Shwe News

တစ္နာရီမုိင္ ၃၀၀ ႏႈန္း နဲ႕ ပစ္ခတ္ႏုိင္မယ့္ ကမၻာ့အေသးဆံုး ေသနတ္ကုိ မိတ္ဆက္

ပစ္စတိုဆိုတာကေတာ့ အိတ္ထဲမွာထည့္သြားလုိ႕ရတဲ့ အေသးစား လက္နက္ေလးေတြပါ ။ ဒါေပမယ့္ SwissMiniGun လုိ႕အမည္ေပးထားတဲ့ ဒီေသနတ္ေလးကေတာ့ အရြယ္အစား ၂ လက္မသာရွိျပီး တစ္နာရီမိုင္ ၂၇၀ ႏႈန္းနဲ႕ပစ္ခတ္ႏုိင္တဲ့အတြက္ လူတစ္ေယာက္ကိုေသေစႏုိင္စြမ္းရွိပါတယ္ ။ေျခာက္လံုးျပဴးေသနတ္အမ်ိဳးအစားျဖစ္ျပီး အရြယ္အစား ၂.၁၆ လက္မ (၅.၅ စင္တီမီတာ ) သာရွိေပမယ့္ ၄.၅၃ က်ည္ဆံကို ၁၁၂ မီတာ အကြာအေဝးေရာက္ေအာင္ပစ္ႏုိင္စြမ္းရွိပါတယ္ ။ စတီးအစစ္နဲ႕ျပဳလုပ္ထားတဲ့ ေသနတ္ေတြကုိေတာ့ ယူရို ၃၀၀၀ နဲ႕ဝယ္ယူႏုိင္ျပီး ေရႊ ၁၈ ကာရက္နဲ႕သြန္းထားတဲ့အလွေသနတ္ေတြကုိ ယူရို ၃၀ ၀၀၀ နဲ႕ ေရာင္းခ်ေနပါတယ္ ။ ႏွစ္လက္ေလာက္သာရွိေပမယ့္ အနီးကပ္ပစ္မယ္ဆုိရင္ လူတစ္ေယာက္ကုိ ေသေစႏုိင္တဲ့လက္နက္တစ္ခုပဲျဖစ္ပါတယ္ ။ျ ဗိတိန္ ႏုိင္ငံမွာေတာ့ ဒီေသနတ္တင္သြင္းခြင့္ကုိ ပိတ္ပင္ထားျပီး ဆြစ္ဇာလန္ နဲ႕ ဥေရာပတစ္ခြင္ ႏိုင္ငံမ်ားအတြက္ေတာ့ ဒီလက္နက္ကုိင္ေဆာင္ဖုိ႕ရဲေတြဆီက အထူးခြင့္ျပဳခ်က္လုိအပ္ပါတယ္ ။

လက္နက္ခဲယမ္းသိပၸံပညာရွင္တစ္ေယာက္ျဖစ္တဲ့ Jonathan Spencer ကေတာ့”ဒီလက္နက္ဟာ တစ္စကၠန္႕ကုိ ၃၉၉ေပအရွိန္ႏႈန္းနဲ႕ပစ္ႏုိင္တဲ့အတြက္ အလြန္ေသးငယ္ေပမယ့္ ဥပေဒအရေတာ့ အႏၱရယ္မ်ားလြန္းတဲ့ ေသနတ္တစ္ခုလုိ႕ပဲ ယူဆၾကရပါလိမ့္မယ္ ။လူတစ္ေယာက္ရဲ႕ အေရျပားကိုေဖာက္ထြင္းသြားဖုိ႕အတြက္ တစ္စကၠန္႕ကုိ ေပ ၃၃၀ အရွန္ႏႈန္းေလာက္ပဲလုိအပ္ပါတယ္ ။အေရျပားဟာ အရုိးကလြဲရင္ အမာဆံုးအရာျဖစ္တဲ့အတြက္ အေရျပားကုိေဖာက္ဝင္သြားတဲ့အခါ ကိုယ္တြင္းထဲက အျခားအဂၤါေတြကုိလည္း ေဖာက္ထြင္းသြားပါလိမ့္မယ္ ။ ၃မီလီမီတာ သံေခ်ာင္းတစ္ေခ်ာင္းႏွလံုးတည့္တည့္ကိုထိုးလိုက္မယ္ဆုိရင္ လူတစ္ေယာက္ေသႏိုင္သလုိပဲ ဒီေသနတ္ကလည္း အဲ့ဒီလုိပါပဲ ။

ခ်က္ေကာင္းကုိပစ္မယ္ဆုိရင္ ေသႏုိင္စြမး္ရွိတာေၾကာင့္ လက္နက္ကိုင္ဆုိင္မႈ ဥပေဒပုဒ္မ ၅ အရ အႏၱရာယ္မ်ားတဲ့လက္နက္အမ်ိဳးအစားအျဖစ္သတ္မွတ္ျပီး ကိုင္ေဆာင္ခြင့္ကန္႕သတ္ထားတာပဲျဖစ္ပါတယ္ ” လို႕ေျပာၾကားသြားပါတယ္။၂.၃၄ မီလီမီတာရွိတဲ့ ေသနတ္ေမာင္းတပ္ဆင္ထားတဲ့ ဒီေသနတ္ဟာ ကမၻာေပၚမွာ အေသးဆံုးေသနတ္တစ္ခုပါပဲ ။အေလးခ်ိန္အားျဖင့္ ၀.၇ ေအာင္စ (၁၉.၈) ဂရမ္သာရွိျပီး ရိုးရိုးက်ည္ဆံ ၊ ဗလာက်ည္ဆံ ႏွစ္ခုလံုးပစ္ႏုိင္တဲ့ ေသနတ္တစ္လက္ပါ ။ဒီေသနတ္ကုိေတာ့ ဆြစ္ဇာလန္ႏုိင္ငံ ၊ La Chaux-de-Fonds အေျခစုိက္ကုမၸဏီ SwissMiniGun မွ ပထမဆံုးထုတ္လုပ္ခဲ့တာပဲျဖစ္ပါတယ္ ။ေသနတ္ထုတ္လုပ္ခဲ့ျပီး သံုးႏွစ္အတြင္းမွာ အေရွ႕အလယ္ပုိင္းနဲ႕ အေရွ႕ဘက္နယ္ေတြကုိ ေသနတ္ေပါင္း ၃၀၀ ေက်ာ္ေရာင္းခဲ့ရတယ္လုိ႕လည္း ကုမၸဏီပိုင္ရွင္ Paul Erard ကေျပာၾကားခဲ့ပါတယ္ ။

တစ္ၾကိမ္ထုတ္ရင္ ေရႊေသနတ္ ၂၅ လက္နဲ႕ စတီးေသနတ္ အလက္ ၁၀၀ သာထုတ္လုပ္တာျဖစ္ျပီး အားလံုးျပီးစီးဖုိ႕အတြက္ အခ်ိန္ ၆ လၾကာျမင့္တယ္လုိ႕လည္းသိရပါတယ္ ။”ကြ်န္ေတာ္တုိ႕ သံုးစြဲသူေတြရဲ႕လုိအပ္ခ်က္အတုိင္း ျပဳလုပ္ေပးပါတယ္ ။တန္ဖိုးျမင့္ဗားရွင္းကေတာ့ စိန္ေတြေရႊေတြနဲ႕ျပဳလုပ္ထားတာျဖစ္ျပီး ယူရုိ ၃၀ ၀၀၀ က်မွာပဲျဖစ္ပါတယ္ ” လုိ႕ Paul Erard ကေျပာပါတယ္ ။၂၀၀၆ ခုႏွစ္ စက္တင္ဘာလ တုန္းကေတာ့ အရက္ ၊ ေဆးရြက္ၾကီး ၊ လက္နက္ခဲယမ္းဗ်ဴရို မွ ဒီေသနတ္နဲ႕ပတ္သတ္ျပီး သတိေပးခ်က္ထုတ္ျပန္ခဲ့ဖူးပါတယ္ ။ဒီေသနတ္ကအလြန္ေသးငယ္တဲ့အတြက္ လုပ္ၾကံသူေတြအလြယ္တကူသယ္ေဆာင္ႏိုင္တဲ့ အမ်ိဳးအစားတစ္ခုျဖစ္ေနတယ္လုိ႕ အထူးေအးဂ်င့္ Willian McMahon ကေဝဖန္ေျပာၾကားခဲ့ဖူးပါတယ္ ။

Mr.Erard ကေတာ့ ဒီေသနတ္ဟာ ေလေသနတ္ေလာက္သာ ျပင္းတဲ့ ေသနတ္တစ္ခုျဖစ္ေၾကာင္း အခုိင္အမာေျပာဆိုထားပါတယ္ ။”စက္တင္ဘာလ ၁၁ ရက္ေန႕ေနာက္ပုိင္းကျပီးေတာ့ အေမရိကမွာအေၾကာက္တရားၾကီးစုိးသြားတာပဲ ။တကယ္ေတာ့ရယ္ရတယ္ ။ အျပင္မွာ စႏိုက္ပါေတြဝယ္လုိ႕ရေနတဲ့အခ်ိန္မွာ ဘယ္လုပ္ၾကံသတ္ျဖတ္ေရးသမားက ကြ်န္ေတာ့္ေသနတ္ကုိဝယ္ေနမွာလဲ” လုိ႕ေဝဖန္ေထာက္ျပခဲ့ပါတယ္ ။ဘာပဲျဖစ္ျဖစ္ ဒီအလြန္ေသးငယ္တဲ့ေသနတ္ေလးဟာ ကမၻာ့အေသးဆံုး ေျခာက္လံုးျပဴးေသနတ္အျဖစ္ ဂင္းႏွစ္မွတ္တမ္းတင္ႏုိင္ခဲ့တာေတာ့ အေသအခ်ာပါပဲ ။

Writer – Min Thu (Daily Hot News)

  • Unicode

ပစ်စတိုဆိုတာကတော့ အိတ်ထဲမှာထည့်သွားလို့ရတဲ့ အသေးစား လက်နက်လေးတွေပါ ။ ဒါပေမယ့် SwissMiniGun လို့အမည်ပေးထားတဲ့ ဒီသေနတ်လေးကတော့ အရွယ်အစား ၂ လက်မသာရှိပြီး တစ်နာရီမိုင် ၂၇၀ နှုန်းနဲ့ပစ်ခတ်နိုင်တဲ့အတွက် လူတစ်ယောက်ကိုသေစေနိုင်စွမ်းရှိပါတယ် ။ခြောက်လုံးပြူးသေနတ်အမျိုးအစားဖြစ်ပြီး အရွယ်အစား ၂.၁၆ လက်မ (၅.၅ စင်တီမီတာ ) သာရှိပေမယ့် ၄.၅၃ ကျည်ဆံကို ၁၁၂ မီတာ အကွာအဝေးရောက်အောင်ပစ်နိုင်စွမ်းရှိပါတယ် ။ စတီးအစစ်နဲ့ပြုလုပ်ထားတဲ့ သေနတ်တွေကိုတော့ ယူရို ၃၀၀၀ နဲ့ဝယ်ယူနိုင်ပြီး ရွှေ ၁၈ ကာရက်နဲ့သွန်းထားတဲ့အလှသေနတ်တွေကို ယူရို ၃၀ ၀၀၀ နဲ့ ရောင်းချနေပါတယ် ။ နှစ်လက်လောက်သာရှိပေမယ့် အနီးကပ်ပစ်မယ်ဆိုရင် လူတစ်ယောက်ကို သေစေနိုင်တဲ့လက်နက်တစ်ခုပဲဖြစ်ပါတယ် ။ြ ဗိတိန် နိုင်ငံမှာတော့ ဒီသေနတ်တင်သွင်းခွင့်ကို ပိတ်ပင်ထားပြီး ဆွစ်ဇာလန် နဲ့ ဥရောပတစ်ခွင် နိုင်ငံများအတွက်တော့ ဒီလက်နက်ကိုင်ဆောင်ဖို့ရဲတွေဆီက အထူးခွင့်ပြုချက်လိုအပ်ပါတယ် ။

လက်နက်ခဲယမ်းသိပ္ပံပညာရှင်တစ်ယောက်ဖြစ်တဲ့ Jonathan Spencer ကတော့”ဒီလက်နက်ဟာ တစ်စက္ကန့်ကို ၃၉၉ပေအရှိန်နှုန်းနဲ့ပစ်နိုင်တဲ့အတွက် အလွန်သေးငယ်ပေမယ့် ဥပဒေအရတော့ အန္တရယ်များလွန်းတဲ့ သေနတ်တစ်ခုလို့ပဲ ယူဆကြရပါလိမ့်မယ် ။လူတစ်ယောက်ရဲ့ အရေပြားကိုဖောက်ထွင်းသွားဖို့အတွက် တစ်စက္ကန့်ကို ပေ ၃၃၀ အရှန်နှုန်းလောက်ပဲလိုအပ်ပါတယ် ။အရေပြားဟာ အရိုးကလွဲရင် အမာဆုံးအရာဖြစ်တဲ့အတွက် အရေပြားကိုဖောက်ဝင်သွားတဲ့အခါ ကိုယ်တွင်းထဲက အခြားအင်္ဂါတွေကိုလည်း ဖောက်ထွင်းသွားပါလိမ့်မယ် ။ ၃မီလီမီတာ သံချောင်းတစ်ချောင်းနှလုံးတည့်တည့်ကိုထိုးလိုက်မယ်ဆိုရင် လူတစ်ယောက်သေနိုင်သလိုပဲ ဒီသေနတ်ကလည်း အဲ့ဒီလိုပါပဲ ။

ချက်ကောင်းကိုပစ်မယ်ဆိုရင် သေနိုင်စွမ်းရှိတာကြောင့် လက်နက်ကိုင်ဆိုင်မှု ဥပဒေပုဒ်မ ၅ အရ အန္တရာယ်များတဲ့လက်နက်အမျိုးအစားအဖြစ်သတ်မှတ်ပြီး ကိုင်ဆောင်ခွင့်ကန့်သတ်ထားတာပဲဖြစ်ပါတယ် ” လို့ပြောကြားသွားပါတယ်။၂.၃၄ မီလီမီတာရှိတဲ့ သေနတ်မောင်းတပ်ဆင်ထားတဲ့ ဒီသေနတ်ဟာ ကမ္ဘာပေါ်မှာ အသေးဆုံးသေနတ်တစ်ခုပါပဲ ။အလေးချိန်အားဖြင့် ဝ.၇ အောင်စ (၁၉.၈) ဂရမ်သာရှိပြီး ရိုးရိုးကျည်ဆံ ၊ ဗလာကျည်ဆံ နှစ်ခုလုံးပစ်နိုင်တဲ့ သေနတ်တစ်လက်ပါ ။ဒီသေနတ်ကိုတော့ ဆွစ်ဇာလန်နိုင်ငံ ၊ La Chaux-de-Fonds အခြေစိုက်ကုမ္ပဏီ SwissMiniGun မှ ပထမဆုံးထုတ်လုပ်ခဲ့တာပဲဖြစ်ပါတယ် ။သေနတ်ထုတ်လုပ်ခဲ့ပြီး သုံးနှစ်အတွင်းမှာ အရှေ့အလယ်ပိုင်းနဲ့ အရှေ့ဘက်နယ်တွေကို သေနတ်ပေါင်း ၃၀၀ ကျော်ရောင်းခဲ့ရတယ်လို့လည်း ကုမ္ပဏီပိုင်ရှင် Paul Erard ကပြောကြားခဲ့ပါတယ် ။

တစ်ကြိမ်ထုတ်ရင် ရွှေသေနတ် ၂၅ လက်နဲ့ စတီးသေနတ် အလက် ၁၀၀ သာထုတ်လုပ်တာဖြစ်ပြီး အားလုံးပြီးစီးဖို့အတွက် အချိန် ၆ လကြာမြင့်တယ်လို့လည်းသိရပါတယ် ။”ကျွန်တော်တို့ သုံးစွဲသူတွေရဲ့လိုအပ်ချက်အတိုင်း ပြုလုပ်ပေးပါတယ် ။တန်ဖိုးမြင့်ဗားရှင်းကတော့ စိန်တွေရွှေတွေနဲ့ပြုလုပ်ထားတာဖြစ်ပြီး ယူရို ၃၀ ၀၀၀ ကျမှာပဲဖြစ်ပါတယ် ” လို့ Paul Erard ကပြောပါတယ် ။၂၀၀၆ ခုနှစ် စက်တင်ဘာလ တုန်းကတော့ အရက် ၊ ဆေးရွက်ကြီး ၊ လက်နက်ခဲယမ်းဗျူရို မှ ဒီသေနတ်နဲ့ပတ်သတ်ပြီး သတိပေးချက်ထုတ်ပြန်ခဲ့ဖူးပါတယ် ။ဒီသေနတ်ကအလွန်သေးငယ်တဲ့အတွက် လုပ်ကြံသူတွေအလွယ်တကူသယ်ဆောင်နိုင်တဲ့ အမျိုးအစားတစ်ခုဖြစ်နေတယ်လို့ အထူးအေးဂျင့် Willian McMahon ကဝေဖန်ပြောကြားခဲ့ဖူးပါတယ် ။

Mr.Erard ကတော့ ဒီသေနတ်ဟာ လေသေနတ်လောက်သာ ပြင်းတဲ့ သေနတ်တစ်ခုဖြစ်ကြောင်း အခိုင်အမာပြောဆိုထားပါတယ် ။”စက်တင်ဘာလ ၁၁ ရက်နေ့နောက်ပိုင်းကပြီးတော့ အမေရိကမှာအကြောက်တရားကြီးစိုးသွားတာပဲ ။တကယ်တော့ရယ်ရတယ် ။ အပြင်မှာ စနိုက်ပါတွေဝယ်လို့ရနေတဲ့အချိန်မှာ ဘယ်လုပ်ကြံသတ်ဖြတ်ရေးသမားက ကျွန်တော့်သေနတ်ကိုဝယ်နေမှာလဲ” လို့ဝေဖန်ထောက်ပြခဲ့ပါတယ် ။ဘာပဲဖြစ်ဖြစ် ဒီအလွန်သေးငယ်တဲ့သေနတ်လေးဟာ ကမ္ဘာ့အသေးဆုံး ခြောက်လုံးပြူးသေနတ်အဖြစ် ဂင်းနှစ်မှတ်တမ်းတင်နိုင်ခဲ့တာတော့ အသေအချာပါပဲ ။

Writer – Min Thu (Daily Hot News)

About the author

ilove

Leave a Comment