Shwe News

ရုပ္ရွင္ဂုဏ္ျပဳဆုခ်ီးျမွင့္ျခင္း ခံလိုက္ရတဲ့ သရုပ္ေဆာင္ ပိုင္ျဖိဳးသု

ပုိင္ၿဖဳိးသုဟာ ျမန္မာစာေပနဲ႔ အႏုပညာမူပုိင္ခြင့္ေန႔ ၂၀၁၉ အျဖစ္ ‘’ရုပ္ရွင္ဂုဏ္ျပဳဆု’’ ခ်ီးျမွင့္ျခင္း ခံခဲ့ရတာျဖစ္ပါတယ္။ သူမဟာ ပညာေရးမွာေရာ အႏုပညာေရးရာမွာပါ ထူးခၽြန္တဲ့သူ တစ္ေယာက္ပါ။

သရုပ္ေဆာင္ ပုိင္ၿဖဳိးသုကုိ ျမန္မာ့စာေပနဲ႔ အႏုပညာမူပုိင္ခြင့္ေန႔ ၂၀၁၉ အျဖစ္ ရုပ္ရွင္ခ်စ္သူမ်ားကုိယ္စား ျမန္မာႏုိင္ငံရုပ္ရွင္ဝါရင့္အႏုပညာရွင္တစ္ဦးလည္းျဖစ္၊ ျမန္မာႏုိင္ငံရုပ္ရွင္အစည္းအရုံးရဲ႕ ဥကၠဌေဟာင္းတစ္ဦးျဖစ္တဲ့ ဒါရုိက္တာ ၾကည္စုိးထြန္းနဲ႔ စာေပပညာရွင္တစ္ဦးျဖစ္တဲ့ ဦးေအာင္စုိးဦး တုိ႔က ေဖေဖာ္ဝါရီလ ၂၄ ရက္ေန႔မွာ ‘’ရုပ္ရွင္ဂုဏ္ျပဳဆု’’ ခ်ီးျမွင့္ခဲ့ပါတယ္။

ဒီဆုအတြက္ ပုိင္ၿဖဳိးသု က Facebook My Story မွာ ေဖေဖာ္ဝါရီလ ၂၄ ရက္ေန႔ ေန႔လည္ပုိင္းက သူ႔ဘဝရဲ႕ မေမ့ႏုိင္စရာ အမွတ္တရ တစ္ခု ျဖစ္ခဲ့ၿပီ ဆုိတာကုိ ေရးသားခဲ့တာျဖစ္ပါတယ္။ ဒီဆုေပးရျခင္း အေၾကာင္းအရာနဲ႔ ပတ္သက္ၿပီး ပုိင္ၿဖဳိးသုနဲ႔ အတူ တာဝန္ရွိသူေတြကုိ ဆက္သြယ္ေမးျမန္းရာမွာ ဖုန္းမကုိင္ပါေသာေၾကာင့္ ေသေသခ်ာခ်ာ မသိရွိခဲ့ရပါဘူး။

ပုိင္ၿဖဳိးသုဟာ အႏုပညာမွာလည္း ထူးခြ်န္တဲ့ သရုပ္ေဆာင္ တစ္ေယာက္ျဖစ္သလုိ ပညာေရးမွာလည္း ထူးခၽြန္သူ တစ္ေယာက္ျဖစ္ပါတယ္။ သူမ ဟာ ေဆးေက်ာင္းတက္ ေနခ်ိန္မွာပဲ အႏုပညာအလုပ္ေတြ စတင္လုပ္ကုိင္ခဲ့တာျဖစ္ပါတယ္။ အဲဒီေနာက္ ပညာေရးမွာ အဓိက က်တဲ့အေနအထားတစ္ခု ေရာက္ရွိခ်ိန္မွာေတာ့ အႏုပညာအလုပ္ေတြကုိ ခဏတာ ရပ္နားခဲ့ပါတယ္။ ေက်ာင္းၿပီးသြားတဲ့ အခ်ိန္မွာေတာ့ အႏုပညာပ်ဳိးခင္း ၂ ရဲ႕ စင္တင္မင္းသမီးတစ္ဦးအျဖစ္ သရုပ္ေဆာင္ေလာကထဲကုိ ျပန္လည္ ေရာက္ရွိလာခဲ့ပါတယ္။

ပိုင္ၿဖိဳးသုဟာ ေဆးေက်ာင္းတက္ရင္းနဲ႔ သ႐ုပ္ေဆာင္ဘက္ကို ႀကိဳးစားလာတာ ျဖစ္ပါတယ္။ အႏုပညာပ်ိဳးခင္က စင္တင္ေပးလိုက္တဲ့ မင္းသမီးေလး ပိုင္ၿဖိဳးသုက 3Girl ႐ုပ္ရွင္ဇာတ္ကားနဲ႔ အမ်ိဳးသမီးဇာတ္ပို႔ဆုကို ရရွိခဲ့ပါတယ္။ လက္ရွိမွာလည္း ပုိင္ၿဖဳိးသုက ဒါရုိက္တာ ခရစၥတီးနားခီရုိက္ကူးတဲ့ ‘’ထာဝရေႏွာင္ႀကိဳး’’ ဆုိတဲ့ ရုပ္ရွင္ဇာတ္ကားႀကီးမွာ သရုပ္ေဆာင္ ဇဏ္ခီနဲ႔ အတူ ပါဝင္သရုပ္ေဆာင္ေနတာျဖစ္ပါတယ္။

Credit-Cele Yatkwat

  • Unicode version

ပိုင်ဖြိုးသုဟာ မြန်မာစာပေနဲ့ အနုပညာမူပိုင်ခွင့်နေ့ ၂၀၁၉ အဖြစ် ‘’ရုပ်ရှင်ဂုဏ်ပြုဆု’’ ချီးမြှင့်ခြင်း ခံခဲ့ရတာဖြစ်ပါတယ်။ သူမဟာ ပညာရေးမှာရော အနုပညာရေးရာမှာပါ ထူးချွန်တဲ့သူ တစ်ယောက်ပါ။

သရုပ်ဆောင် ပိုင်ဖြိုးသုကို မြန်မာ့စာပေနဲ့ အနုပညာမူပိုင်ခွင့်နေ့ ၂၀၁၉ အဖြစ် ရုပ်ရှင်ချစ်သူများကိုယ်စား မြန်မာနိုင်ငံရုပ်ရှင်ဝါရင့်အနုပညာရှင်တစ်ဦးလည်းဖြစ်၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးရဲ့ ဥက္ကဌဟောင်းတစ်ဦးဖြစ်တဲ့ ဒါရိုက်တာ ကြည်စိုးထွန်းနဲ့ စာပေပညာရှင်တစ်ဦးဖြစ်တဲ့ ဦးအောင်စိုးဦး တို့က ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာ ‘’ရုပ်ရှင်ဂုဏ်ပြုဆု’’ ချီးမြှင့်ခဲ့ပါတယ်။

ဒီဆုအတွက် ပိုင်ဖြိုးသု က Facebook My Story မှာ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ နေ့လည်ပိုင်းက သူ့ဘဝရဲ့ မမေ့နိုင်စရာ အမှတ်တရ တစ်ခု ဖြစ်ခဲ့ပြီ ဆိုတာကို ရေးသားခဲ့တာဖြစ်ပါတယ်။ ဒီဆုပေးရခြင်း အကြောင်းအရာနဲ့ ပတ်သက်ပြီး ပိုင်ဖြိုးသုနဲ့ အတူ တာဝန်ရှိသူတွေကို ဆက်သွယ်မေးမြန်းရာမှာ ဖုန်းမကိုင်ပါသောကြောင့် သေသေချာချာ မသိရှိခဲ့ရပါဘူး။

ပိုင်ဖြိုးသုဟာ အနုပညာမှာလည်း ထူးချွန်တဲ့ သရုပ်ဆောင် တစ်ယောက်ဖြစ်သလို ပညာရေးမှာလည်း ထူးချွန်သူ တစ်ယောက်ဖြစ်ပါတယ်။ သူမ ဟာ ဆေးကျောင်းတက် နေချိန်မှာပဲ အနုပညာအလုပ်တွေ စတင်လုပ်ကိုင်ခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ပညာရေးမှာ အဓိက ကျတဲ့အနေအထားတစ်ခု ရောက်ရှိချိန်မှာတော့ အနုပညာအလုပ်တွေကို ခဏတာ ရပ်နားခဲ့ပါတယ်။ ကျောင်းပြီးသွားတဲ့ အချိန်မှာတော့ အနုပညာပျိုးခင်း ၂ ရဲ့ စင်တင်မင်းသမီးတစ်ဦးအဖြစ် သရုပ်ဆောင်လောကထဲကို ပြန်လည် ရောက်ရှိလာခဲ့ပါတယ်။

ပိုင်ဖြိုးသုဟာ ဆေးကျောင်းတက်ရင်းနဲ့ သရုပ်ဆောင်ဘက်ကို ကြိုးစားလာတာ ဖြစ်ပါတယ်။ အနုပညာပျိုးခင်က စင်တင်ပေးလိုက်တဲ့ မင်းသမီးလေး ပိုင်ဖြိုးသုက 3Girl ရုပ်ရှင်ဇာတ်ကားနဲ့ အမျိုးသမီးဇာတ်ပို့ဆုကို ရရှိခဲ့ပါတယ်။ လက်ရှိမှာလည်း ပိုင်ဖြိုးသုက ဒါရိုက်တာ ခရစ္စတီးနားခီရိုက်ကူးတဲ့ ‘’ထာဝရနှောင်ကြိုး’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ သရုပ်ဆောင် ဇဏ်ခီနဲ့ အတူ ပါဝင်သရုပ်ဆောင်နေတာဖြစ်ပါတယ်။

Credit-Cele Yatkwat

About the author

Crypoetess

Leave a Comment