္ရဲ႕ပါတီအသစ္ဟာ ကြန္ျမဴနစ္နဲ႔ယွဥ္ရင္ဒုတိယေနရာမွရွိေနခဲ့ပါတယ္။ ပူတင္ဟာ ဒီေရြးေကာက္ပြဲမွာကိုယ္တိုင္ပါ၀င္ခဲ့တာမဟုတ္ေပမဲ့ ၂၀၀၀ ခုနွစ္ ဇြန္လမွာလာမယ့္သမၼတေရြးေကာက္ပြဲအတြက္ေတာ့ ၁ ေျပးေနခဲ့ပါတယ္။၁၉၉၉ နွစ္သစ္ကူးမတိုင္ခင္တစ္ရက္မွာေတာ့ ရဲ႕ဆင္းဟာ ရုတ္တရက္သမၼတေနရာကဆင္းပီး ပူတင္ကိုယာယီသမၼတအျဖစ္တင္ေျမွာက္ခဲ့ပါတယ္။ ခ်က္ခ်င္းဆိုသလိုပဲအေနာက္နိုင္ငံသတင္းမီဒီယာေတြနဲ႔ ယူအက္စ္အစိုးရဟာ သမၼတအသစ္ရဲ႕ေနာက္ေၾကာင္းကိုလိုက္ပါေတာ့တယ္။ ပူတင္ရဲ႕ေကဂ်ီဘီလ်ွိဳ႕၀ွက္ေအးဂ်င့္ေနာက္ခံေၾကာင့္ပူတင္နဲ႔ပတ္သတ္ပီးသိပ္စုံစမ္းလို႔မရခဲ့ပါဘူး။ သူ႕ရဲ႕စပိုင္ဆိုတဲ့ေနာက္ေၾကာင္းေၾကာင့္ သူ႕ကိုလြတ္လပ္တဲ့ကမာၻၾကီးရဲ႕ရန္သူအျဖစ္ထိတ္လန္႔ရမလားဆိုပီးေတာင္ေမးစရာေတြျဖစ္လာပါေတာ့တယ္။ ပူတင္ရဲ႕ပထမဆုံးယာယီသမၼတအျဖစ္မိန္႔ခြန္းမွာ လြတ္လပ္စြာေျပာေရးဆိုခြင့္ရွိမႈ၊ လြတ္လပ္တဲ့အသိတရား၊ ကိုယ္ပိုင္လြတ္လပ္ခြင့္ စတဲ့အေျခခံက်တဲ့လူ႕အခြင့္အေရး ၃ ခုကိုကာကြယ္မယ္ဆိုပီးကတိေပးခဲ့ပါတယ္။ အဲ့အျပင္ ပူတင္ဟာ ရဲ႕ဆင္းရဲ႕သစၥာခံလူအခ်ိဳ႕ကိုပါသူ႕ပါတီမွထုတ္ပယ္ခဲ့ပါတယ္။

ေရြးေကာက္ခံသမၼတ

မတ္လ ၂၆၊ ၂၀၀၀ ခုနွစ္မွာ ပါ၀င္ယွဥ္ျပိဳင္သူ ၁၁ ဦးထဲကေန ရုရွားျပည္သူေတြဟာ ပူတင္ကိုမဲေပးေရြးခ်ယ္ခဲ့ပါတယ္။ ေရြးေကာက္ပြဲအပီးသူပထမဆုံးလႈပ္ရွားခဲ့တာကေတာ့ရုရွားပါလီမန္ေအာက္လႊတ္ေတာ္မွ စတာ့တ္ ၂ စစ္တပ္ေလ်ွာ့ခ်ေရးသေဘာတူညီခ်က္ကိုေအာင္ျမင္ေအာင္လုပ္ေဆာင္ဖို႔ပဲျဖစ္ပါတယ္။ လြန္ခဲ့တဲ့ ၇ နွစ္တည္းကေဆာင္ရြက္ေနခဲ့တဲ့အဲ့သေဘာတူညီခ်က္ဟာေတာ့ ရုရွားေရာ အေမရိကန္ေရာ နယူကလီးယားလုပ္ေဆာင္မႈကိုတစ္၀က္စီေလ်ွာ့ခ်ဖို႔ျဖစ္ပါတယ္။ သူရဲ႕ဒီလိုလႈပ္ရွားမႈဟာ အေမရိကန္နဲ႕ဆက္ဆံေရးေကာင္းမြန္ခ်င္တဲ့ အေကာင္းဘက္သြားတဲ့လႈပ္ရွားမႈဆိုတာျမင္ေတြ႕နိုင္ပါတယ္။ အဲ့အျပင္ သူ႔ရဲ႕ေနာက္ထပ္လႈပ္ရွားမႈတစ္ခုကေတာ့ တိုင္းျပည္စီးပြားေရးတိုးတက္ေအာင္စီးပြားေရးပညာရွင္ေတြခ်ည္းပဲစုစည္းထားတာပါ။ ေမလ ၇ ရက္ ၂၀၀၀ ခုနွစ္မွာ ပူတင္ဟာ ရုရွားရဲ႕ဒုတိယသမၼတျဖစ္လာခဲ့ပီး နွစ္တစ္ရာသမိုင္းတေလ်ွာက္မွာ ပထမဆုံးအင္အားကိုလြတ္လြတ္လပ္လပ္ကူးေျပာင္းေပးခဲ့တာျဖစ္ပါတယ္။

အေျပာအဆိုႏူးညံ့ေပမဲ့ မ်က္နွာေက်ာမာထန္တဲ့ပူတင္ဟာ သူ႕ကိုယ္ေရးကိုုယ္တာအေၾကာင္းအရာေတြကိုလူထုဆီဖြင့္မဟခဲ့ပါဘူး။ ၂၀၀၀ ခုနွစ္အေစာပိုင္းမွာေတာ့အေမရိကန္စာအုပ္ထုတ္လုပ္ေရးတစ္ခုက သူ႕ကိုယ္ေတြ႕မွတ္တမ္းျဖစ္တဲ့ ပထမလူ ဆိုတဲ့အဂၤလိပ္ဘာသာျပန္စာအုပ္ကိုထုတ္ေ၀ခဲ့ပါတယ္။ ဒါေပမဲ့လဲ အဲ့စာအုပ္ဟာရုရွားမွာေတာ့ မတ္လ ၂၆ ေရြးေကာက္ပြဲမတိုင္ခင္ထိပိတ္ပင္ထားျခင္းခံခဲ့ရပါတယ္။ ပူတင္ဟာ က်န္ရွိေနေသးတဲ့ကမာၻ႕အင္အားၾကီးနိုင္ငံေတြနဲ႔လဲဆက္ဆံေရးကိုထိန္းသိမ္းခဲ့ပါေသးတယ္။ ဂ်ဴလိုင္ ၂၀၀၁ မွာေတာ့ ပူတင္ဟာ တရုတ္သမၼတ ဂ်န္ဇီမင္နဲ႔ေတြ႕ပီး ယူအက္စ္ရဲ႕ဒုံးက်ည္ကာကြယ္ေရးအစီအစဥ္နဲ႔ပတ္သတ္ပီးေရာ တရုတ္-ရုရွား ၂ နိုင္ငံခ်စ္ၾကည္ေရးအတြက္ပါ လက္မွတ္ေရးထိုးခဲ့ၾကပါတယ္။၄ လၾကာပီးတဲ့ေနာက္မွာေတာ့ ပူတင္ဟာ ၀ါရွင္တန္ဒီစီကိုသြားပီး သမၼတဘြတ္ရွ္ နဲ႔အတူကာကြယ္ေရးစနစ္တစ္ခုအတြက္ေဆြးေႏြးခဲ့ပါတယ္။ ေခါင္းေဆာင္ ၂ လုံးဟာ ေဆြးေႏြးမႈမေအာင္ျမင္ခဲ့ေပမဲ့လဲ နိုင္ငံအသီးသီး နယူကလီးယားတပ္ေတြေလ်ွာ့ခ်ဖို႔သေဘာတူညီခဲ့ၾကပါတယ္။ ၂၀၀၂ မွာေတာ့ ပူတင္ဟာပိုလန္နိုင္ငံကိုသြားေရာက္ခဲ့ပီး အဲ့ခရီးဟာရုရွားနိုင္ငံအတြက္ ၁၉၉၃ ခုနွစ္တည္းကပထမဆုံးခရီးစဥ္ျဖစ္ခဲ့ပါတယ္။ ၂ ဖက္ေခါင္းေဆာင္ေတြဟာစီးပြားေရး၊ ကုန္သြယ္ေရး၊ ပို႔ေဆာင္ဆက္သြယ္ေရး တို႔အတြက္ သေဘာတူညီခ်က္လက္မွတ္ေရးထိုးခဲ့ၾကပါတယ္။

Writer – Min Thu (Daily Hot News )

  • Unicode version

မွေးသက္ကရာဇ် – အောက်တိုဘာ ၁၊ ၁၉၅၂
လီနင်ဂရတ်၊ ရုရှား
ရုရှားသမ္မတ

ဗလာဒီမာပူတင်ဟာ ရုရှားနိုင်ငံရဲ့ဝန်ကြီးချုပ်အဖြစ်ခန့်အပ်ခံခဲ့ရတဲ့အချိန်မှာ သူအကြောင်းကိုသိတဲ့သူမရှိသလောက်ရှားပါးခဲ့ပါတယ်။ဒီဆိုဗီယက်ထောက်လှမ်းရေးအေးဂျင့်ဟောင်းဟာ ၁၉၉၀ အစောပိုင်းမှာနိုင်ငံရေးလောကထဲဝင်ရောက်ခဲ့ပီး တဟုန်ထိုးနေရာရလာခဲ့တာပါ။၁၉၉၉ ခုနှစ်၊ သြဂုတ်လမှာတော့ နာမကျန်းဖြစ်နေတဲ့သမ္မတဘိုရစ်ရဲ့ဆင်း(၁၉၃၁-)ဟာ သူ့ကိုဝန်ကြီးချုပ်အဖြစ်ခန့်အပ်ခဲ့ပါတယ်။၁၉၉၉ ခုနှစ်၊ ဒီဇင်ဘာလမှာ ရဲ့ဆင်းဟာသမ္မတရာထူးမှနှုတ်ထွက်ခဲ့ပီး ပူတင်ဟာရုရှားရဲ့ယာယီသမ္မတဖြစ်လာခဲ့ပါတယ်။မတ်လ ၂၆၊ ၂၀၀၀ ခုနှစ်မှာတော့ပူတင်ဟာရုရှားနိုင်ငံသမ္မတအဖြစ်ရွေးကောက်ခြင်းခံခဲ့ရပါတယ်။

ငယ်ဘ၀ နှင့် ပညာရေး

ဗလာဒီမာပူတင်ကို အောက်တိုဘာလ ၁ ရက်၊ ၁၉၅၂ ခုနှစ်၊ ယခုစိန့်ပီတာဘတ်စ်လို့ခေါ်တဲ့လီနင်ဂရတ်၊ ရုရှားမှာမွေးဖွားခဲ့ပါတယ်။တစ်ဦးတည်းသောသားဖြစ်ပီး အဖေကတော့သတ္တုစက်ရုံတစ်ခုရဲ့အလုပ်သမားခေါင်းဆောင်ဖြစ်ပီး အမေကတော့အိမ်ထောင်ရှင်မတစ်ဦးဖြစ်ပါတယ်။ပူတင်ဟာအခြားသောမိသားစု ၂ စုနဲ့အတူတိုက်ခန်းတစ်ခုမှာသူ့မိဘတွေနဲ့အတူနေထိုင်ခဲ့ပါတယ်။ ဆိုဗီယက်ပြည်ထောင်စုမှာဘာသာရေးကန့်သတ်ချက်တွေမရှိပေမဲ့သူ့မိခင်ဟာသူ့ကိုခရစ်ယာန်ဘာသာဝင်တစ်ဦးဖြစ်လာစေဖို့အတွက်တိတ်တဆိတ်နှစ်ခြင်းခံယူစေခဲ့ပါတယ်။

ပူတင်ဟာသင်ယူထားခဲ့တဲ့ကိုယ်ခံပညာတွေကြောင့်ငယ်စဉ်တည်းကကိုယ့်ကိုကိုယ်စောင့်ရှောက်နိုင်ခဲ့သူပါ။ အသက် ၁၆ နှစ်မှာ ဆမ်ဘိုလို့ခေါ်တဲ့ဂျူဒိုနဲ့နပန်းပေါင်းစပ်ထားတဲ့ရုရှားအားကစားမှာ ထိပ်တန်းပညာရှင်အဆင့်ဖြစ်ခဲ့ပါတယ်။ တချိန်တည်းမှာပဲ ဆယ်ကျော်သက်ပူတင်ဟာသူ့ရည်မှန်းချက်ကိုစတင်ပီးထုတ်ဖော်ပြလာပါတော့တယ်။ အမှတ်အရမ်းကောင်းတဲ့ကျောင်းသားတွေသာလက်ခံတဲ့ စကူးလ် ၂၈၁ ဆိုတဲ့အထက်တန်းကျောင်းကိုတက်ရောက်ခဲ့ပါတယ်။ ပူတင်စိတ်ဝင်စားတဲ့ဓာတုဗေဒပညာရပ်ကို ရုရှားနိုင်ငံမှာအဲ့တစ်ကျောင်းတည်းကသာ အထူးသင်ကြားပေးခဲ့တာပါ။ဒါပေမဲ့လဲ သိပ်မကြာခင်မှာပဲ သူဟာ စာပေအနုပညာနဲ့ဇီဝဗေဒကိုပါစိတ်ဝင်စားလာခဲ့ပါတယ်။ ပူတင်ဟာ လက်ပစ်ဘောကစားခဲ့ပီး ကျောင်းရေဒီယိုမှာလဲအလုပ်လုပ်ခဲ့ပါတယ်။ကျောင်းရေဒီယိုမှာဆိုရင်တော့ ဘီ့တ်လက်စ် နဲ့ အခြားအနောက်ပိုင်းရော့ခ်အဖွဲ့ရဲ့သီချင်းတွေကိုထုတ်လွှင့်ခဲ့ပါတယ်။ ဆယ်ကျော်သက်အရွယ်ကစပိုင်ရုပ်ရှင်တွေကိုအလွန်ကြိုက်နှစ်သက်ခဲ့ပီးနောက်ပိုင်းမှာတော့ ရုရှားရဲ့လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့ဖြစ်တဲ့ ကေဂျီဘီမှာအလုပ်လုပ်ဖို့ဖြစ်လာပါတော့တယ်။

ကေဂျီဘီမှာတာဝန်ထမ်းဆောင်ခဲ့စဉ်

ပူတင်ဟာ ၁၉၇၅ ခုနှစ်မှာ လီနင်ဂရတ်ပြည်နယ်တက္ကသိုလ်၊ ဥပဒေဌာနမှဘွဲ့ရရှိခဲ့ပါတယ်။ ဘွဲ့ရရချင်းဥပဒေလောကထဲမဝင်ရောက်ခဲ့ပဲနဲ့ကေဂျီဘီမှာအလုပ်ဝင်ခဲ့ပါတယ်။သူတာဝန်ကျခဲ့တဲ့ရုံးခွဲဟာဆိုရင် ကေဂျီဘီထောက်လှမ်းရေးအတွက်သတင်းစုဆောင်းပေးမဲ့ နိုင်ငံခြားသားတွေကို အလုပ်ခေါ်ယူပေးတဲ့နေရာဖြစ်ပါတယ်။၁၉၈၀ ခုနှစ်အစောပိုင်းမှာ ပူတင်ဟာ ပြင်သစ်-အင်္ဂလိပ်ဆရာမဖြစ်တဲ့ လူ့ဒ်မီလာဆိုသူနဲ့တွေ့ဆုံခဲ့ပီးလက်ထပ်ခဲ့ပါတယ်။ ၁၉၈၅ ခုနှစ်မှာ လူမှုရေးနဲ့ယဉ်ကျေးမှုကလပ်ဖြစ်တဲ့ဆိုဗီယက်-ဂျာမန်မဟာမိတ်အဖွဲ့ရဲ့ဒါရိုက်တာ မစ္စတာအာဒါမိုဗ်အဖြစ် လျှို့ဝှက်စုံထောက်အနေနဲ့ဒရက်စ်ဒန်၊ အရှေ့ဂျာမနီကို ကေဂျီဘီရဲ့စေလွှတ်ခြင်းခံခဲ့ရပါတယ်။ပူတင်ဟာ အခြားသောကေဂျီဘီရဲ့လျှို့ဝှက်စုံထောက်များနဲ့မတူပဲ ဂျာမန်ရဲ့ယဉ်ကျေးမှုကိုအလေးထားပီး ဂျာမန်လူမျိုးတွေနဲ့အတူရင်းရင်းနှီးနှီးသွားလာနေထိုင်ခဲ့ပါတယ်။

ပူတင်အရှေ့ဂျာမနီကိုသွားတဲ့အချိန်လောက်မှာပဲ ဆိုဗီယက်ခေါင်းဆောင် မီ့ခ်ဟေးလ်ဂေါ်ဘာချီ့(၁၉၃၁-)ဟာ စီးပွားရေးနဲ့လူမှုရေးအပိုင်းတွေမှာပြောင်းလဲမှုတွေကိုစတင်မိတ်ဆက်ပေးခဲ့ပါတယ်။ ပူတင်ဟာလဲ ပြောင်းလဲမှုတွေကိုအပြင်းအထန်ယုံကြည်သူပါ။ ၁၉၈၉ ခုနှစ်မှာ အရှေ့ဂျာမနီနဲ့အနောက်ဂျာမနီကိုခြားနားထားတဲ့ဘာလင်တံတိုင်းကြီးကိုဖြိုချပီး အရှေ့နဲ့အနောက်ကိုပေါင်းစည်းခဲ့ပါတယ်။ ပူတင်ဟာ အဲ့လိုဖြစ်လာမယ်ဆိုတာကိုခန့်မှန်းမိနေခဲ့ပေမဲ့ ဒီလိုရုတ်တရက်ကြီးဖြစ်လာခဲ့တဲ့အတွက်စီမံမှုညံ့တဲ့ဆိုဗီယက်အဖွဲ့ကိုစိတ်ပျက်ခဲ့ပါတယ်။

ရုရှားနိုင်ငံရေး

၁၉၉၀ မှာ ပူတင်ဟာ လီနင်ဂရတ်ကိုပြန်လာခဲ့ပီး ကေဂျီဘီအတွက်အလုပ်ဆက်လုပ်ခဲ့ပါတယ်။ ၁၉၉၁ ဆိုဗီယက်ပြည်ထောင်စုကြီးစတင်ပြိုလဲတဲ့အခါမှာတော့ပူတင်ဟာနိုင်ငံရေးလောကထဲဝင်ရောက်ဖို့ ကေဂျီဘီမှနှုတ်ထွက်ခဲ့ပါတယ်။ အဲ့နောက် ပူတင်ဟာ စိန့်ပီတာဘတ်စ်ရဲ့မြို့တော်ဝန်ဖြစ်တဲ့ အန်နာတိုလီ ဆို့ဘ်ချာ့ခ်ရဲ့လက်ထောက်အနေနဲ့အလုပ်လုပ်ခဲ့ပါတယ်။ ၁၉၉၄ ခုနှစ်မှာတော့ ဒုမြို့တော်ဝန်ဖြစ်လာခဲ့ပါတယ်။ ပူတင်တာဝန်ထမ်းဆောင်စဉ်ကာလမှာတော့နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုထောက်ပံ့ပေးမှုတွေအပါအဝင် အဝေးပြေးလမ်းတည်ဆောက်ရေးတွေ ဆက်သွယ်ရေး နဲ့ ဟိုတယ်လုပ်ငန်းစတာတွေမှာပါ ကူညီခဲ့ပါတယ်။စိန့်ပီတာဘတ်စ်ဟာ အားလုံးမျှော်လင့်သလို စီးပွားရေးအင်အားကြီးမြို့တော်မဖြစ်ခဲ့ပေမဲ့လဲ ကိုကာကိုလာ၊ ဂျပန်လျှပ်စစ် အန်အီးစီ စတဲ့နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေဝင်ရောက်လာခဲ့တဲ့အတွက် အထိုက်အသင့်တော့တိုးတက်ခဲ့ပါတယ်။

ခရမ်လင်းဆီသို့

၁၉၉၆ မှာ ဆို့ဘ်ချာ့ခ်ဟာ မြို့တော်ဝန်ရွေးချယ်ပွဲမှာရှုံးနိမ့်ခဲ့ပီး ပူတင်ထံအဲ့နေရာကိုကမ်းလှမ်းလာပါတယ်။ ဒါမဲ့ သစ္စာစောင့်သိစိတ်ကြောင့်ပူတင်ဟာထိုနေရာကိုငြင်းဆိုခဲ့ပါတယ်။နောက်နှစ်မှာတော့ သူဟာ သမ္မတဘိုရစ်ရဲ့ဆင်းရဲ့အတွင်းပိုင်းမှာ ခရမ်လင်းရဲ့ဒုခေါင်းဆောင်အနေနဲ့တာဝန်ထမ်းဆောင်ဖို့ကမ်းလှမ်းခြင်းခံခဲ့ရပါတယ်။ မတ်လ ၁၉၉၉ မှာသူဟာ သမ္မတကို နိုင်ငံခြားရေးဥပဒေ၊ စစ်တပ်၊ နိုင်ငံ့လုံခြုံရေး၊ ဥပဒေ စတာတွေနဲ့ပတ်သတ်ပီးအကြံပေးရတဲ့ လုံခြုံရေးကောင်စီရဲ့အတွင်းရေးမှူးဖြစ်လာခဲ့ပါတယ်။

၁၉၉၉၊ သြဂုတ်လမှာတော့ ရဲ့ဆင်းဟာ လူအများကသိပ်ပီးသဘောမကျတဲ့ပူတင်ကို ဝန်ကြီးချုပ်အဖြစ်တင်မြှောက်ခဲ့ပါတယ်။ သဘောမကျရတဲ့အချက်တွေကတော့နိုင်ငံရေးအတွေ့အကြုံနည်းတာနဲ့ သူ့ရဲ့ပုံစံနဲ့အကျင့်စရိုက်ကစိတ်ဝင်စားဖို့မကောင်းတာတွေကြောင့်ဖြစ်ပါတယ်။ ဒါမဲ့လဲ သူဟာလက်မလျှော့ပဲ နိုင်ငံသားတွေသဘောကျလာအောင်ထောက်ခံလာအောင်ကြိုးစားခဲ့ပါတယ်။ မော့စကိုကဗုံးကြဲမှုတွေကိုလဲပြစ်တင်ဝေဖန်ခဲ့သလို ချေချန်အကြမ်းသမားတွေကိုလဲပြစ်တင်ပြောဆိုခဲ့ပါတယ်။ ပြောတဲ့အခါမှာလဲကြမ်းတမ်းတဲ့စကားလုံးတွေကိုသုံးခဲ့ပါတယ်။ ဒီလိုနဲ့ပဲ သူဟာတဖြည်းဖြည်းနဲ့ ပြည်သူတွေထောက်ခံမှုကိုစတင်ရရှိလာပါတော့တယ်။

ရုရှားရဲ့ ယာယီသမ္မတ

၁၉၉၉ ဒီဇင်ဘာမှာ ရုရှားဟာ ရုရှားပါလီမန်အောက်လွှတ်တော် ၄၅၀ နေရာစာအတွက်ရွေးကောက်ပွဲကိုကျင်းပခဲ့ပါတယ်။ ပူတင်ရဲ့ပါတီအသစ်ဟာ ကွန်မြူနစ်နဲ့ယှဉ်ရင်ဒုတိယနေရာမှရှိနေခဲ့ပါတယ်။ ပူတင်ဟာ ဒီရွေးကောက်ပွဲမှာကိုယ်တိုင်ပါဝင်ခဲ့တာမဟုတ်ပေမဲ့ ၂၀၀၀ ခုနှစ် ဇွန်လမှာလာမယ့်သမ္မတရွေးကောက်ပွဲအတွက်တော့ ၁ ပြေးနေခဲ့ပါတယ်။၁၉၉၉ နှစ်သစ်ကူးမတိုင်ခင်တစ်ရက်မှာတော့ ရဲ့ဆင်းဟာ ရုတ်တရက်သမ္မတနေရာကဆင်းပီး ပူတင်ကိုယာယီသမ္မတအဖြစ်တင်မြှောက်ခဲ့ပါတယ်။ ချက်ချင်းဆိုသလိုပဲအနောက်နိုင်ငံသတင်းမီဒီယာတွေနဲ့ ယူအက်စ်အစိုးရဟာ သမ္မတအသစ်ရဲ့နောက်ကြောင်းကိုလိုက်ပါတော့တယ်။ ပူတင်ရဲ့ကေဂျီဘီလျှို့ဝှက်အေးဂျင့်နောက်ခံကြောင့်ပူတင်နဲ့ပတ်သတ်ပီးသိပ်စုံစမ်းလို့မရခဲ့ပါဘူး။ သူ့ရဲ့စပိုင်ဆိုတဲ့နောက်ကြောင်းကြောင့် သူ့ကိုလွတ်လပ်တဲ့ကမ္ဘာကြီးရဲ့ရန်သူအဖြစ်ထိတ်လန့်ရမလားဆိုပီးတောင်မေးစရာတွေဖြစ်လာပါတော့တယ်။ ပူတင်ရဲ့ပထမဆုံးယာယီသမ္မတအဖြစ်မိန့်ခွန်းမှာ လွတ်လပ်စွာပြောရေးဆိုခွင့်ရှိမှု၊ လွတ်လပ်တဲ့အသိတရား၊ ကိုယ်ပိုင်လွတ်လပ်ခွင့် စတဲ့အခြေခံကျတဲ့လူ့အခွင့်အရေး ၃ ခုကိုကာကွယ်မယ်ဆိုပီးကတိပေးခဲ့ပါတယ်။ အဲ့အပြင် ပူတင်ဟာ ရဲ့ဆင်းရဲ့သစ္စာခံလူအချို့ကိုပါသူ့ပါတီမှထုတ်ပယ်ခဲ့ပါတယ်။

ရွေးကောက်ခံသမ္မတ

မတ်လ ၂၆၊ ၂၀၀၀ ခုနှစ်မှာ ပါဝင်ယှဉ်ပြိုင်သူ ၁၁ ဦးထဲကနေ ရုရှားပြည်သူတွေဟာ ပူတင်ကိုမဲပေးရွေးချယ်ခဲ့ပါတယ်။ ရွေးကောက်ပွဲအပီးသူပထမဆုံးလှုပ်ရှားခဲ့တာကတော့ရုရှားပါလီမန်အောက်လွှတ်တော်မှ စတာ့တ် ၂ စစ်တပ်လျှော့ချရေးသဘောတူညီချက်ကိုအောင်မြင်အောင်လုပ်ဆောင်ဖို့ပဲဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၇ နှစ်တည်းကဆောင်ရွက်နေခဲ့တဲ့အဲ့သဘောတူညီချက်ဟာတော့ ရုရှားရော အမေရိကန်ရော နယူကလီးယားလုပ်ဆောင်မှုကိုတစ်ဝက်စီလျှော့ချဖို့ဖြစ်ပါတယ်။ သူရဲ့ဒီလိုလှုပ်ရှားမှုဟာ အမေရိကန်နဲ့ဆက်ဆံရေးကောင်းမွန်ချင်တဲ့ အကောင်းဘက်သွားတဲ့လှုပ်ရှားမှုဆိုတာမြင်တွေ့နိုင်ပါတယ်။ အဲ့အပြင် သူ့ရဲ့နောက်ထပ်လှုပ်ရှားမှုတစ်ခုကတော့ တိုင်းပြည်စီးပွားရေးတိုးတက်အောင်စီးပွားရေးပညာရှင်တွေချည်းပဲစုစည်းထားတာပါ။ မေလ ၇ ရက် ၂၀၀၀ ခုနှစ်မှာ ပူတင်ဟာ ရုရှားရဲ့ဒုတိယသမ္မတဖြစ်လာခဲ့ပီး နှစ်တစ်ရာသမိုင်းတလျှောက်မှာ ပထမဆုံးအင်အားကိုလွတ်လွတ်လပ်လပ်ကူးပြောင်းပေးခဲ့တာဖြစ်ပါတယ်။

အပြောအဆိုနူးညံ့ပေမဲ့ မျက်နှာကျောမာထန်တဲ့ပူတင်ဟာ သူ့ကိုယ်ရေးကိုယ်တာအကြောင်းအရာတွေကိုလူထုဆီဖွင့်မဟခဲ့ပါဘူး။ ၂၀၀၀ ခုနှစ်အစောပိုင်းမှာတော့အမေရိကန်စာအုပ်ထုတ်လုပ်ရေးတစ်ခုက သူ့ကိုယ်တွေ့မှတ်တမ်းဖြစ်တဲ့ ပထမလူ ဆိုတဲ့အင်္ဂလိပ်ဘာသာပြန်စာအုပ်ကိုထုတ်ဝေခဲ့ပါတယ်။ ဒါပေမဲ့လဲ အဲ့စာအုပ်ဟာရုရှားမှာတော့ မတ်လ ၂၆ ရွေးကောက်ပွဲမတိုင်ခင်ထိပိတ်ပင်ထားခြင်းခံခဲ့ရပါတယ်။ ပူတင်ဟာ ကျန်ရှိနေသေးတဲ့ကမ္ဘာ့အင်အားကြီးနိုင်ငံတွေနဲ့လဲဆက်ဆံရေးကိုထိန်းသိမ်းခဲ့ပါသေးတယ်။ ဂျူလိုင် ၂၀၀၁ မှာတော့ ပူတင်ဟာ တရုတ်သမ္မတ ဂျန်ဇီမင်နဲ့တွေ့ပီး ယူအက်စ်ရဲ့ဒုံးကျည်ကာကွယ်ရေးအစီအစဉ်နဲ့ပတ်သတ်ပီးရော တရုတ်-ရုရှား ၂ နိုင်ငံချစ်ကြည်ရေးအတွက်ပါ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။၄ လကြာပီးတဲ့နောက်မှာတော့ ပူတင်ဟာ ဝါရှင်တန်ဒီစီကိုသွားပီး သမ္မတဘွတ်ရှ် နဲ့အတူကာကွယ်ရေးစနစ်တစ်ခုအတွက်ဆွေးနွေးခဲ့ပါတယ်။ ခေါင်းဆောင် ၂ လုံးဟာ ဆွေးနွေးမှုမအောင်မြင်ခဲ့ပေမဲ့လဲ နိုင်ငံအသီးသီး နယူကလီးယားတပ်တွေလျှော့ချဖို့သဘောတူညီခဲ့ကြပါတယ်။ ၂၀၀၂ မှာတော့ ပူတင်ဟာပိုလန်နိုင်ငံကိုသွားရောက်ခဲ့ပီး အဲ့ခရီးဟာရုရှားနိုင်ငံအတွက် ၁၉၉၃ ခုနှစ်တည်းကပထမဆုံးခရီးစဉ်ဖြစ်ခဲ့ပါတယ်။ ၂ ဖက်ခေါင်းဆောင်တွေဟာစီးပွားရေး၊ ကုန်သွယ်ရေး၊ ပို့ဆောင်ဆက်သွယ်ရေး တို့အတွက် သဘောတူညီချက်လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

Writer – Min Thu (Daily Hot News )

About the author

Crypoetess

Leave a Comment