Shwe News

တစ္သက္မွာ တစ္ခါသာ ေရာက္သင့္ပီး ေနာက္ မသြားသင့္တဲ့ေနရာ (သုိ႔မဟုတ္) ေရႊစက္ေတာ္

ျမန္မာ ႏိုင္ငံမွာ လုပ္စားဖို႔ အေကာင္းဆုံးေနရာေတြကေတာ့ တန္ခိုးႀကီး ေစတီ ပုထိုး ႐ွိတဲ့ ေနရာေတြပါပဲ။ ဘုရား ဝင္ဖူးလုိ႔ ကားရပ္ထားရင္ ကားပါကင္ဖိုး ေကာက္တယ္။ ဓာတ္ေလွကားနဲ႔ တက္ရင္ ဓာတ္ေလွကားဖိုး ေပးရတယ္။ ဓာတ္ေလွကားေၾကးက သဒၶါေၾကး ဆိုေပမယ့္ အဲ့ဒီေၾကးက အဆိုးဆံုးပဲ.. ထည့္လည္း ထည့္ရေသး နည္းရင္လည္း ေငြေကာက္တဲ့ သူရဲ႕ မ်က္ေစာင္းထိုးပါ ခံရတယ္။ ေစတီ ပုထိုးေတြမွာ အလွဴ ေငြေတြ အမ်ားႀကီး ႐ွိေနတာပဲ.

ဘုရားျပဳျပင္မႈ ဘာညာ သာရကာ အတြက္ အဲ့ဒီအထဲကေန သုံးေပါ့။ ဓာတ္ေလွကားဖိုးကအစ ငတ္တီး လုိက္ၾကေနတာ ၾကေတာ့ ေတာ္ေတာ္ေလး အ႐ုပ္ဆိုး အက်ီးတန္ရာ လူကဲ့ရဲ႕စရာေတြ ျဖစ္ေနပီ။ လွဴ ဖို႔ တန္းဖို႔ လာတဲ့ သူဆီကေန ေတာင္ေပၚ တက္ခပါ ေကာက္ခံေနသလုိႀကီး ခံစားရတယ္..။

မန္းေလး ေတာင္ေပၚဆို စက္ေလွကားခ သဒၶါေၾကး ေပၚတင္ ေကာက္တယ္။ စက္ေလွခါးကုိ မျပင္ဘူး။ စက္ေလွခါး အနီးတစ္ဝုိက္ ပတ္ဝန္းက်င္ သန္႔႐ွင္းေရး မလုပ္ဘူး၊ ကုိယ့္စီးဘူးတဲ့ စက္ေလွခါး ထဲမွာေတာ့ ပုိက္ဆံေပးပီးမွ စီးရတဲ့ အဲ့ဒီမန္းေတာင္ စက္ေလွကားက အည့ံဆုံးပဲ။ ဘုရားဖူးေတြကလည္း စိတ္မၾကည္ၾကဘူး..။ ငါးရာ တစ္ေထာင္နဲ႔ဆိုေတာ့လည္း ေျပာမေနပါဘူးေလ ဆိုပီးေတာ့ ေအာင့္သည္း ေအာင့္သက္နဲ႔ အလွဴ ေငြ ထည့္ပစ္ခ့ဲၾကတယ္..။

အလွဴ ေရးမို႔ မေျပာခ်င္လုိ႔ ၾကည့္ေနတာ လူကုိမ်ား မအဘူးမ်ား ထင္ေနလား မသိဘူး ဆိုတဲ့ အေပါက္မ်ဴ ိးနဲ႔ ၾကည့္ပစ္ခ့ဲၾကတယ္. ကုိယ္အပါဝင္ပဲ။ ကုသုိလ္ေရး ဆိုေတာ့လည္း အေျပာရေတာ့ အခက္သားလား.. ျမန္မာလူမ်ဴ ိးေတြရဲ႕ ဗီဇမ်ဴ ိးေစ့ကုိယ္က အင္မတန္ အားနာ တတ္ေတာ့ လုပ္စားသူတို႔ အႀကိဳက္ျဖစ္ေနတယ္.။ ေစတီ ပုထိုးေတြမွာ ႐ွိတဲ့ အိမ္သာေတြ အားလုံး နီးပါးေလာက္ ညစ္ပတ္ စုတ္ေပေနတာခ်ည္းပဲ ။

အဲ့ဒီ အိမ္သာေတြကုိေတာ့ ပုိက္ဆံ ေကာက္သင့္ပါတယ္.. ေကာက္ပါ.. ဒါေပမယ့္ ထိုက္ထိုက္ တန္တန္ ေကာက္.. ထိုက္ထိုက္ တန္တန္ေတာ့ သန္႔႐ွင္းမႈ လုပ္ေပါ့ ။ အခုေတာ့ ထိုက္ထိုက္ တန္တန္ေတာ့ ေကာက္တယ္.. မဝင္ရဲ ေလာက္ေအာင္ ညစ္ပတ္လြန္းေနတာခ်ည္းပဲ..။ တစ္ခုေတာ့ ႐ွိတယ္ ေဂါပကေတြ သီးသန္႔သုံးတဲ့ ေသာ့ခတ္ ထားတဲ့ အိမ္သာေလးေတြက သန္႔ေနတာမ်ားတယ္။ က်ဴ ပ္တို႔ ႏိုင္ငံက ဘုရား ပုထိုး ေရာက္လုိ႔ အိမ္သာ သန္႔သန္႔ေလး တက္ခ်င္ရင္ေတာင္ ေဂါပကကုိ ခ ရတဲ့ ႏိုင္ငံဗ်။

ကုိယ္ကေတာ့ ႐ွင္းတယ္.. တန္းခိုးႀကီး ဘုရားေတြကုိ ညအိပ္ ခရီး သြားဖူးေတာ့မယ္ ဆိုရင္ ဝမ္းခ်ဴ ပ္စာေတြ စားလုိက္ပီး ဝမ္းခ်ဴပ္ေအာင္ လုပ္ထားလုိက္တယ္.. ေက်ာင္း ျပန္ေရာက္မွ ဂမ္းႏႈတ္ေဆး ျပန္စားတယ္..။

ဒါေတြ အားလုံးဟာ ကန္ထ႐ုိက္ေတြ ေပးထားျခင္းရဲ႕ ဆိုးက်ဴ ိး ေတြပါပဲ။ ေနရာစုံကုိ ကန္ထ႐ုိက္ေတြ ေပးထားေတာ့ ဘုရား ေဂါပကေတြက ဝင္မေျပာရဲေတာ့တဲ့ အေနအထား ျဖစ္ေနေတာ့ စည္းကမ္းက ပ်က္ခ်င္သလုိ ပ်က္ေနတာ။ တန္းခိုးႀကီး ဘုရားေတြမွာက ေငြက အဲ့ဒီေလာက္ အငမ္းမရ မလုိေတာ့ပါဘူးဗ်ာ..။ ေလာက္ငွေနပါပီ.. အဲ့ဒီေတာ့ ဘုရား လာတဲ့ သူေတြ ကုသုိလ္ေရးကုိ စိတ္႐ွင္း႐ွင္းနဲ႔ လုပ္ႏိုင္ေအာင္ ဘုရားကုိ အာ႐ုံ ေကာင္းေကာင္း ျပဳႏိုင္ေအာင္ ေဆာင္ရြက္ေပးႏိုင္ရင္ အားလုံးလည္းေကာင္း ဘုရားဖူးရျခင္းရဲ႕ တကယ့္ အရသာကုိလည္း ခံစားရမွာပါ။ အစုိးရပုိင္းေတြက ဒါေတြကုိ လ်စ္လွ်ဴ ရႈႈ မထား သင့္ပါ..

ႏိုင္ငံတကာက ဗုဒၶ ဘာသာကုိ စိတ္ပါ ဝင္စားလုိ႔ လာေရာက္ ေလ့လာ သူေတြ အတြက္ မစဲြေဆာင္ ႏိုင္တဲ့ အျပင္ ႏိုင္ငံေရာ လူမ်ဴ ိးပါ သိကၡာက် စရာေတြ ျဖစ္ျဖစ္ေနလုိ႔ ကုိယ္က ဘုန္းႀကီးတန္မဲ့ ဝင္ေျပာေနရတာပါ.. ကုိယ္လည္း ႏိုင္ငံသား တစ္ေယာက္ပဲေလ. ကုိယ့္ႏိုင္ငံထဲက အ႐ွက္ရ စရာ ကိစၥ ေတြကုိ ရပ္ၾကည့္မေနႏိုင္လုိ႔ပါ..။

က်ဴ ိက္ထီး႐ုိးမွာေတာ့ ေတာ္ေတာ္ေလး ျပဳ ျျပင္ေနပါပီ။ တည္းခိုးခန္း ကိစၥ. အလွဴ ခံ အႏုၾကမ္း ကိစၥ ေတြေတာ့ ေကာင္းမြန္ သြားပီ.. အိမ္သာ ကိစၥေတြ ေစ်းတန္းမွာ ႐ွိတဲ့ ဒိတ္ေအာက္ေနတဲ့ အစားစာေတြကုိ အပူေလး ေပးၿပီး ျပန္ေရာင္းတဲ့ ကိစၥေတြ(ေကာက္ညႇင္းေပါင္း= သုိးက်ိက်ိ ျဖစ္ေနတာေတြကုိ မနက္ခင္း ၾကမွ အပူေပး အေငြ႔ တေထာင္းေထာင္း ျဖစ္ေအာင္ ျပန္လုပ္ပီးမွ ေရာင္းတယ္.. ဘုရားဆြမ္းေတာ္ ကပ္ဖို႔ ဆိုေတာ့ ဘယ္ ဘုရားဖူးကမွ ျမည္း မၾကည့္ဘူး.. ျမည္း မၾကည့္ေလ သုတို႔က အႀကိဳက္ေတြ႔ေလ.. ဘုရားကုိေတာ့ အသုိးေတြ ကပ္ပစ္ခ့ဲတယ္) ေနာက္ပီး ေစ်းတန္းေတြမွာ ေရာင္းေနၾကတဲ့ ဘာအျမစ္ ညာအျမစ္ အတုေတြ ဘာအဆီ ညာအဆီ အတု ေတြ ကိစၥ..၊ အဲ့ဒါေတြေတာ့ က်ဴ ိက္ထီး႐ုိးမွာ ျပင္စရာေတြေပါ့။ အတု ပစၥည္း အေပါဆုံးေနရာက က်ဴ ိက္ထီး႐ုိးပဲ.. ေရာင္းသမ်ွ ေဆးပစၥည္း မ်ဴ ိးစုံကလည္း မေသာက္ရဲ ေလာက္ေအာင္ကုိ တု လြန္းတယ္။

ေနာက္တစ္ခုက အခု ေျပာေတာ့မယ့္ ေရႊစက္ေတာ္ ကိစၥ။ တအားဆိုးလြန္းတယ္.. တန္းခိုးခန္းေစ်းႏႈံးေတြ ဖတ္ၾကည့္တာ ေစ်းႏႈံးလား ဖုန္းနံပါတ္ေတြ ေရးထားတာလားေတာင္ အထင္မွားတယ္..။ ထိုင္း ႏိုင္ငံမွာ ေတာ္ေတာ္ေလး သန္႔တဲ့ တန္းခို ခန္းခဟာ ျမန္မာေငြ သုံးေသာင္း ဝန္က်င္ပဲက်တယ္.. ဒါ မနက္စာ အတန္အသင့္ေလာက္ ေကာင္းတာေလး ပါေသးတယ္.. ထားပါေတာ့ သူမ်ား ႏိုင္ငံေတြနဲ႔ ယွန္မေျပာနဲ႔.. ကုိယ့္ႏိုင္ငံ အတြင္းက ေငြေၾကး သုံးႏိုင္မႈ ဘုရားဖူးေတြရဲ႕ အေျခအေနအားလုံးကုိ ျခဳံ ေျပာရရင္ အရမ္း ခ်မ္းသာတဲ့ လူေတြက အဲ့ဒီ ဘုရားေတြမွာ အားအား ယားယား ညအိပ္ တည္း မေနဘူးဗ်..

ခင္မ်ားတို႔ဆီကုိ ညအိပ္ ဘုရားဖူး ထြက္လာတာက ေတာသူ ေတာင္သား လယ္သမားေတြ လက္လုပ္ လက္စားေတြ.. သူတို႔ ဘဝေတြ မွာ တန္ခိုးႀကီး ဘုရားေတြကုိ တစ္ေခါက္ ေရာက္ဖို႔ ဆိုတာ တႏွစ္လုံး စုထားရတဲ့ ေငြနဲ႔ တစ္သက္မွာ တစ္ခါပဲ မက္ရတဲ့ အိမ္မက္ပါဗ်ာ.. သူတို႔ရဲ႕. ႐ွိစု မဲ့စု ေငြေလးေတြကုိ ခင္မ်ားတို႔ ေတာင္းလုိက္တာ ၾကည့္စမ္းပါဦး.. မေပးႏိုင္ရင္ နမၼဒါ ေခ်ာင္းထဲ ဆင္းအိပ္ရမယ့္ အေပါက္မ်ဴ ိးပဲ..။ ဘုရားကုိ မွီပီး အျမတ္ႀကီး စားလြန္းတယ္..။

ဘုရားသာ သက္႐ွိ ထင္႐ွား ႐ွိေတာ္မူရင္ အေဟာ ဝတ လုိ႔ မိန္႔ေတာ္မူမယ့္ ကိစၥ။ ဆရာေတာ္ ဦးသုမဂၤလ သိရင္လည္း ခင္မ်ားတို႔ ဘုရားပဲြကုိ အေၾကာင္းျပ လုပ္စားတာက လြန္လြန္းတယ္.. သြား ဒယ္အိုးထဲ လုိ႔. ေျပာမွာ ေသခ်ာတယ္.. ။
ဒီ အမွားေတြကုိ အစုိးပုိင္းမွ ဝင္ထိန္းေပးမွသာ အစဥ္ေျပ ေတာ့မွာပါ.. ႏို႔မို႔သာ ဆိုရင္ ေစတီ ဘုရား ပုထိုးေတြဟာ လူသား တို႔ ကုိးကြယ္ အားထားရာ ေသာက အပူ တို႔ ေျဖေဖ်ာက္ရာ ေနရာ မဟုတ္ေတာ့ ပဲနဲ႔. စိတ္ေသာက ေရာက္စရာ စိတ္ အခ်ဥ္ ေပါက္စရာ ေနရာ ျဖစ္လာေတာ့မယ္ ဆိုတာ အေသခ်ာ ပါပဲ လုိ႔….။

သီတဂူ အ႐ွင္ ဇဋိလ (ကဝ) ကထိက ၊ သီတဂူ ကမၻာ့ဗုဒၶတကၠသုိလ္ စစ္ကုိင္းေတာင္႐ုိး။

  • Unicode version

မြန်မာ နိုင်ငံမှာ လုပ်စားဖို့ အကောင်းဆုံးနေရာတွေကတော့ တန်ခိုးကြီး စေတီ ပုထိုး ရှိတဲ့ နေရာတွေပါပဲ။ ဘုရား ဝင်ဖူးလို့ ကားရပ်ထားရင် ကားပါကင်ဖိုး ကောက်တယ်။ ဓာတ်လှေကားနဲ့ တက်ရင် ဓာတ်လှေကားဖိုး ပေးရတယ်။ ဓာတ်လှေကားကြေးက သဒ္ဓါကြေး ဆိုပေမယ့် အဲ့ဒီကြေးက အဆိုးဆုံးပဲ.. ထည့်လည်း ထည့်ရသေး နည်းရင်လည်း ငွေကောက်တဲ့ သူရဲ့ မျက်စောင်းထိုးပါ ခံရတယ်။ စေတီ ပုထိုးတွေမှာ အလှူ ငွေတွေ အများကြီး ရှိနေတာပဲ.

ဘုရားပြုပြင်မှု ဘာညာ သာရကာ အတွက် အဲ့ဒီအထဲကနေ သုံးပေါ့။ ဓာတ်လှေကားဖိုးကအစ ငတ်တီး လိုက်ကြနေတာ ကြတော့ တော်တော်လေး အရုပ်ဆိုး အကျီးတန်ရာ လူကဲ့ရဲ့စရာတွေ ဖြစ်နေပီ။ လှူ ဖို့ တန်းဖို့ လာတဲ့ သူဆီကနေ တောင်ပေါ် တက်ခပါ ကောက်ခံနေသလိုကြီး ခံစားရတယ်..။

မန်းလေး တောင်ပေါ်ဆို စက်လှေကားခ သဒ္ဓါကြေး ပေါ်တင် ကောက်တယ်။ စက်လှေခါးကို မပြင်ဘူး။ စက်လှေခါး အနီးတစ်ဝိုက် ပတ်ဝန်းကျင် သန့်ရှင်းရေး မလုပ်ဘူး၊ ကိုယ့်စီးဘူးတဲ့ စက်လှေခါး ထဲမှာတော့ ပိုက်ဆံပေးပီးမှ စီးရတဲ့ အဲ့ဒီမန်းတောင် စက်လှေကားက အညံ့ဆုံးပဲ။ ဘုရားဖူးတွေကလည်း စိတ်မကြည်ကြဘူး..။ ငါးရာ တစ်ထောင်နဲ့ဆိုတော့လည်း ပြောမနေပါဘူးလေ ဆိုပီးတော့ အောင့်သည်း အောင့်သက်နဲ့ အလှူ ငွေ ထည့်ပစ်ခဲ့ကြတယ်..။

အလှူ ရေးမို့ မပြောချင်လို့ ကြည့်နေတာ လူကိုများ မအဘူးများ ထင်နေလား မသိဘူး ဆိုတဲ့ အပေါက်မျူ ိးနဲ့ ကြည့်ပစ်ခဲ့ကြတယ်. ကိုယ်အပါဝင်ပဲ။ ကုသိုလ်ရေး ဆိုတော့လည်း အပြောရတော့ အခက်သားလား.. မြန်မာလူမျူ ိးတွေရဲ့ ဗီဇမျူ ိးစေ့ကိုယ်က အင်မတန် အားနာ တတ်တော့ လုပ်စားသူတို့ အကြိုက်ဖြစ်နေတယ်.။ စေတီ ပုထိုးတွေမှာ ရှိတဲ့ အိမ်သာတွေ အားလုံး နီးပါးလောက် ညစ်ပတ် စုတ်ပေနေတာချည်းပဲ ။

အဲ့ဒီ အိမ်သာတွေကိုတော့ ပိုက်ဆံ ကောက်သင့်ပါတယ်.. ကောက်ပါ.. ဒါပေမယ့် ထိုက်ထိုက် တန်တန် ကောက်.. ထိုက်ထိုက် တန်တန်တော့ သန့်ရှင်းမှု လုပ်ပေါ့ ။ အခုတော့ ထိုက်ထိုက် တန်တန်တော့ ကောက်တယ်.. မဝင်ရဲ လောက်အောင် ညစ်ပတ်လွန်းနေတာချည်းပဲ..။ တစ်ခုတော့ ရှိတယ် ဂေါပကတွေ သီးသန့်သုံးတဲ့ သော့ခတ် ထားတဲ့ အိမ်သာလေးတွေက သန့်နေတာများတယ်။ ကျူ ပ်တို့ နိုင်ငံက ဘုရား ပုထိုး ရောက်လို့ အိမ်သာ သန့်သန့်လေး တက်ချင်ရင်တောင် ဂေါပကကို ခ ရတဲ့ နိုင်ငံဗျ။

ကိုယ်ကတော့ ရှင်းတယ်.. တန်းခိုးကြီး ဘုရားတွေကို ညအိပ် ခရီး သွားဖူးတော့မယ် ဆိုရင် ဝမ်းချူ ပ်စာတွေ စားလိုက်ပီး ဝမ်းချူပ်အောင် လုပ်ထားလိုက်တယ်.. ကျောင်း ပြန်ရောက်မှ ဂမ်းနှုတ်ဆေး ပြန်စားတယ်..။

ဒါတွေ အားလုံးဟာ ကန်ထရိုက်တွေ ပေးထားခြင်းရဲ့ ဆိုးကျူ ိး တွေပါပဲ။ နေရာစုံကို ကန်ထရိုက်တွေ ပေးထားတော့ ဘုရား ဂေါပကတွေက ဝင်မပြောရဲတော့တဲ့ အနေအထား ဖြစ်နေတော့ စည်းကမ်းက ပျက်ချင်သလို ပျက်နေတာ။ တန်းခိုးကြီး ဘုရားတွေမှာက ငွေက အဲ့ဒီလောက် အငမ်းမရ မလိုတော့ပါဘူးဗျာ..။ လောက်ငှနေပါပီ.. အဲ့ဒီတော့ ဘုရား လာတဲ့ သူတွေ ကုသိုလ်ရေးကို စိတ်ရှင်းရှင်းနဲ့ လုပ်နိုင်အောင် ဘုရားကို အာရုံ ကောင်းကောင်း ပြုနိုင်အောင် ဆောင်ရွက်ပေးနိုင်ရင် အားလုံးလည်းကောင်း ဘုရားဖူးရခြင်းရဲ့ တကယ့် အရသာကိုလည်း ခံစားရမှာပါ။ အစိုးရပိုင်းတွေက ဒါတွေကို လျစ်လျှူ ရှုှု မထား သင့်ပါ..

နိုင်ငံတကာက ဗုဒ္ဓ ဘာသာကို စိတ်ပါ ဝင်စားလို့ လာရောက် လေ့လာ သူတွေ အတွက် မစွဲဆောင် နိုင်တဲ့ အပြင် နိုင်ငံရော လူမျူ ိးပါ သိက္ခာကျ စရာတွေ ဖြစ်ဖြစ်နေလို့ ကိုယ်က ဘုန်းကြီးတန်မဲ့ ဝင်ပြောနေရတာပါ.. ကိုယ်လည်း နိုင်ငံသား တစ်ယောက်ပဲလေ. ကိုယ့်နိုင်ငံထဲက အရှက်ရ စရာ ကိစ္စ တွေကို ရပ်ကြည့်မနေနိုင်လို့ပါ..။

ကျူ ိက်ထီးရိုးမှာတော့ တော်တော်လေး ပြု ြပြင်နေပါပီ။ တည်းခိုးခန်း ကိစ္စ. အလှူ ခံ အနုကြမ်း ကိစ္စ တွေတော့ ကောင်းမွန် သွားပီ.. အိမ်သာ ကိစ္စတွေ ဈေးတန်းမှာ ရှိတဲ့ ဒိတ်အောက်နေတဲ့ အစားစာတွေကို အပူလေး ပေးပြီး ပြန်ရောင်းတဲ့ ကိစ္စတွေ(ကောက်ညှင်းပေါင်း= သိုးကျိကျိ ဖြစ်နေတာတွေကို မနက်ခင်း ကြမှ အပူပေး အငွေ့ တထောင်းထောင်း ဖြစ်အောင် ပြန်လုပ်ပီးမှ ရောင်းတယ်.. ဘုရားဆွမ်းတော် ကပ်ဖို့ ဆိုတော့ ဘယ် ဘုရားဖူးကမှ မြည်း မကြည့်ဘူး.. မြည်း မကြည့်လေ သုတို့က အကြိုက်တွေ့လေ.. ဘုရားကိုတော့ အသိုးတွေ ကပ်ပစ်ခဲ့တယ်) နောက်ပီး ဈေးတန်းတွေမှာ ရောင်းနေကြတဲ့ ဘာအမြစ် ညာအမြစ် အတုတွေ ဘာအဆီ ညာအဆီ အတု တွေ ကိစ္စ..၊ အဲ့ဒါတွေတော့ ကျူ ိက်ထီးရိုးမှာ ပြင်စရာတွေပေါ့။ အတု ပစ္စည်း အပေါဆုံးနေရာက ကျူ ိက်ထီးရိုးပဲ.. ရောင်းသမျှ ဆေးပစ္စည်း မျူ ိးစုံကလည်း မသောက်ရဲ လောက်အောင်ကို တု လွန်းတယ်။

နောက်တစ်ခုက အခု ပြောတော့မယ့် ရွှေစက်တော် ကိစ္စ။ တအားဆိုးလွန်းတယ်.. တန်းခိုးခန်းဈေးနှုံးတွေ ဖတ်ကြည့်တာ ဈေးနှုံးလား ဖုန်းနံပါတ်တွေ ရေးထားတာလားတောင် အထင်မှားတယ်..။ ထိုင်း နိုင်ငံမှာ တော်တော်လေး သန့်တဲ့ တန်းခို ခန်းခဟာ မြန်မာငွေ သုံးသောင်း ဝန်ကျင်ပဲကျတယ်.. ဒါ မနက်စာ အတန်အသင့်လောက် ကောင်းတာလေး ပါသေးတယ်.. ထားပါတော့ သူများ နိုင်ငံတွေနဲ့ ယှန်မပြောနဲ့.. ကိုယ့်နိုင်ငံ အတွင်းက ငွေကြေး သုံးနိုင်မှု ဘုရားဖူးတွေရဲ့ အခြေအနေအားလုံးကို ခြုံ ပြောရရင် အရမ်း ချမ်းသာတဲ့ လူတွေက အဲ့ဒီ ဘုရားတွေမှာ အားအား ယားယား ညအိပ် တည်း မနေဘူးဗျ..

ခင်များတို့ဆီကို ညအိပ် ဘုရားဖူး ထွက်လာတာက တောသူ တောင်သား လယ်သမားတွေ လက်လုပ် လက်စားတွေ.. သူတို့ ဘဝတွေ မှာ တန်ခိုးကြီး ဘုရားတွေကို တစ်ခေါက် ရောက်ဖို့ ဆိုတာ တနှစ်လုံး စုထားရတဲ့ ငွေနဲ့ တစ်သက်မှာ တစ်ခါပဲ မက်ရတဲ့ အိမ်မက်ပါဗျာ.. သူတို့ရဲ့. ရှိစု မဲ့စု ငွေလေးတွေကို ခင်များတို့ တောင်းလိုက်တာ ကြည့်စမ်းပါဦး.. မပေးနိုင်ရင် နမ္မဒါ ချောင်းထဲ ဆင်းအိပ်ရမယ့် အပေါက်မျူ ိးပဲ..။ ဘုရားကို မှီပီး အမြတ်ကြီး စားလွန်းတယ်..။

ဘုရားသာ သက်ရှိ ထင်ရှား ရှိတော်မူရင် အဟော ဝတ လို့ မိန့်တော်မူမယ့် ကိစ္စ။ ဆရာတော် ဦးသုမင်္ဂလ သိရင်လည်း ခင်များတို့ ဘုရားပွဲကို အကြောင်းပြ လုပ်စားတာက လွန်လွန်းတယ်.. သွား ဒယ်အိုးထဲ လို့. ပြောမှာ သေချာတယ်.. ။
ဒီ အမှားတွေကို အစိုးပိုင်းမှ ဝင်ထိန်းပေးမှသာ အစဉ်ပြေ တော့မှာပါ.. နို့မို့သာ ဆိုရင် စေတီ ဘုရား ပုထိုးတွေဟာ လူသား တို့ ကိုးကွယ် အားထားရာ သောက အပူ တို့ ဖြေဖျောက်ရာ နေရာ မဟုတ်တော့ ပဲနဲ့. စိတ်သောက ရောက်စရာ စိတ် အချဉ် ပေါက်စရာ နေရာ ဖြစ်လာတော့မယ် ဆိုတာ အသေချာ ပါပဲ လို့….။

သီတဂူ အရှင် ဇဋိလ (ကဝ) ကထိက ၊ သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် စစ်ကိုင်းတောင်ရိုး။

About the author

Crypoetess

Leave a Comment